Pages

Tuesday, December 25, 2012

ချက်မယ် ပြုတ်မယ် စားမယ် ဝါးမယ် အပိုင်း (၅)


ဒီနေ့တော့ ဟင်းမချက်တော့ဘူး ဒီနေ့ အိမ်သူကြီးအကိုက အိမ်မှာ ဧည့်သည် လာမယ်ပေါ့ တခုခုလေးကြွေးမယ်ဆိုတော့ သူက ခေါက်ဆွဲကြော်ကြွေးချင်တယ် အဲဒါမင်းကြော်ကွာဆိုပြီးတော့ ပြောလာတယ်လေ အဲတော့ ကိုယ်တွေကလဲ ချက်မယ်ပြုတ်မယ်ဆို ဝါသနာက ပါပြီးသားဆိုတော့ ကြော်တာပေါ့ဗျာ ဟဲဟဲ ........
ခေါက်ဆွဲဆိုတာအလုံးမဟုတ်ဘူးဗျ ခေါက်ဆွဲအပြားအသေးလေးတွေ သူကဝယ်ထားတယ်လေ အသီးရွက်အစုံလဲသူကဝယ်ထားတယ်ဆိုတော့ အဆင်ပြေတာပေါ့ဗျာ အဲ သူက ကြက်သားလဲဝယ်ထားသေးတယ်ဆိုတော့ ကြက်သားလေးလဲပါတယ်ဆိုတော့ပိုကောင်းတာပေါ့ အိုခေ..... ဝယ်ထားတွေတွေကျနော် ပြောပြမယ်နော် .....

  1. ခေါက်ဆွဲ အထုတ်သုံးထုတ်
  2. ပန်းဂေါ်ဖီ
  3. ဂေါ်ဖီထုပ် ရိုးရိုး
  4. မုန်လာဥနီ
  5. ရွှေပဲသီး
  6. မုန်ညှင်းဖြူ
  7. ပဲပင်ပေါက်
  8. ပဲပြား
  9. တရုတ်နံနံ
  10. ကြက်သား
  11. သကြား
  12. ဆား
  13. ငံပြာရည်
  14. ပဲငံပြာရည်အကြည်
ဒါတွေကတော့ကျနော်ဝယ်ထားတာမဟုတ်ပါဘူး အိမ်ရှင်အကိုကဝယ်ထားတာပါ....ကျနော်ကြည့်လိုက်တဲ့ အခါကျတော့ ကြက်သား အကောင်လိုက်ကို ခုတ်ထားတာတွေရပါတယ် ကျနော်က ကြက်သားကိုမပြုတ်တော့ဘူးပေါ့ ကြက်သားကို အသားနွှင်လိုက်ပါတယ် အသားကြီးပဲနွှင်ပြီးတော့ နုတ်နုတ်စင်းပြီး ပြန်ကြော်မှာဖြစ်ပါတယ် ဒါမှ မွှေးသွားမှာဖြစ်ပါတယ် ကြက်သားမနံအောင်လို့ပါ ဒါကြောင့်မို့ နဲနဲ ပြန်လည်ကြော်ခြင်းဖြစ်ပါတယ်....


ကြက်သားကိုနွှင်ပြီး နုတ်နုတ်စင်းပြီးတော့ ငါးပြာရည်ရယ် သကြားနဲနဲရယ် နနွင်းအနည်းငယ်၇ယ်နယ်ထားပါမယ် နယ်ပြီး ၅ မိနစ်လောက်နှပ်ထားပြီးတော့ ကြော်မှာဖြစ်ပါတယ် .... ကြော်မဲ့ အိုးထဲကို ဆီထည့်ပြီး ဆီပူလာအောင်တည်မှာဖြစ်ပါတယ် ဆီပူလာပြီဆိုရင်တော့ ကြက်သားကို ထည့်ကြော်မှာဖြစ်ပါတယ်...


