Pages

Sunday, October 28, 2012

IOS 5.0/5.0.1 အတွက် Jailbreak tools...

သူကတော့ကြာပါပြီ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် upgrade လုပ်မထားပဲ ဗားရှင်းအဟောင်းကိုသုံးနေသူများ Jail ချင်လျှင်တော့ အောက်ကလင့်မှာယူသွား ပါ သုံးနည်းကတော့ ကျနော် အရှေ့မှာ ရေးထားတဲ့ IOS 5.1.1 ကို jail နည်းအတိုင်းပါပဲ untethered ပဲနော် tools ကလဲ green poison ကထုတ်တဲ့ absinthe tools ကိုပဲသုံးထားတာပါ....
absinthe v 0.4 (for window)
absinthe v 0.4 (for mac)
ကဲ အားလုံးအဆင်ပြေပါစေ.....IOS 5.1.1 jail တာကိုတော့ ဒီမှာ ကြည့်နိုင်ပါတယ်.....ကျောင်းရွာသား....
ဆက်ဖတ်ရန်>>

IOS 5.1.1 ကို Jailbreak ပြုလုပ်ခြင်း

ဒါကတော့ IOS 6 ကို upgrade မလုပ်ပဲ 5.1.1 ကိုသုံးနေသူများအတွက်....jailbreak tools....သူကတော့ untethered jailbreak ဖြစ်ပါတယ် အသုံးပြုရတာလဲလွယ်ပါတယ် software လေးကို run as administrator နဲ့ run ပြီးတော့ မိမိ jail break ပြုလုပ်မဲ့ devices (A4 or A5) ကို ကွန်ပြူတာနဲ့ချိတ်ထားလိုက်ပါ pass code lock ကို disable ပြုလုပ်ထားပါ ဘာလို့လဲဆိုတော့ device က Lock ကျသွားရင် tools ကဆက်မ run တက်လို့ပါ ပြီးရင်တော tools ကနေ device ကိုသိရှိပြီး ရင်တော့ jailbreak bottom ကို click လုပ်ပါ အားလုံးပြီးတဲ့ အထိသူ့ဖာသာဆက် run သွားပါလိမ့်မယ် ပြီးသွားရင်တော့ device ရဲ့ home screen မှာ cydia icon လေးပေါ်နေပါလိမ့်မယ် cydia ကိုဖွင့်ပြီး လိုအပ်တဲ့ setting တွေကို upgrade ပြုလုပ်ပြီး အသုံးပြုနိုင်ပါပြီ..... ကဲ အောက်မှာ ဒေါင်းလိုက်ပါ.....
absinthe v 2.0.4 (for window)
absinthe v2.0.4 (for mac)
ကဲအားလုံးအဆင်ပြေပါစေ..... ကျောင်းရွာသား....
ဆက်ဖတ်ရန်>>

Jailbreak လုပ်ထားသော idevices များ... itune ကိုမသုံးချင်သူများအတွက်....

ကဲဒီပို့စ်လေးကတော့ jailbreak ပြုလုပ်ထားသော idevices များ itune ကိုအသုံးမပြုပဲ စွမ်းဆောင်ရည်အပြည့်နဲ့ ပိုမိုလွယ်ကူစွာသုံးနိုင်တဲ့ tools လေးတွေကို ညွှန်းချင်ပါတယ် ကျွန်တော်လဲလက်ရှိသုံးနေပါတယ် အဲဒါတွေကတော့ iTools, iFunbox, နဲ့ 91 pc suit for iphone တို့ပဲဖြစ်ပါတယ် ခင်ဗျာ သုံးရတာလဲလွယ်ကူပါတယ် အပြင်ကနေဒေါင်းထားတဲ့ cracked လုပ်ထားတဲ့ app တွေကိုလဲ လွယ်ကူစွာ install ပြုလုပ်နိုင်ပါတယ် တခြားအသုံးချခွင့်တွေလဲရှိပါတယ် စမ်းကြည့်ပေါ့ဗျာ ကျွန်တော်ကတော့ သူတို့ကိုသုံးရတာသဘောကျတယ် ဥပမာ app တွေကို backup လုပ်တာမျိုး recording file တွေကို backup လုပ်တာမျိုး တခြားကျွန်တော်မသိတာတွေလဲသုံးလို့၇မှာပါ ကဲ အောက်ကလင့်လေးတွေမှာ အဆင်ပြေသလိုသာ ယူသွားကြနော် အောက်ဆုံးမှာလဲ ပုံလေးတွေတင်ထားတယ် အသုံးပြုပုံတော့ မရေးတော့ပါဘူး လွယ်ကူစွာပဲသုံးနိုင်မယ်လို့ မျှော်လင့်ပါတယ် 91 pc suit ကတော့ install လုပ်ပြီးတဲ့အချိန်မှာ တရုတ်စာတွေပေါ်နေပါ လိမ့်မယ် အဲ့ကျရင် ဘယ်ဘက် အပေါ်ထောင့်နားက ပန်းသီးလေးကိုနှိပ်ပြီးတော့ language setting မှာ english လို့ပြောင်းပေးလိုက်ပေါ့ ကဲ အောက်ကလင့်လေးတွေမှာ ယူလိုက်ကြပါ......
ifunbox (for window)
ifunbox (for mac)

iTools (for window)
iTools (for mac)

91 suit for iphone 
ကဲအောက်မှာတော့ home screen shot ပုံလေးတွတင်ပေးထားပါတယ် စမ်းသပ်သုံးစွဲကြည့်နိုင်ပါတယ်
အားလုံးပဲ အဆင်ပြေပါစေ....ကျောင်းရွာသား.....



ဆက်ဖတ်ရန်>>

Saturday, October 27, 2012

IOS 6 (iphone, ipad) ကို Jailbreak ပြုလုပ်ခြင်း....

မှတ်ချက်... Jail break for ios 6 သည် A4 Devices ကိုသာ provide လုပ်ပါသေးတယ် ပြီးတော့ Untethered မရသေးပါ tethered အဆင့်သာရပါသေးတယ် Untethered ဆိုသည်မှာ Fully Jailbreak ဖြစ်ပြီး Tethered ကတော့ Semi အဆင့်သာရှိသေးသည် Tethered ရဲ့ အကျိုးဆက်ကတော့....
Power Off သွားရင် Black Screen သာပေါ်နေပြီး power ပြန် on ၍ မရပါ အကယ်၍ power ပြန် on ချင်လျှင်... DFU (Device Firmware Upgrade) mode ကိုပြန်ဝင်ပြီး သက်ဆိုင်ရာ Software အကူညီကို
ရယူ၍ ပြန်လည် reboot ပြုလုပ်ရပါတယ်.....ကျွန်တော် တော့ IOS 6 ကိုမစမ်းသက်ရသေးပါ ဒါပေမယ့်
redmondpie, ကိုမိုးသကြား အစရှိသော ဆိုဒ်များမှာ reference ယူ၍ ပြန်လည်ရေးသားထားခြင်းဖြစ်ပါတယ် ဘာကြောင့် ကျွန်တော် IOS 6 ကိုမတင်လဲဆိုတော့....
ကျွန်တော့ ဖုန်းက A4 device ဖြစ်ပြီး IOS 6 ကိုတင်လျှင် processor speed မလိုက်နိုင်မည် စိုးသာကြောင့် မတင်ခြင်းဖြစ်ပါတယ် အကယ်၍ အကြောင်းမျိုးမျိုးကြောင့်တင်ထားပြီးသော A4 devices
ကိုအသုံးပြုသောသူငယ်ချင်းမိတ်ဆွေများအတွက် ဒီပို့စ်လေးကိုရေးသားခြင်းဖြစ်ပါတယ်......ကဲဒါဆိုရင်
Jailbreak ပြုလုပ်ဖို့အတွက် Jail break tools လေးတွေကို ရယူလိုက်ကြ၇အောင်....
redsnow v0.9.15 b1 (for window)
 redsnow v0.9.15 b1 (for mac)
ကဲ သက်ဆိုင်ရာ ဆော့ဝဲ လေးတွေကို မိမိအသုံးပြုလျက်ရှိတယ့် computer window system ပေါ်မူတည်ပြီး ဒေါင်းလုပ် ပြုလုပ်ပါ....ပြီးရင်တော့ မိမိ Jailbreak ပြုလုပ်မယ် device ကို ကွန်ပြူတာနဲ့ ချိတ်ဆက်ထားပြီး ပါဝါ ပိတ်ထားပါ ..... ပြီးရင်တော့ redsnow software လေးကို
administrator mode နှင့် run ပါ (window အတွက်ကတော့ icon ပေါ်မှာ Right click> pop up menu မှ run as administrator နှင့် mac အတွက်ကတော့ icon ပေါ်မှာ control+click > open )
ပြီးရင်တော့.....ပြီးရင်တော့ redsonw home screen မှ jailbreak bottom ကိုနှိပ်ပါ...next ကိုဆက်သွားပါ dfu mode ဝင်ဖို့ရာ onscreen ညွှန်ကြားချက်အတိုင်းဆောင်ရွက်ပါ
( power bottom နဲ့ home bottom ကို တွဲပြီး 10 second နှိပ်ထားပေးပါ ပြီးရင်တော့ power bottom ကိုလွှတ်လိုက်ပါ ဒါပေမယ့် home ကိုတော့ ဆက်လက်ဖိထားရပါ့မယ် ဖိထားလို့တအောင့်ကြာရင် redsnow ကစတင်ပြီး processing လုပ်ပါလိမ့်မယ် home bottom ကို release လုပ်လို့ရပါပြီ....ပြီးရင် install cydia ဆိုတာပေါ်လာရင် အမှန်ခြစ် ကလေးပေးပြီး next ပြုလုပ်ပါ ခင်ဗျာ......
လိုအပ်တဲ့ installation တွေပြုလုပ်ပြီး done ဆိုတာလေးပေါ်လာပါလိမ့်မယ်.....ကဲအောက်ကပုံလေးကို
ကြည့်လိုက်ပါ....ပုံမှာတော့ done အဆင့်ထိမထည့်ထားပါဘူး ကျွန်တော် မစမ်းကြည့်၇သေးလို့ :P

