Pages

Friday, August 16, 2013

ချက်မယ်ပြုတ်မယ် အပိုင်း (၈)

ကန်စွန်းရွက်ချဉ်ရည်ဟင်းလေးချက်စားကြရအောင်......

ကန်စွန်းရွက်ချဉ်ဟင်းကတော့ ကျနော့်အကြိုက်ဟင်းထဲက တစ်မည်ပေါ့....ချက်ကတာလဲ အရမ်းလွယ်ပါတယ် ပါဝင်တဲ့ပစ္စည်းတွေကလဲ သိပ်မများပါဘူး စားလို့လဲကောင်းပါတယ် ကြိုက်တက်တဲ့သူများအနေနဲ့ပေါ့....ပါဝင်တဲ့ အမယ်တွေကတော့...
(၁) ကန်စွန်းရွက် တစည်း
(၂) ငါး (ကြိုက်တဲ့ငါးထည့်ပါ) အနံမပြင်းတဲ့ငါးမျိုး
(၃) မန်းကျည်းသီးမှည့် အနှစ်
(၄) ကြက်သွန်နီ တစ်လုံး
(၅) ငြုတ်သီးအစိမ်းမှုန့်
(၆) ပဲဆီ၊ ငါးပြာရည်၊ သကြားအနည်းငယ် (ကျနော်က အသားမှုန့် အချို့မှုန့် မစားပါ)
ကဲ စလိုက်ကြစို့....
ကန်စွန်းရွက်ကို အနေတော် ပိုင်းဖြတ်ပြီး ဓါးဖြင့်အပြားလိုက်ရိုက်ပြီး ရေစင်အောင်ဆေးထားပါ..
ကြက်သွန်နီကို ပါးပါး လှီးထား ပါ (ထောင်းထားလဲရပါတယ်) ပြီးရင်တော့ ငါးအတွက် အဆင်သင့်လုပ်ထားပါ ကျနော်က ငါးတွေ ကြော်ပီးသားဖြစ်တဲ့အတွက် ငါးကြော်နဲ့ပဲ ချက်ပါ့မယ် ငါးမကြော်ပဲ အစိမ်းတိုင်းထည့်ချက်မယ်ဆိုလဲ ရပါတယ်... ပြီးသွားရင်တော့ ချက်မည့်အိုးထဲသို့ ငါးကြော် သို့မဟုတ် ငါးအစိမ်းတုံးပြီးသားများကိုထည့်ပါ ပြီးရင်တော့ ငြုတ်သီးအစိမ်းမှုန့် အနည်းငယ် ငါးပြာရည်အနည်းငယ် သကြားအနည်းငယ် ပဲဆီအနည်းငယ် နနွင်းအနည်းမျှထည့်ပြီး နှံ့အောင် နယ်ထားပါ.... ငါးမိနစ်လောက်ကြာပြီဆို စချက်လို့ရပါပြီ...
မီးအသင့်တင့်ထားပြီး အိုးကိုတည်ထားပါ အဖုံးဖုံးထားပါ... အနည်းငယ်မွှေပေးပါ...ပြီးရင် ရေအနည်းငယ်ထည့်ပြီး အဖုံးဖုံးထားပါ ငါးကိုနုးအောင် မီးအနည်းငယ်ဖြင့် လုံးချက်ပါမည် ငါးအနံ့လေးမွှေးလာပြီး ငါးအသားတွေ တင်းလားပြီဆိုရင် ကန်စွန်းရွက် ကိုထည့်ပြီး လုံးချက်ပါမည် အဖုံးကို ဖုံးထားပါေ၇အနည်းငယ်ထည့်ပြီး ကန်စွန်းရွက် အနည်းငယ်နွမ်းသွားအောင်ချက်ပါပြီ ကန်စွန်းရွက်အနေတော်လောက်ပြီဆိုရင် မန်းကျည်းမှည့်ရည်ကို လိုသလောက်ထည့်ပါ့မယ် ပြီးရင်တော့ ဆူအောင်တည်ပါ မန်းကျည်းမှည့်ရည် အနံ့လေးသင်းလာပြီဆိုရင်တော့ အပေါ့ အငံ မြည်းပြီး မီးပိတ်လို့ရပြီပေါ့ နံနံပင်ကြိုက်သူများ မီးမပိတ်ခင်လေးမှာ ခတ်ထည့်လိုက်လို့ရပါပြီဗျာ....



