Pages

Showing posts with label ဗဟုသုတ..... Show all posts
Showing posts with label ဗဟုသုတ..... Show all posts

Thursday, April 4, 2013

Super Pipeline - Megastructures - National Geographic Documentary

ရေအောက်ကြမ်းပြင်မှ Super Pipe Line .... ဆက်ဖတ်ရန်>>

Longest tunnelling under the Alps-Extreme Engineering- Discovery Channel

ကမ္ဘာပေါ်မှာအရှည်ဆုံး တောင်ကြောတွေကိုဖြတ်ဖောက်ထားတဲ့ Tunnel ကြီးပါ.... ဆက်ဖတ်ရန်>>

Biggest Warship - Extreme Engineering

US စစ်သင်္ဘောအကြောင်းဖြစ်ပါတယ် ဆက်ဖတ်ရန်>>

Martian Mega Rover - National Geographic Documentary

NASA ရဲ့ အင်္ဂါဂြိုလ်ပေါ်သွားယာဉ်အကြောင်းဖြစ်ပါတယ်.... ဆက်ဖတ်ရန်>>

Deepest Sea Highway - Megastructures ( Nat Geo Documentary )

ရေအောက်လမ်းတွေ ဘယ်လိုဖောက်သလဲ ဆိုတာ..... ဆက်ဖတ်ရန်>>

Megastructures Panama Canal (National Geographic)

ကမ္ဘာကျော် ပနားမား တူးမြောင်း အကြောင်းပါ....... ဆက်ဖတ်ရန်>>

Big Bigger Biggest Cruise Ship -- Race To Become The Biggest

ကမ္ဘာပေါ်မှာအကြီးဆုံးဖြစ်တဲ့ ဇိမ်ခံသဘောင်္ကြီးအကြောင်းပါ.... ဆက်ဖတ်ရန်>>

World's Tallest and Most Luxurious Hotel - MegaStructures: Burj-al-arab Hotel

ကမ္ဘာပေါ်မှာအမြင့်ဆုံးဖြစ်တဲ့ Dubai Luxurious Hotel အကြောင်းပါ... ဆက်ဖတ်ရန်>>

Megastructures Ice Breakers (National Geographic)

Ice Breakers များအကြောင်းပါ.... ဆက်ဖတ်ရန်>>

Wednesday, April 3, 2013

NG Megastructures USS Ronald Reagan

US Carrier အကြောင်းကို ဗဟုသုတအနေနဲ့ရှယ်လိုက်ပါတယ်.... ဆက်ဖတ်ရန်>>

Money Factory (USA)

ဗဟုသုအနေနဲ့ ရှယ်လိုက်ပါတယ်.... ဆက်ဖတ်ရန်>>

Friday, December 7, 2012

ဂျာမနီ Audi ကထုတ်သော အဆင့်မြင့် လျှပ်စစ် ပြိုင်စက်ဘီး


၂၀၁၂ ခုနှစ်၊ နှစ်လယ်လောက်က Audi ကားကုမ္မဏီမှ ထုတ်ဖော်ပြသလိုက် တဲ့ စက်ဘီး ဖြစ်ပါတယ်။ စက်ဘီးလို့တောင် ထင်ရက်စရာ မရှိပါဘူး။ သူ့ရဲ့ လုပ်ဆောင်ချက်က ဆိုင်ကယ် တစ်စီး နီးပါးပဲ ဖြစ်ပါတယ်။ ၂၆ လက်မ အဆင့်မြင့် CFRP ဘီးကို အသုံးပြုပြီး 530Wh Lithium-Ion ဘက်ထရီလည်း တပ်ဆင်ပေးထား ပါ သေးတယ်။ Speed ၉ချက် ထိုးလို့ရတဲ့ အဆင့်မြင့် ပြိုင်စက်ဘီးပဲ ဖြစ်ပါတယ်။ လျှပ်စစ်မော်တာနဲ့ မောင်းမယ်ဆိုရင် ၂ နာရီ၃ အထိ တာရှည်ခံပါ တယ်။ ခြေနင်းမောင်းနှင်ဖို့အတွက်လည်း ဂီယာဘီး ဖြစ်တဲ့အတွက် သာမန် ဘီးတွေထက် မြန်မှာ ဖြစ်ပါတယ်။ ဒီဇိုင်းကလည်း ထူးခြားလှပပါတယ်။ လက်ရှိ ကားကုမ္မဏီအားလုံးနီးပါး စက်ဘီးထုတ်ဖို့ကြိုးစားနေချိန်မှာ Audi လည်း နောက်ကျမကျန်အောင် ဖန်တီးလိုက်တာ ဖြစ်ပါတယ်။ စက်ဘီး ပြိုင်ပွဲတွေမှာပါ မောင်းနှင်လို့ရတဲ့ ဘီးအမျိုးအစား ဖြစ်ပါတယ်။ Auid e-bike လို့အမည်ပေးထားပြီး သူ့ရဲ့ စွမ်းဆောင်ရည်ကို အောက်ပါ လခ့်က ဗီဒီယိုမှာ ဝင်ရောက်ကြည့်ရှု နိုင်ပါတယ်။ -- http://youtu.be/edmH0Zx57JY -- Aung Kham (TSJ team)
credit to>>>TechSpace Journal
ဆက်ဖတ်ရန်>>