 done လို့ပေါ်လာရင် back ကို ပြန်သွားပါ....အဲအချိန်မှာ မိမိ device ကိုပြန်ကြည့်ပါ မိမိ device ရဲ့
home screen မှာ cydia icon လေးပေါ်လာမလာပြန်ကြည့်ပါအုံး...ပေါ်လာမည် မဟုတ်ပါ cydia icon
လေးပေါ်လာဖို့ စက်ကို dfu mode ပြန်ဝင်ပြီး boot ပြန်တက်ရပါမည်....စောစောတုန်းက resdsnow ကို
back နဲ့ home screen ပြန်ဝင်ပါ ပြီးရင် extras bottom ကိုနှိပ်ပါ...
just boot ကို click ပါ ပြီးရင်တော့ သူက dfu mode ပြန်ဝင်ခိုင်းပါလိမ့်မယ် (just boot ကို မနှိပ်ခင်
idevice ကို ပါဝါအ၇င် off ထားနော်) ပြီးရင်တော့ အပေါ်မှာကျွန်တော်ပြောသလို DFU mode ကိုပြန်ဝင်ပါ
ပြီးရင်တော့ သူက စက်ကို reboot ပြန်လုပ်ပါလိမ့်မယ် ပြီးသွားရင်တော့ done ဆိုတာပေါ်လာရင်တော့ redsnow ကိုပိတ်လို့ရပါပြီ ပြီးရင်တော့ idevice မှာ နာနတ်သီးပုံလေးပေါ်လာပြီး loading လုပ်ပါလိမ့်မယ်
ပြီးသွားရင်တော့ home screen မှာ cydia icon လေးပေါ်လာပါလိမ့်မယ်.....ဒါဆိုရင်တော့ tethered ပြီးဆုံးပါပြီ.....cydia ကိုဖွင့်ပါ user , hacker and developer ရှိသည့်အနက် ကျွန်တော်တို့က
user ကိုပဲရွေးပါမည် အကယ် ၍ ကိုယ်က developer တို့ hacker ဆိုရင်တော့ နှစ်သက်ရာကိုရွေးပေါ့...
ပြီးတော့ cydia ကနေ လိုအပ်တဲ့ installation upgrade ကိုပြုလုပ်ပါလိမ့်မယ် ..... ပြီးရင်တော့ jailbreak
ပြုလုပ်ရတဲ့အဆင့်ကတော့ အောင်မြင်စွာနဲ့ပြီးဆုံးသွားပြီ ဖြစ်ပါတယ်....application တွေ free ဒေါင်းဖို့
source ထည့်တာတော့ နောက်တစ်ပို့စ်မှာ ဆက်လက်ဖေါ်ပြပေးပါ့မယ်.....မြန်မာဖောင့်သွင်းတာကတော့
ဒီမှာ.... ဖတ်လို့ရပါတယ် ခင်ဗျာ.....အကယ်၍ ပါဝါ off သွားတာတို့ စက်ကအကြောင်းမျိုးမျိုးကြောင့် boot မတက်တော့ရင် တော့ redsnow ကိုပြန် run ၍ just boot ကို click လုပ်ပါ dfu mode ပြန်ဝင်ပြီး reboot ပြုလုပ်နိုင်ပါသည် :) နောက်ဆုံးဘာမှမရတော့ရင် မပူပါနဲ့ itune နဲ့ပြန်လည်ချိတ်ဆက်၍ restore ပြုလုပ်ပြီး original setting ပြန်ဝင်လိုက်ပါ ...jailbreak ပျောက်သွားပြီး original အတိုင်းလေး ပြန်ရှိနေပါလိမ့်မယ်....
အားလုံးပျော်ရွှင်ပါစေ......ကျောင်းရွာသား.....



ဆက်ဖတ်ရန်>>

Iphone or ipad မှာ barrel Tweak လေးသုံးမယ်....

Iphone သို့ Ipad မှာ Twesks တွေသုံးဖို့ devices တွေက Jailbreak ဖြစ်နေဖို့လိုပါတယ် ဒါမှ ကိုယ်တိုင် admin လုပ်လို့ရမှာပါ ကဲ Tweak ကိုသွင်းဖို့ရာ Cydia > manage > source ကိုသွားပါ ပြီးရင် add ကို click ပါ ပြီးရင် add ကို click ပါ ပြီးရင် box လေးထဲမှာ ihacksrepo.com ကို install လုပ်ပါ anyway install လို့ပြောရင် anyway install လုပ်လိုက်ပါ source လေး add ပြီးပြီဆို၇င် iHacksRepo ဆိုတာလေးကို click လုပ်လိုက်ပါ...ပြီးရင် B နဲ့စတဲ့ ခေါင်းစဉ်မှာ Barrel ကိုရှာပြီး install ပြုလုပ်လိုက်ပါ....install ပြီးရင် iphone home screen သို့ iphone setting ထဲမှာ Barrel icon လေး ရောက်နေပါလိမ့်မယ်... icon လေးကိုဆက်ဖွင့်ပါ...barrel setting ထဲက mode မှာ ကိုယ်ကြိုက်တဲ့ pattern လေးတွေပြောင်းပြီး စမ်းသပ်နိုင်ပါတယ် ခင်ဗျာ....အောက်ကပုံလေးကိုကြည့်ရင် ရှင်းသွားပါလိမ့်မယ်....
 အားလုံးပျော်ရွှင်ပါစေ....ကျောင်းရွာသား....
ဆက်ဖတ်ရန်>>

Steve Vai - "For The Love Of God"

ကျွန်တော့်အကြိုက်ဆုံး musician ပါ.... ဆက်ဖတ်ရန်>>

Michael Angelo Batio: Double Guitar Shred Medley

impressive....အရမ်းတော်ပါတယ်....ကျွန်တော်အရမ်းကြိုက်တဲ့သူထဲက တစ်ယောက်ပါ..... ဆက်ဖတ်ရန်>>

The PEN Story

တစ်ခုခု ရင်ထဲမှာ ကျန်ခဲ့ သလိုပါပဲ.... ဆက်ဖတ်ရန်>>

သဲ ပန်းချီ...

impressive....လုံးဝလေးစားပါတယ်.... ဆက်ဖတ်ရန်>>

Pigeon: Impossible

funny.... ဆက်ဖတ်ရန်>>

One man band (cigo man band)

impressive....လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကြည့်ခဲ့ဘူးသော video လေးပါ ကောင်းလို့ ပြန်ရှယ်လိုက်ပါတယ်.... ဆက်ဖတ်ရန်>>

Damien Walters 2010 Parkour And Free Running

impressive.... ဆက်ဖတ်ရန်>>

Rebuild a Jeep under 4 minutes

impressive....ကဲ ကားကို လေးမိနစ်နဲ့ ဖြုတ်ပြီး ဘယ်လိုပြန်တပ်ဆင်သလဲ ဆိုတာ.... ဆက်ဖတ်ရန်>>

WORLD ORDER "MIND SHIFT"

impressive....world order အဖွဲ့ရဲ့ performance လေးပါ ကြာတော့ကြာပါပြီ ကောင်းလို့ ထပ်ရှယ်လိုက်တယ်.. ဆက်ဖတ်ရန်>>

TreT - PARKOUR DOG FROM UKRAINE

impressive....ခွေးပေမယ့် တော်တယ်ဗျ.... ဆက်ဖတ်ရန်>>

Perimeter Marble Run RBS

Impressive.....နာ့အခန်းထဲ အဲလိုမျိုးလေးလုပ်ထားရင်ကောင်းမယ်....:P ဆက်ဖတ်ရန်>>

Danny MacAskill

Amazing skill.... ဆက်ဖတ်ရန်>>

27.10.2012 က ကျင်းပခဲ့သော တရားပွဲ အသံဖိုင်ပါ....