 

ကန်စွန်းရွက်ချဉ်ရည်လေးရပြီဆိုရင်တော့...ငါးပိရည်ကျိုလေးနဲ့ လိုက်မယ်ထင်လို့ ငါးပိရည်ပါကျိုလိုက်ပါတယ်...ငါးပိရည်ကျိုဖို့ကတော့
(၁) ရေချို ငါးပိ အနည်းငယ်
(၂) ပုစွန်ခြောက်အနည်းငယ်
(၃) ကြက်သွန်နီ တစ်လုံး
(၄) ကြက်သွန်ဖြူ တစ်လုံး
(၅) ငြုတ်သီးစိမ်း သုံးတောင့်

ရေချိုငါးပိကိုဆေးကြောထားပါ .... ကျိုမည့်အိုးထဲ ရေ အနည်းငယ်ထည့်ပါ.. ငါးပိထည့်ပါ ..နနွင်းအနည်းငယ်ထည့်ပြီး မီးအေးအေးဖြင့် ငါးပိ အရိုးကျသွားအထိကျိုထားပါ...ငါးပိကြိုက်သူများအဖို့တော့ အနံ့နဲ့တင် ထမင်းစားချင်စိတ် ပေါ်လာလိမ့်မယ်...ကျိုပြီးရင်တော့ ပုကန်လုံးထဲသို့ ငါးပိကျိုရည်များကိုထည့်ထားပါ
ပုစွန်ခြောက်ကိုေ၇ဆေးပြီးထောင်းထားပါ .... ကြက်သွန်ဖြူနီကို မွှေးသွားအောင် မီးအနည်းငယ်ကင်ထားပြီး ထောင်းပါ... အားလုံးထောင်းပြီးရင် ငါးပိရည် ပန်းကန်လုံးထဲ ထည့်ပါ...ငြုတ်သီးစိမ်းကို မီးကင်ပြီး ထောင်းပါ...ပြီးရင် ငါပိရည်ပန်းကန်လုံးထဲထည့်ပြီး နှံ့အောင် မွှေလိုက်၇င် အနားမှာ ရှိနေတဲ့ သူတောင် ထမင်းစားချင်စိတ်ပေါက်သွားပါလိမ့်မယ်.....အတို့အမြုပ် ကြိုက်သူများ တို့စရာတခုခုဖြင့် တည်ခင်းကာ သုံးဆောင်နိုင်ပါပြီ ခင်မျာ ... ကျနော်ကတော့ ပလိန်းပဲ ဆွဲလိုက်ပါတော့မယ် ရေးရင်းနဲ့ ဗိုက်ဆာလာလို့ တစ်ကြောင်းလောက်ထပ်ဆွဲလိုက်အုံးမယ်.....
ဆက်လက်ကြိုးစားပါအုံးမယ်.......



 


ဆက်ဖတ်ရန်>>

Thursday, April 4, 2013

ချက်မယ်ပြုတ်ယ် အပိုင်း (၇)

ကဲလာပြန်ပြီ ဝက်သား အနီချက်....
ဝက်သားအနီချက်ဆိုတာ ငရုတ်သီးပါလို့ပြောတာပါ ကဲ စလိုက်ကြရအောင်ဗျာ လိုအပ်တာတွေကတော့
(၁) ဝက်သားသုံးထပ်သား
(၂) ကြက်သွန်ဥနီ ကြီးနှစ်လုံး
(၃) ပဲငါးပြာရည် အနည်းငယ်
(၄) သကြားအနည်းငယ်
(၅) ငါးပြာရည်
(၆) ငရုတ်သီးအစိမ်းမှုန့်
(၇) မကျည်းသီးမှည့်
(၈) ပဲဆီ

