Pages

Showing posts with label ဘာသာရေးအတွေးအမြင်များ..... Show all posts
Showing posts with label ဘာသာရေးအတွေးအမြင်များ..... Show all posts

Sunday, December 23, 2012

22.12.2012 ညတွင်ကျင်းပခဲ့သော သီသဂူ ဆရာတော်ဘုရားကြီးရဲ့ တရားပွဲ အသံဖိုင်...

ဆရာတောင်ဘုရားကြီးရဲ့ တရားပွဲသဘင်ဖြစ်ပါတယ်......





အသံဖိုင်ကိုတော့ အောက်ကလင့်တွင် ဒေါင်းလုပ် ရယူပါ.....မေတ္တာများစွာဖြင့်....ကျောင်းရွာသား.....
download audio file here...

ဆက်ဖတ်ရန်>>

Friday, November 16, 2012

ဗုဒ္ဓဘာသာ နှင့် နတ်ကိုးကွယ်မှု ဗေဒင် ယုံကြည်မှု...


ခေါင်းစဉ်ဖတ်လိုက်တာနဲ့ ....အင်မတန်စိတ်ဝင်စားစရာကောင်းမဲ့ အကြောင်းအရာဆိုတာ စာဖတ်သူ ဓမ္မမိတ်ဆွေတို့ သိရှိမှာဖြစ်ပါတယ်။ 
ဟုတ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တို့ နတ်ကိုးကွယ်ဆည်းကပ်ခြင်းသည် မှန်သလော မှားသလောမှာ ဆိုတာ တော်တော်များများ ဇဝေဇဝါဖြစ်နေသော မေးခွန်းဖြစ်ပါတယ်။ “ဘယ်နတ်မှ မကိုးကွယ်ဘူး။ အိမ်စောင့်နတ်လေးတော့ ကိုးကွယ်တယ်” ဆိုတာမျိုးတွေက အစ အားလုံးရှင်းလင်းအောင် တတ်နိုင်သမျှ ရှင်းလင်းပြသွားပါမယ်။
၃၁ ဘုံမှာ နတ်တို့ဟာ နတ်ပြည်ခြောက်ထပ်မှာ စံမြန်း (နေထိုင်) ပါတယ်။ ဒါတွေထားလိုက်ပါ။ (သေချာသိချင်တယ်ဆိုရင် ဘုံအကြောင်း သည်းသန်ရေးပါ့မယ်။) ဗုဒ္ဓဘာသာဝင်အများစု ကိုးကွယ်နေသော နတ်မျိုးပေါင်းစုံရှိပါတယ်။ ကိုကြီးကျော်၊ ရှင်ကြီး၊ရှင်လေးဆိုလား၊ ဘဲဥလက်နှစ်ဖက်ကိုင် နတ်မယ်။ မယ်ဝဏ္ဏ။ မဖဲပြာလား၊ ဝါလား။ နတ်စိမ်းလားဘာလား အမျိုးမျိုးအထွေထွေရှိပါတယ်။ ရေကြောက်သောနတ်၊ရေနိုင်သော နတ်၊ မီးကြောက်သောနတ်၊ မီးနိုင်သောနတ် စသည်ဖြင့် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတိုးကိုးကွယ်နေတာ အင်မတန် စုံလင်လှပါတယ်။ 
စိတ်ကနေ စတင် စမ်းစစ်ပါမယ်။ လူတွေဘာကြောင့် နတ်ကိုးကွယ်ကြလဲ။ ရိုးရိုးလေးသာ အဖြေထုတ်ရသော် အန္တာရယ်ဆိုးကျိုးတွေမကြုံရအောင် နတ်ကိုးကွယ်တယ်။ လာဘ်လာဘ ရွှင်အောင် နတ်ကိုးကွယ်တယ်။ ဒါကတော့ အဓိကအချက်တွေပါ။ ဒီမှာ တရားကိုယ်ရှာလို့ရပါတယ်။ 
လူတွေ ဘေးဒုက္ခဆိုးကျိုးတွေကြုံရမှာ အင်မတန်ကြောက်ကြပါတယ်။ အကြောက်တရားတွေ လွန်ကဲလာတဲ့အခါ အမှန်အမှားမြင်၊ အမှားအမှန်မြင်ပေါ့။ ဥပမာ- ၁၀ တန်းစာမရလို့ စာမေးပွဲကျမှာကို ကြောက်လို့ ဘယ်နတ်ကိုခေါ်တဲ့ သစ်ကိုင်း၊ ပန်းတွေလည်း မသိ။ စာမေးပွဲခန်းကိုယူဆောင်ပါတယ်။ သေချာတာကတော့ စာမရရင်ကျမယ်။ စာရရင်အောင်မယ်။ ကံ၊ ကံ၏ အကျိုးကို သိလျက်နဲ့လက်မခံတဲ့ သူတွေဖြစ်ပါတယ်။ ဥပမာ များစွာရှိပါတယ်။ ဖခင်ဖြစ်သူ သင်္ဘောသား ပင်လယ်မှာ ဘေးအန္တာရယ် မကျအောင် ရေနိုင်တဲ့ နတ်ကိုကိုးကွယ်တယ်။ ရန္တယာတွေချေတယ်။ (စာလုံးပေါင်းမှား သီးခံပါ)  ပြီးတော့ ဖခင်က နဂိုကတည်း ဘေးဒုက္ခကြုံစရာမရှိလို့ အေးချမ်းတာကို နတ်ကိုးကွယ်သည့် အကျိုးကျေးဇူးကြောင့် ယန္တရာ အကျိုးကြောင့် စသည်ဖြင့် ထင်မြင်လာကြပါတယ်။ 
ကြောက်စိတ်ကတော့ ဒေါသတစ်မျိုးဖြစ်ပါတယ်။ ဆုံးရှုံးမှာကြောက်တဲ့လောဘလည်း ဖြစ်ပါတယ်။ လာဘ်လာဘလိုချင်၊ ကြီးပွားချင်တာကတော့ လောဘ ဖြစ်ပါတယ်။ ဒါဆို နတ်ကိုးကွယ်ခြင်း သည် လောဘနှင့်ဒေါသကို အခြေခံပါတယ်။ ဒါဆို မသိမှု (အဝိဇ္ဇာ) မောဟ ဖုန်းနေတာ အလွန်သိသာပါတယ်။ 
ဗေဒင်လည်းထိုနည်းတူစွာ ဖြစ်ပါတယ်။ ပြုပြင်ဖန်တီးလို့မရတဲ့ နောင်အနာဂါတ်ကာလကို ပြုပြင်ရတယ်လို့ ထင်မြင်သော သူတွေဟာ ဗေဒင်ကိုယုံပါတယ်။ 
ဗေဒင်နဲ့ပက်သက်ရင်တော့ ရှင်းရမှာ ရှည်ပါတယ်။ သိပ္ပံနည်းကျပါတယ်ဆိုတာမျိုးတွေရှိနေလို့ဖြစ်ပါတယ်။ အမှန်တော့ ဗေဒင်မှန်သည်ပဲထား စိတ်တန်းခိုးပြင်ထန်ရ်ျ ကြိုမြင်သည်ပဲထား။ သင်ဘာတတ်နိုင်မှာနည်း။
ဗေဒင်ဆရာက သင် သေနိုင်ကိန်းရှိတယ်။ ဘုရားသွား စနေထောင့်မှာ ပန်းနဲ့ ဆီမီးကပ်ပါလို့ ညွန်ရင်သွားကြပါတယ်။ အချိန်ကအစတိကျတာတွေလုပ်ပါတယ်။ 
ဒါဆို ယင်းကဲ့သို့ လုပ်သူက ဘာကြောင့်လုပ်တာလဲ။ ဟုတ်ပါတယ်။ သေရမည်ဟူသော မရဏတရားကို ကြောက်လန့်သော စိတ် (ကိလေသာလောဘ) ကြောင့်၊ ဘဝကို စွဲလမ်းသော (လောဘ)ကြောင့် အမှန်ပင် ပန်းနှင့် ဆီမီးသွားကပ် ပါသည်။ လူမှန်လျှင် ကံမှန်လျှင်၊ သေနေ့စေ့လျှင် သေရမည်။ ဒုက္ခတွေ့ရမည့် ကံတွေ့လျှင် တွေ့ကိုတွေ့မည်။
ဒေါသနဲ့ လောဘအခြေခံတဲ့ ယင်းကဲ့သို့ ကုသိုလ်ဟာ အင်မတန်ညံ့ဖြင်းပါတယ်။ စိတ်မထားတတ်လျှင် အကုသိုလ်ပင် ဖြစ်အုံးမယ်။ 
အားလုံးသိတဲ့အကြောင်းအရာတစ်ခုရှိပါတယ်။ နတ်ကိုးကွယ်လျှင် သရနဂုဏ် ပျက်သည်ဆိုခြင်းပင်။ ဟုတ်ပါသည်။ ပျက်ပါသည်။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးသာ အစစ်အမှန်ကိုးကွယ်ရာ၏ ဟူရ်ျ ဖြစ်သည်။ မှန်ပါသည်။ ယင်း ရတနာသုံးပါးကိုသာ ကိုးကွယ်ဆည်းကပ်ရာသည်။ ဒါကို ထေရဝါဒ ဗုဒ္ဓဘာသာ မည်ပါတယ်။ 
နတ်တွေက လူတွေနဲ့ ယှဉ်ရင် အထက်ဘုံမှာ ရှိနေပေမဲ့ လူတွေထက် ဘုန်းကံနိမ့်သောနတ်များလည်း ရှိပါတယ်။ ဒါကတော့ စတုမဟာရာဇ် နတ်ဘုံက နတ်သေးနတ်မွားတွေဖြစ်ပါတယ်။ ညောင်ပင်စောင့်နတ်တွေကတော့ ယင်းနတ်အမျိုးအစားတွေဖြစ်ပါတယ်။ သူတို့ဟာ တန်ခိုးနည်းပါးပြီး လူ့ဘုံမှာ ပြန်လည် ကျက်စားရတာမျိုးတွေရှိပါတယ်။ 