ကက်သားလေးကိုတင်းအောင်ကြော်ပါ့မယ် ပုံမှာမြင်၇တဲ့ အတိုင်း ကြက်သားလေးတွေ တင်းလာပြီး နဲနဲ အဝါရောင်သမ်းလာပြီ မွှေးလာပြီဆိုရင်တော့ မီးကိုပိတ်လိုက်လို့ရပါပြီ ..... ခေါက်ဆွဲကြော်ရင် လိုအပ်မဲ့ အသီးရွက်တွေကို လိုသလိုလှီးဖြတ်ပြီးရေဆေးထားပါ့မယ်.... ပဲပြားကိုတော့ အတုံးလိုက်လှီးပြီး အနည်းငယ် တင်းနေအောင်ကြော်ထားပါ့မယ်....
အသီးရွက်လေးတွေကို ခုလိုလှီး ပြီးတော့ ရေဆေးထားပါ့မယ် ရေဆေးထားပြီးပြီ ဆိုရင်တော့ ခေါက်ဆွဲစတင်ကြော်လို့ရပါပြီ....ခေါက်ဆွဲစတင်ကြော်ဖို့အတွက် ကြက်သွန်နီ ငါးလုံးကို ပါးပါးလှီးထားပေးပါ......ပြောဖို့တစ်ခုကျန်ခဲ့ပါတယ်...စောစောတုန်းက ကြက်သားတွေအရိုးနွှင်ထားပြီးသား ဆိုတော့ အရိုးတွေကျန်ပါတယ် အဲ့အရိုးတွေကိုေ၇ထည့်ပြီး ငါးပြာရည် နနွင်းထည့်ပြီးတော့ ဆူအောင်တည်ထားပေးပါ အဲဒီအပြုတ်ရည်နဲ့ ခေါက်ဆွဲပြန်ကြော်မှာဖြစ်ပါတယ် ကျနော် ဆီကို သိပ်မသုံးပါဘူး....အိုခေ....ပြီးသွားပြီဆိုရင်တော့ ကြော်မယ့်အိုးထဲကို ဆီထည့်ပါ့မယ် ဆီထည့်ပြီးပြီဆိုရင်တော့...ကျနော်က သုံးအိုးခွဲကြော်မယ်ဆိုတော့ ကြက်သွန်လှီးပြီးသားကို သုံးဆခွဲပြီးတဆ ကို ပူနေတဲ့ဆီထဲ ထည့်ပါ့မယ် ကြက်သွန်ကို တစ်အောင့်လောက်မွှေပြီးပြီဆိုရင်တော့ ကြက်သားကြော်ထားတာထည့်မယ် ....ပြီးရင်တော့ .... ပဲပြားကြော်ထားပြီးသားထည့်ပါ့မယ် .....သကြားထည့်မယ် ဆားကိုနဲနဲပဲထည့်ပါ့မယ် ခေါက်ဆွဲက ဝယ်ထဲက ဆားနဲ့ ဆီအနည်းငယ်နယ်ထားပြီးသားပါ ပြီးတော့ ကျနော်က အချိုကြော်မှာဖြစ်ပါတယ်....ကြက်သားရယ် ကြက်သွန်ရယ် ပဲပြားကြော်ရယ် ဆားရယ် သကြားရယ်ကို မွှေပြီးတော့ တအောင့်နေပြီးပြီဆိုရင်တော့ ပဲငါးပြာရည် အကြည်ထည့်ပါ့မယ် မီးကိုလျှော့ထားပါ မွှေပါ့မယ်...အနည်းငယ်လောက်မွှေပြီးတဲ့ အခါမှာတော့ ခေါက်ဆွဲထည့်လို့၇ပါပြီ....
ခေါက်ဆွဲထည့်ပြီး အနည်းငယ်မွှေပြီးတဲ့ အခါမှာတော့ ပုံဘေးမှာတွေ့ရတဲ့ ကြက်ပြုတ်ရည်အနည်းငယ်ထည့်လိုက် မွှေလိုက်လုပ်ရပါ့မယ် မီးကိုတင်ထားပါ အိုးမကပ်ပါစေနဲ့ အမြဲမွှေထားပါ ကြက်သားပြုတ်ရည်ထဲမှာ အချိုဓါတ်ပါပြီးသားဆိုတော့ခေါက်ဆွဲပိုအရသာရှိတာပေါ့  သကြားလိုသလောက်ထပ်ထည့်ပါ အိုခေ...ခေါက်ဆွဲကို မြည်းကြည့်လို့ အနေတော် ရလာပီဆိုရင်တော့ အသီးရွက်တွေထည့်လို့၇ပါပြီခင်ဗျာ...
အသီးရွက်ထည့်မယ်ဆို မာတဲ့ အသီးရွက်ကိုအရင်ဆုံးထည့်ပါ ပဲပင်ပေါက်နဲ့ နံနံပင်ကိုတော့ ချခါနီးမှထည့်ပါခင်ဗျာ အသီးရွက်ကို အပျော့ကြီးမထားပါနဲ့ တင်းတင်းလေးနဲ့ စိမ်းသွားပြီဆို သူ့အပူနဲ့ သူ့ဖာသာ ကျက်သွားမှာဖြစ်ပါတယ်....
ဒါဆိုရင်တော့ စိမ်းစိမ်းစိုစိုလေးနဲ့ စားချင်စရာလေး ဖြစ်သွားပြီပေါ့ အဓိကတော့ ခေါက်ဆွဲမှာ အရသာရှိနေဖို့ပါပဲ....
ခေါက်ဆွဲကြော်ပြီဆို သူနဲ့တွဲစားဖို့ အချဉ်ကလဲလိုသေးတယ်လေ ဒါကြောင့် သခွားချဉ်လေးလုပ်မယ်

  1. သခွားသီး
  2. ကြက်သွန်နီ ပါးပါးလှီး
  3. သံပရာသီး
  4. ငရုတ်သီးစိမ်း
  5. သကြား
  6. ဆား
သခွားသီးကို ခပ်ပါးပါးလေးလှီးပြီးတော့ ကြက်သွန်ပါးပါး နဲ့ရော သံပရာသီးညှစ် ပြီးတော့ သကြားရယ် ဆားရယ် အပေါ့ငန် ရယ် အချဉ်ရယ်မြည်း ငရုတ်သီးစိမ်းလေး ကိုက်ထည့်လိုက်ရင် အိုခေပြီပေါ့ဗျာ... ဟုတ်ပြီ စောနတုန်းက ကြက်ရိုးပြုတ်တွေရှိတယ် ဘူးသီးလေးကလဲ အဆင်သင့်ဆိုတော့ ဘူးသီးအခွံနွှာ ပြီး မသေးမကြီး အတုံးလေးတွေတုန်းပြီး ကြက်ပြုတ်ရည်ထဲ ပစ်ထည့်လိုက်ပေါ့ဗျာ ငံပြာရည် သကြား လိုသလိုထည့် အပေါ့ငံမြည်း ချခါနီးကို ကြက်သွန်ဖြူ လေးစိပ်ကွဲထောင်းထည့်လိုက် ပြီးတော့ ငရုတ်ကောင်းမှုန့်လေးပါထည့်ပြီး ဆွဲလို့ရပါပြီ ........ အဲတော့ ခေါက်ဆွဲကြော် ချိုဆိမ့်လေးကို မအီအောင် အချဉ်လေးနဲ့ ကြက်သွန်ဖြူ ငရုတ်ကောင်းနံ့သင်းနေတဲ့ ဟင်းချိုလေးနဲ့ဆို အနဲလေး နှစ်ပန်ကန်ပဲပေါ့ဗျာ ....
အားလုံးပဲ ကျေးဇူးတင်ပါတယ် ....... အချိန်ရသလောက်လေးမှာ ရေးတဲ့..... ကျောင်းရွာသားလေ.....
ဆက်ဖတ်ရန်>>

Monday, December 24, 2012

ချက်မယ် ပြုတ်မယ် စားမယ် ဝါးမယ် အပိုင်း (၄)

