Pages

Showing posts with label သိပ္ပံနှင့် နည်းပညာ. Show all posts
Showing posts with label သိပ္ပံနှင့် နည်းပညာ. Show all posts

Saturday, November 17, 2012

solar energy (နေရောင်ခြည်စွမ်းအားသုံးလျှပ်စစ်ကိုဘယ်လိုထုတ်ယူသလဲ)

ကဲဒါလေးကတော့ နေရောင်ခြည်ကနေ လျှပ်စစ်စွမ်းအားကိုဘယ်လိုထုတ်ယူကြသလဲဆိုတာကို ဗဟုသုတ အလို့ငှာ ကျောင်းရွာသား မှ တဆင့် မျှဝေလိုက်ပါကြောင်း......


ဆက်ဖတ်ရန်>>

wind power (လေအား လျှပ်စစ်ကို ဘယ်လိုထုတ်ယူကြသလဲ)

ကဲ ဒီဗွီဒီယို ဖိုင်လေးကတော့ လေအားလျှပ်စစ်ကိုဘယ်လို ထုတ်ယူကြသလဲ wind turbine တွေဘယ်လိုအလုပ်လုပ်ကြသလဲဆိုတာ မိတ်ဆွေများကို ဗဟုသုတအနေနဲ့ မျှဝေပေးလိုက်ပါတယ်ခင်ဗျာ....ကျောင်းရွာသား.... ဆက်ဖတ်ရန်>>

hydro power (ရေအား လျှပ်စစ် ဘယ်လိုထုတ်လုပ်သလဲ)

ဒီ youtube file လေးတွေကတော့ ရေအားလျှပ်စစ် ဘယ်လိုထုတ်သလဲ ပြီးတော့ fraincis turbine တွေဘယ်လို အလုပ်လုပ်သလဲ ဆိုတာကို အသိပညာ ဗဟုသုတလေး အနေနဲ့ မျှ ဝေ လိုက်ပါတယ် ခင်ဗျာ...ကျောင်းရွာသား.....

ဆက်ဖတ်ရန်>>

Thursday, November 15, 2012

သတင်းအချက်အလက် သိမ်းဆည်းထားသော NASA လပ်(ပ်)တော့ တစ်လုံး အခိုးယူခံရ


အမေရိကန် လေကြောင်းနှင့် အာကာသ ကုမ္မဏီ NASA မှ သတင်းအချက် သိမ်းဆည်းထားသော Laptop ကွန်ပျူတာ တစ်လုံး အခိုးယူခံလိုက် ရ ကြောင်း သိရသည်။
ယင်း လပ်(ပ်)တော့ကို မော်တော်ကားတွင်း ထည့်ထားစဉ် ပျောက်ဆုံး သွားခြင်း ဖြစ်သည်။ Laptop ထဲတွင် NASA ကုမ္မဏီ ဝန်ထမ်းနှင့် အခြား စာချုပ်များနှင့် သက်ဆိုင်သော သတင်းအချက် များစွာ ပါဝင်သည်။ လျို့ ဝှက်ကုဒ်နံပါတ်များလည်း သိမ်းဆည်း ထားသည့် အတွက် NASA ရုံးချုပ်၏ ဆိုင်ဘာလုံခြုံရေးများ ပျက်ဆီးသွားနိုင်ကြောင်း သိရသည်။ ထို့ကြောင့် အမေရိကန်နိုင်ငံ တစ်ဝန်းရှိ NASA ကွန်ရက်တစ်ခုလုံးကို ဒီဇင်ဘာလ ၂၁ ရက်နေ့ နောက်ဆုံးထားပြီး လုံခြုံရေး အဆင့်မြင့်တင်ရန် Security Software များ ထည့်သွင်း၊ Upgrade လုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