ဒါဆို သူတို့တွေအမှန်တကယ်ရှိပါတယ်။ ကိုကြီးကျော်၊ မဖဲဝါ။ ရှိကောင်းရှိနိုင်ပါတယ်။ သို့သော် သူတို့ကို ကိုးကွယ်လျှင်တော့ မှားပါမယ်။ သူတို့တောင် ဘုန်းကံမြင့်တဲ့လူသား (ရတနာသုံးပါး ပူဇော်ဆည်းကပ်ပြီး တရားအားထုတ်သော လူပုဂ္ဂိုလ်တို့မှ အမျှဝေသော ဆုကို အင်မတန်မျော်လင့်တဲ့ နတ်များဖြစ်ပါတယ်။ 
နတ်ဝင်ပူးတယ်ဆိုတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အလိမ်အညာလည်း ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်တယ်ဆိုတာက ယင်းကဲ့သို့ နတ်သေးနတ်မွားတွေဟာ လူတွေကို ခြောက်လှန့်စားသောက်ရတာ ဖြစ်ပါတယ်။ ပြီး မ,စတယ်ဆိုတာလည်း ဖြစ်နိုင်ပါတယ်။ သူတို့က ပြန်လည်ကျေးဇူးဆပ်တဲ့သဘောနဲ့ ကူညီတယ်တို့ ဖြစ်နိုင်ပါတယ်။ ဒါကလည်း အကူညီခံရမဲ့ ကံပါတဲ့ သူမှ အကူညီခံရမှာ ဖြစ်ပါတယ်။ 
နတ်တွေက လူကိုကိုးကွယ်သည်။ အမျှဝေလျှင် နတ်တို့ကို လည်း ရည်စူးဝေပါတယ်။ သူတို့လည်း ၃၁ ဘုံမှ ကျွတ်လွတ်လိုပြီး လူတို့ ဝေတဲ့အမျှကို လာရောက်ခွဲခြမ်းယူခြင်းဖြစ်ပါတယ်။ အဲဒီလို အမျှဝေတာကို လက်ခံပြီး သာဓုခေါ်တဲ့ နတ်တွေလည်း ကုသိုလ်ရပါတယ်။ ဒါကြောင့် နတ်တွေဟာ ကုသိုလ်လုပ်တဲ့သူတွေကို စောင့်ရှောက်ပါတယ်။ 
နတ်တွေက အဲဒီလိုစောင့်ရှောက်ဖေးမလို့ရလို့လား လို့ ဇောဒက တက်စရာရှိပါတယ်။ ဆိုလိုရင်းက ပြုသော ကုသိုလ်ကံကြောင့် ခံရမည့် အကုသိုလ်အကျိုးပေး နည်း/လွဲချော်သွားပြီး၊ ကောင်းကျိုးကုသိုလ်တွေကို ဖော်ဆောင်ပေးခြင်းမျိုးဖြစ်ပါတယ်။ ဘာမှ အပိုရတာမရှိပါဘူး။ အကြောင်းကြောင့် အကျိုးဖြစ်ပါတယ်။ 
အချို့ ပြောတာရှိပါသေးတယ်။ နတ်မကိုးကွယ်ဘူး ဗြဟ္မာတွေကိုသာ ကိုးကွယ်သည်။ ပိုလို့သာ ဆိုးပါသည်။ ဗြဟ္မာဟူသည် နှစ်မျိုးရှိသည်။ ရုပ်ရှိပြီး နာမ်မရှိသော ဗြဟ္မာ၊ နာမ်ရှိပြီး ရုပ်မရှိသော ဗြဟ္မာ။ သမထ ဘာဝနာ ကျင့်စဉ်သို့လမ်းလွဲသွား လို့ ဘဝဆိုးရှည်တဲ့ ဗြဟ္မာဘဝကို ရောက်နေသော ပုဂ္ဂိုလ်တို့က ဘယ်လိုနည်းဖြင့် လူတွေကို ကူညီမစမလည်း။ ရုပ်ရှိ၊ စိတ်မရှိ။ စိတ်ရှိလည်းရုပ်မရှိ။ အင်္ဂါမပြည့်စုံသော ဗြဟ္မာများကို ကူညီပါ မစပါဆို ပိုလို့သာဝေးပါသည်။ 
ဗုဒ္ဓဘာသာစစ်မယ်၊ ရတနာသုံးပါဆည်းကပ်မယ်။ အလှူအတန်း၊ ကုသိုလ်လုပ်နေမယ်ဆိုရင် ယင်းကဲ့သို့လူတွေကို နတ်တွေက ကိုးကွယ်တယ်။ မ,စ ပါတယ်။ တကူးတက သွားကိုးကွယ်နေစရာ မလိုပါ။ ကိုးကွယလျှင်မှားယွင်းမည်ဖြစ်သည်။ 
နတ်ဆိုလျှင် မည်သည့်နတ်ကိုမှ ကိုးကွယ်စရာမလိုပါ။ အိမ်စောင့်နတ်၊ ကျောင်းစောင့်နတ်တို့လည်း ပါဝင်ပါသည်။ လောကစောင့်နတ်တို့လည်း ပါဝင်ပါသည်။ စကြဝဌာစောင့်နတ်တို့လည်း ပါဝင်သည်။ 
ဗေဒင်ကိုဆက်ရှင်းပါမယ်။ ဗေဒင်တွေမေးကြတယ်။ မှန်တယ်လို့လည်းဆိုကြပါတယ်။ ဒါကလည်း အောက်လမ်းအတတ်။ အောက်လမ်းအတတ်ဆိုတာ နတ်အနိမ့်စားတွေကူညီဖေးမတဲ့ အတတ်ဖြစ်ပါတယ်။ အဲလိုလည်း ပြီးစလွယ်ပြောလို့မရပါဘူး။ ဗေဒင်က ဗုဒ္ဓဘာသာမှ မဟုတ်။ ဘာသာတိုင်းမှာ ရှိနေပါတယ်။ ဗေဒင်က ပရလောကနဲ့ ဆက်စပ်ပါတယ်။ သိပ္ပံနည်းကျတယ်လို့လည်းရှိပါတယ်။ ရှေ့ရေးကိုကြိုမြင်အောင် ကြည့်နိုင်တယ်ဆိုတာ ဖြစ်နိုင်ပါတယ်။ လက်ဖဝါးကြည့်လို့ အားလုံးသိတယ်ဆိုတာလည်း ဖြစ်နိုင်ပါတယ်။ ဒါကတော့ နှစ်ထောင်သောင်းမက လေ့လာခဲ့တဲ့ လက္ခဏဗေဒကို အခြေခံပြီး သိပ္ပံနည်းကျ သင်ယူးထားတဲ့ ပညာတွေဖြစ်ပါတယ်။ ဗေဒင်တွေမှန်ကောင်းမှန်လိမ့်မည်။ 
သို့ပေမဲ့ ဗေဒင်တွေ ဘယ်လောက်ပဲမှန်မှန်၊ ရှေ့ဖြစ်နောက်ဖြစ် ဘယ်လောက်ပဲမှန်မှန်၊ (မှားလည်းမှားမည်)  ဗေဒင်ကို ဗုဒ္ဓဘာသာဝင်တို့ အယုံတကြည်လိုက်လုပ်ဖို့လိုသလား။ ယုံကြည် လက်ခံသင့်သလား။ 
အထက်က ရှင်းပြသလိုပါပဲ။ ဗေဒင်မေးခြင်း၊ ယန္တရာချေခြင်းသည် ဆိုခြင်းမှာလည်း လောဘ၊ ဒေါသ၊ မောဟ သုံးပါးကိုအခြေခံပါတယ်။
အချို့ ဘဝအေးချမ်းအဆင်ပြေနေရင်တောင်။ ဝါသနာမဖြတ်နိုင်လို့ ဗေဒင်မေးပါတယ်။ ဒီထက်ပိုချမ်းသာမလား။ ယောင်္ကျားဖောက်ပြန်ကိန်းရှိမလား။ ငွေရှုံးနိုင်သလား။ အားလုံးအားလုံး ကိလေသာတွေနဲ့ ထူပြောနေပါတယ်။ ကံကြမ္မာကို ပြုပြင်လို့ရတယ်အမှတ်နဲ့ ကြိုးစားပြုပြင်နေကြပါတယ်။
မည်သို့ပင်မှန်မှန် ဗေဒင်ယန္တရာဖြင့် ဘဝကံကို ပြုပြင်ယူလို့မရပါ။
သို့သော် နည်းသွားအောင်။ ပါးသွားအောင်။ ကားတိုက်သေရမည့် ကိန်းမှ ခြေထောက်ကျိုးသည်လောက်ပဲ ကြုံအောင်၊ သန်း ၂၀ ထီပေါက်ရမဲ့ ကံကနေ သိန်း တစ်ထောင် ပေါက်ရသည့် ကံအထိ ရောက်သွားအောင် တော့ ပြုပြင်လို့ရပါတယ်။ သို့ပေမဲ့ အဲဒီလိုတွေပြုပြင်လို့ရတာ ဗေဒင်က ပေးတဲ့ ယန္တရာ မဟုတ်ပါဘူး။ ဘုရားဆီးမီးကပ်ဆိုလို့သွားကပ်တယ်။ ကိုယ့်မှာ သေရမှာကြောက်တဲ့စိတ် (ဘဝမက် လောဘ)နဲ့။ ထီပေါက်လိုတဲ့ ကိလေသာ လောဘနဲ့ ကပ်ကြတယ်ပူဇော်ကြတယ်။ လှူကြတယ်။ လုံးဝလုံးဝ အကျိုးမပေးပါ။
ကုသိုလ်ကံက သာ ယင်းတို့ကို ပြုပြင်စီရင်ပေးပါတယ်။ ဒါကလည်း ပြုပြင်စီရင်ခံရမဲ့ ကံပါမှ ဖြစ်ပါတယ်။ သေချာတာကတော့ ကံ၊ကံ၏အကျိုးပါ။ ကုသိုလ်ဖိလုပ်ပြီး ဘေးဒုက္ခကို ယာယီလှည့်စားတဲ့သဘောသာရှိပါတယ်။ အချိန်တန်လျှင် ခံရမှာက ခံရမှာ ဖြစ်ပါတယ်။ 
နိဂုံးချုပ်ကတော့ ဗေဒင်ကို မအားကိုးပါနဲ့။ နတ်တွေကို မအားကိုးပါနဲ့။ မိမိကိုယ်ကိုယ်သာ အားကိုးပါ။ မိမိကံမိမိသာ ဖန်တီးသည်။ စစ်မှန်သော ထေရဝါဒ ဗုဒ္ဓဘာသာဝင်များ ဖြစ်နိုင်ကြပါစေ။
အောင်ခမ်း (International news for myanmar) 