၂၀၁၃ တွင်ထွက်မည့် ၂၀၁၄ မော်ဒယ် BMW i8 ဟိုင်းဘရစ်ပြိုင်ကား



၂၀၀၉ ခုနှစ်ကတည်းက မော်တော်ယာဉ် ပြပွဲတွေမှာ ဝင်ရောက်ပြသ နေတဲ့ ဂျာမနီ BMW ရဲ့  i8 ပြိုင်ကားကို အမှန်တကယ် ဈေးကွက် ဖြန့်ချိတော့ မှာ ဖြစ်ပါတယ်။

Gasoline အင်ဂျင်နဲ့ လျှပ်စစ်မော်တာမောင်း ဘက်ထရီ ကို ပေါင်းစပ်ပေး ထားတဲ့ ပေါင်းစပ်ပေးထားတဲ့ ဟိုင်းဘရစ်ကား ဖြစ်ပါတယ်။ တစ်နာရီ ၁၆၀ မိုင် ဝန်းကျင်အထိ top speed ရှိပါတယ်။ ဘက်ထရီနဲ့ လည်း သီးသန့် အသုံးပြုမောင်းနှင်နိုင်ပြီး၊ Gasoline သီးသန့်၊ နှစ်မျိုးပေါင်း အခြေအနေ အစရှိသဖြင့် Mode အမျိုးမျိုးပြောင်း မောင်းနှင် နိုင်ပါတယ်။ ဘက်ထရီရဲ့ မြင်းကောင်ရေအား ထုတ်လုပ်မှုက ၁၃၁ ရှိပြီး လောင်စာအင်ဂျင်က ၂၂၃ ရှိပါတယ်။ ဒါကြောင့် နှစ်ခုပေါင်းလိုက်ရင် ပါဝါပြင်းတဲ့ ပြိုင်ကားပဲ ဖြစ်ပါ တယ်။ ဆီစားနှုန်းက မိုင် ၁၀၀ နီးနီးကို ၁ ဂါလံသာ ရှိပါတယ်။ ဆီစား အလွန် သက်သာတဲ့ကားလည်း ဖြစ်ပါတယ်။

ကားရဲ့ အလေးချိန်ပေါင် ပေါင် ၃၆၀၀ ရှိပါတယ်။ ခရိုမီယံ၊အလူမီနီယံ၊ ကာဘွန် ဖိုက်ဘာ အချိုးချပေါင်းစပ်ပေးထားပြီး လိပ်ပြာတောင်ပံ လို့ခေါ်တဲ့ အပေါ်ပင့် တံခါးပေါက်နဲ့ စတိုင်ကျ လှပနေတာကို မြင်တွေ့ ရပါတယ်။ အမိုးပွင့် Roadster နဲ့ ပြိုင်ကား coupe ဆိုပြီး နှစ်မျိုး ထုတ်လုပ်ထား ပါတယ်။ နှစ်ယောက်စီး ပြိုင်ကား ဖြစ်ပြီး ကာလတန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၁သိန်း ၃ သောင်း ဝန်းကျင် လို့ ခန့်မှန်းထားကြပါတယ်။ ၂၀၁၃ နှစ်ကုန်ပိုင်းမှာ ဖြန့်ချိမှာ ဖြစ်ပြီး မြန်မာပြည်သာ တကယ်ရောက် လာနိုင်မယ်ဆိုရင် အနည်းဆုံး သိန်း ၈ထောင်လောက် ပေါက်ဈေး ရှိမယ့် ကား ဖြစ်ပါတယ်။
--
Ref: slashgear
Aung Kham (TSJ team)
credit to >>> TechSpace Journal
ဆက်ဖတ်ရန်>>

