Pages

Thursday, April 4, 2013

ချက်မယ်ပြုတ်ယ် အပိုင်း (၇)

ကဲလာပြန်ပြီ ဝက်သား အနီချက်....
ဝက်သားအနီချက်ဆိုတာ ငရုတ်သီးပါလို့ပြောတာပါ ကဲ စလိုက်ကြရအောင်ဗျာ လိုအပ်တာတွေကတော့
(၁) ဝက်သားသုံးထပ်သား
(၂) ကြက်သွန်ဥနီ ကြီးနှစ်လုံး
(၃) ပဲငါးပြာရည် အနည်းငယ်
(၄) သကြားအနည်းငယ်
(၅) ငါးပြာရည်
(၆) ငရုတ်သီးအစိမ်းမှုန့်
(၇) မကျည်းသီးမှည့်
(၈) ပဲဆီ

ချက်ပြုတ်ပုံအဆင့်ဆင့်ကတော့ အရမ်းရိုးရှင်းပါတယ် ကောင်းလဲကောင်းပါတယ်....ပထမဆုံး ဝက်သားကို ရေစင်စင်ဆေးပါ အနေတော်အတုံးလေးများလှီးပါ ချက်မည့်အိုးထဲကို ထည့်ပါ ပြီးရင် ကြက်သွန်နီထောင်းထားတာကိုထည့်မယ် ပဲငါးပြာရည်းအနည်းငယ် ထည့်မယ် သကြားထည့်မယ် ငရုတ်သီး အစိမ်းမှုန့် ဆီ ငါးပြာရည်ထည့်ပြီး သမအောင်နယ်မယ် ပြီးရင်တော့ ၁၅ မိနစ်လောက် နှပ်ထားလိုက်ပါ ပြီးသွားရင်တော့ ရေအနည်းငယ်ထည့်ပြီး လုံးချက် ချက်ပါ့မယ် ဆီလေးတွေပြန်လာပြီး မွှေးလာပြီဆိုရင်တော့ ရေများများထည့်ပြီး နာရီဝက် ခန့်မီးအေးအေးနဲ့တည်ထားပါ အနံ့ကတော့ မွှေးပြီးသားပဲ ပြီးရင်တော့ မကျည်းနှစ်အရည် လိုသလောက်ထည့် မြည်းကြည့် နောက်ထပ် ၁၅ မိနစ်လောက်ထပ်တည် ဝက်သားနူးသည်အထိပေါ့ ဗျာ ဒီမှာတော့ ဝက်ထီးလား ဝက်မလား မသိ ဝက်ထီးသားက ပိုစားကောင်းပါတယ် အိုခေ.... နူးလာပြီး အနံ့က စားချင်စဖွယ်လဲဖြစ်လာပြီဆိုရင်တော့ ပြောမနေနဲ့တော့ဗျာ အနည်းလေးသုံးပန်ကန်လောက်တော့ တွယ်ပြီပဲ တို့စ၇ာလေးကို သခွားသီးလေးစိပ်ပြီး တို့လိုက်ရင် ဝက်သားအနီချက်လေးကိုမအီအောင်မကျည်းနှစ်ချက်လေးနဲ့ ဆွေမျိုးမေ့သွားလောက်ပြီပေါ့ဗျာ...ဟဲဟဲ

ဆွဲပေတော့....
ကျောင်းရွာသား....
ဆက်ဖတ်ရန်>>

ချက်မယ်ပြုတ်မယ် အပိုင်း (၇)