ဒီပို့စ်လေးကို ကြိုက်လို့ http://www.innewsmyanmar.com မှကူးယူတင်ပြလိုက်ပါတယ် ဗုဒ္ဓဘာသာဝင်တိုင်း တကယ့် ဗုဒ္ဓဘာသာဝင်များဖြစ်နိုင်ကြပါစေ.....
ဆက်ဖတ်ရန်>>

Saturday, November 10, 2012

ဗုဒ္ဓဘာသာဝင် ဆိုသည်မှာ


အခုဆွေးနွေးမယ့်အကြောင်း အရာလေးက ဗုဒ္ဓဘာသာဝင်စစ်စစ်ဆိုတာ ဘယ်လိုပုဂ္ဂိုလ်တွေကိုခေါ်ဆို တယ်.ဗုဒ္ဓဘာသာအမည်ခံတွေက ဘယ်လိုဆိုတာလေးကို ဆွေးနွေးပါ့မယ်.. အရင်ဆုံး ဗုဒ္ဓဘာသာ နှင့် ဗုဒ္ဓဘာသာဝင်..ဆိုတာကို သေချာကွဲကွဲ ပြားပြား သိထားသင့်ပါတယ် ဗုဒ္ဓဘာသာဟူသည် အဘယ်နည်း … ဗုဒ္ဓ၏ အဆုံးအမဟူသမျှ ဘုရားရှင်တော်မြတ် ဟောပြောဆုံးမတော်မူအပ်သောဗုဒ္ဓ၏ အဆုံးအမစကားတော်ဟူသမျှသည်… ဗုဒ္ဓဘာသာဟုခေါ်ပါသည်…..
၎င်းကိုအင်္ဂလိပ်ဘာသာဖြင့် Buddhism or Buddha’sTeaching ဟုဆိုသည်..ဗုဒ္ဓဘာသာ၏ အနက် အဓိပ္ပါယ်ကိုနားလည် သဘောပေါက်ပြီးလျှင် ဗုဒ္ဓဘာသာဝင်ဆိုသောဝေါဟာရ၏အနက်အဓိပ္ပါယ်ကိုလည်း နားလည်ထားသင့်သည်… ဗုဒ္ဓဘာသာဝင် ဟူသော ဝေါဟာရနှင့် ထပ်တူညီသောပိဋကတ်စာပေ အသုံးအနှုန်းမှာဥပါသကဆိုသော ဝေါဟာရပင်ဖြစ်သည်.. ဥပါသက၏ အဓိပ္ပါယ်မှာရတနာသုံးပါးကို ကိုးကွယ် ဆည်းကပ်သူကိုဆိုသည်….ဗုဒ္ဓဘာသာဝင်သမိုင်းတွင် ပထမဆုံး ဥပါသကများဖြစ်ကြတဲ့ တပုဿနှင့်ဘလ္လက ကုန်သည် ညီနောင်ကို ဗုဒ္ဓဘာသာဝင်တိုင်းသိမယ်လို့ထင်ပါတယ်..

၎င်းတို့ ညီနောင်နှစ်ဥိးသည် ဗုဒ္ဓမြတ်စွာဘုရားကို ဖူးတွေ့စဉ်အခါက သံဃာဟူ၍ မရှိသေးသဖြင့် ဗုဒ္ဓနှင့် ဓမ္မကိုကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏ ဟုလျှောက်ထားပြီး ရတနာနှစ်ပါး အပေါ် သရဏဂုံဆောက်တည် ခဲ့ကြရသည်.. နောက်ပိုင်း ဘုရားရှင်၏တပည့်တော် ရဟန်းသံဃာများ ပေါ်ပေါက်လာချိန်တွင်ကား ဗုဒ္ဓ ဓမ္မ သံဃာ ဆိုသော ရတနာမြတ်သုံးပါးကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏ဟု စိတ်တွင် သရဏဂုံ ဆောက် တည်ပြီး သူကို ဗုဒ္ဓဘာသာဝင်ဟု ခေါ်ဆိုပါသည်.. ဒီလောက်ဆိုရင်ဗုဒ္ဓဘာသာ နှင့် ဗုဒ္ဓဘာသာဝင် ကိုသေချာ နားလည်သဘောပေါက် လောက်ပါပြီ…