Thursday, November 29, 2012

လပြည့်နေ့ည တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲ ဗွီဒီယိုများ...

(28.11.20112) ဒီကနေ့ လပြည့်နေ့ညမှာ ကျင်းပပြုလုပ်တဲ့ တောင်ကြီးတန်ဆောင်တိုင် မီးပုံပျံလွှတ်ပွဲ ဗွီဒီယိုဖိုင်များဖြစ်ပါတယ် sky net ကနေ လွှင့်သော videos များကို screen video capture အနေနဲ့ ကူးပြီးတင်ပေးလိုက်ပါတယ် ခင်ဗျာ ဆက်လက်တင်ချင်ပေမယ့် မနက်ဖြန်အလုပ်သွားရအုံးမှာမို့ ဒီလောက်နဲ့ပဲ ကျေနပ်ပေးပါလို့ တောင်းပန်ပါရစေ ....ကျောင်ရွာသားလေး........






ဆက်ဖတ်ရန်>>

Wednesday, November 28, 2012

ွGood တယ်နော်....

credit to>>crazy and amazing videos ဆက်ဖတ်ရန်>>

အံ့သြပါ့ဗျာ.....


ဆက်ဖတ်ရန်>>

တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံ လွှတ်ပွဲ ပုံများ....

(27.11.2012) တောင်ကြီး တန်ဆောင်တိုင်ပွဲမှ မီးပုံးပျံလွှတ်ပွဲ မှပုံလေးများဖြစ်ပါတယ် စကိုင်းနက် မှထုတ်လွှင့်သော ဗွီဒီယိုဖိုင်မှ ပြန်လည် ကူးယူခြင်းဖြစ်ပါသည်....ကျောင်းရွာသား....

















ဆက်ဖတ်ရန်>>

Wednesday, November 21, 2012

အိုဘားမား မိန့် ခွန်းပြောစဉ် ဘေးမှာထောင်ထားတဲ့ အ၇ာလေးနှစ်ခုဆိုတာ....









အိုဘားမားကြီး ရန်ကုန်တက္ကသိုလ်မှာ မိန့်  ခွန်းပြောသွားတုန်းက ဘေးမှာထောင်ထားတဲ့ တိုင်လေးနှစ်တိုင်နဲ့ အပြားလေးတွေကို တွေ့ရပါလိမ့်မယ် အဲဒါလေးတွေကတော့ Teleprompter လို့ခေါ်ပါတယ် ... သဘောတရားကတော့ မှန် တချပ်လိုပါပဲ ဒါပေမယ့် သူ့ရဲ့အောက်ခြေ မှာတော့ Display တခုရှိနေရပါ့မယ် အဲ့ဒီ Display ရဲ့ အလင်းရိပ်ကို ပြန်ယူပြီးတော့ စောစောတုန်းကပြောတဲ့ Cue Card (အပြားလေးမှာ) စာသားတွေကို ပြန်လည်ထင်စေပါတယ် ... ပရိတ်သတ်ဘက်က ကြည့်မယ်ဆိုရင် မမြင်ရပါဘူး ဒါပေမယ့် ပြောတဲ့သူဘက်ကကြည့်ရင် မြင်ရပါတယ်ခင်ဗျာ... အဓိကအကျိုးကျေးဇူးကတော့ မိန့်ခွန်းပြောရင် စာရွက်မလိုပဲ အောက်ကို ငုံ့ကြည့်စ၇ာမလိုပဲ ပြောနိုင်ပါတယ် ခင်ဗျာ.....အောက်မှာ ကျနော် wikipedia ကနေ ဘယ်လိုအသုံးပြုလဲဆိုတာ မူရင်းအတိုင်း ကူးပေးလိုက်ပါတယ်.... ကျောင်းရွာသား......
A teleprompter (also called telescript and autocue) is a display device that prompts the person speaking with an electronic visual text of a speech or script. Using a teleprompter is similar to using cue cards. The screen is in front of and usually below the lens of a professional video camera, and the words on the screen are reflected to the eyes of the presenter using a sheet of clear glass or a specially prepared beam splitter. Light from the performer passes through the front side of the glass into the lens, while a shroud surrounding the lens and the back side of the glass prevents unwanted light from entering the lens.
Because the speaker does not need to look down to consult written notes, he appears to have memorized the speech[citation needed] or to be speaking spontaneously[citation needed], looking directly into the camera lens[citation needed]. Cue cards, on the other hand, are always placed away from the lens axis, making the speaker look at a point beside the camera, which leaves an impression of distraction.
ဆက်ဖတ်ရန်>>