ကဲ ဒီတစ်ခါတော့ ငါးခြောက်ထောင်းကြော်လေးကြော်စားမယ်..ငါးရံ့ခြောက်ထောင်းကြော်ပေါ့ဗျာ...
လိုအပ်တာတွေကတော့....
(၁) ငါးရံ့ခြောက် ပြား သုံးပြား
(၂) ကြက်သွန်အကြီး သုံးလုံး
(၃) ကြက်သွန်ဖြူ သုံးလုံး
(၄) ပဲဆီ
(၅) သကြားအနည်းငယ် ၊ ထိုင်းကလာတဲ့ ငါးပြာရည် (ဒီမှာက ထိုင်းကလာတာပဲရှိလို့ပါ) နဲ့ နနွင်းအနည်းငယ်မျှပေါ့ဗျာ....
ချက်ပြုတ်မယ့် အစီစဉ်ကတော့ ငါးခြောက်ကိုေ၇ဆေးမယ် အိုးတစ်လုံးထဲ ရေထည့်ပြီး ငါးခြောက်ကို နူးသည်အထိပြုတ်မယ် ပြီးရင်တော့ ငါးခြောက်ကို နွှာပြီးတော့ ငရုတ်ဆုံထဲ ထည့်ထောင်းမယ် ပြီးရင်တော့ ကြော်မဲ့ဒယ်အိုးထဲ ဆီထည့် နနွင်းထည့် ဆီပူလာပြီဆိုရင်တော့ ကြက်သွန်နီပါးပါးလှီးထားတာ ထည့်ကြော်မယ် ပြီးရင် ကြက်သွန်ဖြူ အခွံခွာပြီးထည့်မယ် မွှေးလာရင် ငါးခြောက်ထည့်မယ် ငါးပြာရည်နဲ့ သကြားထည့်မယ် ခြောက်သည်အထိကြော်ပါ့မယ် ငါးခြောက်ထဲကအရည်တွေကုန်သလောက်ဖြစ်လာပြီ  ဒါဆိုရင်တော့ ကြက်သွန်ဖြူသင်းသင်းလေးနဲ့ စားချင်စရာလေး အနံ့လေးသင်းလာမှာဖြစ်ပါတယ် ၃ မိနစ်ခန့်လောက်ကြော်ပြီးပြီဆိုရင်တော့ အပေါ့ငံ မြ ည်းပြီးတော့ ချလို့ရပါပြီခင်ဗျာ.....




ကဲသုံးဆောင်လို့ရပါပြီခင်ဗျာ.....ကျောင်းရွာသား....


ဆက်ဖတ်ရန်>>

ချက်မယ်ပြုတ်မယ် အပိုင်း (၆)

ချက်တာပြုတ်တာတွေ ပိုစ့်မတင်တာကြာပြီ မချက်တာမဟုတ်ပါဘူး ချက်ပြီးတင်ဖို့အချိန်မရှိတာပါ ကဲအချိန်လေးပေးတုန်းနဲနဲတင်လိုက်အုံးမယ်....
ကဲ သီးစုံ ပဲကုလားဟင်း နဲ့ ငါးခြောက်ကြော်ချက်လေး ချက်မယ်ဗျာ....
သီးစုံဟင်းချက်ဖို့လိုအပ်တာတွေကတော့ အိမ်မှာရှိတာလေးနဲ့ပေါ့ ဟဲဟဲ လိုအပ်တာတွေကတော့.
(၁) ငါးပုတ်ခြောက်
(၂) ကုလားပဲအနည်းငယ်
(၃) အာလူး အလုံးကြီး နှစ်လုံး
(၄) ခရမ်းသီး အကြီးတစ်လုံး
(၅) ရုံးပတီသီး ၇ တောင့်ခန့်
(၆) ကြက်သွန်နီ
(၇) ငရုတ်သီးစိမ်း ငါးတောင့်
(၈) သကြား၊ ငါးပြာရည်၊ မန်ကြီးမှည့် အနည်းငယ် နဲ့ ပဲဆီ အနည်းငယ်

ချက်ပြုတ်ပုံ အဆင့်ဆင့်ကတော့ ငါးပုတ်ခြောက်ကိုေ၇ စင်စင်ဆေးပြီးတော့ အနေတော်အတုန်းလေးများ တုံးပြီးချက်မည့် အိုးထဲထည့်မယ် ပြီးတော့ ဆီအနည်းငယ် ငံပြာရည်အနည်းငယ် သကြားအနည်းငယ် ငရုတ်သီးအစိမ်းမှုန့် နနွင်းမှုန့်အနည်းငယ် နှင့် ကြက်သွန်နီ လှီးထားတာ ထည့်ပြီး သမအောင်ရောမွှေပြီး ၁၅ မိနစ်လောက်တော့ နှပ်ထားပေးလိုက်ပါ...ပြီးရင် အာလူးကိုအခွံခွာပြီး လေးစိပ် အနေတော်အတုံးလေးများတုံးပြီးေ၇စင်အောင်ဆေးမယ် ပြီးရင် ခရမ်းသီးကို ဆေးကြောပြီး အနေတော်အတုံးလေးများတုံးမယ် ..ကုလားပဲကိုတော့ ရေဆေးပြီး ရေစိမ်ထားပါ သူက မာကြောသည့်အတွက်ေ၇အရင်စိမ်ပေးထားပါ ပြီးရင်တော့ ရုံးပတီသီးကိုရေစင်အောင်ဆေးပြီးတော့ တစ်တောင့်ကို သုံးပိုင်းလောက်ပိုင်းပေးထားပါ..