ကျနော်သရဏဂုံအကြောင်းကိုဆက်လက်ဆွေးနွေးပါမယ် … သရဏဂုံမှာလည်းနှစ်မျိုးရှိပါသည်.. လောကုတ္တရာသရဏဂုံ နှင့် လောကီသရဏဂုံဟူ၍ ထပ်မံခွဲခြားနိုင်သည် … လောကုတ္တရာ သရဏဂုံ ဆိုသည်မှာအရိယာပုဂ္ဂိုလ် သူတော်စင်များ၏ ရတနာမြတ်သုံးပါးပေါ် မမှိတ်မသုန် ယုံကြည် ကိုးကွယ်ခြင်း ပင်ဖြစ်သည်… လောကုတ္တရာ သရဏဂုံတည်ပြီးသူသည်ဗုဒ္ဓဘာသာဝင်အဖြစ်မှ မည်သည့်အခါမျှ မဆုံးရှုံး နိုင်တော့ပါ လောကီသရဏဂုံတည်သူမှာကားအခြားဘာသာဝင်အဖြစ်ခံယူသွားလျှင်ဖြစ်စေ ၊ ဘ၀တစ်ပါးသို့ကူးပြောင်း သွားလျှင်ဖြစ်စေ ဗုဒ္ဓဘာသာဝင်အဖြစ်မှ ဆုံးရှုံးသွားနိုင်သည်။လောကီသရဏဂုံ တည်သူများကိုလည်း ၄ မျိုးခွဲခြားထားပါသည်
(၁) ရတနာသုံးပါးကို မိမိကိုယ်ကိုစွန့်လွှတ်လှူဒါန်းခြင်းဖြင့် ဆည်းကပ်သူ ။
(၂) ရတနာသုံးပါးသည်သာ ယုံကြည်အားကိုးခြင်းဖြင့် ဆည်းကပ်သူ ။
(၃) ရတနာသုံးပါး၏ တပည့်အဖြစ်ခံယူခြင်းဖြင့် ဆည်းကပ်သူ ။
(၄) ရတနာသုံးပါးကို ဆွေးမျိုးတော်၍ လည်းကောင်း ကြောက်၍သော်လည်းကောင်း လောကီအကျိုး စီးပွားအတွက် သော်လည်းကောင်းကိုးကွယ်ဆည်းကပ်ခြင်း မဟုတ်ပဲ လောက၌ အမြတ်ဆုံးဟု သဘော ပိုက်ကာရိုသေမြတ်နိုး၍ ကိုးကွယ်ဆည်းကပ်သူများကိုလောကီသရဏဂုံတည်သူများဟုခေါ်ပါသည်…

ဗုဒ္ဓဘုရားရှင်ဟောကြားသောတရား အဆုံးအမဒေသနာတော်တို့နှင့်အညီ လိုက်နာကျင့်သုံးခြင်း မရှိသေးသော်လည်း ရတနာမြတ်သုံးပါးကို လောကတွင် အမြတ်ဆုံး ကိုးကွယ်ရာဟု ယုံကြည်ကိုးစားသော စိတ်ဖြစ်ပေါ်ခဲ့လျှင်ပင် ၄င်းပုဂ္ဂိုလ်သည် လောကီသရဏဂုံ တည်သွားပြီဖြစ်၍ ဗုဒ္ဓဘာသာဝင်တစ်ဦးဟု ခေါ်ဝေါ်ခြင်းခံထိုက်သွားပြီဖြစ်သည်…

ဗုဒ္ဓမြတ်စွာ ဘုရားကဗုဒ္ဓဘာသာဝင်များနှင့် အမည်ခံဗုဒ္ဓဘာသာ ၀င်တို့အကြား အနှစ်သာရခြင်း ကွာခြား မှုကိုဒွန်းစဏ္ဍားနှင့်တူသော ဥပါသက(အောက်တန်းစား ဗုဒ္ဓဘာသာဝင်)နှင့် ပဒုမ္မာကြာနှင့်တူသော ဥပါသက (အထက်တန်းစားဗုဒ္ဓဘာသာဝင်) များဟူ၍ ပိုင်းခြားသတ်မှတ်ခဲ့သည်……အောက်ပါ အင်္ဂါရပ်များနှင့် ပြည်စုံသူတို့ကိုဒွန်းစဏ္ဍားနှင့်တူသော ဥပါသက(အောက်တန်းစားဗုဒ္ဓဘာသာဝင်)များအဖြစ် အဓိပ္ပါယ်ဖွင့်ဆိုခဲ့ပါသည်……
(၁) ရတနာမြတ်သုံးပါးကို အလွန်ကြည်ညိုမှုမရှိခြင်း ။
(၂) သီလမလုံခြုံခြင်း ။
(၃) အကြား ၊ အမြင် စသောလောကီမင်္ဂလာကိုပြုလုပ်လေ့ ရှိခြင်း ။(ဥပမာ -ဗေဒင် ယတြာ ကိုပြုလုပ်ခြင်း)(၄) အကြား ၊ အမြင်စသော လောကီမင်္ဂလာကိုယုံကြည်၍ ကံကိုမယုံခြင်း ။(ဥပမာ - ဗေဒင် ယတြာကို ယုံကြည်ခြင်း )(၅) သာသနာပ၌ အလှူခံရှာ၍ အလှူပေးခြင်းတို့ပင် ဖြစ်သည်သေချာသုံးသပ်ကြည့်လျှင် ဒွန်းစဏ္ဍားနှင့်တူသော ဥပါသက (အောက်တန်းစားဗုဒ္ဓဘာသာဝင်) များသည်ရတနာမြတ်သုံးပါး အပေါ် မိမိအသိဥာဏ်ပညာနှင့်ယှဉ်သော ကြည်ညိုသဒ္ဓါစိတ်မရှိခြင်း ဗုဒ္ဓ၏လမ်းညွှန်အဆုံးအမများအပေါ် ယုံယုံကြည်ကြည် လိုက်နာလေ့မရှိခြင်းဖြစ်သည် ။

ထို့ကြောင့် ကိုယ်ကျင့်သီလဆိုင်ရာဗုဒ္ဓ၏ လမ်းညွှန်ချက်များ ပညတ်ချက်များကို မသိကျိုးကျွံပြု၍ အခွင့်သာတိုင်း ချိုးဖောက်လေ့ရှိသည်.. မိမိကိုယ်ကိုသာ အားထားရာဆိုသော ဗုဒ္ဓ၏ ဒေသနာတော်ကို ကျောခိုင်းပြိး ဖြတ်လမ်းမှ ကြီးပွားမည့်နည်းကိုရှာကြသည်ကြားရသောအသံ ၊ မြင်ရသော အဆင်းတို့ကို စွဲ၍ အတိတ်နမိတ်ကောက်ယူလေ့ ရှိသောအယူအဆများကို ယုံကြည်စွဲလမ်းသည် ဗေဒင်ယတြာ ဓာတ်ရိုက် ဓာတ်ဆင် ၊အတိတ်တဘောင် စသည်တို့ကိုအားကိုးသည်… မိမိစေတနာမှ ပေါက်ဖွားလာသော ကံ၏ အကျိုးပေးမှုကိုမယုံကြည်ပဲ မကောင်းသောစေတနာကိုမွေးပြီး ကောင်းသောရလဒ်ကိုသာ လိုချင်ကြသည် ။ထို့ကြောင့် စစ်မှန်သော ဗုဒ္ဓသာသနာတော်မှသွေဖည်ယိမ်းယိုင်နေသည့် ကယ်တင်စောင်မနိုင်သည် ဆိုသူများကို အားကိုးတစ်ကြီး ကိုးကွယ်ပူဇော်ကြသည်သူရဿတီဘိုးတော်များသာသနာပမယ်တော်များ ၊ နတ်စာရင်းမ၀င်သော သုံးဆယ့်ခုနစ်မင်းနတ်များ ၊ ဗေဒင်ဆရာများ ထိုသူများကိုဆည်းကပ်လေ့ ရှိကြ သည်ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင် ဟောကြားခဲ့သည့် သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရားတော်နှင့် အညီ လိုက်နာနေထိုင်ကျင့်ကြံရန်ကားစိတ်ကူးထဲပင် မထည့်ကြပင်….