ချက်တာတော့ကြာပြီ မရေးဖြစ်တာပါ တစ်ချို့ဟင်းတွေလဲ ချက်ရင်းမေ့သွားလို့ ပုံလေးတွေ မရိုက်ထားပဲဖြစ်မိသွားတယ်ဗျာ ဆောရီးပါ...... အခုတော့ ငါးဖယ်ခြစ် အချဉ်ချက်လေး ချက်စားမယ် အချဉ်ချက်ဆိုပေမယ့် တအားကြီးချဉ်တာမဟုတ်ပဲ ချိုချဉ်လေး နဲ့  စားလိုက်ရင်မအီအောင်ပေါ့....ငါးဖယ်ခြစ်ကတော့ ဒီမှာရပါတယ် မြန်မာဆိုင်မှာေ၇ာင်းပါတယ် တစ်ကီလိုကို ၇.၅ ဒေါ်လာပါ ကျနော် အဲ့နေ့ နှစ်ထုပ် ဝယ်လာတယ် နှစ်ကီလိုပေါ့ဗျာ လုပ်ကတာတော့ နဲနဲတော့လက်ရှုပ်တာပေါ့ဗျာ ကျနော်ကကြိုက်တော့ ချက်စားရတာပေါ့ ငါးဖယ်မချက်ခင် ငါးဖယ်ခြစ်ကို ငါးဆုပ် လေးတွေလုံးပါမယ် လိုအပ်မှာတွေကတော့.....

  1. ငါးဖယ် ခြစ်ပြီးသား၂ ကီလို...
  2. ဆား သင့်ရုံ
  3. နနွင်း...
  4. ချင်း
  5. ကြက်သွန်ဖြူ ဥကြီး နှစ်လုံး နုတ်နုတ်စင်း (သို့) ထောင်း( ကြက်သွန်ဖြူကို ရက်ရှည်ထားမယ်ဆို မထည့်ပါနဲ့ )
အားလုံးစုံပြီဆို ငါးဖယ်ကို လုံးဖို့လုပ်ပါ့မယ်.....
ပြီးသွားရင်တော့ အစာတွေနဲ့ ငါးဖယ်ကို နှံ့နေအောင်နယ်ပါမယ် ပြီးရင် ငါးဖယ် အလုံးကြီးဖြစ်အောင်လုပ်ပပါ့မယ် လုံးသွားပြီဆိုရင်တော့ ပန်ကန်ထဲမှာ ငါးဖယ်လုံးကို ပေါက်လိုက် လုံးလိုက် အခါ ငါးဆယ်လောက်လုပ်ပါ ဗလလဲတက်တာပေါ့ ဒါမှ ငါးဖယ်က အကြောတင်းပြီး မာပြီး စီးလာမှာဖြစ်ပါတယ်....
ကျနော် ပုံထဲမှာ ပြထားတဲ့ အတိုင်းလုံးပြီး စီးသွားပြီဆိုရင်တော့ စတင်လုံးပါ့မယ် လုံးတာကတော့ ကိုယ်ကြိုက်တဲ့အနေပေါ့ လုံးရင် စီးကပ်တဲ့အတွက် ဆီလေးကိုလက်ကိုဆွတ်ပြီးတော့လုံးပါ.....
ကျနော်ကတော့ အဲလိုမျိုး ပြားလိုက်တယ်ဗျာ ငါးဖယ်ပြားပေါ့ ဟဟ.... အိုခေ ...ပြီးသွားပြီဆိုရင်တော့ ကြော်မယ်ပေါ့ ငါးဖယ်ကြော်ရပြီဆိုရင်တော့ ကြိုက်သလို လုပ်စားလို့ရပါတယ် .... ခု အရင်ကြော်ပါ့မယ်....
ကြော်မဲ့အိုးထဲကို ဆီထည့်ပါ့မယ် ဆီပူလာပြီဆိုရင်တော့ ငါးဖယ်ပြားလေးတွေထည့်ကြော်ပါ့မယ် မီးအပြင်းကြီးနဲ့မကြော်ပါနဲ့ ငါးဖယ်ပြားလေးတွေ ဖောင်းပြီး ပွတက်လာပါလိမ့်မယ် ပြီးတော့ အဝါရောင်လေးသန်းပြီး မွှေးလာပါလိမ့်မယ် ထက်အောက်လှန်ပေးပါ အဝါရောင်လေးသန်းပြီး မွှေးလာပြီဆိုရင်တော့ ဆယ်ထည့်လို့ရပါပြီ....
ဒါဆိုရင်တော့ ငါးဖယ်ကြော်မွှေးမွှေးလေး ရပြီပေါ့ ဒီအတိုင်းစားလဲရတယ် အစာသွပ်လဲရတယ် ဟင်းပြန်ချက်စားလဲ၇ပါတယ်ဗျာ...ကျနော်ကတော့ ဟင်းပြန်ချက်မယ်ဆိုတော့ ငါးဖယ်ဆီပြန်အချဉ်ချက်လေးပေါ့ဗျာ...ရိုးရိုးရှင်းရှင်းလေးပါ ... ပါဝင်မှာတွေကတော့.....