27.10.2012 တွင် စင်ကာပူနိုင်ငံ Dhamma Download မှကြီးမှူးကျင်းပခဲ့သော ဆရာတော် အရှင်
ဘဒ္ဒန္တ နန္ဒမာလာဘိဝံသ (ပါချုပ် ဆရာတော်) ရဲ့ အသံဖိုင်ကို အောက်ပါ လင့်တွင် download ရယူပြီး တရားတော်ကို နာကြားနိုင်ပါတယ်ခင်ဗျာ ဖုန်းနှင့်အသံသွင်းယူထားသည် မို့ အနည်းငယ်မျှအသံတိုး သည်ကို ခွင့်လွှတ်နားလည်ပေးကြပါခင်ဗျာ.....
တရားတော် MP3 File.... ဆက်ဖတ်ရန်>>

Fastest Wire Bending in the World. AFE-2D6 ULTRA CNC Wire Bender from AIM Inc

wire bending machine တဲ့ဗျာ Good! ဆက်ဖတ်ရန်>>

LEGO GBC 20 modules

Good တယ်ဗျာ.... ဆက်ဖတ်ရန်>>

PUMPED UP KICKS|DUBSTEP

Good တယ်နော်.... ဆက်ဖတ်ရန်>>

PEOPLE ARE AWESOME 2011

Good တယ်နော်.... ဆက်ဖတ်ရန်>>

Driving in San Francisco

ွGood တယ်နော်.... ဆက်ဖတ်ရန်>>

ရေဘဝဲနှင့်ငါးမန်း ရဲ့ ကြောက်စရာတိုက်ပွဲ....

ဒီပွဲမှာ ငါးမန်းဟာ ရေဘဝဲရဲ့ သားကောင်ဖြစ်သွားပါတယ်.... ဆက်ဖတ်ရန်>>

Iphone တွင် ဇော်ဂျီဖောင့်ထည့်သွင်းခြင်း.....

ကဲ ကျွန်တော အခုတင်မဲ့ပို့စ်လေးကတော့ အိုင်ဖုန်း မှာဇော်ဂျီဖောင့်ထည့်သွင်းတာလေးကို ရေးသားသွားမှာဖြစ်ပါတယ်.... ဒီနည်းကိုတော့ အိုင်ဖုန်းတော်တော်များများသုံးတဲ့ သူတွေ သိရှိပြီး ဖြစ်သလို
တစ်ချို့သော မသိသေးတဲ့ သူငယ်ချင်းများအတွက် ရေးသားခြင်းဖြစ်ပါတယ်....အိုင်ဖုန်း တစ်လုံးကို မြန်မာဖောင့် ထည့်သွင်းဖို့ရန်အတွက် အိုင်ဖုန်းဟာ Jailbreak ပြုလုပ်ပြီးသားဖြစ်နေရပါ့မယ် ဘာဖြစ်လို့ Jailbreak လုပ်ရတာလဲဆိုတော့ မိမိလုပ်ပိုင်ခွင့်တွေကိုလုပ်နိုင်ဖို့  အတွက် ပြုလုပ်ပေးရခြင်းဖြစ်ပါတယ်....
အဲလိုပြုလုပ်မထားဘူးဆိုရင်တော့ သူငယ်ချင်းတို့ရဲ့ ဖုန်းကို မြန်မာစာထည့်သွင်းရမည်မဟုတ်ပါ.....
ကဲပထဆုံးမြန်မာစာ (ဇော်ဂျီဖောင့်) ထည့်သွင်းဖို့အတွက် Jailbreak Icon Cydia သို့သွားပါ.....ပြီးရင်တော့  Manage ကိုဆက်သွားပါ....ပြီး၇င်တော့ Source ဆိုတာကိုဆက်သွားပါ....ပြီးရင်တော့ ညာဖက်အပေါ်ထောင့်
နားက Edit ကိုဆက်သွားပါ.....အောက်ကပုံတွေကို ကြည့်လိုက်ပါ....


ပြီးသွားရင် add ကိုဆက်နှိပ်ပါ box လေးပေါ်လာပါလိမ့်မယ် အဲမှာ ကျွန်တော်တို့က source link ကိုထည့်ပေးရပါ့မယ်....box နေရာမှာ cydia.macforus.com ကိုရိုက်ထည့်ပြီး add source ကိုနှိပ်ပေးလိုက်ပါ....
ပြီးသွားရင် တော့ သူ့ဖာသာ Install ပြီးအောင်လုပ်သွားပါလိမ့်မယ်....ပြီးသွားရင်တော့ ဒီလိုအောက်ကပုံ
မှာ လင့်ကလေး add ပြီးသားဖြစ်နေပါလိမ့်မယ် .....
ပြီးသွားရင်တော့ Mac For Us repo လေးကိုနှိပ်လိုက်ပါအုံး......အောက်ကပုံမှာ ဆက်ကြည့်ပါ...
ပုံမှာတွေ့ရတဲ့အတိုင်း zawgyi IOS 4.3 Font ကိုနှိပ်ပြီးတော့ Install ပြုလုပ်ပါ...ပြီးရင် ကီးဘုတ်အတွက်
ကတော့ လောလောဆယ် OS 6 မပြောင်းရသေးသူများကတော့ MM key board for IOS 5+ ကို Install လုပ်ပါ တကယ်လို့ OS 6 ကိုတင်ပြီးတော့ Jail ထားသောသူများကတော့ Myanmar keyboard for IOS 6+
ကို Install ပြုလုပ်ပါလေ...ပြီးရင် Respring ကျပြီး စက်ပြန်တက်လာပါလိမ့်မည်....မှတ်ချက် ကျွန်တော်က
OS 5 ကို OS 6 သို့  Upgrade ပြုမလုပ်ရသေးသည့်အတွက် IOS 5 ကိုပဲရွေးထားပါသည်ခင်ဗျာ...
အိုကေ ပြီးသွားရင်တော့ Phone Setting ကိုသွားပါ ခင်ဗျာ....
ပြီးသွားရင် General>Keyboard>International Keyboards ကိုဆက်သွားပါ....အောက်ကပုံမှာ ဆက်ကြည့်ပါ.
ပုံမှမြင်တွေ့ရတဲ့ Add new Keyboard ကိုဆက်နှိပ်ပါ....အောက်ကပုံကိုဆက်ကြည့်ပါ....
ပုံမှာတွေ့ရတဲ့ Czech ကိုနှိပ်ပါ....

czech ကိုနှိပ်ပြီးချိန်မှာ ဖေါ်ပြပါနေရာလေးတွေမှာ check ပြုလုပ်ပေးပါ....ကဲဒါဆိုရင်တော့ font and 
keyboard install ကိုအောင်မြင်စွာပြီးဆုံးသွားပါပြီခင်ဗျာ....မြန်မာစာရိုက်ချင်ရင် keyboard layout 
ကနေ ကမ္ဘာ လုံးပုံလေးကိုနှိပ်ပြီး ပြောင်းသုံးနိုင်ပါတယ်ခင်ဗျာ....

ကဲ အားလုံး ပျော်ရွှင်စွာ အသုံးပြုနိုင်ပါစေခင်ဗျာ.....ကျောင်းရွာသား.......


ဆက်ဖတ်ရန်>>

Tuesday, October 23, 2012

နိဗ္ဗာန်သို့သွားရာတစ်ကြောင်းတည်းသောလမ်း


ဒီမှာ ယူလိုက်ပါခင်ဗျာ....
Min Aung Naing ဆီမှ ကူးယူတင်ပြသည်.... ဆက်ဖတ်ရန်>>

အောက်တိုဘာ ၂၃ ရက်နေု့ထုတ် First Eleven Sport Journal အတွဲ ၁၃ အမှတ် ၂၁ အား Download ရယူနိုင်ပါသည်။


ဒီမှာ...ယူလိုက်ပါခင်ဗျာ.... ဆက်ဖတ်ရန်>>

ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ....