ယခု ပျောက်ဆုံးမှုသည် ပထမအကြိမ် မဟုတ်ပေ။ ၂၀၀၉ ခုနှစ် ဧပြီလမှ ၂၀၁၁ ခုနှစ် ဧပြီလအထိ Laptop နှင့် အခြား မိုဘိုင်းပစ္စည်း စုစုပေါင်း ၄၈ လုံ ပျောက်ဆုံးသွားပြီ ဖြစ်ကြောင်း သိရသည်။ ပျောက်ဆုံးမှုတိုင်းအတွက် လည်း NASA မှ အလုပ်ရှုပ်ခဲ့ပြီး ကုန်ကျစရိတ်ပေါင်း များစွာဖြင့်လုံခြုံရေးများ ထပ်မံ အဆင့်မြင့်ခဲ့ရသည်။ ယခုလည်း Laptop တစ်လုံး ပျောက်ဆုံးမှု က  ထောင်သောင်းမကသော NASA ဝန်ထမ်း များ၏ အချက်အလက်များကို အလွယ်တကူ သိရှိနိုင်ပြီး ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်လာနိုင်စေသည်။ Laptop ကို လုံခြုံရေးအလွှာများခံထားသော်လည်း ထိုးဖောက်ရန် လွယ်ကူကြောင်း သိရသည်။

ယင်းသို့ ပျောက်ဆုံးမှုအတွက်လည်း NASA မှ ငွေကြေး အမြောက်အများ အကုန်ကျခံကာ လုံခြုံရေး အတွက် ထပ်မံသုံးစွဲဖွယ် ရှိကြောင်း သိရသည်။
--
Ref: reuters
Aung Kham (TSJ team)
credit to>>TechSpaceJournal
ဆက်ဖတ်ရန်>>

Google မျက်မှန်ကိုယှဉ်ပြိုင်မည့် ဖုန်းနှင့်တွဲသုံးစရာ Vuzix မျက်မှန်



Google ပဲ Smart မျက်မှန်ထုတ်နိုင်တာ မဟုတ်ပါဘူး။ အမေရိကန် အခြေဆိုက် Vuzix ကုမ္မဏီလည်း Smart Glass တစ်မျိုး ထုတ်လုပ် လိုက်ပြီ ဖြစ်ပါတယ်။ uzix Smart Glasses M100 လို့ အမည် ပေးထား ပါတယ်။

အသုံးပြုပုံကလည်း... Google မျက်မှန်နဲ့ သိပ်မကွာပါဘူး။ Vizix ကတော့ သူတိုပိုသာတယ်လို့ ဆိုပါတယ်။ iPhone , Android ဖုန်းများနဲ့ ပူးတွဲ အသုံးပြုနိုင်အောင် ပြုလုပ်ထားတယ်လို့ဆိုပါတယ်။ Vizix ဟာ နဂိုကလည်းက ရုပ်ရှင်ကြည့် မျက်မှန်ကို ထုတ်လုပ်နေတဲ့ ကုမ္မဏီ ဖြစ်ပါ တယ်။ ဒါကြောင့် M100 ကိုလည်း အဆင့်မြင့်မြင့် ပြုလုပ် ထားမှာ ဖြစ်ပါ တယ်။ အသုံးဝင်ပုံများ ကတော့ အောက်ပါအတိုင်း ဖြစ်ပါ တယ်။

Bluetooth ပါဝင်ပြီး ဖုန်းနဲ့ တိုက်ရိုက်ချိတ်ပေးထားပါတယ်။ Modify ပြန် လုပ်ထားတဲ့ Android OS ပေါ်မှာ အခြေခံပြီး အလုပ်လုပ်မယ့် မျက်မှန် ဖြစ် ပါတယ်။ သို့ပေမယ့် iOS သုံး iPhoneများ နဲ့လည်း တွဲသုံးလို့ ရအောင် စီမံပေးထား ပါတယ်။ မျက်မှန်တပ်ထား ရင် ဖုန်းကို ဖွင့်ကြည့်နေစရာ မလိုပဲ အလိုလို ပေါ်မယ့် Option များစွာ ပါရှိပါတယ်။ ဥပမာ- Message များရောက်လာရင် မျက်မှန် မှာ အလွယ် တကူ ဖတ်နိုင်ပါမယ်။ ပြီးတော့ Message ပြန်လည် အကြောင်းပြန်ဖို့ အတွက်လည်း အသံနဲ့ စာရိုက်မယ့် voice command ပါရှိပါသေးတယ်။ ဗီဒီယို တယ်လီဖုန်းလည်း ပြောဆိုနိုင်ပါတယ်။