  1. ကြက်သွန်နီ ဥကြီးနှစ်လုံး ပါးပါး နှစ်ပြန်လှီးထားပါ (အရှည်လိုက်ရယ် ကန့်လန့်ဖြတ်ရယ်ပါ)
  2. ကြက်သွန်ဖြူ ဥကြီး တစ်လုံး ထောင်းထားပါ
  3. ငရုတ်သီး အစိမ်းမှုန့်
  4. ချင်း လက်တစ်ဆစ်ကိုထောင်းထားပါ
  5. မန်းကျည်းမှည့် ကွမ်းသီး နှစ်လုံးစာလောက် ရေစိမ်ထားပါ
  6. ငါးပြာရည် 
  7. သကြား (အချို့မှုန့် မသုံးပါ)
  8. ပဲဆီ 
ချက်မည့်အိုးထဲကို ပဲဆီထည့်ပြီး ဆီပူလာအောင်လုပ်ပါ ဆီပူလာပြီဆိုရင်တော့ ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းထောင်းထားတာကို အ၇င်ထည့်ပါ မွှေးလာအောင်အရင်မွှေပါ မွှေးလာပြီဆိုရင်တော့ ငရုတ်သီး အစိမ်းမှုန့် အနေတော်လေးထည့်ပါ တအောင့်လောက် မွှေပြီးပြီဆိုရင်တော့ မွှေးပြီးဆီးငွေ့လေးပြန်လာ၇င်တော့ စောနက ကြော်ပြီးသား ငါးဖယ်ခြစ်ကိုထည့်ပါ မွှေပါ ငါးပြာရည် သကြားထည့်ပါ မီးအများကြီးမသုံးပါနဲ့  တအောင့်လောက် မွှေးလာအောင် မွှေပေးပါ အနံ့လေး မွှေးလာပြီ ဆီလေးနဲနဲ ပြန်လာပြီဆိုရင်တော့ မန်းကျည်းရည် ထည့်ပါ တအားကြီးမထည့်ပါနဲ့ ထည့်ပြီးရင် မွှေပေးပါ မြည်းကြည့်ပါ မချဉ်သေးကထပ်ထည့်နိုင်သည် မီးလေးလျှော့ပြီး ငါးမိနစ်သို့ ၁၀ မိနစ်ခန့် နှပ်ထားပေးပါ အဖုံးအုပ်လို က အုပ်ထားနိုင်သည်....အရည်လေးတွေခန်းသွားပြီ အနှစ်ဖြစ်လာပြီးဆီပြန်လာပြီဆိုရင်တော့ မီးပိတ်လို့၇ပါပြီ ခင်ဗျာ.....
ကဲဒါဆိုရင် ချင်းနံ့ ကြက်သွန်ဖြူနံ့ သင်းသင်းလေးနဲ့ မအီမဲ့ ချိုချိုချဉ်ချဉ်အ၇သာ ငါးဖယ်ဟင်းတစ်ခွက်ရပြီပေါ့ဗျာ..... တစ်ချို့ကြတော့ မန်ကျည်းသီးနေရာမှာ ခရမ်းချဉ်သီးထည့်ပါတယ် ရပါတယ် ခင်ဗျာ ကြက်သွန် ငရုတ်သီး ဆီသတ်ပြီးဆိုရင်တော့ ငါးဖယ်အ၇က်မထည့်ပဲ ခရမ်းချဉ်သီးကို အ၇င်ထည့်မွှေပြီး ငါးပြာရည် သကြားထည့်ပြီး အနှစ်၇သည့်အထိမွှေပါ အနှစ်၇ခါနီးမှ ငါးဖယ်ထည့်ပြီး ၅ မိနစ်သို့  ၁၀ မိနစ်အထိ ထားပြီးနှပ်ထားပေးပါ မီးတော့လျော့ထားပါ...ရပြီဆိုရင် နံနံပင်အုပ်ပြီး မီးပိတ်နိုင်ပါပြီ....
ဒါကတော့ ငါးဖယ်ခြစ် ခရမ်းချဉ်နှပ်လေးပါ ... စားကောင်းမယ်လိုထင်ပါတယ်.....ကျနော်ချက်ရင်တော့ ကောင်းမှာပေါ့ဗျာ ဟဲဟဲ .... ကဲအားလုံးပဲ စားနိုင်သောက်နိုင် လိုအင်တွေပြည့်နိုင်ပါစေပေါ့ဗျာ..... ကျောင်းရွာသား.......
ဆက်ဖတ်ရန်>>

Sunday, December 23, 2012

ချက်မယ် ပြုတ်မယ် စားမယ် ဝါးမယ် အပိုင်း (၃)

ကျန်တဲ့ တစ်ပတ်က စားချင်တာ ဆိုလို့ အိမ်က ပို့လိုက်တာ ငံပြာရည်ချက်တွေလဲ ပါတယ် အရည်သောက်လေးနဲ့ အသုတ်လေး တခုခုစားချင်တယ်ဆိုတော့ ပိန်းဥေ၇ချို နှပ်လေး စားချင်တယ် ခရမ်းချဉ်သီး သုတ်စားချင်တယ်ပေါ့ ဗျာ... ဒါနဲ့ပဲ ဈေးက ပိန်းဥလေးတွေ လတ်လို့ ဝယ် လာတယ် ခရမ်းချဉ်သီးပါ ဝယ်လာတယ်ပေါ့ဗျာ....
ပိန်းဥကို တစ်ချို့က ပြုတ်ပြီး ဆားနဲ့ဆီနဲ့ တို့စားတယ် ကြားဖူးတယ် ကျနော်ကတော့ ချက်စားပါတယ် ခင်ဗျာ
ချက်ဖို့၇ာ ပါဝင်တာတွေကတော့ ထွေထွေထူးထူးမပါ ပါဘူးခင်ဗျာ....

  1. ပိန်းဥ အလတ်စလေး ၁၀ လုံး ၁၅ လုံး
  2. ကြက်သွန်နီ နှစ်လုံးလောက် ပါးပါးလှီးထား
  3. ပုစွန်ခြောက် အမှုန့်ကြိတ်ထားပါ
  4. သကြား 
  5. ငံပြာရည်
  6. ဆီ
  7. န နွင်းအနည်းငယ်မျှ (အေ၇ာင်အတွက်ပါ)
ပိန်းဥကို ခွာဓါးနှင့်ခွာပါေ၇မထိပါစေနဲ့ ရေထိလို့ကတော့ ခွာရမည်မဟုတ်ပါ အရမ်းချွှဲပါတယ်....
ခွာပြီး တော့ နှစ်ခြမ်း ခြမ်းပြီးေ၇စင်အောင်ဆေးထားပါ....


အိုကေ အားလုံးပြင်ဆင်ပြီး ပြီ ဆိုရင်တော့ ချက်မဲ့အိုးထဲကို ဆီထည့်ပါ ဆီပူလာအောင်တည်ပြီးနောက် ကြက်သွန်နီ လှီးထားတာထည့်ပါ ပြီးရင်တော့ ပုစွန်ခြောက်ထည့် မွှေပါ မွှေးလာ ပြီဆိုရင်တော့ ပိန်းဥထည့်မွှေပါ ငံပြာရည်ထည့်ပါ သကြားထည့်ပါ ရေနဲနဲထည့်မွှေပါ ပြီးရင်တော့ အဖုန်းလေးအုပ်ပြီး မီးလျော့ပြီးနှပ်ထားပါ တစ်အောင့်နေ ပြန်ဖွင့်ပြီး မွှေပေးပါေ၇ထပ်ထည့်ပါ ပြန်အုပ်ထားပါ အဲလိုနဲ့ နုးသွားသည် အထိ နှပ်ထားပေးပါ နုးသွားမှ စားကောင်းတာလေ နုးသွားပြီ အိသွားပြီဆိုရင်တော့ အပေါ့ငံမြည်းပြီး ချလို့၇ပြီလေ ချိုချို လေးစားလို့ အ၇မ်းကောင်းပါတယ် ခင်ဗျာ..... အ၇ည်လေးစပ်စပ်လေးချလိုက်ပေါ့ အရည်လေးနဲ့ဆမ်းစား ကျနော်တော့ ကြိုက်တယ်ဗျ.....