ဗုဒ္ဓဘုရားရှင်က အောက်ပါအင်္ဂါရပ်များနှင့်ပြည့်စုံသူများကိုမူ ပဒုမ္မာကြာနှင့်တူသော ဥပါသက( အထက်တန်း စားဗုဒ္ဓဘာသာဝင်)များအဖြစ်သတ်မှတ်တော်မူခဲ့သည်…..
(၁) ရတနာသုံးပါးကို မမှိတ်မသုန် ကိုးကွယ်ကြည်ညိုခြင်း ။
(၂) သီလ လုံခြုံခြင်း ။
(၃) လောကီမင်္ဂလာကို မပြုလုပ်ခြင်း ။
(၄) အကြား ၊အမြင်စသော လောကီမင်္ဂလာကို မယုံဘဲကံကိုသာ ယုံကြည်ခြင်း ။
(၅) သာသနာတွင်း၌သာ အလှူခံပုဂ္ဂိုလ်ရှာ၍ အလှူပေးခြင်းတို့ပင် ဖြစ်သည် ။အထက်ကဖော်ပြခဲ့တဲ့ ဒွန်းစဏ္ဍားနှင့်တူသော ဥပါသကများနှင့် ပြောင်းပြန်ဖြစ်သည် ။

ပဒုမ္မာကြာနှင့်တူသော ဥပါသကများသည် ရတနာမြတ်သုံးပါး အပေါ်အသိဥာဏ်ပညာနှင့် ယှဉ်လျက် မမှိတ်မသုန်ကိုးကွယ်ကြည်ညိုသောကြောင့် ဗုဒ္ဓ၏ အဆုံးအမစကားတော်များနှင့်အညီ လိုက်နာ ကျင့်သုံးနေထိုင်လေ့ရှိကြသည်ထို့ကြောင့် ကိုယ်ကျင့်သီလမြဲမြံသည်မိမိဘ၀ကြီးပွားတိုးတက်ရေးအတွက် မိမိကိုယ်ပိုင် ကံ ၊ ဥာဏ် ၊ ၀ီရိယမှတစ်ပါးအခြားကိုးကွယ်ရာ မရှာတော့ပေ… မှန်ကန်စွာ ကျင့်ကြံမှန်ကန် စွာပြောဆိုပြီး ၊ မှန်စွာလုပ်ကိုင်ဆောင်ရွက်နေသူများဖြစ်သဖြင့် မည်သူ့ကိုမျှ ထိတ်လန့်ခြင်း ကြောက့်ရွံခြင်း မဖြစ်တော့ပေထိုသူမျိုးသည် ပြဿဒါး ရက်ရာဇာ စသည့်တို့ကိုထည့်စဉ်းစား နေစရာမလိုတော့ပါ ။

ထို့အတူဗေဒင် ၊ ယတြာ ၊ နတ်များ ၊ ဘိုးတော်များကိုလည်း ကိုးကွယ် အားကိုးခြင်းမရှိတော့ပါ ။ဘုရား ၊ တရား ၊ သံဃာ တည်းဟူသော ရတနာမြတ်သုံးပါးကိုသာ ကိုးကွယ်ဆည်းကပ်နေသူ ဖြစ်၍အခြားမည်သည့် အယူဝါဒမတူသူက ခြောက်ပြီး မြှောက်ပြီး ဆွဲဆောင်စေကာမူ ကြောက်ခြင်း မြောက်ခြင်း မဖြစ်တော့ ပဲစစ်မှန်သော ဗုဒ္ဓဘာသာဝင်တစ်ဦးအဖြစ် ရာသက်ပန်မတုန်မလှုပ် နေထိုင် ကျင့်ကြံသွားသူများပင် ဖြစ်သည်..အခုဆိုရင် စာဖတ်သူများအနေဖြင့် အထက်တန်းစား ဗုဒ္ဓဘာသာဝင်နှင့် အောက်တန်းစား ဗုဒ္ဓဘာသာဝင်ဘယ်လိုကွဲပြားခြားနားတယ်ဆိုတာနားလည်သဘောပေါက်လောက်ပါပြီ ။

သို့ဖြစ်၍ ဗုဒ္ဓဘာသာဝင်ဟု အမည်ခံထားသူများအနေဖြင့် မိမိတို့ကိုယ် မိမိတို့ အထက်တန်းစား ဗုဒ္ဓဘာသာ ၀င်များလောအောက်တန်းစားဗုဒ္ဓဘာသာဝင်များလောဟုပြန်လည်ဆန်းစစ် ကြည့်သင့်ပေသည် ။ အထက်တန်းစားဗုဒ္ဓဘာသာဝင်များဖြစ်လာအောင်လည်း ကြိုးပမ်းသွားဖို့အထူးလိုအပ်လှပေသည်ဟု တိုက်တွန်းရင်း ကျွန်တော့်ဆွေးနွေးချက်ကို ဒီမှာပဲနိဂုံးချုပ်လိုက်ပါတယ်အထက်တန်း စားဗုဒ္ဓဘာသာ ၀င်များဖြစ်ကြပါစေဗျာ……ဆရာဝင်းသိန်းဥိးရေးသားတဲ့ ရှေးဘ၀နောက်ဘ၀ ဗုဒ္ဓမဝေဖန် နှင့် ဓမ္မစာစုများ ဆိုသည့်စာအုပ်မှ ကိုးကားရေးသားပါသည်။
 http://buddhismbeams.blogspot.sg မှပြန်လည်ကူးယူခြင်းဖြစ်ပါသည်.....
ဆက်ဖတ်ရန်>>

Saturday, October 27, 2012

27.10.2012 က ကျင်းပခဲ့သော တရားပွဲ အသံဖိုင်ပါ....


27.10.2012 တွင် စင်ကာပူနိုင်ငံ Dhamma Download မှကြီးမှူးကျင်းပခဲ့သော ဆရာတော် အရှင်
ဘဒ္ဒန္တ နန္ဒမာလာဘိဝံသ (ပါချုပ် ဆရာတော်) ရဲ့ အသံဖိုင်ကို အောက်ပါ လင့်တွင် download ရယူပြီး တရားတော်ကို နာကြားနိုင်ပါတယ်ခင်ဗျာ ဖုန်းနှင့်အသံသွင်းယူထားသည် မို့ အနည်းငယ်မျှအသံတိုး သည်ကို ခွင့်လွှတ်နားလည်ပေးကြပါခင်ဗျာ.....
တရားတော် MP3 File.... ဆက်ဖတ်ရန်>>

Tuesday, October 23, 2012

နိဗ္ဗာန်သို့သွားရာတစ်ကြောင်းတည်းသောလမ်း


ဒီမှာ ယူလိုက်ပါခင်ဗျာ....
Min Aung Naing ဆီမှ ကူးယူတင်ပြသည်.... ဆက်ဖတ်ရန်>>

ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ....


“ဗုဒ္ဓ”သည်ပါဠိစကားဖြစ်၍ မြန်မာစကားဖြင့် “ဘုရား”ဟုခေါ်သည်။ ရိုသေလေးနက်သော မြန်မာ့ယဉ်ကျေးမှု စကားနှင့် “မြတ်စွာဘုရား”ဟူ၍လည်းကောင်း၊ “ရှင်တော်မြတ်ဘုရား”ဟူ၍လည်းကောင်း၊ “မြတ်ဗုဒ္ဓ”ဟူ၍ လည်းကောင်း ခေါ်ဆိုကြ၏။

“မြတ်ဗုဒ္ဓ”ဟောကြားဆုံးမတော်မူသော ဆုံးမသြဝါဒစကားတော်များသည် “တရားတော်”များပင်ဖြစ်၏။ “ဗုဒ္ဓဘာသာ”ဟူသည် ပါဠိစကားဖြစ်၍ ဗုဒ္ဓ- ဘုရား၊ ဘာသာ-စကား ဖြစ်လေရာ ၊ဗုဒ္ဓဘာသာသည် “မြတ်စွာဘုရား”


၏ ဆုံးမစကားတော်ဟု အဓိပ္ပါယ်ရပါသည်။ လူ၊ နတ်၊ ဗြဟ္မာဟုခေါ်သော (သတ္တဝါ) တို့အား သံသရာဝဋ်ဆင်းရဲဒုက္ခတွင်းမှ လွတ်မြောက်နိုင်ကြရန် “မြတ်စွာဘုရား”ဆိုဆုံးမတော်မူသော စကားတော်များကို ရိုသေစွာ လိုက်နာ ကျင့်သုံးကြသူတို့သည် “ဗုဒ္ဓဘာသာဝင်” များပင်ဖြစ်ကြပါသည်။

“မြတ်ဗုဒ္ဓ”သည် လူ၊ နတ်၊ ဗြဟ္မာ၊(သတ္တဝါ) အပေါင်းတို့အား သံသရာဝဋ်ဆင်းရဲခြင်း ဒုက္ခအပေါင်းတို့မှ လွတ်မြောက်ရာဖြစ်သော “နိဗ္ဗာန်”ချမ်းသာကြီးကို ရစေကြရအောင် ဟောကြားဆုံးမညွှန်ပြပေးတော်မူပါပေ သည်။ လူသတ္တဝါတို့အား ဘေးရန်အပေါင်းတို့မှ လွတ်ကင်းစေကြရအောင် ညွှန်ပြပေးတော်မူပါပေသည်။ လူသတ္တဝါတို့အား စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ချမ်းသာခြင်းတို့ကိုလည်း ရစေကြရအောင် ဟောကြားဆုံးမပေး တော်မူခဲ့ပါသည်။