ကင်မရာလည်း ပါရှိပြီး ဓာတ်ပုံကို မျက်မှန်နဲ့ ရိုက်နိုင်ပြီး Facebook တို့လို Social Network တွေမှာ ချက်ချင်း Upload လုပ်နိုင်ပါတယ်။ အပြင်သွားတဲ့ အခါ လမ်းမသိတဲ့ အခါမျိုးကျ အင်တာနက် မြေပုံ ဝန်ဆောင်မှု တွေက တစ်ဆင့် နေရပ်လိပ်စာများကို မှန်မှာ အလိုအလျောက် ပေါ်စေပါတယ်။ အရှေ့ ၊ အနောက်၊ တောင်၊ မြောက် လမ်းပြပေးပြီး နေရပ်လိပ်စာ အတိ အကျ ပြသပေးနိုင်ပါတယ်။ သို့ပေမယ့် ယင်းကတော့ Mapping service - Authorized ဖြစ်နိုင်တဲ့ နိုင်ငံတွေမျာပဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

နားကြပ်လည်း တွဲပါပါတယ်။ ရုပ်ရှင်ကြည့်လို့ရပြီး 3D ရုပ်ရှင်တောင် ကြည့်ရှုလို့ ရတယ်လို့ ဆိုပါတယ်။ Youtube က MTV များ၊ ဗီဒီယိုများလည်း ကြည့်ရှုနိုင်ပါတယ်။ အင်တာနက်ကနေ စိတ်ကြိုက် ဗီဒီယိုများ Download ဆွဲပြီးလည်း မျက်မှန်မှာ Offline ကြည့်ရှုလို့ ရပါတယ်။ မျက်မှန်မှာ နာနို နည်းပညာ အသုံးပြုထားတဲ့အတွက် သေးပေမယ့် သူလုပ်နိုင်တာ အတော် များပါတယ်။ အဓိက ကတော့ ဖုန်းနဲ့ တွဲသုံးဖို့ ဖြစ်ပါတယ်။

၂၀၁၃ CES ကမ္ဘာ့နည်းပညာပြပွဲကြီးမှာ ဝင်ရောက် ပြသမှာ ဖြစ်ပါတယ်။ ၂၀၁၃ အတွက် CES (Consumer Electronic Show) ကပေးတဲ့ တစ်နှစ်တာ အကောင်းဆုံး နည်းပညာဆု အချီးမြင့်ခံရမယ့် Gadget တစ်ခုလို့ လည်း ရေပန်းစားနေပါတယ်။

ဈေးလည်း ကြီးမယ့် အနေအထားမှာ ရှိပါတယ်။ Google ရဲ့  Project Glass တောင် Developer ဗားရှင်းအတွက် အမေရိကန်ဒေါ်လာ ၁၅၀၀ သတ်မှတ်ထားပါတယ်။ User များအတွက် တကယ် ဖြန့်ချိလည်း ဈေး ကတော့ မတိမ်းမယိမ်းလောက် ရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့် Vizix ကထုတ်တဲ့ M100 မျက်မှန်ကလည်း မြန်မာငွေနဲ့တွက်ရင် ၁၅ သိန်း ဝန်းကျင် လောက်တော့ တန်ဖိုးရှိမယ့် ပစ္စည်းတစ်ခု ဖြစ်ပါတယ်။