စားလို့၇ပြီပေါ့ ဗျာ....အိုခေ.....
ခရမ်းချဉ်သီးသုတ်ကတော့ လွယ်ပါတယ်.... ပါဝင်တာတွေကတော့...
  1. ခရမ်းချဉ်သီး ငါးလုံးခန့် အမှည့်သို့ ဝင်းရောင်....
  2. ကြက်သွန် လေးလုံးပါးပါးလှီးထား
  3. မြေပဲမှုန့် အနည်းငယ်
  4. ပုစွန်ခြောက်မှုန့်အနည်းငယ်
  5. ငရုတ်သီးစိမ်း
  6. ဆားအနည်းငယ် 
  7. ကြက်သွန်ဆီသတ်၇န် ဆီအနည်းငယ်
  8. မကျည်းရည် အနည်းငယ် (ကြိုက်ရင်ထည့်ပါ)
  9. သကြားအနည်းငယ် (မကြိုက်ရင် မထည့်ပါနဲ့)
ခရမ်းချဉ်သီးကို အရည်တွေထုတ်ပြီး ပါးပါးညှပ်ထားပါ...ကြက်သွန် တဝက်ကို ဆီသတ်ပါမယ် ... ကြက်သွန်ဆီသတ်လေးနဲ့ဆိုမွှေးလို့ပါ....ကျန်တဲ့ တဝက်ကိုတော့ေ၇ဆေးထားပေါ့ဗျာ....မကျည်းရည်ကတော့ ရေနွေးလေးနဲ့ဖျော်ပေါ့ .... ငရုတ်သီးစိမ်းလေးလဲ ညှပ်ထားမယ် မြေပဲနဲ့ ပုစွန်ခြောက်လဲ ကြိတ်ထားပေါ့ဗျား.... အားလုံးပြီးရင်တော့ ရှိသမျှအစာတွေထည့်ပြီးသာ သုတ်ပေတော့ စားမကောင်းရင် ကြိုက်သလိုသာပြောပေတော့ဗျာ......

တချို့ ဆေးဘဲဥ သုတ်စားချင်တဲ့သူဆိုရင် ဆေးဘဲဥထပ်ထည့်စားပေါ့ဗျာ ဆေးဘဲဥတွေလဲ သိပ်မစားနဲ့ အခုက ဘာတွေထည့်ထားမှန်းသိဘူးဗျ မြင်တွေ့တဲ့ဟာပဲစားတာကောင်းပါတယ် .... ကဲ အားလုံးပဲ စားနိုင်သောက်နိုင်ကြပါစေ ..... ကျောင်းရွာသား.....
ဆက်ဖတ်ရန်>>

ချက်မယ်ပြုတ်မယ် စားမယ်ဝါးမယ် အပိုင်း (၂)

ဒီရက်ထဲ ဟင်းမချက်စားတာကြာပြီ အိမ်ကဟင်းတွေပို့လိုက်လို့လေ သက်သာတာပေါ့ဗျာ ဒါပေမယ့် ပို့လိုက်တဲ့ ဟင်းထဲမှာ ငါးပြေမကြော်ထားတာတွေပါလာတယ်ဗျ ကျနော်က ငါးပြေမဆို သိပ်ကြိုက်တာဆိုတော့ ဘာပြောကောင်းလဲ စားတာပေါ့ဗျာ အဲဒါနဲ့ ငါးပြေမကြော်လေးကို ချဉ်ရည်လေးနဲ့ ချက်စားမယ်ဆိုပြီးတော့ ချက်တော့တာပါပဲ ပြီးတော့ ဒီနေ့ဘာထပ်စားချင်သေးလဲဆိုတော့ အခါး အခါးမစားတာကြာပီဆိုတော့ ကြက်ဟင်းခါးသီးလေးသွားဝယ်တယ်ပေါ့ ကြော်မယ်လေ ကြက်ဟင်းခါးသီးကြော်နဲ့ ငါးပြေမကို မကျည်းသီးနဲ့ ချက်စားမယ် ရှယ်ပဲပေါ့ အိုကေ ချက်လိုက်ကြရအောင်ဗျာ.....ငါးပြေမ ချက်မဲ့အထဲကိုတော့...

  1. ကြက်သွန်နီဥကြီး လေးလုံးလောက် ကို ပါးပါး နှစ်ပြန်လှီးလိုက်မယ်....
  2. ကြက်သွန်ဥဖြူ အကြီးတစ်လုံး ကို နဲနဲထောင်းလိုက်မယ်ဗျာ ကျနော့်မှာ ငရုတ်ဆုံသေးသေးလေးရှိတယ်
  3. ငရုတ်သီးအစိမ်းမှုနဲ့ သို့ ငရုတ်သီးကြိတ်မှုန့်ပေါ့ ဒါကတော့ စားချင်သလောက်ထည့်ပါ 
  4. ငံပြာရည် ဒီမှာတော့ ထိုင်းကလာတဲ့ ငါးပြာရည်ပေါ့
  5. သကြား အနည်းငယ် (အချိုမှုန့်လုံးဝမစားပါ)
  6. မကျည်းသီးအနှစ် ကွန်းသီး နှစ်လုံးစာလောက်ကို ရေစိမ်ထားပေါ့ ဒါကကြိုက်သလောက်အစဉ်ပြေသလိုထည့်လို့၇ပါတယ်....
  7. နံနံပင် ကြိုက်ရင်ထည့်ပါ ကျနော်ကတော့ မရှိလို့မထည့်ပါ.....
  8. ဆီ ....ကျနော် ပဲဆီပဲသုံးတယ် .......
ပထမဦးဆုံး ချက်မဲ့အိုးထဲမှာ ဆီထည့်မယ် မီးကိုအများကြီးမသုံးပါဘူး အနေတော်လေးဖွင့်ထားပါ....ဆီပူလာပြီဆိုရင်တော့ ကြက်သွန်နီ ဖြူ  လှီးထားတာ အရင်ထည့်ပါ့မယ်
နဲနဲလေး နွန်းသွားအောင် မွှေပြီးတဲ့ အခါမှာ ငရုတ်သီး အစိမ်းမှုန့်ထည့်ပါ့မယ်
အနံ့လေး အစိမ်းနံ့ပျောက်သည်အထိမွှေပေးလိုက်ပေါ့ဗျာ ပြီးသွားရင်တော့ ငါးပြေမကြော်ပြီးသားလေးထည့်မယ် ငါးပြာရည် သကြား အနေတော်ထည့်မယ် မီးကိုလျော့ထားပါ အနံ့မွှေးလာသည်အထိမွှေဖြေးဖြေးလေး မွှေပေးပါ ဟင်းဆိုတာ မွှေးပြီး အရသာရှိမှ စားကောင်းမှာလေ...