မြတ်ဗုဒ္ဓသည် လူသတ္တဝါတို့အား မိမိကိုယ်နှင့်မခြား ရင်မှပေါက်ဖွားသောသားကဲ့သို့ ဆင်းရဲတာရှည်သောလမ်းမှ ဆင်းရဲကင်းသောလမ်းသို့ညွှန်ပြပေးခြင်း၊ ချမ်းသာနည်းရာမှ ချမ်းသာများရာသို့ညွှန်ပြပေးခြင်း၊ ကောင်းသော စကားကိုဆိုခြင်း၊ မယဉ်ကျေးသူတို့အား ယဉ်ကျေးအောင်ဆုံးမပေးတော်မူခြင်း၊ ကြမ်းကြုတ်သူတို့အား သိမ်မွေ့ နူးညံ့အောင် ပြုပြင်ပေးတော်မူခြင်း၊ ကိုယ်ချင်းမစာနာတတ်သူတို့အား ကိုယ်ချင်းစာနာတတ်အောင် ပြုစေခြင်း စသည့်တို့ကို ညွှန်ကြားဆုံးမပေးတော်မူပါသည်။ ညွှန်ကြားဆုံးမပေးတော်မူရာ၌လည်း (ကိုယ်)ဖြင့်ပြုပြင်ရန် တရား၊ (နှုတ်)ဖြင့်ပြုပြင်ရန်တရား၊ (စိတ်)ဖြင့်ပြုပြင်ရန်တရားဟူ၍ (ကိုယ်၊နှုတ်၊ စိတ်၊)သုံးပါးလုံး ယဉ်ကျေး သိမ်မွေ့ကြစေရအောင် ဟောကြားဆုံးမပေးတော်မူပါပေသည်။

ဗုဒ္ဓဘာသာ၌ မြတ်ဗုဒ္ဓအား “ဘုရားရတနာ”ဟူ၍ ခေါ်ဆိုပြီး မြတ်ဗုဒ္ဓဟောကြားခဲ့သော “စကား”တော်များမှာ လည်း မွန်မြတ်လွန်းလှသောကြောင့်၊ မြတ်ဗုဒ္ဓ၏စကားတော်များကို စာပေအဖြစ် အက္ခရာတင်ကြရာ၌ အက္ခရာ အားဖြင့်(ဓမ္မခန္ဓာ)ဟုခေါ်ဆိုသော တရားစာလုံးပေါင်း ရှစ်သောင်းလေးထောင်ရှိပြီး (ပိဋကတ်) အနေဖြင့် ပိဋကတ်သုံးပုံရှိသော တရားများကို “တရားရတနာ” ဟုခေါ်ဆိုကြပါသည်။ မြတ်ဗုဒ္ဓကဲ့သို့ ရဟန်းပြုပြီး မြတ်ဗုဒ္ဓ နေထိုင်တော်မူသလို ဝိနည်းတော်စည်းကမ်းများနှင့်အညီ နေထိုင်ကြသော ရဟန်းတော်များသည် တရား အားထုတ်ကြရာ၌ (ရဟန္တာ)အဖြစ်ကို ရရှိပြီးကြသော ရဟန်းတော်များနှင့် (ရဟန္တာ)မဖြစ်ကြရသေးသော (ရဟန်း)တို့သည်လည်း မြတ်ဗုဒ္ဓဆိုဆုံးမသည့်အတိုင်း(ဝိနည်း)တော်စည်းကမ်းများနှင့်အညီ တသွေမသိမ်း လိုက်နာကျင့်ကြံ နေထိုင်ကြသူများဖြစ်ကြပါသဖြင့် အလွန်မွန်မြတ်လှကြသောကြောင့် မြတ်ဗုဒ္ဓ၏ ရဟန်းတော်များအား “သံဃာရတနာ” ဟူ၍ ဗုဒ္ဓဘာသာတွင် ကိုးကွယ်ရာ “ရတနာမြတ်သုံးပါး” ဟူ၍ ရှိပါသည်။

(ရတနာမြတ်သုံးပါး)ကို သဒ္ဓါ၊ပညာဦးစီးပြီး ကန်တော့ခြင်း၊ မှီခိုအားထားခြင်း၊ ကိုးကွယ်ဆည်းကပ်ခြင်းကို “သရဏဂုံသုံးပါး” ကို ဦးထိပ်ထားသည် (သရဏဂုံ) တည်သည်ဟူ၍ ခေါ်ဆိုနိုင်ပါသည်။ (မြတ်ဗုဒ္ဓ)အား ကိုးကွယ်ဆည်းကပ်ပါ၏။ (တရားတော်)ကို ကိုးကွယ်ဆည်းကပ်ပါ၏။ (သံဃာတော်)ကို ကိုးကွယ်ဆည်းကပ် ပါ၏ဟု ပြောဆိုလိုပါလျှင် ပါဠိလိုဘာသာဖြင့် “ဗုဒ္ဓံ သရဏံဂစ္ဆာမိ၊ ဓမ္မံ သရဏံဂစ္ဆာမိ၊ သံဃံ သရဏံဂစ္ဆာမိ” ဟူ၍ ပါဠိလိုရွတ်ဆိုရပါသည်။ ဘုန်းတော်(၆)ပါးနှင့်ပြည့်စုံတော်မူသော (မြတ်ဗုဒ္ဓ)အားရှိခိုးပါ၏ဟု ရွတ်ဆိုလိုပါလျှင် “နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ” ဟူ၍ ရွတ်ဆိုရပါသည်။

စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်စုံကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)
ဆက်ဖတ်ရန်>>