ဒါကြောင့် ငွေ ၁၅ သိန်း အကုန်ကျခံနိုင်မယ်၊ ပစ္စည်းကိုလည်း ကြိုက်တယ် ဆိုရင် ၂၀၁၃ နှစ်ဆန်းမှာ ထွက်ရှိမယ့် M100 မျက်မှန် ကို စောင့်ဆိုင်း ဝယ်ယူနိုင်ပါတယ်။
--
Ref: Vizix
Aung Kham (TSJ team)
credit to>>TechSpaceJournal
ဆက်ဖတ်ရန်>>

Wednesday, November 14, 2012

iPhone အသုံးပြုသူများအတွက် Citizen နာရီ


iPhone အသုံးပြုသူများအတွက် တွဲဖက်သုံးလို့ရမယ့် နာရီမျိုးကို ဂျပန် Citizen နာရီ ကုမ္မဏီက ထုတ်လုပ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၄၀၀ ကျော်တဲ့ အတွက် မြန်မာပြည်မှာ လေးသိန်း ဝန်းကျင် ပေါက်ဈေး ရှိနိုင်ပါတယ်။ လေးသိန်းပေးပြီး ဝယ်သင့်မဝယ်သင့် သူ့ရဲ့  အသုံးဝင်မှုကို ဆက်လက် လေ့လာနိုင်ပါတယ်။ 

Bluetooth 4.0 ပါဝင်ပါတယ်။ iPhone 4S, iPhone 5 များမှာ အသုံးပြုနိုင် ပါမယ်။ အသုံးပြုလို့ရတဲ့ ဖက်ရှင်များကတော့ ဖုန်းထဲကို Message ရောက် လာတာမျိုး၊ ဖုန်းကို အကြောင်းအမျိုးမျိုးကြောင့် Silent  လုပ်ထားတဲ့ အချိန်မျိုးတွေဆို နာရီက Vibrationနဲ့ အချက်ပေးပါတယ်။ ဖုန်းမှာ Reminder ပေးထားရင် သူ့နေ့၊ အချိန် ကျတဲ့အခါ နာရီကလည်း အချက် ပေး ပါတယ်။ 

နာရီထားတဲ့ နေရာ မမှတ်မိရင် iPhone Bluetooth ဖွင့်ပြီး ရှာနိုင်ပါတယ်။ ထိုနည်းတူစွာ ဖုန်းထားတဲ့ နေရာမသိတော့ရင်လည်း နာရီကနေ ခလုပ်နှိပ်ပြီး ဖုန်းကို အသံမြည်စေမှာ ဖြစ်ပါတယ်။ ဖုန်းထဲက Application အချို့ ကိုလည်း နာရီနဲ့ ဖုန်း အပြန်အလန် ထိန်းချုပ်ပြောင်းလဲနိုင်ပါမယ်။ ဥပမာ- ဖုန်းထဲက အချိန်၊ ရက်စွဲနဲ့ နာရီက အချိန် ရက်စွဲက အတူတူ ပဲ ဖြစ်ပါ တယ်။ အခြားသော Function များလည်း ပါဝင်ပါသေးတယ်။

နာရီရဲ့  Option တွေအားလုံးကို iPhone ကနေထိန်းချုပ်နိုင်ပါတယ်။ နာရီကို ရာဘာကြိုး၊ စတီးကြိုး နှစ်မျိုးထုတ်ထားပါတယ်။ ရေစိုခံ (Water Resistant) နာရီအမျိုးအစားပဲ ဖြစ်ပါတယ်။ Bluetooth ပါဝင်ပေမယ့် ဓာတ်ခဲ အသုံးပြုမှု က အခြား သာမန် Citizen နာရီတွေလိုပဲ ဖြစ်ပါတယ်။ 