“ဗုဒ္ဓ”သည်ပါဠိစကားဖြစ်၍ မြန်မာစကားဖြင့် “ဘုရား”ဟုခေါ်သည်။ ရိုသေလေးနက်သော မြန်မာ့ယဉ်ကျေးမှု စကားနှင့် “မြတ်စွာဘုရား”ဟူ၍လည်းကောင်း၊ “ရှင်တော်မြတ်ဘုရား”ဟူ၍လည်းကောင်း၊ “မြတ်ဗုဒ္ဓ”ဟူ၍ လည်းကောင်း ခေါ်ဆိုကြ၏။

“မြတ်ဗုဒ္ဓ”ဟောကြားဆုံးမတော်မူသော ဆုံးမသြဝါဒစကားတော်များသည် “တရားတော်”များပင်ဖြစ်၏။ “ဗုဒ္ဓဘာသာ”ဟူသည် ပါဠိစကားဖြစ်၍ ဗုဒ္ဓ- ဘုရား၊ ဘာသာ-စကား ဖြစ်လေရာ ၊ဗုဒ္ဓဘာသာသည် “မြတ်စွာဘုရား”


၏ ဆုံးမစကားတော်ဟု အဓိပ္ပါယ်ရပါသည်။ လူ၊ နတ်၊ ဗြဟ္မာဟုခေါ်သော (သတ္တဝါ) တို့အား သံသရာဝဋ်ဆင်းရဲဒုက္ခတွင်းမှ လွတ်မြောက်နိုင်ကြရန် “မြတ်စွာဘုရား”ဆိုဆုံးမတော်မူသော စကားတော်များကို ရိုသေစွာ လိုက်နာ ကျင့်သုံးကြသူတို့သည် “ဗုဒ္ဓဘာသာဝင်” များပင်ဖြစ်ကြပါသည်။

“မြတ်ဗုဒ္ဓ”သည် လူ၊ နတ်၊ ဗြဟ္မာ၊(သတ္တဝါ) အပေါင်းတို့အား သံသရာဝဋ်ဆင်းရဲခြင်း ဒုက္ခအပေါင်းတို့မှ လွတ်မြောက်ရာဖြစ်သော “နိဗ္ဗာန်”ချမ်းသာကြီးကို ရစေကြရအောင် ဟောကြားဆုံးမညွှန်ပြပေးတော်မူပါပေ သည်။ လူသတ္တဝါတို့အား ဘေးရန်အပေါင်းတို့မှ လွတ်ကင်းစေကြရအောင် ညွှန်ပြပေးတော်မူပါပေသည်။ လူသတ္တဝါတို့အား စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ချမ်းသာခြင်းတို့ကိုလည်း ရစေကြရအောင် ဟောကြားဆုံးမပေး တော်မူခဲ့ပါသည်။

မြတ်ဗုဒ္ဓသည် လူသတ္တဝါတို့အား မိမိကိုယ်နှင့်မခြား ရင်မှပေါက်ဖွားသောသားကဲ့သို့ ဆင်းရဲတာရှည်သောလမ်းမှ ဆင်းရဲကင်းသောလမ်းသို့ညွှန်ပြပေးခြင်း၊ ချမ်းသာနည်းရာမှ ချမ်းသာများရာသို့ညွှန်ပြပေးခြင်း၊ ကောင်းသော စကားကိုဆိုခြင်း၊ မယဉ်ကျေးသူတို့အား ယဉ်ကျေးအောင်ဆုံးမပေးတော်မူခြင်း၊ ကြမ်းကြုတ်သူတို့အား သိမ်မွေ့ နူးညံ့အောင် ပြုပြင်ပေးတော်မူခြင်း၊ ကိုယ်ချင်းမစာနာတတ်သူတို့အား ကိုယ်ချင်းစာနာတတ်အောင် ပြုစေခြင်း စသည့်တို့ကို ညွှန်ကြားဆုံးမပေးတော်မူပါသည်။ ညွှန်ကြားဆုံးမပေးတော်မူရာ၌လည်း (ကိုယ်)ဖြင့်ပြုပြင်ရန် တရား၊ (နှုတ်)ဖြင့်ပြုပြင်ရန်တရား၊ (စိတ်)ဖြင့်ပြုပြင်ရန်တရားဟူ၍ (ကိုယ်၊နှုတ်၊ စိတ်၊)သုံးပါးလုံး ယဉ်ကျေး သိမ်မွေ့ကြစေရအောင် ဟောကြားဆုံးမပေးတော်မူပါပေသည်။

ဗုဒ္ဓဘာသာ၌ မြတ်ဗုဒ္ဓအား “ဘုရားရတနာ”ဟူ၍ ခေါ်ဆိုပြီး မြတ်ဗုဒ္ဓဟောကြားခဲ့သော “စကား”တော်များမှာ လည်း မွန်မြတ်လွန်းလှသောကြောင့်၊ မြတ်ဗုဒ္ဓ၏စကားတော်များကို စာပေအဖြစ် အက္ခရာတင်ကြရာ၌ အက္ခရာ အားဖြင့်(ဓမ္မခန္ဓာ)ဟုခေါ်ဆိုသော တရားစာလုံးပေါင်း ရှစ်သောင်းလေးထောင်ရှိပြီး (ပိဋကတ်) အနေဖြင့် ပိဋကတ်သုံးပုံရှိသော တရားများကို “တရားရတနာ” ဟုခေါ်ဆိုကြပါသည်။ မြတ်ဗုဒ္ဓကဲ့သို့ ရဟန်းပြုပြီး မြတ်ဗုဒ္ဓ နေထိုင်တော်မူသလို ဝိနည်းတော်စည်းကမ်းများနှင့်အညီ နေထိုင်ကြသော ရဟန်းတော်များသည် တရား အားထုတ်ကြရာ၌ (ရဟန္တာ)အဖြစ်ကို ရရှိပြီးကြသော ရဟန်းတော်များနှင့် (ရဟန္တာ)မဖြစ်ကြရသေးသော (ရဟန်း)တို့သည်လည်း မြတ်ဗုဒ္ဓဆိုဆုံးမသည့်အတိုင်း(ဝိနည်း)တော်စည်းကမ်းများနှင့်အညီ တသွေမသိမ်း လိုက်နာကျင့်ကြံ နေထိုင်ကြသူများဖြစ်ကြပါသဖြင့် အလွန်မွန်မြတ်လှကြသောကြောင့် မြတ်ဗုဒ္ဓ၏ ရဟန်းတော်များအား “သံဃာရတနာ” ဟူ၍ ဗုဒ္ဓဘာသာတွင် ကိုးကွယ်ရာ “ရတနာမြတ်သုံးပါး” ဟူ၍ ရှိပါသည်။

(ရတနာမြတ်သုံးပါး)ကို သဒ္ဓါ၊ပညာဦးစီးပြီး ကန်တော့ခြင်း၊ မှီခိုအားထားခြင်း၊ ကိုးကွယ်ဆည်းကပ်ခြင်းကို “သရဏဂုံသုံးပါး” ကို ဦးထိပ်ထားသည် (သရဏဂုံ) တည်သည်ဟူ၍ ခေါ်ဆိုနိုင်ပါသည်။ (မြတ်ဗုဒ္ဓ)အား ကိုးကွယ်ဆည်းကပ်ပါ၏။ (တရားတော်)ကို ကိုးကွယ်ဆည်းကပ်ပါ၏။ (သံဃာတော်)ကို ကိုးကွယ်ဆည်းကပ် ပါ၏ဟု ပြောဆိုလိုပါလျှင် ပါဠိလိုဘာသာဖြင့် “ဗုဒ္ဓံ သရဏံဂစ္ဆာမိ၊ ဓမ္မံ သရဏံဂစ္ဆာမိ၊ သံဃံ သရဏံဂစ္ဆာမိ” ဟူ၍ ပါဠိလိုရွတ်ဆိုရပါသည်။ ဘုန်းတော်(၆)ပါးနှင့်ပြည့်စုံတော်မူသော (မြတ်ဗုဒ္ဓ)အားရှိခိုးပါ၏ဟု ရွတ်ဆိုလိုပါလျှင် “နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ” ဟူ၍ ရွတ်ဆိုရပါသည်။

စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်စုံကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)
ဆက်ဖတ်ရန်>>

ရေဖျဉ်းစွဲခြင်း ( Ascites ) ................


ရေဖျဉ်းစွဲခြင်း ( Ascites ) ................