ချက်ပြုတ်ပုံအဆင့်ဆင့်ကတော့ အရမ်းရိုးရှင်းပါတယ် ကောင်းလဲကောင်းပါတယ်....ပထမဆုံး ဝက်သားကို ရေစင်စင်ဆေးပါ အနေတော်အတုံးလေးများလှီးပါ ချက်မည့်အိုးထဲကို ထည့်ပါ ပြီးရင် ကြက်သွန်နီထောင်းထားတာကိုထည့်မယ် ပဲငါးပြာရည်းအနည်းငယ် ထည့်မယ် သကြားထည့်မယ် ငရုတ်သီး အစိမ်းမှုန့် ဆီ ငါးပြာရည်ထည့်ပြီး သမအောင်နယ်မယ် ပြီးရင်တော့ ၁၅ မိနစ်လောက် နှပ်ထားလိုက်ပါ ပြီးသွားရင်တော့ ရေအနည်းငယ်ထည့်ပြီး လုံးချက် ချက်ပါ့မယ် ဆီလေးတွေပြန်လာပြီး မွှေးလာပြီဆိုရင်တော့ ရေများများထည့်ပြီး နာရီဝက် ခန့်မီးအေးအေးနဲ့တည်ထားပါ အနံ့ကတော့ မွှေးပြီးသားပဲ ပြီးရင်တော့ မကျည်းနှစ်အရည် လိုသလောက်ထည့် မြည်းကြည့် နောက်ထပ် ၁၅ မိနစ်လောက်ထပ်တည် ဝက်သားနူးသည်အထိပေါ့ ဗျာ ဒီမှာတော့ ဝက်ထီးလား ဝက်မလား မသိ ဝက်ထီးသားက ပိုစားကောင်းပါတယ် အိုခေ.... နူးလာပြီး အနံ့က စားချင်စဖွယ်လဲဖြစ်လာပြီဆိုရင်တော့ ပြောမနေနဲ့တော့ဗျာ အနည်းလေးသုံးပန်ကန်လောက်တော့ တွယ်ပြီပဲ တို့စ၇ာလေးကို သခွားသီးလေးစိပ်ပြီး တို့လိုက်ရင် ဝက်သားအနီချက်လေးကိုမအီအောင်မကျည်းနှစ်ချက်လေးနဲ့ ဆွေမျိုးမေ့သွားလောက်ပြီပေါ့ဗျာ...ဟဲဟဲ

ဆွဲပေတော့....
ကျောင်းရွာသား....
ဆက်ဖတ်ရန်>>

ချက်မယ်ပြုတ်မယ် အပိုင်း (၇)

ကဲ ဒီတစ်ခါတော့ ငါးခြောက်ထောင်းကြော်လေးကြော်စားမယ်..ငါးရံ့ခြောက်ထောင်းကြော်ပေါ့ဗျာ...
လိုအပ်တာတွေကတော့....
(၁) ငါးရံ့ခြောက် ပြား သုံးပြား
(၂) ကြက်သွန်အကြီး သုံးလုံး
(၃) ကြက်သွန်ဖြူ သုံးလုံး
(၄) ပဲဆီ
(၅) သကြားအနည်းငယ် ၊ ထိုင်းကလာတဲ့ ငါးပြာရည် (ဒီမှာက ထိုင်းကလာတာပဲရှိလို့ပါ) နဲ့ နနွင်းအနည်းငယ်မျှပေါ့ဗျာ....
ချက်ပြုတ်မယ့် အစီစဉ်ကတော့ ငါးခြောက်ကိုေ၇ဆေးမယ် အိုးတစ်လုံးထဲ ရေထည့်ပြီး ငါးခြောက်ကို နူးသည်အထိပြုတ်မယ် ပြီးရင်တော့ ငါးခြောက်ကို နွှာပြီးတော့ ငရုတ်ဆုံထဲ ထည့်ထောင်းမယ် ပြီးရင်တော့ ကြော်မဲ့ဒယ်အိုးထဲ ဆီထည့် နနွင်းထည့် ဆီပူလာပြီဆိုရင်တော့ ကြက်သွန်နီပါးပါးလှီးထားတာ ထည့်ကြော်မယ် ပြီးရင် ကြက်သွန်ဖြူ အခွံခွာပြီးထည့်မယ် မွှေးလာရင် ငါးခြောက်ထည့်မယ် ငါးပြာရည်နဲ့ သကြားထည့်မယ် ခြောက်သည်အထိကြော်ပါ့မယ် ငါးခြောက်ထဲကအရည်တွေကုန်သလောက်ဖြစ်လာပြီ  ဒါဆိုရင်တော့ ကြက်သွန်ဖြူသင်းသင်းလေးနဲ့ စားချင်စရာလေး အနံ့လေးသင်းလာမှာဖြစ်ပါတယ် ၃ မိနစ်ခန့်လောက်ကြော်ပြီးပြီဆိုရင်တော့ အပေါ့ငံ မြ ည်းပြီးတော့ ချလို့ရပါပြီခင်ဗျာ.....