Monday, October 15, 2012

မဟာသက္ကရာဇ်(၁၀၃)ခု၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ ဘီစီ(၅၈၈)-က ဒီကမ္ဘာကြီးမှာ ဗုဒ္ဓရတနာ ပွင့်ထွန်းပေါ်ပေါက်ခဲ့ပါတယ်၊ တဆက်တည်းမှာပဲ မဟာသက္ကရာဇ် (၁၀၃)ခု ၀ါဆိုလပြည့် စနေနေ့ ဘီစီ ၅၈၈ မှာ ဓမ္မရတနာ စတင်ခဲ့သလိုမဟာသက္ကရာဇ် (၁၀၃)ခု ၀ါဆိုလပြည့်ကျော် ၂ ရက် တနင်္လာနေ့ ဘီစီ ၅၈၈ ခုမှာသံဃာရတနာ စတင်ပေါ်ပေါက်ခဲ့ပါတယ်။
မြတ်ဗုဒ္ဓ ဟာ ဘုရားအဖြစ်နဲ့ ၄၅ နှစ် နေပြီး မဟာသက္ကရာဇ် ၁၄၈ ခု၊ ကဆုန်လပြည့် အင်္ဂါနေ့ ဘီစီ ၅၄၃ မှာ ပရိနိဗ္ဗာန် စံလွန်တော်မူပါတယ်၊ ဗုဒ္ဓအဖြစ်နဲ့ ၄၅ နှစ်အတွင်း တာဝန်ကြီး ၂ ရပ်ကို တစ်နေ့လျှင် ၂၂ နာရီ မိနစ်၂၀ ခန့်မျှ နေမအား ညမနား လူသား, သတ္တ၀ါတို့၏ ကောင်းကျိုးကို မျှော်ကိုး၍ထမ်းဆောင်တော်မူခဲ့ပါတယ်၊
အဲဒီ တာဝန်ကြီး ၂ ရပ်ကတော့..... (၁) ဓမ္မကို ဟောပြောခြင်း, ဖြေဆိုခြင်း (၂) သံဃာ့အဖွဲ့အစည်းကို ထူထောင်ခြင်းတို့ပဲ ဖြစ်ပါတယ်၊ ထို မြတ်ဗုဒ္ဓ ဟောပြသည့်ဓမ္မအတိုင်း လက်တွေ့လိုက်နာ
ကျင့်သုံးသူများကို ဗုဒ္ဓဘာသာဝင်လို့ခေါ်ဆိုပါတယ်၊ ဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်ရန်အတွက် ကျယ်ပြန့်တဲ့ ဥပဒေ တွေ မရှိပါဘူး၊ ဘုရားကို ကိုးကွယ်ရာဟူ၍ဆည်းကပ်ခြင်း, တရားကိုကိုးကွယ်ရာဟူ၍ ဆည်းကပ်ခြင်း, သံဃာကို ကိုးကွယ်ရာဟူ၍ဆည်းကပ်ခြင်း လို့ ခေါ်တဲ့ သရဏဂုံ သုံးပါးကို လက်ခံလိုက်လို့ ရှိရင်ဗုဒ္ဓဘာသာဝင် အဖြစ်ရောက်ရှိပါတယ်၊
ဗုဒ္ဓဘာသာဝင်တစ်ဦး အတွက် လိုက်နာကျင့်သုံးရမည့် စည်းကမ်း ၅ မျိုး ရှိပါတယ်၊ အဲဒါတွေကတော့.....
(၁) သက်ရှိလူသား တိရစ္ဆာန် တို့ရဲ့ အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ရခြင်း။
(၂) သူတပါးပစ္စည်းကို ခိုးယူလုယက်ခြင်းမှ ရှောင်ကြဉ်ရခြင်း။
(၃) ကာမဂုဏ် ဖေါက်ပြန်မှု, အိမ်ထောင်ရေး ဖေါက်ပြန်မှု မှ ရှောင်ကြဉ်ရခြင်း။
(၄) မဟုတ်မမှန်ပြောဆိုခြင်းမှ ရှောင်ကြဉ်ရခြင်း။
(၅) မူးယစ်ဆေးဝါး သုံးစွဲခြင်း, ရောင်ဝယ်ခြင်းမှ ရှောင်ကြဉ်ရခြင်းဆို တဲ့ စည်းကမ်း ၅ မျိုးတို့ပဲ ဖြစ်ပါတယ်။
မြတ်ဗုဒ္ဓ ချမှတ်သည့် ဒီစည်းကမ်း ၅ မျိုးကို ကြည့်ရင် မြတ်ဗုဒ္ဓဟာ လူသားတို့ရဲ့ အသက်, အိုးအိမ်, စည်းစိမ်, ချမ်းသာ, လုံခြုံဖို့၊ အိမ်ထောင်ရေး သာယာဖို့၊ ဒီကမ္ဘာကြီးမှာ သစ္စာတရားထွန်းကားဖို့၊ လူသားတို့ရဲ့ဥာဏ်ရည်အဆင့်အတန်း မှီဖို့ အရေးကို မျှော်တွေးကာ အထက်ပါစည်းကမ်း ၅ ချက်ကို
ချမှတ်ခဲ့တယ်ဆိုတာ တွေ့ရမှာပါ။
လူသားတွေဟာ အပျော်ကြူးခြင်း, အလိုရမက်ကြီးခြင်း, ကြောက်စိတ်များခြင်းတို့ကြောင့် မိမိတို့ဘ၀ အတွက် အားကိုးရာတွေကို စိတ်ကူးပုံးဖေါ်ပြီး ယုံကြည်ကိုးကွယ်တတ်ကြပါတယ်၊ စိတ္တဇ အတွေးတွေကိုပုံဖေါ်ပြီး ယုံကြည်ကိုးကွယ်လက်ခံနေတာကို မြတ်ဗုဒ္ဓက နှစ်သက်တော်မမူပါဘူး၊
ဒါကြောင့် ဗုဒ္ဓဘာသာဝင်မှန်ရင် အထင်စွဲအာရုံ ကိုးကွယ်မှုမျိုးစုံကိုစွန့်လွှတ်ရမှာဖြစ်သလို အတွေးစွဲအလီလီ ယုံကြည်မှုအရပ်ရပ်ကိုလည်းပယ်စွန့်ကြရပါလိမ့်မယ် သို့ဖြစ်၍ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် စစ်စစ်ဖြစ်ရေးအတွက်ဥပဒေသ မူကြီး ၅ ရပ်ကို စံပြု သတ်မှန်ထားခဲ့ပါတယ်။
အဲဒါတွေကတော့ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်မှန်ရင်.......
(၁) ယုံကြည်မှုသဒ္ဓါတရားရှိရမည်။
(၂) စောင့်ထိန်းမှု သီလရှိရမည်။
(၃) ကောတုဟလ မင်္ဂလာကို မယုံကြည်ရ။
(၄) ကံတရားကို ယုံကြည်သူဖြစ်ရမည်။
(၅) သာသနာတော်ပြင်ပ၌ ကိုးကွယ်မှုကို မရှာမှီးရ- ဆိုတဲ့
ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တို့အတွက် မူကြီး ၅ ရပ်ကို အဂ္ဂုင်္တ္တရနိကာယ်မှာ ချပြတော်မူခဲ့ပါတယ်။
တဆင့်တက်ပြီး အနည်းငယ် ရှင်းပြလိုပါတယ်
(၁)ယုံကြည်မူသဒ္ဓါတရားရှိရမည်-ဆိုသည်မှာ ဘုရား တရား သံဃာ ရတနာသုံးပါး တို့၌ ဘုရားစစ် ဘုရားမှန် တရားစစ် တရားမှန် သံဃာစစ် သံဃာမှန် ဖြစ်ကြောင်း ယုံကြည်လက်ခံတဲ့ စိတ်ရှိရမယ်လို့ ဆိုလိုပါတယ်။
(၂) စောင့်ထိန်းမူ သီလ ရှိရမည်- ဆိုသည်မှာ ၀ါရိတ္တ သီလ လို့ခေါ်တဲ့ ငါးပါး, ရှစ်ပါး သီလ နဲ့ စာရိတ္တ သီလလို့ ခေါ်တဲ့ လင်ကျင့်ဝတ်, မယားကျင့်ဝတ်, ဆရာ့ကျင့်ဝတ်, တပည့်ကျင့်ဝတ်, မိဘ ကျင့်ဝတ်, သားသ္မီးကျင့်ဝတ်, အထက်လူကြီးကျင့်ဝတ်, အောက်လက်ငယ်သားကျင့်ဝတ်- စတဲ့
လုပ်သင့်လုပ်ထိုက်တဲ့ ကျင့်ဝတ်သီလ များနဲ့ ပြည်စုံရမယ်လို့ ဆိုလိုပါတယ်။
နံပါတ် ၂ ဥပဒေသ နှင့် မြတ်ဗုဒ္ဓက မလုပ်ဘဲနေရမှာကို မလုပ်ဘဲနေရဲတဲ့ သတ္တိ၊လုပ်သင့်လုပ်ထိုက်တာကို လုပ်ရဲတဲ့ သတ္တိ လူသားတို့ရဲ့စိတ်မှာမွေးမြူနိုင်ဖို့ မီးမောင်းထိုးပြသွားတာပဲဖြစ်ပါတယ်။
(၃) ကောတုဟလမင်္ဂလာကို မယုံကြည်ရ-ဆိုသည်မှာ အချို့သောလူများဟာ” အိမ်မြောင်စုတ်ထိုးရင်… လာဘ်ကောင်းတယ်” “ ကျီးကန်းလာနားရင်…. နိမိတ်မကောင်းဘူး” ဆိုတဲ့ ကောတုဟလမင်္ဂလာကို
ယုံကြည်လက်ခံကြပါတယ်၊ မြတ်ဗုဒ္ဓက ဗုဒ္ဓဘာသာဝင်မှန်ရင် ရက်ရာဇာ, ပြဿဒါး,