"ထမင်းစားပြီး ချက်ချင်းရေချိုးရင် ရေဖျဉ်းစွဲ တတ်တယ်"တဲ့။ စာရှုသူအားလုံး မကြာခဏ ကြားဖူး နေကျစကားဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ဘာမှ မသိနားမလည်တဲ့ ကလေးဘ၀ကတည်းက ကြားနေ ကျစကားမို့လို့ နားထဲစွဲနေပြီး မှန်သလိုလိုတောင် ထင်လာရတဲ့အထိ လူအတော်များများ ယုံနေကြပါ ပြီ။ ဒါက နည်းပညာဖွံ့ဖြိုးမှုနဲ့အလှမ်းဝေးခဲ့တဲ့ လူကြီး သူမတွေ မပြောနဲ့၊ ယနေ့ခေတ် (ဆေးလောကထဲက မဟုတ်တဲ့) ပညာတတ
်အချို့ကတောင် အမှားအမှန် ခွဲမသိဘဲ အယူသည်း ရှောင်ကြဉ်နေကြတုန်းပဲ။ ဒီ တော့ မေးစရာစကား ရှိလာပါတယ်။

"ထမင်းစားပြီး ချက်ချင်းရေချိုးရင် ရေဖျဉ်းတကယ်စွဲတာလား"

မဟုတ်ပါဘူး။ လုံးဝ မဟုတ်ပါဘူး။ အင်္ဂလိပ် လို Ascites လို့ခေါ်တဲ့ ရေဖျဉ်းစွဲခြင်း ကိုယ်တိုင်က ရောဂါတစ်ခုမဟုတ်ဘဲ အသည်းရောဂါ၊ နှလုံးရော ဂါ၊ ကင်ဆာရောဂါအချို့၊ ကျောက်ကပ်ရောဂါ စတာတွေမှာတွေ့ရတဲ့ လက္ခဏာတစ်ရပ်ပဲ ဖြစ်ပါ တယ်။ ဒါတွေ နောက်ခံရှိနေတဲ့အတွက် ၀မ်းဗိုက်ထဲ ရေတွေစုလာကာ ရေဖျဉ်းစွဲရတာဖြစ်ပြီး ထမင်းစား ပြီး ချိုးလိုက်တဲ့ရေတွေ သွားစုတာ လုံးဝမဟုတ် ကြောင်းပါ။

ဒါဆို ဘိုးဘွားဘီဘင်တွေက လွဲချော်နေတဲ့ အချက်ကြီးကို ယုံကြည် လက်ဆင့်ကမ်းခဲ့ကြတာ လား။ အမှားကြီးပြောခဲ့ကြတာလား။ အဲလိုတော့လဲ မဟုတ်လောက်ပါဘူး။ ထမင်းစားပြီးပြီးချင်း ရေချိုး ရင် ခန္ဓာကိုယ်ရဲ့ အစာချက်မှု၊ စုပ်ယူမှုတွေမှာ ကြီးစွာ သော အနှောင့်အယှက်တွေ ဖြစ်ကုန်တာ သိပ္ပံနည်း ကျ စမ်းသပ်တွေ့ရှိထားရပါတယ်။ အစာချေတဲ့ အချိန်မှာ သွေးလှည့်ပတ်မှုရဲ့ အများဆုံးဝေစုကို အစာအိမ်နဲ့ အူလမ်းကြောင်းက စွမ်းအင်ရဖို့ ယူရပါ တယ်။ အဲအချိန်မှာ ရေချိုးလိုက်ရင် ကျဆင်းသွားတဲ့ အရေပြား အပူချိန်ကိုထိန်းဖို့ ခြေလက်တွေနဲ့ အရေ ပြားဆီ သွေးတွေ ပုံမှန်ထက်ပိုပြီး ပို့လွှတ်ပေးလိုက် ရလို့ အူလမ်းကြောင်းကရတဲ့ ဝေစုလျော့နည်းသွား ကာ အစာချေမှုအနှောင့်အယှက်ဖြစ်ပါတယ်။

အစာ မကြေ လေပွခြင်း၊ မအီမသာဖြစ်ခြင်းတို့ ခံစားရ တတ်တာကို ရှေးလူကြီးတွေကသိလို့ အကျိုးယုတ် မှာစိုးလို့ တားခဲ့တာဖြစ်ပါတယ်။ ခက်တာက ရိုးရိုး ရှင်းအောင်ပြောပြီး မတားဘဲ အကြောက်တရား ကြီးနဲ့တွဲပြီးတားခဲ့တာက နောက်မျိုးဆက်တွေ အယူ အဆလွဲမှုဖြစ်စေတော့တာပေါ့။ (သိပ္ပံနဲ့ နည်းပညာ မထွန်းကားသေးချိန်ကမို့ တကယ်အယူအဆလွဲခဲ့ တာလည်း ဖြစ်နိုင်ပါတယ်) ဒါကို ကျွန်တော်တို့က သိမြင်ပြီး အနာဂတ် မျိုးဆက်တွေအတွက် အသိ အမြင်မှန်တွေပဲချန်ခဲ့နိုင်ဖို့ ကြိုးစားရပါမယ်။ ထမင်း စားပြီးရင် မလုပ်သင့်တဲ့ အခြားအရာတွေကတော့ လမ်းမြန်မြန် ဝေးဝေးလျှောက်ခြင်း၊ ဆေးလိပ် သောက်ခြင်း၊ လက်ဖက်ရည်သောက်ခြင်း စတာတွေ ဖြစ်ပါတယ်။

(ရှေးလူကြီးတွေဟာ ပုံတိုပတ်စလေးတွေ ဖန် တီးပြီး ကလေးကို ဆုံးမရာမှာ ဖြတ်ထိုးÓဏ် အင်မ တန်ရင့်သန်ခဲ့ကြပါတယ်။ ညအိပ်ရာဝင်ရင် ခံစားရ တဲ့ အမြင့်က သိမ့်ကနဲကျသွားတဲ့ ခံစားမှုဟာ အိပ် ပျော်မှု ပုံမှန်မဖြစ်သေးလို့ ခံစားရတဲ့ အိပ်မက်ဆိုးတို လေးတစ်ခု (A Short Nightmare) ဖြစ်ပါတယ်။ ထမင်းကို ရိုသေတာရယ်၊ အိပ်ရာထဲ မသန့်တဲ့ ခြေ ထောက်တွေနဲ့ ၀င်လာမှာစိုးလို့ရယ် ကလေးတွေကို "ထမင်းလုံးတစ္ဆေ"ဆိုတဲ့ ဝေါဟာရတီထွင်ပြီး ခြောက် ခဲ့တာ အခုဆိုရင် အဲဒီဝေါဟာရဟာ တကယ်စွဲနေ ပြီး ယုံကြည်လက်ခံထားမှုတွေ လူအများစုမှာ ရှိဆဲ ပါ။ ရှေးလူကြီးတွေကို အပြစ်ဆိုစရာ မစဉ်းစားဘဲ ကျွန်တော်တို့ မျိုးဆက်သစ်တွေကျရင် တကယ်မှန် ကန်တဲ့ အသိပညာတွေ ဘယ်လို လက်ဆင့်ကမ်းခဲ့ မလဲဆိုတာ တွေးထားရမှာ ဖြစ်ပါတယ်)

ရေဖျဉ်းစွဲခြင်းဆိုတာ ဘာလဲ
ဝမ်းဗိုက်ခေါင်းထဲမှာ အ၀ါဖျော့ရောင် (သို့) အကြည်ရောင် အရည်တွေစုလာခြင်းကို ခေါ်ပါ တယ်။ ၀မ်းဗိုက်နဲ့ အဆုတ်၊ နှလုံးတို့ ရှိရာ ရင်ခေါင်း ကို Diaphragm ခေါ် ကိုယ်တွင်းခေါင်း ကန့်လန့် ကာ ကြွက်သားနဲ့ ပိုင်းခြားထားလို့ အဆုတ်ထဲ ရေ ၀င်တာနဲ့မတူဘူးလို့ သိထားရပါမယ်။

ဖြစ်စေတဲ့အကြောင်းရင်းတွေက ဘာတွေလဲ
ရေဖျဉ်းစွဲခြင်းရဲ့ အဖြစ်အများဆုံး အကြောင်း ရင်းက အသည်းခြောက်ခြင်း (Cirrhosis of Liver) လိုမျိုး ဆိုးရွားပျက်စီးနေတဲ့ အသည်းရောဂါတွေ ကြောင့် ဖြစ်ရတာဖြစ်ပါတယ်။ ရေဖျဉ်းစွဲတဲ့သူ ငါး ယောက်မှာ လေးယောက်ဟာ အသည်းရောဂါ ကြောင့်ဖြစ်ရတာဖြစ်ပါတယ်။ အသည်းခြောက်ခြင်း ဟာ အရက်ကို နှစ်ရှည်လများ (သို့) အလွန်အကျွံ သောက်သူ အမျိုးသားတွေမှာ ဖြစ်တာများပေမယ့် ငရုတ်သီးမှိုတွေစားပြီး အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး တစ်ခုခုရှိနေသူ အမျိုးသမီးများလည်း အသည်းခြောက်နိုင်တာ တွေ့ရပါတယ်။ အသည်း ခြောက်တယ်ဆိုတဲ့ ဝေါဟာရဟာ မြန်မာလို အဆင် ပြေသလို ပြန်ထားတာဖြစ်ပြီး တကယ်တမ်း ခြောက် သွေ့သွားတာတော့ မဟုတ်ပါဘူး။