Saturday, November 17, 2012

အမေရိကန် သမ္မတ ရဲ့ secrets service အကြောင်း...

ကဲ အမေရိကန် သမ္မတ ရဲ့ လျို့ဝှက် အဖွဲ့အကြောင်းရိုက်ကူးထားတဲ့ ဗွီဒီယို ဖိုင်လေးပါ ဗဟုသုတအနေနဲ့ ရှယ်လိုက်ပါတယ်......ကျောင်းရွာသား....
ဆက်ဖတ်ရန်>>

ရှင်စောပုဘုရင်မကြီး အသုံးပြုခဲ့သော ခေါင်းဆောင်းတော် နှင့်မြန်မာတို့၏ စက္ကောမ ယန္တရားအတတ်


*****************************************
ရှင်စောပုသည် မွန်တို့၏ မဂဒူးမင်းဆက်တွင် ၁၅ ဆက်မြောက်မင်းဖြစ်သည်။

ပုံမှာ ခေါင်းဆောင်းတော်မှာ အင်္ဂလိပ်များ မြန်မာနိုင်ငံအောက်ပိုင်းကို သိမ်းပြီး နောက် အင်္ဂလန်သို့ ယူဆောင်သွားပြီးလန်ဒန်မြို့ရှိ ဗစ်တိုးရီးယားနှင့် အယ်လဘတ် ပြတိုက်၌ယခုထက်တိုင် ပြသလျှက်ရှိသည်။


ဘုရင်မကြီး၏ သားမက်တော် ရာမာဓိပတိမင်းလက်ထက်တွင်မူ မြန်မာတို့၏ စက္ကောမ ပညာရပ်(Robot) များသည် အထွတ်အထိပ်သို့ ရောက်ရှိခဲ့ကြသည်ဟု ယူဆမိပေသည်။

ရှင်စောပုသည် အင်းဝသို့ ပါတော်မူခဲ့ရပြီးလျှင် အင်းဝဘုရင်၏ မိဖုရားကြီးအဖြစ် စံနေရလင့်ကစား မပျော်ပိုက်ပေ။

်
ထိုမျှသော ကာလပတ်လုံး မိဖုရားကြီး၏ စည်းစိမ်ချမ်းသာကို တပ်မက်မောခြင်း မရှိဘဲ မိမိ၏နေရင်း ဟံသာဝတီသို့သာ ပြန်လိုလှ၍

ဂုန်ဆံတော်ရှင်၏ ခြေတော်ရင်းတွင် ဥပုသ်သီတင်း ဆောက်တည်နေလိုစိတ် ပြင်းပြနေခဲ့လေသည်။

ဟံသာဝတီတွင် ရှင်စောပု ရှိစဉ်က သားအမှတ်စားခဲ့၍ ရဟန်းပြုပေးခဲ့သော

ပိဋကဓရ မည်သော ရဟန်းတစ်ပါးသည် မယ်တော်ကြီးအလား ကျေးဇူးကြီးလှသော ရှင်စောပု ဟံသာဝတီသို့ ပြန်လည်ရောက်ရှိရေးကို တွေးတော အားထုတ်ခဲ့လေသည်။