ပြီးသွားရင်တော့ ချက်မယ်ပေါ့ဗျာ စောစောကနှပ်ထားတဲ့ ငါးခြောက်ကို မီးအေးအေးနဲ့ အရင်လုံးမယ် ၂ မိနစ်လောက်ကြာသွားရင်တော့ ရေလေးအနည်းငယ်ထည့်ပြီးတော့ အဖုံးအုပ်ပေးထားမယ် ၅ မိနစ်ခန့်လောက် ချက်ပြီးသွားရင် ပဲအရင်ဆုံးထည့်ပါ့မယ် သူကအရမ်းမာသည့်အတွက် အ၇င်ထည့်တာပါ ပြီးရင် ရေအနည်းငယ်ထည့်ပြီး တော့ အဖုံးအုပ်ပြီး မီးအေးအေးလေးနဲ့နှပ်ထားပေးပါ ပဲအနည်းငယ်နူးလာပြီဆိုရင်တော့ အာလူးနဲ့ ခရမ်းသီးထည့်ပါ ရေအနည်းငယ်ထည့်ပြီး အဖုံးအုပ်ပြီး နူးလာအောင်ချက်ပေးပါ ပြီးသွားရင်တော့ မကျည်းနှစ်ရေထည့်ပြီးချက်ပါ ဆူလာပြီ ဆိုရင်တော့ ရုံးပတီသီးလေးထည့် ငရုတ်သီးစိမ်းလေးထည့် တအောင့်လောက် ဆူသွားပြီးဆိုရင်တော့ မဆာလာ ထည့်မယ် မဆာလာနံ့လေးသင်းလာပြီ ဆိုရင်တော့ အပေါ့အငံမြည်းပြီး ချလို့၇ပါပြီ....




ပြီးရင်တော့ အာပြဲခြောက်ကြော်စားမယ်ဆိုတော့ လိုတာတွေကတော့...
(၁) အာပြဲခြောက် ၁၀ ကောင်
(၂) ကြက်သွန်နီ အင်္ကြီး ၂ လုံး
(၃) ကြက်သွန်ဖြူ အကြီး ၁ လုံး
(၄) ငရုတ်သီး ခွဲကြမ်း အနည်းငယ်
(၅) ပဲဆီ၊ ငါးပြာရည်၊ သကြား အနည်းငယ် လိုပါတယ်

ငါးခြောက်ကို ရေစင်အောင်ဆေးကြောပြီး အနေတော် အတုံးလေးတွေတုံးထားပါ.....ကြက်သွန်နီ အခွံခွာပြီး ပါးပါးလီှးထားပါ ကြက်သွန်ဖြူကိုတော့ အခွံခွာပြီး ဓါးပြားရိုက်ထားပါ ပြီးရင်တော့ ဆီကိုအပူပေးပြီးတော့ ပူလာပြီဆိုရင်တော့ ငါးခြောက်အတုံးလေးများကို စတင်ကြော်ပါ့မယ်...
ငါးခြောက်လေးတွေ နီလာပြီဆိုရင်တော့ ဆယ်ထားမယ် ပြီးရင်တော့ ကြက်သွန်ဖြူနီကို ထည့်ကြော်မယ် နွမ်းလာပြီဆိုရင်တော့ ငရုတ်သီး ခွဲကြမ်းထည့်မယ် ပြီးရင်တော့ မွှေးလာအောင်ကြော်မယ် ပြီးသွားရင် ငါးခြောက်ကြော်ထားတာကိုထည့်မယ် ငါးပြာရည် နဲ့ သကြားထည့်မယ် ခြောက်လာအောင်ကြော်ပြီးပြီဆိုရင်တော့ အနံ့လေးမွှေးလာပါလိမ့်မယ် ခြောက်ခြောက်လေးဖြစ်လာပြီဆိုရင်တော့ ချလို့ရပါပြီ...







ကဲ ငါးခြောက်ကြော်မွှေးမွှေးလေးနဲ့ သီးစုံပဲကုလားဟင်းလေးစားပြီ ကွေးကွေးလေးအိပ်နိုင်ကြပါစေ...
ကျောင်းရွာသား....