အရက်၊ ဘီပိုး၊ စီပိုး၊ အသည်းအဆီဖုံးခြင်း စတဲ့ အဖြစ်အများဆုံး အကြောင်းတရားတွေကြောင့် အသည်းက ဒဏ်ရာ တွေရကာ အဲဒီနေရာမှာ အမာရွတ်တစ်သျှူးတွေပဲ ပြန်ဖြစ်လို့ ပုံမှန်အလုပ်လုပ်ဖို့ မတတ်နိုင်တော့တဲ့ အခြေအနေကိုခေါ်တာ ဖြစ်ပါတယ်။ သူ့ရဲ့ ရောဂါ သဘောက ပျက်ပြီးသား အသည်းနေရာက ပြန် ကောင်းဖို့ အရမ်းခဲယဉ်းပြီး အသည်းတစ်ခုလုံးသာ ဆက်ပျက်သွားတာမျိုး ဖြစ်ပါတယ်။ အသည်းပျက် လို့ ပရိုတိန်းတွေ မထုတ်လုပ်နိုင်တော့တဲ့အတွက် သွေးကြောတွေထဲက ရေဓာတ်ကို မထိန်းထားနိုင် တော့ဘဲ ရေတွေက ၀မ်းဗိုက်ထဲလာစုတာ ဖြစ်ပါ တယ်။

အသည်းရောဂါ တစ်မျိုးဖြစ်တဲ့ ရှောင်တခင် အသည်းလုပ်ငန်းများ ရပ်ဆိုင်းသွားခြင်း (Acute Liver Failure) မှာလည်း ရေဖျဉ်းစွဲခြင်း ပေါ်လာ တတ်ပါတယ်။ ဖြစ်စေတဲ့ အကြောင်းရင်တစ်ခုကို ဥပမာပေးရရင် ပါရာစီတမော လွန်ကဲစွာသောက်မိ လို့ အဆိပ်သင့်ခြင်းပေါ့။ အသည်းရဲ့ သွေးပြန်ကြော တွေ ပိတ်ဆို့သွားတဲ့ ဘတ်ချီရီရောဂါစု (Budd-Chiari Syndrome) မှာလည်း ရေဖျဉ်းစွဲခြင်း၊ အသည်းနဲ့ ဘေလုံးကြီးလာခြင်းနဲ့ ဗိုက်အသည်း အသန်အောင့်ခြင်းတို့ တွဲဖြစ်ပါတယ်။ ဒါ့အပြင် အူမ ကြီးကင်ဆာ၊ ပန်ကရိယခေါ် မုန့်ချိုအိတ်ကင်ဆာ၊ အစာအိမ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အဆုတ်ကင် ဆာ၊ သားဥအိမ်ကင်ဆာ စတဲ့ ကင်ဆာအတော်များ များက အသည်းနဲ့ဝမ်းဗိုက်တွင်း ကလီစာတွေကို ပျံ့နှံ့ရောက်ရှိတတ်ပြီး ရေဖျဉ်းစွဲစေတတ်ပါတယ်။
နှလုံးစွမ်းဆောင်ရည် ကျဆင်းရပ်ဆိုင်းလာခြင်း (Heart Failure) ရောဂါမှာလည်း သွေးကြောတွေ ထဲမှာ သွေးကောင်းကောင်း ပျံ့နှံ့သွားအောင် နှလုံး က ညှစ်မပို့နိုင်တော့လို့ နောက်ဆက်တွဲအနေနဲ့ ရေ ဖျဉ်းစွဲပါတယ်။ Nephrotic Syndrome လို့ ခေါ် တဲ့ ကျောက်ကပ်ရောဂါမှာလည်း ပရိုတိန်းခေါ် အသားဓာတ်တွေ သွေးထဲကနေ ဆီးစွန့်တဲ့အထဲ ပါသွားပြီး ဆုံးရှုံးကုန်လို့ သွေးက အရည်တွေ မထိန်း ထားနိုင်တော့ဘဲ ဗိုက်ထဲမှာစုကာ ရေဖျဉ်းစွဲစေပါ တယ်။

ရှောင်တခင် ပန်ကရိယ ရောင်ခြင်း (Acute Pancreatitis) နဲ့ နာတာရှည် ပန်ကရိယရောင်ခြင်း (Chronic Pancreatitis) နှစ်မျိုးစလုံးမှာ ရေဖျဉ်း ဟာ လက္ခဏာတစ်ရပ်အနေနဲ့ ပေါ်လာနိုင်ပါတယ်။ အသည်းရောဂါကြောင့်ဖြစ်ရတဲ့ ရေဖျဉ်းလောက် တော့မကြီးဘူးပေါ့လေ။ အစာအိမ်အူလမ်းကြောင်း မှာ ရောဂါပိုးဝင်ရောက်မှု ပြင်းပြင်းထန်ထန်ဖြစ်ကာ ၀မ်းဗိုက်ရောင်ရင်လည်း ဖြစ်နိုင်ပါတယ်။ တွေ့နေကျ မဟုတ်တဲ့ ရေဖျဉ်းစွဲရခြင်း အကြောင်းတစ်ခုကို ပြောရမယ်ဆိုရင် လည်ပင်းက သိုင်းရှိုက်အကျိတ် လုပ်ဆောင်မှုနည်းလို့ သိုင်းရှိုက်ဟော်မုန်း နည်းခြင်း (Hypothyroidism) မှာလည်း မကုဘဲ ပစ်ထား တာကြာရင် ရေဖျဉ်းစွဲပါတယ်။ သိုင်းရှိုက်ဟော်မုန်း ပမာဏ ပြန်မှန်သွားတာနဲ့ ရေဖျဉ်းက အလိုလို ပျောက်ပါတယ်။

ရေဖျဉ်းစွဲနေကြောင်း ဘယ်လိုအတည်ပြုနိုင်သလဲ
ရေသန့်ပုလင်း တစ်ဝက်စာ (500 ml) လောက် ရှိနေပြီဆိုရင်ပဲ ဆရာဝန်က လက်နဲ့ စမ်းသပ်သိရှိနိုင် ပါပြီ။ အရမ်းနည်းနေပြီး မသိသာပေမယ့် ရောဂါ အနေအထားကို သုံးသပ်ပြီး ဆရာဝန်က Ultrasound ခေါ် တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်ခိုင်းရင် သိနိုင်ပါတယ်။

ဘယ်လို ကုသကာကွယ်နိုင်မလဲ
ရေဖျဉ်းစွဲခြင်း သက်သက်ကို ကုသစရာမလိုဘဲ နောက်ခံရောဂါအကြောင်းရင်းကို ရှာကုရမှာ ဖြစ်ပါ တယ်။ အထက်မှာပြောခဲ့တဲ့ ရောဂါတွေထဲက တစ်ခု ခုပေါ့။ ဥပမာ ကင်ဆာဆိုရင် ကင်ဆာခီမိုဆေး၊ ဓာတ်ရောင်ခြည်စတဲ့ သက်ဆိုင်ရာကုထုံးနဲ့ ကုရမှာ ဖြစ်ပြီး အသည်းရောဂါမှာ အသည်းဆေးတွေနဲ့ ကုမလား၊ ခွဲစိတ်မလား၊ အသည်းအစားထိုးမလား စသဖြင့် စဉ်းစားရမှာ ဖြစ်ပါတယ်။
ရေဖျဉ်းရှိတဲ့ ဝေဒနာရှင်တွေ အားလုံးကို ရေနဲ့ အငန်ဓာတ်လျှော့စားခိုင်းပါတယ်။ ဆားဆိုရင် တစ် နေ့ကို 2 g ထက်ပိုစားလို့ မရပါဘူး။ လိုအပ်သလို ဆီးဆေးတွေပေးပါတယ်။ အရည်တွေ အရမ်းများရင် ဖောက်ထုတ်မယ်။ အသည်း/နှလုံး/ကျောက်ကပ် စတဲ့ရောဂါဖြစ်နေတဲ့အင်္ဂါကို ခွဲစိတ်ကုသဖို့ အရမ်း ဆိုးရင် အစားထိုးဖို့ လုပ်ဆောင်ပါမယ်။ ဒါတွေက ဗဟုသုတ အဖြစ်ဖော်ပြတာဖြစ်ပြီး ရောဂါတကယ် ဖြစ်လာရင် ဆေးရုံတက်ကုသမှု ခံယူရမှာသာ ဖြစ် ပါတယ်။ ကာကွယ်နည်းတွေကတော့ အထက်ပါ ရောဂါတွေမဖြစ်အောင် နေထိုင်နည်းတွေပဲ ဖြစ်ပါ တယ်။ ဥပမာ အရက်အလွန်အကျွံသောက်ခြင်းကို ရှောင်ကြဉ်မယ်၊ အသည်းရောင်အသားဝါဘီပိုး ကာ ကွယ်ဆေးထိုးထားမယ်ဆိုရင် အသည်းကြောင့် ရေ ဖျဉ်းစွဲတာကို ကာကွယ်နိုင်မှာပါ။ နှလုံးရောဂါ၊ သိုင်း ရှိုက်အကျိတ်ဆိုင်ရာ ရောဂါတစ်ခုခု ရှိနေရင် ဂရုတ စိုက်ကုမယ်၊ ညွှန်ကြားထားတဲ့ဆေးကို မှန်မှန် သောက်မယ် စသဖြင့်ပေါ့။