ပိဋကဓရသည် ရှင်စောပုအား ကူညီနိုင်ရန် ဓမ္မဥာဏဘွဲ့ အမည်ရှိ အခြားမွန်ရဟန်းတစ်ပါးနှင့် တိုင်ပင်နှီးနှောပြီးလျှင် အင်းဝသို့ ကြွလာခဲ့ကြလေသည်။

အင်းဝသို့ရောက်လျှင် ထိုရဟန်းတို့ တရားဟော အလွန်ကောင်းသည်ဟု ကျော်ကြားလေသည်။

ထိုအချိန်ကာလသည် မိုးညှင်းမင်းတရားလက်ထက် သက္ကရာဇ် ၇၉၁ ခုနှစ်ဖြစ်ပေသည်။

ပိဋကဓရတို့ ရောက်လတ်လျှင် ရှင်စောပုသည် ထိုရဟန်းတို့နှင့် လျှို့ဝှက်စွာ အဆက်အသွယ်ပြုလျက် ဟံသာဝတီသို့ ထွက်ပြေးရန် စီစဉ်သည်။

ထို့နောက် မိဖုရားကြီးသည် ကြိုတင် စီစဉ်ထားသည့်အတိုင်း ချိပ်ရည်ဖြင့် ဖော်စပ်ထားသော ဆေးကို သောက်လေလျှင် ဝမ်းက အနီအဝါ သွေးဝမ်းများ ကျလတ်သည်။

အထိန်းတော်များလည်း စိုးရိမ်စွာဖြင့် မင်းကြီးအား သံတော်ဦးတင်၏။

ရောဂါကူးစက်မည် စိုး၍ ရှင်စောပုအခန်းသို့ နန်းတွင်းသူများ မဝင်လိုကြဘဲ ရှောင်ရှားနေကြသည်။

ရှင်စောပုလည်း မိမိဝေဒနာ ကြီးစွာ ခံစားနေရသဖြင့် ကံမကုန်မီ ပိဋကဓရနှင့် ဓမ္မဉာဏတို့၏ တရားတော်တို့ကို နာကြားလိုသည်ဟု လျှောက်သည်။

မင်းကြီးလည်း ယုံကြည်၍ ရဟန်းနှစ်ပါးအား အချိန်မရွေးပင် ထွက်ခွင့်ပေးသည်။

အချိန်းအချက် ပြုထားသည့်နေ့တွင် ပိဋကဓရ နှင့် ဓမ္မဉာဏတို့ ရဟန်းနှစ်ပါးလည်း သိက္ခာချ၍ သာမဏေအဖြစ်ဖြင့် နေကြသည်။

ထိုညဉ့်သန်းခေါင်ယံအချိန်တွင် အဝတ်အစား သေတ္တာကြီးတလုံးအတွင်းသို့ ရှင်စောပုအား ဝင်စေ၍

အဝတ်အထည်များဖြင့် ဖုံးကွယ်ကာ ရဟန်းနှစ်ပါးတို့က သေတ္တာကို တဖက်စီဆွဲလျက် အခန်းအတွင်းမှ ထွက်သည်။

နန်းတော်တံခါးစောင့်များ မေးလျှုင် ရှင်စောပု လှူလိုက်သော ပစ္စည်းများဟု ဆိုသဖြင့် မည်သို့မျှ ရှာဖွေခြင်း မပြုဘဲ လွှတ်လိုက်၏။

ထို့နောက် မြို့အနောက် လုံးတော်ပေါက်မှ ထွက်ကာ ကြိုတင်စီစဉ်ထား သည့်အတိုင်း

ရဟန်းနှစ်ပါးနှင့် တကာနှစ်ယောက်တို့သည် ရှင်စောပုအား လှေပေါ်တင်ပြီးသော် ဟံသာဝတီသို့ စုန်ပြေးလေသည်။