ဆက်ဖတ်ရန်>>

David Guetta - iTunes Festival [ 15.09.2012 ] ( Full concert )

နာမည်ကျော် club hit သီချင်းများရဲ့ ဖန်တီးရှင် David Guetta သချင်းများနားထောင်လိုက်ပါအုံး မြူးမြူးလေးတွေပါပဲ... အော်... beat mixer ကြီးတပ်လိုက်ဖို့မမေ့နဲ့အုံး...... ဆက်ဖတ်ရန်>>

Super Pipeline - Megastructures - National Geographic Documentary

ရေအောက်ကြမ်းပြင်မှ Super Pipe Line .... ဆက်ဖတ်ရန်>>

Longest tunnelling under the Alps-Extreme Engineering- Discovery Channel

ကမ္ဘာပေါ်မှာအရှည်ဆုံး တောင်ကြောတွေကိုဖြတ်ဖောက်ထားတဲ့ Tunnel ကြီးပါ.... ဆက်ဖတ်ရန်>>

Biggest Warship - Extreme Engineering

US စစ်သင်္ဘောအကြောင်းဖြစ်ပါတယ် ဆက်ဖတ်ရန်>>

Martian Mega Rover - National Geographic Documentary

NASA ရဲ့ အင်္ဂါဂြိုလ်ပေါ်သွားယာဉ်အကြောင်းဖြစ်ပါတယ်.... ဆက်ဖတ်ရန်>>

Deepest Sea Highway - Megastructures ( Nat Geo Documentary )

ရေအောက်လမ်းတွေ ဘယ်လိုဖောက်သလဲ ဆိုတာ..... ဆက်ဖတ်ရန်>>

Megastructures Panama Canal (National Geographic)

ကမ္ဘာကျော် ပနားမား တူးမြောင်း အကြောင်းပါ....... ဆက်ဖတ်ရန်>>

Big Bigger Biggest Cruise Ship -- Race To Become The Biggest

ကမ္ဘာပေါ်မှာအကြီးဆုံးဖြစ်တဲ့ ဇိမ်ခံသဘောင်္ကြီးအကြောင်းပါ.... ဆက်ဖတ်ရန်>>

World's Tallest and Most Luxurious Hotel - MegaStructures: Burj-al-arab Hotel

ကမ္ဘာပေါ်မှာအမြင့်ဆုံးဖြစ်တဲ့ Dubai Luxurious Hotel အကြောင်းပါ... ဆက်ဖတ်ရန်>>

Megastructures Ice Breakers (National Geographic)

Ice Breakers များအကြောင်းပါ.... ဆက်ဖတ်ရန်>>

Wednesday, April 3, 2013

NG Megastructures USS Ronald Reagan

US Carrier အကြောင်းကို ဗဟုသုတအနေနဲ့ရှယ်လိုက်ပါတယ်.... ဆက်ဖတ်ရန်>>

Money Factory (USA)

ဗဟုသုအနေနဲ့ ရှယ်လိုက်ပါတယ်.... ဆက်ဖတ်ရန်>>

Larva Cartoon collection

ဆက်ဖတ်ရန်>>

ထူးထူးဆန်းဆန်းလေးများ (၁၁)

စက်ရုပ် ဘောလုံး....
credit to >> google vidoes
ဆက်ဖတ်ရန်>>

ထူးထူးဆန်းဆန်းလေးများ (၉)

ဆက်ဖတ်ရန်>>

ထူးထူးဆန်းဆန်းလေးများ (၈)

ရထားလမ်းဘေးမှ ဈေးဆိုင်များ....
ဆက်ဖတ်ရန်>>

ထူးထူးဆန်းဆန်းလေးများ (၇)

ဆက်ဖတ်ရန်>>

ထူးထူးဆန်းဆန်းလေးများ (၆)

credit to>>Amazing and CrazyVideos ဆက်ဖတ်ရန်>>

ထူးထူးဆန်းဆန်းလေးများ (၅)

အစ အနောက် သန်သူများ ....
ဆက်ဖတ်ရန်>>

ထူးထူးဆန်းဆန်းလေးများ (၄)

 ကိုရွှေကြက်ဖက တော်တော် အူးမြူးနေပုံပဲ.....

ဆက်ဖတ်ရန်>>

ထူးထူးဆန်းဆန်းလေးများ (၃)

တယ်လဲ သောက်နိုင်ပါ့လား ဗျာ.....

credit to>>Amazing and CrazyVideos ဆက်ဖတ်ရန်>>

ထူးထူးဆန်းဆန်းလေးများ....(၂)

ခွေးကလေး အောက်မဆင်းတက်လို့ သင်ပေးနေတာ....
 
credit to>>Amazing and CrazyVideos ဆက်ဖတ်ရန်>>

ထူးထူးဆန်းဆန်းလေးများ (၁)

ပစ္စည်းချတာ ကျွမ်းကျင်သဗျ.....
credit to>>amazing and crazy videos ဆက်ဖတ်ရန်>>