ကျီးကန်းလာခြင်း, အိမ်မြောင်စုတ်ထိုးခြင်း, နေကြတ်, လကြတ်- စတာတွေကြောင့်
ကောင်းကျိုး ဆိုးကျိုး ရှိတယ်ဆိုတာတွေကို လက်မခံဖို့ နံပါတ် ၃ ဥပဒေသကို
ချမှတ်တော်မူခဲ့ပါတယ်---
ကောင်းကျိုးလိုလားသူ ကောင်းတဲ့လုပ်ရပ်တွေ ကို လုပ်ရမှာဖြစ်သလို မကောင်းကျိုး မခံစားလိုသူတွေ အတွက် မကောင်းတဲ့ အပြုအမူအပြောအဆို တွေးအကြံများကို မပြုလုပ်မိဖို့လိုပါတယ် အတွေးအကြံများကမကောင်းတဲ့ဘက်မှာ အမြဲပျော်မွေ့နေပေမယ့်တန်ပြန်သက်ရောက်မှု ကောင်းကျိုးကို မျှော်လင့်နေကြတာဟာ
“ကောင်းကင်က ရေစီး..၊မြေကြီးက လ..သာမယ့်အချိန်”တွေကို စောင့်နေကြတာနဲ့ “ အတူတူပါပဲ။
(၄) ကံတရားကို ယုံကြည်သူဖြစ်ရမည်-ဆိုသည်မှာ အကြင်မျိုးစေ့ကို စိုက်ပျိုး၏ ထိုအပင်ကို သာလျှင် ရိတ်သိမ်းရ၏- ဆိုတဲ့ ဗုဒ္ဓဒေသနာတော်အတိုင်း ကောင်းကံလုပ်ရင် ကောင်းကျိုးခံစားရ မကောင်းကံလုပ်ရင်မကောင်းကျိုးခံစားရမယ်ဆိုတဲ့ သဘောတရားကို
ယုံကြည်လက်ခံကြရမယ်လို့ဆိုလိုပါတယ်။
ကံတရားနဲ့ ပတ်သက်လို့အနည်းငယ်ပြောပြခြင်ပါတယ်…။
သစ်ပင်တစ်ပင်ကို ကြည့်ပါ.. ဒီသစ်ပင် ရှင်သန်ကြီးထွားဖို့…
(၁) လုံလောက်တဲ့ နေရောင်ခြည်
(၂) လုံလောက်တဲ့ ရေဓာတ်
(၃) ကြီးထွာ သီးပွင့်ရမယ့် အချိန်အခါ-
ဒီအကြောင်းတရား ၃ မျိုး ပေါင်းဆုံမှ သစ်ပင်ဟာ ရှင်သန်ကြီးထွား ပွင့်သီးမှာဖြစ်ပါတယ် ဒါကို ဗီဇနိယာမလို့ခေါ်ပါတယ်။ ဒီဗီဇနိယာမလိုပါပဲ မိမိတို့ပြုလုပ်လိုက်တဲ့ ကောင်းကံဆိုးကံတွေဟာ
ပြုလုပ်လိုက်ပြီးတာနဲ့ တစ်ပြိုင်နက် မိမိတို့ရဲ့ ခန္ဓာကိုယ်မှာသတ္တိကလေးတွေချန်ထားရစ်ပြီး ပျောက်သွားကြပါတယ် မိမိတို့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဒီသတ္တိ ကလေးတွေဟာ စေတနာ သမင်္ဂီတာ, ကမ္မ သမင်္ဂီတာ, ဥပဋ္ဌာန သမင်္ဂီတာ, ၀ိပါကသမင်္ဂီတာ ဆိုတဲ့ အကြောင်းတရား ၄ မျိုး ပေါင်းစုံတဲ့ အချိန်မှာတန်ပြန်သက်ရောက်မှုအဖြစ် ဧကန်အကျိုးပေးမှာဖြစ်ပါတယ်၊ မြတ်ဗုဒ္ဓကဗုဒ္ဓဘာသာဝင်မှန်ရင် ဒီကမ္မနိယာမ ရဲ့ သဘောတရားကို ယုံကြည်လက်ခံသူ
ဖြစ်ရမယ်လို့ မိန့်တော်မူပါတယ်။
(၅) သာသနာတော် အပြင်ပ၌ ကိုးကွယ်မှု ကို မရှာမှီးရ-ဆိုသည်မှာ လူများဟာ အပျော်ကြူးခြင်း အလိုကြီးခြင်း ကြောက်စိတ်များခြင်း စိုးရိမ်စိတ်များခြင်းတွေကြောင့် သာသနာတော်ရဲ့
ပြင်ပဖြစ်တဲ့ နတ်ကိုးကွယ်ခြင်း ဘိုးတော် မယ်တော် ကိုးကွယ်ခြင် အင်း အိုင်
လက်ဖွဲ့ ဗေဒင် မန္တာန် ကို အားထား ယုံကြည်ခြင်း စတဲ့ သာသနာတော်ပြင်ပ
ကိုးကွယ်ရာ တွေကို ရှာမှီး ကိုးကွယ်နေကြပါတယ်။ မြန်မာပြည်မှာ ခေတ်စားနေတဲ့ အတွင်း ၃၇ မင်း အပြင် ၃၇ မင်း သူရဿတီ မယ်တော် စတဲ့ နတ်တွေရဲ့သမိုင်းကြောင်းကို ပြန်ကြည့်ရင် မြန်မာပြည်ဖြစ်နတ်များ အစိမ်းသေနတ်များဖြစ်တယ်ဆိုတာကို လေ့လာတွေ့ရှိနိုင်ပါတယ်၊ ဗြဟ္မဏ တို့ စိတ်ကူးပုံဖေါ်ကိုးကွယ်ခဲ့တဲ့ တကယ် မရှိတဲ့ သူရဿတီ နတ်သ္မီးကို ပိဋကတ် သုံးပုံစောင့်
နတ်သ္မီး အဖြစ် ယုံကြည် ကိုးကွယ်နေကြတာဟာ ပိဋကတ် သုံးပုံကိုလက်ဆင့်ကမ်းသယ်ဆောင်ခဲ့ကြတဲ့ သံဃာတော်များကို စော်ကားခြင်းဖြစ်သလို မိမိ
ဦးနှောက်နဲ့ နှလုံးသားကို အသိအမှတ် မပြုရာလဲ ရောက်ပါတယ်၊
ဒီနေရာမှာ မနုဿဗေဒ ပညာရှင်တစ်ဦးရဲ့ အဆိုအမိန့်ကို ပြောပြချင်ပါတယ် “ ထာဝရ ဘုရားက လူတို့ကို ဖန်ဆင်းထားခြင်းမဟုတ် လူတို့ကသာ ထာဝရ ဘုရားကို ဖန်ဆင်းထားခြင်းဖြစ်သည်” လို့ ဆိုပါတယ် ဒီလိုဆိုရင်ကျွန်တော်က လဲ ပြောချင်ပါတယ် နတ်တို့ က လူတို့ကို စောင့်ရှောက်ထားခြင်းမဟုတ်လူတို့က သာ နတ်တို့ ကို စောင့်ရှောက်ထားခြင်းဖြစ်တယ်ဆိုတာပါပဲ၊
ဒါကြောင့် မြတ်ဗုဒ္ဓက ဗုဒ္ဓဘာသာဝင် မှန်ရင် သာသနာပ ကိုးကွယ်မှုကို မရှာရလို့ မိန့်တော်မူခဲ့တာ ဖြစ်ပါတယ်။
ထေရ၀ါဒ ဗုဒ္ဓဘာသာ ၀င် စစ်စစ်ဖြစ်ဖို့ အတွက်….. ယုံကြည်မှု သဒ္ဓါ တရားရှိရမည် ,စောင့်ထိန်းမှု သီလ ရှိရမည်, ကောတုဟလ မင်္ဂလာကို မယုံကြည်ရ, ကံတရားကို ယုံကြည်သူဖြစ်ရမည်, သာသနာတော်ပြင်ပ ကိုးကွယ်မှု
မရှာရဆိုတဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာ မူ ၅ ချက်ကို ဦးထိပ် ပန်ဆင်၍ ဗုဒ္ဓ၀ါဒ
သဘောတရားဖြစ်သော ဆင်းရဲ ခြင်းမှ ချမ်းသာခြင်းသို့၊ မကောင်းမှု မှ
ကောင်းမှုသို့၊ အမှောင်မှ အလင်းသို့၊ မသိမှုမှ သိမှုသို့၊ ဒုက္ခအတွင်းမှ
ဒုက္ခလွတ်မြောက်ရာသို့ ရောက်အောင် အသိ အကျင့် ဘက်စုံမြှင့်၍ ထေရ၀ါဒ
ဗုဒ္ဓဘာသာဝင် ဖြစ်အောင် ကြိုးစားကြပါစို့…….။
(၁၅.၈.၂၀၀၆ ခုနှစ် မန္တလေးမြို့ Intensity Speaking Center တွင်ကျင်းပသည့် ဘာသာကြီးများဆိုင်ရာနှီးနှောဖလှယ်ပွဲတွင် “အရှင်တိက္ခဉာဏလင်္ကာရ”ဖတ်ကြားတင်သွင်းခဲ့သော “TheravadaBuddhistFoundation”(ထေရ၀ါဒဗုဒ္ဓဘာသာမ(၅)ရပ်)စာတမ်းလေးကိုမှီငြမ်းမျှဝေလိုက်ပါတယ်)
ချမ်းသာပါစေ၊အေးငြိမ်းပါစေ၊
သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်ကြပါစေ။
ဘ၀တုသဗ္ဗမင်္ဂလာ
(ည.ည.တ)
ပြတိုက်မှ တဆင့် ကူးယူဖေါ်ပြခြင်းဖြစ်ပါသည်....
ဆက်ဖတ်ရန်>>