မွှေးလာပြီဆိုရင်တော့ ချဉ်ရည်ထည့်ပါ့မယ် ချဉ်ရေထည့်ပြီးး မီးကိုလျော့ထားပါ ၁၀ မိနစ်ခန့်ချက်ထားပါ.....

ဆီလေးတွေပြန်လာပြီ အနံ့လေးလဲ စားချင်စရာ ဖြစ်လာပြီဆိုရင် နံနံပင်လေးကြိုက်တက်ရင် အုပ်ပြီး အပေါ့ငံ မြည်းပြီးချလို့၇ပါပြီ ခင်ဗျာ.....
ကဲစားလို့ရပါပြီ ခင်ဗျာ.....

ငါးပြေမ ချက်ပြီးပြီဆိုရင်တော့ ကြက်ဟင်းခါးသီးကြော်မယ်ပေါ့ဗျာ..... ပါဝင်မှာတွေကတော့

  1. ကြက်ဟင်းခါးသီး အနေတော် ၆ လုံးခန့်  အနေတော် အကွင်းလိုက်လှီးထားပါ...
  2. ကြက်သွန်နီနှစ်လုံး ပါးပါးလှီးထားပါ 
  3. ပုစွန်ခြောက် လက် တစ်ဆုပ် မရှိတရှိကို နဲနဲ ကြိတ်ထားပါ
  4. ငါးပြာရည် အနည်းငယ် 
  5. သကြားအနည်းငယ်
  6. ဆီ (ပဲဆီ) မနည်းမများ
  7. နနွင်းအနည်းငယ် (အများကြီးမလိုပါဘူး များသွားရင် နံသွားတက်တယ်)
ပထမဆုံး ကြက်ဟင်းခါးသီးကို အကွင်းလိုက်လှီးပါ အစေ့ထုတ်ပါ ဆားနဲ့နည်းနည်းနယ်ထားပါ တစ်အောင့်ကြာရင်ေ၇ပြောင်အောင်ဆေးလိုက်ပါ အခါးအရမ်းကြိုက်ရင်တော့ ဆားမနယ်ပါနဲ့...
ကြက်သွန်နီကို ပါးပါးလှီထားပြီးတော့ ပုစွန်ခြောက်ကြိတ်ထားပါ
အိုကေ ပြီးသွားရင်တော့ ကြော်မယ့် ဒယ်အိုးထဲ ဆီထည့်ပြီး မီးအပူပေးထားလိုက်ပါ ဆီပူလာပြီဆိုရင်တော့ နနွင်းအနည်းငယ်ထည့်ပါ ပြီးသွားရင်တော့ ကြက်သွန်နီထည့် ပါ အနည်းငယ် မွှေပြီးပြီဆိုရင်တော့ ပုစွန်ခြောက်မှုန့်ထည့်ပါ....မွှေးသွားအောင်မွှေပါ  မွှေးသွားပြီဆိုရင်တော့ ရေဆေးထားတဲ့ ကြက်ဟင်းခါးသီးထည့်ပါ ဆား(သို့) ငါးပြာရည် နဲ့ သကြားအနည်းငယ်ထည့်ပြီး မွှေပေးပါ မီးအပြင်းကြီးမထားပါနဲ့ မွှေပြီး ခနလောက် အဖုံးနဲ့အုပ်ပေးထားပါ အနည်းငယ် နွမ်းသွားအောင်ပါ သူကနဲနဲ ကြောမာလို့ပါ နှစ်ခါလောက် အုပ်ပြီး ပြီဆိုရင်တော့ မွှေးလာအောင် ထည့်မွှေပေးပါ အနည်းငယ် နွမ်းသွားပြီ မွှေးလာပြီ ဆိုရင်တော့ ချလို့ရပါပီ ...
ဒါဆိုရင်တော့ စားလို့ရပါပြီ စိမ်းစိမ်းလေးပေါ့ ဗျာ ဒါကတော့ အစိုကြော်ပေါ့ ဗျာ နောက်မှ အခြောက် ကြော်လေးထပ်ရေးပေးမယ်........ ကဲအားလုံးပဲ စားနိုင်သောက်နိုင်ကြပါစေဗျာ.....ကျောင်းရွာသား....
ဆက်ဖတ်ရန်>>

22.12.2012 ညတွင်ကျင်းပခဲ့သော သီသဂူ ဆရာတော်ဘုရားကြီးရဲ့ တရားပွဲ အသံဖိုင်...

ဆရာတောင်ဘုရားကြီးရဲ့ တရားပွဲသဘင်ဖြစ်ပါတယ်......





အသံဖိုင်ကိုတော့ အောက်ကလင့်တွင် ဒေါင်းလုပ် ရယူပါ.....မေတ္တာများစွာဖြင့်....ကျောင်းရွာသား.....
download audio file here...