ရေဖျဉ်းစွဲနေခြင်းရဲ့ အရေးကြီးသောအချက်
ဝမ်းဗိုက်ဟာ တဖြည်းဖြည်း ဖောင်းလာပြီး အရည်တွေရှိနေတယ်ထင်ရင် နီးစပ်ရာ ဆေးရုံဆေး ခန်းကို အမြန်ဆုံးသွားရောက်စစ်ဆေးပြီး လိုအပ်တဲ့ ကုသမှုခံယူရမှာ ဖြစ်ပါတယ်။ ရေဖျဉ်းစွဲတယ်ဆိုတာ ခန္ဓာကိုယ်ထဲက ကလီစာတစ်ခုခု ပျက်ယွင်းနေပြီး သွေးထဲက အရည်တွေကို မထိန်းသိမ်းနိုင်တဲ့ အခြေ အနေထိ ရောက်နေပြီဆိုတာပြတဲ့ လက္ခဏာတစ်ရပ် ဖြစ်ကြောင်းပါ။Health 

ဆက်ဖတ်ရန်>>

Sunday, October 21, 2012

icon လေးတွေမှာမြန်မာလို ရေးမယ်....

ကဲ ဒါလေးကတော့ အတိုအထွာလေးပါ သိတဲ့သူတွေအတွက်ကတော့ ကလေးကစားစရာလို့...
ထင်ပါလိမ့်မယ် ကျွန်တော်တို့လိုလေ့လာနေဆဲလူအတွက် ပြီးတော့ မသိသေးတဲ့ သူငယ်ချင်းများ အတွက်ပါ....ကဲ desktop icon လေးကိုမြန်မာလို rename ပြောင်းဖို့ရာ.... desktop > right click >
personalize ကိုသွားပါ ပြီးရင် window color ကိုရှာပြီး click လုပ်ပါ ပြီးရင် advanced appearance setting ကိုသွားပါ item ဆိုတဲ့ခေါင်းစဉ်လေး အောက်မှာ icon ဆိုတာကိုရွေးပေးပါ ပြီးရင် အောက်က font ဆိုတာလေးမှာ zawgyi one လို့ပြောင်းပေးပါ...ပြီးရင် item ဆိုတဲ့ခေါင်းစဉ်မှာ menu နဲ့ message box ကိုဆက်ရှာပြီး အောက်က font နေရာမှာ zawgyi one လို့ပြောင်းပေးပါ ok and apply လုပ်ပါ ဒါဆိုရင် အားလုံးအဆင်ပြေပါပြီ rename လေးလဲအဆင်ပြေပါပြီ နေရာတကာ zawgyi နဲ့ပြေးမလွတ်တော့ဘူးပေါ့....အဆင်ပြေပါစေ.....kyaungywathar....




ဆက်ဖတ်ရန်>>

Mac မှာ ဇောဂျီဖောင့်သွင်းမယ်....

ကဲဒီပို့စ်လေးကတော့ Mac computer တွေမှာ ဇော်ဂျီဖောင့်....သွင်းတာလေး ပြောပြသွားပါ့မယ်....ပထမဆုံး အောက်ကပေးထားတဲ့ Link လေးတွေကို ဒေါင်းလိုက်ပါအုံး....


ကဲကျွန်တော်တို့ အထက်က လင့်လေးတွေကိုဒေါင်းပြီးတဲ့အခါမှာ ဇော်ဂျီကို စတင် install လုပ်မှဖြစ်ပါတယ်..
dmg ဖိုင်ကတော့ ဗားရှင်းတော်တော်များများရပါတယ် ဆိုတော့ dmg ဖိုင်နဲ့ပဲ အသုံးပြုပါ တကယ်လို့မရတော့မှသာ mpkg ကိုသုံးပါ ကျွန်တော်ကတော့ dmg နဲ့ပဲ အဆင်ပြေသွားပါတယ် ခင်ဗျာ........
ကဲဖိုင်လေးကိုစပြီးတော့ double click ပေးပြီး run ပေးလိုက်ပါ....အောက်ကပုံလေးအတိုင်းတွေ့၇ပါလိမ့်မယ်.
ပုံမှပြထားတဲ့အတိုင်း drag ဆွဲထည့်ပေးပါ.....ပြီးသွားရင်တော့ အောက်ကပုံလေးကိုဆက်ကြည့်ပါ....
ကဲပုံလေးအတိုင်း ရဖို့  dock ကနေ system preferences>language and text ကိုသွားပါ ပြီးရင်တော့ input source ကိုဆက်သွားပါ list ထဲမှာ ပုံမှာပြထားတဲ့အတိုင်း Zawgyi KB ကိုအမှန်ခြစ်ပေးလိုက်ပါ...ပြီးသွား၇င်တော့. Keyboard shortcuts ကိုဆက်သွားပါအုံး...အောက်ကပေးထားတဲ့ပုံလေးကိုဆက်ကြည့်ပါ....
ပြီးသွားရင်တော့ ပုံမှာပြထားသလို spotlight ကိုသွားပြီး show spotlight search field ကိုအမှန်ခြစ်ဖြုတ်လိုက်ပါ....အောက်ကပုံမှာဆက်ကြည့်ပါ....
ပြီးသွားရင်တော့ keyboard and text ကိုဆက်သွားပါ....ညာဖက်အောက်ခြေက ....select next source in input menu ကို အမှန်ခြစ်လေးဖြုတ်ပေးလိုက်ပါ....ကဲအောက်ကပုံလေးကိုဆက်ကြည့်ပါအုံး....
ပုံမှာပြထားတဲ့အတိုင်း application > font book ကိုဆက်သွားပါ ပြီးရင် Myanmar MN နဲ့ Myanmar sangam MN ကို  disable လုပ်ပေးပါ (မှတ်ချက် တချို့ version အနိမ့်တွေကတော့ ဒီအဆင်မလိုဘူး ဒါပေမယ့် ကျွန်တော်က mountain lion ဆိုတော့ ဒီအဆင့်ကိုကျော်သွားရင် စာတွေက မူမမှန်တော့ဘူး :P) အဲအဆင့်မလုပ်ခင် စာအရင်ရိုက်ကြည့်ပေါ့ ... အော် စာရိုက်ဖို့က...အောက်ကပုံလေးအတိုင်း ကီးဘုတ်လေးကို ရွေးပြီး စာရိုက်ရုံပါပဲ......

ကဲ အဲ့လောက်ဆိုရင်တော့အဆင်ပြေမယ်ထင်တယ် ..... mpkg ကို install လုပ်တာတော့ပြောတော့ဘူး နော်
သူလဲလွယ်တယ် သူ့အဆင်တိုင်းသာလုပ်သွားပါ... admin passward တောင်းလာရင် ကွန်ပြုတာစဖွင့်ခြင်းမှာ
ကိုယ်ပေးထားတဲ့ Passward ရိုက်ရုံပါပဲ dmg file ပဲ အသုံးပြုပါ မရတော့မှ သာ mpkg ကိုသုံးပါ...
ကဲနောက်တဆင့်ပတော့.... new keyboard layout လေးအစားထိုးတာပြောပါ့မယ် အစားမထိုးလဲရိုက်လို့၇မှာပါ နဲနဲတော့ ကွဲတယ်ထင်တယ် ...စမ်းကြည့်ပေါ့ဗျာ အော်လက်ကွက်ကတော့ ဇော်ဂျီလက်ကွက်အတိုင်းပါပဲ ပတ်ဆင့်တွေကတော့ option key နဲ့ခံရိုက်၇ပါတယ် ကျွန်တော်တော့ ပတ်ဆင့်သိပ်မသုံးတော့ သိဝူး...ဟိ....ကဲ အောက်ကပုံလေးကိုကြည့်ပါအုံး....
အပေါ် menu bar ကနေ Go > Computer > Macintosh HD > Library > Keyboard layout မှာ စောနကဒေါင်းထားတဲ့ ဖိုင်းလေကို ကူးထည့်လိုက်ပါ admin passward တောင်းလာရင်ပေးလိုက်ပါ replace လုပ်လိုက်ပါ...ကဲ ဒါဆိုရင်တော့ အားလုံးအဆင်ပြေမှာပါ... နောက်တခုကတော့ လိုကမယ်ရ safari မှာ
တခုဝင်ပြင်လိုက်ပါ....Safari > Preference > advanced > default encoding မှာ unicode (UTF-8) ကိုရွေးပေးလိုက်ပါ ... ဒါဆိုရင်လဲ ပိုအဆင်ပြေသွားတာပေါ့ ဗျာ......
ကဲ ပန်းသီး သုံးသူများ အဆင်ပြေပါစေ ကောင်မလေးတွေနဲ့လဲ များများပွားနိုင်ပါစေပေါ့.....အားလုံးပျော်ရွှင်ပါစေ.....ကျောင်းရွာသား.....