Citizen Eco-Drive Proximity လို့ အမည်ပေးထားပြီး ထုတ်လုပ်နေကျ အဆင့်မြင့် Citizen နာရီတစ်လုံးကို iPhone နဲ့တွဲသုံလို့ ရအောင် အနည်းငယ် Upgrade လုပ်လိုက်ခြင်း မျှသာ ဖြစ်ပါတယ်။ နာရီ ဝယ်ဖို့ ငွေ ၄ သိန်းအကုန် ကျခံနိုင်မယ်၊ iPhone 4S / iPhone 5 ကလည်း ရှိနေတယ် ဆိုရင် Citizen ရဲ့   Eco-Drive Proximity  ကို မကြာမီ မြန်မာပြည်မှာ ဝယ်ယူ ရရှိနိုင်ပါတယ်။ 
--
Ref: Citizen
Aung Kham (TSJ team)

credit to>>http://techspacejournal.blogspot.sg
ဆက်ဖတ်ရန်>>

iPad Mini - review

  
Apple ဟာအားလုံးမျှော်လင့်နေခဲ့ကြတဲ့ mini တက်ဘလက်ကို
စတိဂျော့ဗ် မရှိတော့တဲ့အချိန်မှာ ထုတ်လုပ်ခဲ့ပါပြီ။ မူရင်းအရသာဖြစ်တဲ့ iPad
ရဲ့ ပုံစံကိုမပျက်စေဘဲ မျက်နှာပြင်အရွယ်အစားကိုသာ အဓိကထားလျော့ချ
ထားတယ်လို့ဆိုနိုင်တဲ့ တက်ဘလက်တစ်လုံးဖြစ်ခဲ့ပါတယ်။ ယခုဆိုရင် ပြည်
တွင်းကိုလည်း ရောက်ရှိလာပြီဖြစ်လို့စိတ်ဝင်စားသူများ ၀ယ်ယူနိုင်ရန်အတွက်
အသေးစိတ်အချက်အလက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

ထုတ်လုပ်မှုဒီဇိုင်း

         Appleဟာဒီလိုမျိုးအသေးစားတက်ဘလက်ကိုထုတ်လုပ်မယ်ဆိုတဲ့
ကောလဟာလတွေထွက်နေတာအချိန်အတော်ကြာခဲ့ပါပြီ။ဒါပေမယ့်ယခုမှ
ထွက်လာတဲ့အတွက် ဘာပဲဖြစ်ဖြစ်စောင့်စားခဲ့သူတွေအတွက်တော့သဘော
တွေ့စရာဖြစ်စေမှာပါ။ အရွယ်အစားမျက်နှာပြင်ဟာ အခြားပြိုင်ဘက်များဖြစ်
တဲ့ Kindle Fire HD, Nexus 7 ,Galaxy Tab2 အစရှိသော တက်ဘလက်တွေကို ယှဉ်ပြိုင် နိုင်ဖို့အတွက် အဓိကထားတယ်လို့ဆိုရပါ
မယ်။၇.၉  လက်မ မျက်နှာပြင်အရွယ်အစားကို အသုံးပြုထားပြီး Appleရဲ့
မူလ iPad ရုပ်ထွက်အတိုင်းပြုလုပ်ထားပါတယ်။Appleရဲ့အသုံးပြုနေကြဖြစ်
တဲ့ LED Backlit နည်းပညာကိုအသုံးပြုထားပြီးResolution 1024x768
pixels ရှိပါတယ်။ ပေါ့ပါးမှုအတွက်ကတော့ 7.2မီလီမီတာ သာ အထူရှိ
တာမို့ ခဲတံတစ်ချောင်းလောက်ပဲထူပါတယ်။