ဆက်ဖတ်ရန်>>

MiX tUbE cOlLeCtIoN 3

step up 2 3 movies ထဲက သီချင်းများကို စုစည်းပေးလိုက်ပါတယ်...ကျောင်းရွာသား... ဆက်ဖတ်ရန်>>

Saturday, December 22, 2012

MiX tUbE cOlLeCtIoN 2

ကဲအပိုင်း ၂ လေးကိုတင်ပေးလိုက်ပါတယ် .... ကျောင်းရွာသား....
ဆက်ဖတ်ရန်>>

Thursday, December 20, 2012

ခွေးလေးကတာ ချစ်စရာကောင်းတယ်...
Beat Box (ပါစပ်ကနေတီးတာ မိုက်တယ်)
ကြောင်လေးနဲ့ လင်းပိုင်လေး (ချစ်စရာလေးဗျ)
credit to>> Amazing and Crazy videos (fb) ဆက်ဖတ်ရန်>>

Wednesday, December 19, 2012

MiX tUbE cOlLeCtIoN 1

နားထောင်မိတာလေးစုစည်းပြီးတင်ပေးလိုက်ပါတယ်.....ကျောင်းရွာသား.... ဆက်ဖတ်ရန်>>

Sunday, December 9, 2012

ကြိုက်သော Red Hot Chili Peppers သီချင်းများ

Alter Rock ပုံစံ သီချင်းများနဲ့ နာမည်ကြီး ငရုတ်သီး အဖွဲ့ ဒီကောင်တွေ ပူလို့ထင်တယ် အမြဲ အင်းကျီးချွတ်ဆိုကြတယ် ဒါပေမယ့် ကြိုက်တယ် အထူးသဖြင့် ဒီကောင်တွေအဖွဲ့က Bass ဆရာကြီးတီးတာကိုကြိုက်တယ်.. ကျောင်းတုန်းက ဒီကောင်တွေ သီးချင်း နားထောင်ချင်လို့ ၇န်ကုန်မှာ တကူးတက သွားဝယ်နားထောင်ရတယ် ဟဟ....ကျောင်းရွာသား.... ဆက်ဖတ်ရန်>>

ရော့ခ် ဘိုးတော် aerosmith

ဒီဘိုးတော် အခု american idol မှာ ဒိုင်လုပ်နေတယ် သူ့နာမည်ကြီးသချင်းတွေတော့ မြန်မာပြည်ကနာမည်ကြီးေ၇ာ့ခ်ဘိုးတော်တွေ ဆိုပြီးကြပြီ...နားထောင်မိသမျှလေး ရှယ်ပေးလိုက်တယ် နော့်....ကျောင်းရွာသား.... ဆက်ဖတ်ရန်>>

System of a Down (hypnotize)

သူ့ကိုသိလား နားတော်ငြီးတယ် ကျနော်တော့ ကြိုက်တယ် နားထောင်ကြည့် တခွေတွေ့လို့တင်ပေးလိုက်တယ်  အငဲ တော့ တချို့သီချင်းတွေ ပြန်ဆိုးထားတယ်ထင်တယ် alter metal rock နဲ့ hard rock တွေ အဆိုများတယ် ကြမ်းတယ် ကောင်းတယ် နားမထောင်ချင်ရင်တော့ ကျော်သွားလိုက်ပေါ့နော် ... ကျောင်းရွာသား... ဆက်ဖတ်ရန်>>

linkin park အခွေများ စုစည်းမှု....

ကဲဗျာ Utube  မှာ ဒီကောင်တွေအဖွဲ့ အခွေတွေ တွေ့တယ်ဗျာ တန်းစီပြီးရှယ်ပေးလိုက်ပါတယ်...ကျောင်းရွာသား.... ဆက်ဖတ်ရန်>>

green day (american idiot album)

Bigbag ကို သိရင် Green day ကိုမေ့ပစ်ထားခဲ့လို့မရပါဘူး ဘာလို့လဲဆိုတော့ Bigbag အဖွဲ့က green day သီချင်းများနဲ့ အောင်မြင်ခဲ့လို့ပါပဲ Punk သီချင်းတွေနဲ့ နာမည်ကြီးနဲ့ green day (american idiot) အခွေလေးပါ Mp3 လိုချင်ရင်တော့ ပြန် convert လုပ်ယူလိုက်ပေါ့ဗျာ နော့....ကျောင်းရွာသား... ဆက်ဖတ်ရန်>>

Linkin park (Living Things)

Linkin Park ရဲ့ နောက်ဆုံးထွက်တဲ့အခွေ Livng Things အခွေ Youtube မှာတွေ့လို့ရှယ်ပေးလိုက်ပါတယ် ဒီကောင်တွေအဖွဲ့ကို ၂၀၀၅ ခုနှစ်လောက်မှာ စပြီး နားထောင်ခဲ့ ဖူးတယ် ထူးခြားတဲ့ Rock ပုံစံမို့လို့ ကြိုက်ပါတယ်.... ကျောင်းရွာသား.... ဆက်ဖတ်ရန်>>

ကြိုက်မိတဲ့ Breaking Benjamin album

ဒီဘက်ခေတ် Modern Rock ဘက်တွေမှာ သူ့ကိုကြိုက်တယ် ကျနော်လဲ Rock သမားပဲနော် ဒါပေမယ့် အကုန် နားထောင်တယ် ဘယ်သူ့ကိုမှမဝေဖန်ဘူး ကိုယ်ကြိုက်တာကိုယ်လုပ်... Dear Agony album ကို ပြန်လည် ရှယ်ပေးလိုက်ပါတယ်....ကျောင်းရွာသား....

ဆက်ဖတ်ရန်>>

ကြိုက်ခဲ့ဖူးတဲ့ BonJovi သီချင်းများ

ကမ္ဘာပေါ်မှာ အချမ်းသာဆုံး Rocker ကြီးကို မိတ်ဆွေတို့ သိကြ ပါသလား သူက ဘယ်သူလဲ ဆိုတော့ ကျနော် သိပ်ကြိုက်တယ့် Rocker ကြီး Bonjovi ပေါ့ သူ့ကို ကျနော် ငယ်ငယ်ထဲက သိခဲ့ပါတယ် မြန်မာ ရော့ သီချင်းတွေ သူ့သီချင်းကို ပြန်မှီငြမ်းထားပါတယ်....ကဲ ကြိုက်တဲ့ သူငယ်ချင်းများ အတွက် ပြန်မျှဝေလိုက်ပါတယ်....ကျောင်းရွာသား.... ဆက်ဖတ်ရန်>>

ကြိုက် ခဲ့ဖူး သော scorpions သီချင်းများ....