ကဲသုံးဆောင်လို့ရပါပြီခင်ဗျာ.....ကျောင်းရွာသား....


ဆက်ဖတ်ရန်>>

ချက်မယ်ပြုတ်မယ် အပိုင်း (၆)

ချက်တာပြုတ်တာတွေ ပိုစ့်မတင်တာကြာပြီ မချက်တာမဟုတ်ပါဘူး ချက်ပြီးတင်ဖို့အချိန်မရှိတာပါ ကဲအချိန်လေးပေးတုန်းနဲနဲတင်လိုက်အုံးမယ်....
ကဲ သီးစုံ ပဲကုလားဟင်း နဲ့ ငါးခြောက်ကြော်ချက်လေး ချက်မယ်ဗျာ....
သီးစုံဟင်းချက်ဖို့လိုအပ်တာတွေကတော့ အိမ်မှာရှိတာလေးနဲ့ပေါ့ ဟဲဟဲ လိုအပ်တာတွေကတော့.
(၁) ငါးပုတ်ခြောက်
(၂) ကုလားပဲအနည်းငယ်
(၃) အာလူး အလုံးကြီး နှစ်လုံး
(၄) ခရမ်းသီး အကြီးတစ်လုံး
(၅) ရုံးပတီသီး ၇ တောင့်ခန့်
(၆) ကြက်သွန်နီ
(၇) ငရုတ်သီးစိမ်း ငါးတောင့်
(၈) သကြား၊ ငါးပြာရည်၊ မန်ကြီးမှည့် အနည်းငယ် နဲ့ ပဲဆီ အနည်းငယ်

ချက်ပြုတ်ပုံ အဆင့်ဆင့်ကတော့ ငါးပုတ်ခြောက်ကိုေ၇ စင်စင်ဆေးပြီးတော့ အနေတော်အတုန်းလေးများ တုံးပြီးချက်မည့် အိုးထဲထည့်မယ် ပြီးတော့ ဆီအနည်းငယ် ငံပြာရည်အနည်းငယ် သကြားအနည်းငယ် ငရုတ်သီးအစိမ်းမှုန့် နနွင်းမှုန့်အနည်းငယ် နှင့် ကြက်သွန်နီ လှီးထားတာ ထည့်ပြီး သမအောင်ရောမွှေပြီး ၁၅ မိနစ်လောက်တော့ နှပ်ထားပေးလိုက်ပါ...ပြီးရင် အာလူးကိုအခွံခွာပြီး လေးစိပ် အနေတော်အတုံးလေးများတုံးပြီးေ၇စင်အောင်ဆေးမယ် ပြီးရင် ခရမ်းသီးကို ဆေးကြောပြီး အနေတော်အတုံးလေးများတုံးမယ် ..ကုလားပဲကိုတော့ ရေဆေးပြီး ရေစိမ်ထားပါ သူက မာကြောသည့်အတွက်ေ၇အရင်စိမ်ပေးထားပါ ပြီးရင်တော့ ရုံးပတီသီးကိုရေစင်အောင်ဆေးပြီးတော့ တစ်တောင့်ကို သုံးပိုင်းလောက်ပိုင်းပေးထားပါ..