စွမ်းဆောင်ရည်ပိုင်း

         စွမ်းဆောင်ရည်ပိုင်းအတွက်ကတော့ Apple ရဲ့ထုတ်ကုန်တွေဖြစ်တဲ့
အတိုင်းအံ့မခမ်းနိုင်လောက်အောင်ပါပဲ။ Processorကို  Dual Core A5 Processor ကို အသုံး ပြုထားတဲ့အတွက် မူရင်း The New iPad ထက်နိမ့်
တယ်လို့ဆိုနိုင်ပေမယ့် iPhone 4S,iPad 2 နှင့် iPad Touch တို့နှင့် စွမ်း
ဆောင်ရည်ပိုင်းအတူတူပဲဖြစ်ပါတယ်။ ထို့အပြင် အခြား ဈေးကွက် ၀င်ပြိုင်ဘက် များကိုစိန်ခေါ်နိုင်တဲ့ တက်ဘလက်ဖြစ်လာခဲ့ပါတယ်။
       
        ကင်မရာလုပ်ဆောင်မှုအပို်င်းကိုကြည့်မယ်ဆိုရင် Appleက အသစ်မိတ်ဆက်ထားတဲ့iSlight Camera ကိုထည့်သွင်း အသုံးပြုထားပါ
တယ်။ထို့အတူကင်မရာရဲ့Resolution ကလည်း 5Mp ရှိပါတယ်။Front Facing ကင်မရာကို အသုံးပြုရုံတင်ပဲHD အရည်အသွေး မြင့်ရုပ်ထွက် ကို
အသုံးပြုနိုင်တယ်လို့ဆိုပါတယ်။ Font Facing ကင်မရာရဲ့ Resolution ကတော့ 1.5MP ရှိပါတယ်။

       အခြားပါဝင်တဲ့Features ပိုင်းတွေကိုကြည့်မယ်ဆိုရင် iOS6,Siri,Air
Play ,iCloud တို့အပြင် နောက်ဆုံး iPhone 5မှာ စတင်ပြောင်းလဲထားတဲ့
Lighting Connector တို့ကို အသုံးပြုထားပါတယ်။ထို့အပြင် iPad တွေမှာ
အသုံးပြုထားတဲ့Smart Cover  ကို iPad Mini မှာလည်း အသုံးပြုထားပါ
သေးတယ်။ဒါ့ကြောင့် မူရင်းiPad တွေကိုလိုချင်သော်လည်း ဈေးများတာပဲ
ဖြစ်ဖြစ်၊ မျက်နှာပြင်ကြီးနေလို့ပဲဖြစ်ဖြစ် ဘယ်လို အကြောင်းပြချက်မျိုးနဲ့မှငြင်း
ဆိုလို့မရနိုင်တဲ့ ဗားရှင်း တစ်မျိုးဖြစ်အောင် ဖန်တီးထားပါတယ်။ နောက်ဆုံးဖုန်းအသုံးပြုနိုင်တဲ့ ဗားရှင်းကိုလည်းထပ်မံ
ထုတ်လုပ်မယ်လို့ဆိုပါတယ်။

Quick Spec

CPU                      - Dual Core A5 Chip
Storage                 - 16GB,32GB,64GB
Models                 - Wi-Fi,Wi-Fi+Cellular
Wireless                -802.11b/g/n,Bluetooth 4.0
Cellular                 -GSM,CDMA
Display                 -7.9 inches
Camera                 -5MP,1.5MP(Front Facing)
Price                     -Ks 369,000(16GB)
                              Ks 460,000(32GB)
                              Ks 570,000(64GB)

Phone                  -KMD (01-38511,385877,245180)


=============

TSJ Tech Team

==============
credit to>>http://techspacejournal.blogspot.sg
ဆက်ဖတ်ရန်>>

Microsoft မှ Windows ဥက္ကဌ Steven Sinofsky နှုတ်ထွက်


Microsoft ကုမ္မဏီမှ Windows နှင့် Windows Live အတွက် ခန့်အပ်ထားသော ဥက္ကဌ Steven Sinofsky မှာ နိုင်ဝင်ဘာလ ၁၂ ရက်နေ့တွင် ရာထူးမှ နှုတ်ထွက်ပြီး ကုမ္မဏီမှ ထွက်ခွာလိုက်ပြီ ဖြစ်ကြောင်း သိရသည်။