မိုးညှင်းမင်းတရားသည် အမတ်ကြီးအား လှော်ကားငါးစင်းနှင့် လက်ပြည့်လှော်၍ လိုက်စေသော်လည်း မတွေ့ရချေ။

ရှင်စောပုတို့လူစုသည် နေ့တွင်း တောတွင်း၌ ပုန်း၍ ညဥ့်အခါတွင်သာ စုန်ဆင်းကြသည်။

မိုးညှင်းမင်းတရားလည်း ရှင်စောပုသည် အင်းဝ၌ မပျော်ပိုက်သဖြင့် ပြေးလေသည်ကို ဆင်ခြင်မိ၍

ရှိစေတော့ဟု ဆိုကာ ဟံသာဝတီအရောက် လိုက်လံ တိုက်ခိုက်ခြင်း မပြုတော့ပေ။

ရှင်စောပုဘုရင်မကြီးသည် ဘ၀၏နောက်ပိုင်းကာလများတွင် မိမိအား ဟံသာဝတီသို့ ပြန်ရောက်အောင်

ကျေးဖူးပြုခဲ့သည့် ရဟန်း နှစ်ပါးအနက်မှ ဓမ္မဉာဏ အားလူဝတ်လဲစေပြီး သမီးတော် မိတကာတင်နှင့် လက်ဆက်စေသည်။

မိမိမှာမူ ရွှေတိဂုံစေတီတော် ခြေတော်ရင်းတွင်သာ တရားဓမ္မများကို လေ့လာအားထုပ်ပြီးနေသည်မှာ နတ်ရွာစံသည့်အချိန်အထိပင်ဖြစ်သည်။

ထို့ကြောင့် ဘုရင်မကြီးရှင်စောပု၏ အုတ်ဂူကို ရွှေတိဂုံဘုရားအနီးတွင် တည်ထားခဲ့ခြင်းဖြစ်သည်။

ရှင်စောပု လွန်လျှင် သားမက်တော် ဓမ္မစေတီမင်း နန်းတက်ကာ ဟံသာဝတီထီးနန်းကို စိုးစံသည်။

ရှင်စောပုနှင့် သမက်တော်တို့သည် သမက်တော်မင်းပြုသော ကာလအတွင်း

သားနှင့်အမိတို့ စစ်သည်ဗိုလ်ပါအပေါင်း ခြံရံလျက် ဘုရားခြေတော်ရင်း၌ ကြွရောက်စံမြန်းပြီးလျှင် ကြီးစွာသော အလှူဒါနပြုကြသည်။

စေတီတော်ပတ်လည်ရှိ ချောက်ကမ်းပါးနှင့် ချိုင့်ဝှမ်းများကို ဂဝံကျောက်တုံးကြီးဖြင့် ဖို့စေသည်။

မြင့်သော ကုန်းမြေကို ညီညာစေရန် တူးညှိစေသည်။ အပြင်ဘက်တို့တွင် ဂဝံကျောက်တုံးများဖြင့်စီစေသည်။

စေတီကိုခံသော ပစ္စယာပေါ်တွင် ကျောက်ထီးများပြုလုပ်၍ ရွှေချသည်။

စသည်ဖြင့် ရွှေတိဂုံကျောက်စာ၌ ဆံတော်ရှင်အား အထူးတလည်(Upgrade) မွမ်းမံပုံများကို ဖော်ပြထားသည်။

ဘုရင်မကြီးသည် ဒဂုန်ဆံတော်ရှင်မြတ်ကို အလွန်တရာကြည်ညိုတော်မူသဖြင့်

မိမိ၏ ကိုယ်အလေးချိန်ဖြစ်သော ရွှေ ၂၅ ပိဿာကို မျက်ပါးခတ်ပြီးလျှင် စေတီတော်ကြီးတွင် ရွှေသင်္ကန်း ကပ်လှူတော်မူသည်။

မြို့သူ၊ မြို့သားတို့ကလည်း ရွှေပိဿာချိန် ၅ဝ မျှကို ကူ၍ ပူဇော်ကြသည်။

ဘုရင်မကြီးသည် ကြေးချိန် ၁၇ဝဝ ပိဿာရှိ ခေါင်းလောင်းကြီးတစ်လုံးကိုလည်း သွန်းလုပ် လှူဒါန်းသည်။

