Pages

Wednesday, October 17, 2012

ဝါကျွတ်မှာ မင်္ဂလာ ဆောင် မည့်အမျိုး သမီးများ...အတွက်...


မင်္ဂလာဆောင်ရန် သတို့သမီးတစ်ယောက်၏ ကုန်ကျစရိတ် ကျပ်ငါးသိန်းမှ သိန်းနှစ်ဆယ်အထက် ရှိ ဝါကျွတ်ကာလ၌ မင်္ဂလာပွဲဆင်နွှဲမည့် သတို့သမီးများအတွက် ကုန်ကျစရိတ်မှာ တစ်ဦးလျှင် အနိမ့်ဆုံးကျပ်နှစ်သိန်းမှ အမြင့်ဆုံး သိန်း နှစ်ဆယ်အထက်တွင်ရှိနေေ ကြာင်း အလှဖန်တီးရှင်များနှင့် မင်္ဂလာဝတ်စုံ ဆိုင်များမှ သိရသည်။ သတို့သမီးတစ်ဦးအနေဖြင့် မင်္ဂလာပွဲ၌ ဝတ်ဆင်ရန်အတွက် သတို့သမီးဝတ်စုံ(မြန်မာ)သီးသန့် ငှားရမ်းသည့် ဈေးနှုန်းမှာ ကျပ် တစ်သိန်းမှခုနစ်သိန်းအထိ ပေါက် ဈေး ရှိပြီး ဝယ်ယူမည်ဆိုပါက အ ဝတ်အစားဒီဇိုင်းပေါ် မူတည်၍ အနိမ့်ဆုံး ကျပ် ၆ သိန်းမှ ကျပ်သိန်း ၂ဝ နီးပါးအထိ ရှိနိုင် ကြောင်း မိတ်ကပ်ပြင်ဆင်မှုအပိုင်း ၌ ကျပ်ငါးေ သာင်းမှ တစ်သိန်း အထိကျသင့်မည်ဖြစ်ကာ လက် ဝတ်လက်စားနှင့် လက်ကိုင်ပန်း များပါ ပါဝင်မည်ဆိုပါက ကျပ်ငါး သောင်းမှ တစ်သိန်းခွဲအထိ ကုန် ကျမည်ဖြစ်ေ ကြာင်း မိတ်ကပ် ခင်စန်းဝင်းဆိုင်မှ သိရသည်။ ”အခု နောက်ပိုင်းကတော့ မင်္ဂလာပွဲတွေအတွက် ဆိုရင် Package တွေ စီစဉ်ထားကြတာ များတယ်။ Package တစ်ခု ဆိုရင် လက်ဝတ်လက်စား၊ မင်္ဂလာဝတ်စုံ၊ လက်ကိုင်ပန်းတွေ အပါအဝင်အား လုံးအပြီးအစီးကို သုံးသိန်းကနေ ခုနစ်သိန်းအထိသတ်မှတ်ထား တယ်။ ဒါက ဝတ်စုံ၊ လက်ဝတ် လက်စားတွေငှားတာပဲ ရှိသေး တယ်။ ဝယ်မယ် ဆိုရင်တော့ မြန်မာသတို့သမီးဝတ်စုံကို အနိမ့် ဆုံးကျပ်သုံးသိန်းကနေ ကျပ်ခုနစ် သိန်းအထိဈေးရှိတယ်။ ချဲ့ရင်ချဲ့ သလောက်ပေါ့။ အနောက်တိုင်း ဝတ်စုံ ဆိုရင်တော့အငှားဈေး ကွက်မှာတင် ကျပ်နှစ်သိန်းကနေ ကျပ်လေးသိန်းကြားရှိပြီး ဝယ်မယ် ဆိုရင်တော့ ကျပ် နှစ်သိန်း ကနေ ကျပ်ခြောက်သိန်းကြားအထိ ရှိ တယ်။ မင်္ဂလာဆောင်မယ့်နေရာ နဲ့ သတို့သမီးရဲ့အပေါ်မူတည်ပြီး သတို့သမီးတစ်ယောက်ရဲ့ ကုန်ကျ စရိတ်က မင်္ဂလာဝတ်စုံနဲ့ အပြင် အဆင်တွေအပါဆိုရင် ကျပ်သိန်း ၂ဝ၊ ၂၅ သိန်းလောက် သုံးရ တယ်” ဟု မိတ်ကပ်လင်းလင်း (တော်ဝင်သူ)က ပြောသည်။ ချောစု မင်္ဂလာဝတ်စုံနှင့် ဓာတ်ပုံစတူဒီ ယိုမှ မစုစုလှိုင်က သတို့သမီးတစ်ဦးအတွက် မင်္ဂလာ ဝတ်စုံငှားရမ်းခဈေးနှုန်းမှာ မြန်မာ ဝတ်စုံဖြစ်ပါက ကျပ်တစ်သိန်းခွဲမှ နှစ်သိန်းအထိ ရှိကြောင်း၊ မင်္ဂလာ ဝတ်စုံအား ဝယ်ယူမည်ဆိုပါက မြန်မာသတို့သမီးဝတ်စုံတစ်စုံလျှင် အဟောင်းဈေးနှုန်းမှာ ကျပ်ငါး သောင်းမှ တစ်သိန်းဝန်းကျင်ရှိပြီး အသစ်ဖြစ်ပါက ကျပ်နှစ်သိန်းခွဲမှ ကျပ်သုံးသိန်း ကြားအထိ ပေါက် ဈေးရှိကြောင်း အနောက်တိုင်း ဝတ်စုံဖြစ်ပါက ကျပ်ငါးသောင်းမှ ကျပ်ခုနစ်သိန်းအထိ အမျိုးအစား ပေါ်မူတည်ကာ ဈေးကွာခြားချက် ရှိကြောင်း၊ ထို့အပြင် လက်ဝတ်ရ တနာ (ဖန်စီ)ငှားရမ်းခမှာ ကျပ်သုံး ထောင်မှ တစ်သောင်းကြားအထိ ရှိကြောင်း ပြောသည်။ ”တချို့မင်္ဂလာပွဲတွေကို ခမ်း ခမ်းနားနား မကျင်း ပနိုင်တဲ့ သူ တွေအနေနဲ့ မင်္ဂလာဝတ်စုံတွေ ငှားဝတ်ပြီး Wedding Photo Package တွေရိုက်ပြီး အမှတ် တရထားတာမျိုးလည်း ရှိကြ တယ်။ များသော အားဖြင့်ကေ တာ့ မင်္ဂလာဝတ်စုံတွေဝတ်ပြီး အမှတ် တရ ဓာတ်ပုံရိုက်မယ် ဆိုရင် Photo Package တစ်ခုကို ငါး သောင်းကနေ ခြောက်သိန်းခွဲ လောက်အထိ ကုန်ကျတယ်”ဟု ၄င်းက ဆိုသည်။ သို့ရာတွင် အလှဖန်တီး ရှင်များနှင့် မင်္ဂလာဝတ်စုံငှားရမ်း၊ ရောင်းချသည့်ဆိုင်များ၏ ပြော ကြားချက်အရ မင်္ဂလာဆောင်ပြီး ပြည်ပသို့ သွားရောက်သူများနှင့် ငွေကြေး တတ်နိုင်သူများမှအပ ပြည်တွင်း၌ အခြေချနေထိုင်သူ အများစုမှာ မင်္ဂလာဝတ်စုံများကို ဝယ်ယူခြင်းမပြုဘဲ ငှားရမ်းဝတ် ဆင်ခြင်း ပြုကြကြောင်း သိရ သည်။

0 comments:

Post a Comment