Microsoft နှင့် လမ်းခွဲရသည့် အကြောင်းအရင်းကို ကုမ္မဏီရော စတီဗန်ပါ မပြောကြားခဲ့ချေ။ Windows 8 မိတ်ဆက်ပွဲတွင် စတီဗန်မှ ဦးဆောင်၍ မိတ်ဆက်ပေးခဲ့ပြီး Microsoft အတွက် သမိုင်းသစ် ဖန်တီးပေးခဲ့သည်။ ၁၉၈၉ ခုနှစ် ဇူလိုင်လမှ စ၍ Microsoft တွင် ဆော့ဖ်ဝဲ ဒီဇိုင်းအင်ဂျင်နီယာ အဖြစ် လုပ်ကိုင်ပြီး တစ်ဆင့်ပြီး တစ်ဆင့် ရာထူးတက်ခဲ့သည်။ ထို့နောက် ၂၀၀၉ ခုနှစ် ဇူလိုင်လတွင် Windows -Division အတွက် ဥက္ကဌရာထူး အခန့် အပ်ခံခဲ့ရသည်။ 

Windows 7, Windows Phone 7 OS, Windows 8, Windows Phone 8 OS တို့ကို ဖန်တီးကာ ကမ္ဘာ့အိုင်တီလောက၏ ပြောင်းလဲမှုများတွင် အခန်းကဏ္ဍ ကြီး တစ်ခု အဖြစ် ပါဝင် ဆောင်ရွက်ခဲ့သည်။ " သူဟာ Microsoft အတွက် အတော်အားကိုးရတဲ့ သူတစ်ယောက်ပါ၊ သူ့ရဲ့ လုပ်ဆောင် ချက်များဟာ Microsoft ကုမ္မဏီအတွက် ထူးခြားသော ပြောင်းလဲမှုများ ဖြစ်စေခဲ့ပါတယ်" ဟု Microsoft စီအီးအို Steve Ballmer  မှ အင်တာဗျူး တစ်ခုတွင် ပြောကြားခဲ့သည်။

"Microsoft နဲ့ လက်တွဲလုပ်ကိုင်ရတာ ကျွန်တော့အတွက် ကြီးမားတဲ့ ဆုလဒ် တစ်ခုပဲ ဖြစ်ပါတယ်။ Microsoft ရဲ့ အားပေးထောက်ပံ့မှုသာ မရှိရင်လည်း ကျွန်တော် ဒီအခြေအနေကို ရောက်မလာနိုင်ပါဘူး။ ရာထူးက နှုတ်ထွက်ပေမယ့် Microsoft ဟာ ကျွန်တော့ ဘဝရဲ့ အမှတ်တရ တစ်ခု အဖြစ် ကျန်ရှိနေမှာပါ" ဟု စတီဗန်လည်း အင်တာဗျူးတစ်ခုတွင် ဖြေကြားခဲ့သည်။ 

 စတီဗန်သည် အသက် ၄၆-၄၇ ဝန်းကျင်သာ ရှိသေးပြီး အရွယ်ကောင်းဆဲ ကာလ ဖြစ်သည်။ ထို့ကြောင်း Microsoft နှင့် လမ်းခွဲပြီးနောက် အနားယူမည်လား၊ အခြား ကုမ္မဏီတစ်ခုနှင့် ပူးပေါင်းမည်လား သို့တည်းမဟုတ် ကိုယ်ပိုင် ကုမ္မဏီတစ်ခု တည်ထောင်ချေ ရှိမရှိကို အများက စိတ်ဝင်တစား ရှိလျက် ရှိကြောင်း သိရသည်။
---
Ref: microsoft.com
Aung Kham (TSJ team)
credit to>> techspacejournal.blogspot.sg
ဆက်ဖတ်ရန်>>