ပြီးသွားရင်တော့ ချက်မယ်ပေါ့ဗျာ စောစောကနှပ်ထားတဲ့ ငါးခြောက်ကို မီးအေးအေးနဲ့ အရင်လုံးမယ် ၂ မိနစ်လောက်ကြာသွားရင်တော့ ရေလေးအနည်းငယ်ထည့်ပြီးတော့ အဖုံးအုပ်ပေးထားမယ် ၅ မိနစ်ခန့်လောက် ချက်ပြီးသွားရင် ပဲအရင်ဆုံးထည့်ပါ့မယ် သူကအရမ်းမာသည့်အတွက် အ၇င်ထည့်တာပါ ပြီးရင် ရေအနည်းငယ်ထည့်ပြီး တော့ အဖုံးအုပ်ပြီး မီးအေးအေးလေးနဲ့နှပ်ထားပေးပါ ပဲအနည်းငယ်နူးလာပြီဆိုရင်တော့ အာလူးနဲ့ ခရမ်းသီးထည့်ပါ ရေအနည်းငယ်ထည့်ပြီး အဖုံးအုပ်ပြီး နူးလာအောင်ချက်ပေးပါ ပြီးသွားရင်တော့ မကျည်းနှစ်ရေထည့်ပြီးချက်ပါ ဆူလာပြီ ဆိုရင်တော့ ရုံးပတီသီးလေးထည့် ငရုတ်သီးစိမ်းလေးထည့် တအောင့်လောက် ဆူသွားပြီးဆိုရင်တော့ မဆာလာ ထည့်မယ် မဆာလာနံ့လေးသင်းလာပြီ ဆိုရင်တော့ အပေါ့အငံမြည်းပြီး ချလို့၇ပါပြီ....




ပြီးရင်တော့ အာပြဲခြောက်ကြော်စားမယ်ဆိုတော့ လိုတာတွေကတော့...
(၁) အာပြဲခြောက် ၁၀ ကောင်
(၂) ကြက်သွန်နီ အင်္ကြီး ၂ လုံး
(၃) ကြက်သွန်ဖြူ အကြီး ၁ လုံး
(၄) ငရုတ်သီး ခွဲကြမ်း အနည်းငယ်
(၅) ပဲဆီ၊ ငါးပြာရည်၊ သကြား အနည်းငယ် လိုပါတယ်

ငါးခြောက်ကို ရေစင်အောင်ဆေးကြောပြီး အနေတော် အတုံးလေးတွေတုံးထားပါ.....ကြက်သွန်နီ အခွံခွာပြီး ပါးပါးလီှးထားပါ ကြက်သွန်ဖြူကိုတော့ အခွံခွာပြီး ဓါးပြားရိုက်ထားပါ ပြီးရင်တော့ ဆီကိုအပူပေးပြီးတော့ ပူလာပြီဆိုရင်တော့ ငါးခြောက်အတုံးလေးများကို စတင်ကြော်ပါ့မယ်...
ငါးခြောက်လေးတွေ နီလာပြီဆိုရင်တော့ ဆယ်ထားမယ် ပြီးရင်တော့ ကြက်သွန်ဖြူနီကို ထည့်ကြော်မယ် နွမ်းလာပြီဆိုရင်တော့ ငရုတ်သီး ခွဲကြမ်းထည့်မယ် ပြီးရင်တော့ မွှေးလာအောင်ကြော်မယ် ပြီးသွားရင် ငါးခြောက်ကြော်ထားတာကိုထည့်မယ် ငါးပြာရည် နဲ့ သကြားထည့်မယ် ခြောက်လာအောင်ကြော်ပြီးပြီဆိုရင်တော့ အနံ့လေးမွှေးလာပါလိမ့်မယ် ခြောက်ခြောက်လေးဖြစ်လာပြီဆိုရင်တော့ ချလို့ရပါပြီ...







ကဲ ငါးခြောက်ကြော်မွှေးမွှေးလေးနဲ့ သီးစုံပဲကုလားဟင်းလေးစားပြီ ကွေးကွေးလေးအိပ်နိုင်ကြပါစေ...
ကျောင်းရွာသား....


ဆက်ဖတ်ရန်>>

David Guetta - iTunes Festival [ 15.09.2012 ] ( Full concert )

နာမည်ကျော် club hit သီချင်းများရဲ့ ဖန်တီးရှင် David Guetta သချင်းများနားထောင်လိုက်ပါအုံး မြူးမြူးလေးတွေပါပဲ... အော်... beat mixer ကြီးတပ်လိုက်ဖို့မမေ့နဲ့အုံး...... ဆက်ဖတ်ရန်>>

Super Pipeline - Megastructures - National Geographic Documentary

ရေအောက်ကြမ်းပြင်မှ Super Pipe Line .... ဆက်ဖတ်ရန်>>