ဆက်ဖတ်ရန်>>

မြန်မာပြည်က ညောင်ရွှေပရိတ်သတ်များအတွက် အိုင်စီ ရှိုး



ဆက်ဖတ်ရန်>>

mac အတွက် youtube downloader

ကဲ mac မှာလဲ youtube video များကို ဒေါင်းချင်သူများအတွက် dmg file လေးကိုအောက်က လင့်လေးမှာ ယူသွားနော်.....
ဒီမှာ ယူသွားပါ ....
အောက်မှာပုံလေးတွေပြထားပါတယ် ပထမဆုံး dmg file ကိုအရင် run လိုက်ပါ ပြီးရင် ပုံမှာပြထားတဲ့အတိုင်း 
application folder ထဲကို drag ဆွဲထည့်ပေးလိုက်ပါ ... ပြီးရင် နောက်တစ်ပုံမှာ ပြထားတဲ့အတိုင်း application folder မှာ ရောက်သွားပါပြီ အလိုရှိသလို dock ပေါ်ဖြစ်ဖြစ် desktop ပေါ်ဖြစ်ဖြစ် တင်ထားလိုက်ပေါ့ ....
အောက်ဆုံးတပုံကတော့ download ပြုလုပ်နေသောပုံလေးပါခင်ဗျာ....အဆင်ပြေပါစေ....






ဆက်ဖတ်ရန်>>

Linkin Park Live Show....

Linkin Park Live ကောင်းကောင်းလေး နားထောင်ချင်လား...အောက်မှာအဆင်သင့်ပဲနော် သီချင်းကောင်းတွေတော်တော်များများပါတယ်နော် နဲနဲတော့ကြမ်းချင်ကြမ်းမယ် ကျွန်တော်တော့မအူပင် မှာကျောင်းတက်ထဲက အားပေးလာတာ ဒီ (စလုံး) ရောက်မှသီချင်းများနဲ့ အဆက်သွယ်ပြတ်တာကြာပြီ...
ကဲ ကြိုက်တဲ့သူများ နားဆင်ကြကုန်...... ဆက်ဖတ်ရန်>>

window 7 မှာ zawgyi font သွင်းမယ်....

မသိသေးသော သူငယ်ချင်းများ အတွက်ပါ တော်တော်များများတော့သိပါလိမ့်မယ် ကျွန်တော်လဲ သိသလောက်လေးပြောပြတာပါ အမှားပါခဲ့ရင်လဲ ပြင်ဆင်ပေးကြပါလို့.......
ကျွန်တော်တို့တွေ ခုလက်ရှိမှာတော့ window 7 ကိုအသုံးများလာကြပါတယ် ဒါကြောင့် window 7 မှာ ဇော်ဂျီ ဖောင့်သွင်းပုံလေးကို ဖေါ်ပြသွားမှဖြစ်ပါတယ် window 7 မှာ 32 bit ရယ် 64 bit ရယ် နှစ်မျိုးရှိပါတယ် 64 လား 32 လားဘယ်လိုသိနိုင်လဲဆိုတော့ my computer မှာ right click နှိပ် properties ကိုသွားပါ....အောက်ပုံမှာမြင်ရတဲ့အတိုင်းတွေ့၇ပါလိမ့်မယ်
ပုံမှာပြထားတဲ့အတိုင်း system type မှာ မိမိရဲ့ operation system ကိုမြင်တွေ့၇မှာပါ ကဲ အောက်မှာလင့်လေးပေးထားပါတယ် ဒေါင်းလိုက်ပါအုံး....
For 32 bit
For 64 bit
မိမိနဲ့သက်ဆိုင်ရာကို download ပြီး install လုပ်ပါ (64 သမားများကတော့ 32 ထဲက zawgyi  setup ဆိုတဲ့ file လေးကို အရင် run ပေးလိုက်ပါ ပြီးမှ 64 ထဲက setup လေးကို run ပေးလိုက်ပါ)....ပြီးသွား၇င်တော့ IE(internet explorer) မှာသွားပြင်ရမှာဖြစ်ပါတယ်...internet option ကိုသွားပါ....ဘယ်လိုသွား၇မလဲဆိုတာ ပုံလေးပြထားပါတယ်...
အဲအဝိုင်းလေးကိုနိပ်ပြီး internet option ကိုဝင်ပါ....ပြီးရင်အောက်မှာ ပုံလေးထပ်ပြထားပါတယ်....
general ထဲက font ဆိုတာလေးကိုနိပ်ပါ ပြီး၇င် ပုံမှာမြင်၇တဲ့အတိုင်း zawgyi-one ကိုရွေးပေးပါ....ပြီးသွားရင် အောက်မှာပုံလေး ထပ်ပြထားပါတယ်....
ပြီးရင်တော့ font ဘေးက accessibility ကိုနှိပ်ပေးပါ formatting အောက်က ignore font sytles.... ဆိုတာလေးမှာ check လုပ်ပေးပါ (မှတ်ချက် အဲမှာ check မလုပ်ခင် စာတွေပေါ်မပေါ်ကို web page တခုဖွင့်ကြည့်ပါ အိုကေပြီ အားလုံးပေါ်နေပြီဆို၇င် check မလုပ်လဲ၇ပါတယ် မပေါ်ဘူးဆို၇င်တော့ option ကိုပြန်ဝင်ပြီး check လုပ်ပေးပါ) ကျွန်တော်ကတော့ check လုပ်ပြီးမှ မြင်ရလို့ ..... အားလုံးပြီးသွား၇င်တော့ ..... ကွန်ပြူတာညာဖက် အောက်ခြေနားက icon tray လေးမှာ ကီးဘုတ် ပုံလေးပေါ်နေလားကြည့်ပါ မပေါ်သေးရင်တော့.....အောက်က ပုံလေး အတိုင်းဆက်လုပ်ပါ....
control panel ကိုသွားပါ (ကွန်ပြူတာ ဘယ်ဘက်အောက်ခြေက start menu ထဲမှာ control panel လိုက်ရိုက်ထည့်ပါ) ပြီးရင် clock , language, region ခေါင်းစဉ်အောက်က change keyboard setting ကိုသွားပါ.....အောက်မှာပုံကို ဆက်ကြည့်ပါ....


change keyboard ကိုနှိပ်ပါ......
add ကိုနှိပ်ပါ....
ပုံမှာပြထားတဲ့အတိုင်း zawgyi ကိုရှာပါ.....(ဒီပုံက 64 bit အတွက်ပုံပါ)...ပြီး၇င် ok ပေးပါ....
ပြီးရင် apply လုပ်ပါ ok ဆက်နှိပ်ပါ....
ပြီး၇င်တော့ ကွန်ပြူတာညာဖက်အောက်ခြေက ကီးဘုတ်လေးကိုနှိပ်ကြည့်ပါ ဇောဂျီ ဆိုတာလေးနဲ့ နောက်တခုကတော့ english အတွက်ပေါ့ နှစ်ခုပေါ်နေပါလိမ့်မယ် ဒါဆိုရိုက်လို့၇ပါပြီ.....


ကဲ key layout လေးပါထည့်ပေးထားပါတယ် သုံးလို့အဆင်ပြေမှာပါ.....အများစုက mozila ကိုသုံးတဲ့အတွက်ကြောင့် mozila မှာလဲသွားပြင်ပါမယ် menu>tool>option ကိုဝင်ပါ....
ပုံမှာပြထားတဲ့အတိုင်းလုပ်ဆောင်ပါ ပြီးရင်တော့ advanced ကိုသွားပါ....
ပုံမှာပြထားတဲ့အတိုင်းဆက်လက်လုပ်ဆောင်ပါ.....ပြီးသွား၇င်တော့ ok နှိပ်ပြီးပြန်ထွက်ပါ ဒါဆို၇င်တော့ web page တွေအတွက် မြန်မာစာ၇ပါပြီခင်ဗျာ....နောက်ထပ် Gtalk မှာမြန်မာလိုရချင်ရင်တော့.....
ဂျီတော့ setting ထဲကိုဝင်ပါ change font ထဲကနေပြီးတော့ zawgyi လေးကိုရွေးပြီး ok ပေးလိုက်ပါ
ကဲဒါဆို၇င်တော့၇ပါပြီခင်ဗျာ......အားလုံးအဆင်ပြေကြပါစေ.....






ဆက်ဖတ်ရန်>>