ကျနော် ၇ တန်းလောက်မှာ scorpions သီချင်းများနဲ့ ရင်းနှီးဖူးခဲ့ပါတယ် ဒီဘက်ခေတ် လူငယ်တွေ သိကြမယ်လို့ထင်ပါတယ် အ၇မ်းကြိုက်ပါတယ် အခုတော့ သူတို့ ရဲ့ အဖွဲ့ကိုဖျက်သိမ်းလိုက်ပါပြီ အမှတ်တရ အနေနဲ့ acoustic version နဲ့တီးထားသည်များကို ပြန်လည် မျှဝေလိုက်ပါတယ်.....ကျောင်းရွာသား..... ဆက်ဖတ်ရန်>>

ငယ်ငယ်ထဲက ကြိုက်မိခဲ့သော မိုက်ကယ်ဂျက်ဆင် သီချင်းနှင့် အကများ....

ဒီနေ့ဘာရယ်တော့မဟုတ်ဘူး Billboard ကြည့်နေရင်း ဒီဘက်ခေတ်က Dance တွေကြည့်နေတုန်း ငယ်ငယ်တုန်းထဲက အရမ်း နှစ်သက်ကြိုက်မိခဲ့တဲ့ Micheal Jackson သီချင်းလေးတွေ ပြန်ကြည့်မိတယ် ကြည့်သမျှလေးတွေ ပြန်ရှယ်လိုက်ပါတယ် King of Pop လို့လူသိများခဲ့တဲ့ သူ့ကို မိတ်ဆွေတို့ ကြိုက်နှစ်သက်မယ် ထင်ပါတယ် ..... ကျောင်းရွာသား.... ဆက်ဖတ်ရန်>>

Saturday, December 8, 2012

လေဖြန်းဖူး လေဖြတ်ဖူးသော မိတ်ဆွေများအတွက် ဆေးနည်းလေးပါ....

လေဖြတ် လေဖြန်း ဖြစ်ဖူးသူများ အတွက် ဆေးနည်းကောင်းလေးပါ
ပါဝင်တာတေတွကတော့ .... လေးညှင်း ရယ် ငရုပ်ကောင်းနဲ့ ကို ဆတူ မုန့် ညက်အောင်ထောင်း ပြီး သွားရင် ကွမ်းရွက် ကိုပါ ဆတူညက်အောင်ထောင်းပြီး သဘာဝ အတိုင်း အခြောက်ခံထားပါ ပြီးသွားရင်တော့ ဆေးပြားလေးများပြုလုပ်ပြီး ဗူးလေးတစ်ခုထဲ မှာ ထည့်သိမ်း ထားပါ ပြီးသွားရင် တစ်လကို တစ်ပြားနုန်း နဲ့ လစဉ် စားသွားပေးပါ စားပြီးတဲ့ အချိန် ကာလများမှာ ရေမှန်မှန် ချိုးပေးပါ ဒါမှ မကောင်းတဲ့ အခိုးတွေ အပူတွေ ကင်းစင်သွားမှာ ဖြစ်ပါတယ် မိတ်ဆွေများ ကိုယ်စိတ်နှလုံး ကျမ်းမာ ချမ်းသာကြပါစေ....
ပေးပို့သူ... သီတာဝင်း....မှတဆင့် ပြန်လည်ေ၇းသားခြင်းဖြစ်ပါတယ်.....ကျောင်းရွာသားလေး....

ဆက်ဖတ်ရန်>>

Friday, December 7, 2012

ဂျာမနီ Audi ကထုတ်သော အဆင့်မြင့် လျှပ်စစ် ပြိုင်စက်ဘီး


၂၀၁၂ ခုနှစ်၊ နှစ်လယ်လောက်က Audi ကားကုမ္မဏီမှ ထုတ်ဖော်ပြသလိုက် တဲ့ စက်ဘီး ဖြစ်ပါတယ်။ စက်ဘီးလို့တောင် ထင်ရက်စရာ မရှိပါဘူး။ သူ့ရဲ့ လုပ်ဆောင်ချက်က ဆိုင်ကယ် တစ်စီး နီးပါးပဲ ဖြစ်ပါတယ်။ ၂၆ လက်မ အဆင့်မြင့် CFRP ဘီးကို အသုံးပြုပြီး 530Wh Lithium-Ion ဘက်ထရီလည်း တပ်ဆင်ပေးထား ပါ သေးတယ်။ Speed ၉ချက် ထိုးလို့ရတဲ့ အဆင့်မြင့် ပြိုင်စက်ဘီးပဲ ဖြစ်ပါတယ်။ လျှပ်စစ်မော်တာနဲ့ မောင်းမယ်ဆိုရင် ၂ နာရီ၃ အထိ တာရှည်ခံပါ တယ်။ ခြေနင်းမောင်းနှင်ဖို့အတွက်လည်း ဂီယာဘီး ဖြစ်တဲ့အတွက် သာမန် ဘီးတွေထက် မြန်မှာ ဖြစ်ပါတယ်။ ဒီဇိုင်းကလည်း ထူးခြားလှပပါတယ်။ လက်ရှိ ကားကုမ္မဏီအားလုံးနီးပါး စက်ဘီးထုတ်ဖို့ကြိုးစားနေချိန်မှာ Audi လည်း နောက်ကျမကျန်အောင် ဖန်တီးလိုက်တာ ဖြစ်ပါတယ်။ စက်ဘီး ပြိုင်ပွဲတွေမှာပါ မောင်းနှင်လို့ရတဲ့ ဘီးအမျိုးအစား ဖြစ်ပါတယ်။ Auid e-bike လို့အမည်ပေးထားပြီး သူ့ရဲ့ စွမ်းဆောင်ရည်ကို အောက်ပါ လခ့်က ဗီဒီယိုမှာ ဝင်ရောက်ကြည့်ရှု နိုင်ပါတယ်။ -- http://youtu.be/edmH0Zx57JY -- Aung Kham (TSJ team)
credit to>>>TechSpace Journal
ဆက်ဖတ်ရန်>>