ထို့သို့ လှူဒါန်းပြီးနောက်တွင်ကား မသမာသူသို့ မလွယ်တကူမဖျက်စီးစေနိုင်ရန်

ဘုရားကြီး၏ဌာပနာတိုက်အတွင်း စက္ကောမ ပညာရပ်ဖြင့် စီရင်ထားသော

ဓားစက်၊လှံစက်များ။ လူကိုမြင်သည် နှင့် ပြေး၍ ထိုးခုတ်သတ်ဖြတ်တတ်သော စက်ရုပ်များကိုပါ တခါတည်းထည့်သွင်းစီရင်ခဲ့ပေသည်။

သုံးစက္ကန့် လည်ပြီး တစက္ကန့် နားသော ဓားစက်၊လှံစက်ကြီး ဆိုသည်မှာလည်း တခြားမဟုတ် ၊ရန်ကုန်မြစ်၏ ဒီရေအားဖြင့်လည်ပတ်သော စက်တမျိုးပင်ဖြစ်ပေသည်၊

သို့ဆိုလျှင် ရန်ကုန်မြစ်သည် ရွှေတိဂုံဘုရားကြီးအလွန်ဝေးကွာသောကြောင့် မဖြစ်နိုင်ဟု ထင်မည့်သူများအားရှင်းပါမည်

၊ရှေးယခင်က ရွှေတိဂုံဘုရား၏ကုန်းတော်မှာ မြစ်ဝ၌ပင် ရှိ၍ဘုရားပေါ်သို့ လှေများဖြင့်ပင် သွားရောက်နိုင်ကြောင်းမှတ်တမ်းများ၌လာရှိပေသည်။

နောက်တချက်မူကား ရွှေတိဂုံစေတီတော် တည်ရှိရာ ကုန်းတော်မှာ ရှေးက ကျွန်းငယ်တကျွန်းသာ ဖြစ်ခဲ့၍ သိမ်းငှက်များ ကုပ်ကုပ်ကပ်ကပ်နားခိုသောကြောင့်

သိမ်းကုပ်တရဟု သဘောင်္သားများက ခေါ်တွင်ခဲ့ရာမှ သိဂုင်္တ္တရ ဟု အမည်တွင်ခဲ့သော အချက်အား ထောက်ရှု၍

ရှေးရှေးက အတတ်ပညာရှင်တို့က စေတီတော်ကြီး၏ငှါပနာတိုက်သို့ ဥမင်လှိုဏ်ခေါင်းဖောက်လုပ်ကာ

ရန်ကုန်မြစ်ရေကိုဝင်စေပြီး ထိုရေအားဖြင့်ပင်စက်များကို လည်ပတ်စေသည်မှာ များစွာဖြစ်နိုင်ပေသည်။

ထပ်မံ၍ သေချာစေသောလက်ထက်မှာ ဓမ္မစေတီမင်းလက်ထက်တွင်

ပြင်သစ် (သို့)ပေါ်တူဂီ သံအဖွဲ့(အင်္ဂလိပ်မဟုတ်။ ကျွန်တော် သေချာ မမှတ်မိသည့်အတွက်တောင်းပန်ပါရစေ) ရောက်ရှိလာချိန်တွင်

မြန်မာတို့က ကောင်းစွာဧည့်ခံကာ မိမိတို့ တတ်ကျွမ်းထားသော လေးအတတ်။ လှံအတတ်မနှင့် ယန္တရားအတတ်များကို ပြသသည့်ပြပွဲလေးတရပ် (Exhibition)လုပ်ခဲ့လေသည်။

အမှန်မှာတော့ ပြပွဲသာမဟုတ်ပဲ မိမိ၏စစ်အင်အားကို ပရိယာယ်ဖြင့် ပြသခဲ့ခြင်းသာဖြစ်ပေသည်။

ထိုပြပွဲအတွင်းတွင်ကား ဓားခုတ်လှံခုတ်စက်ရုပ်များ။ လက်နက်ပုံးများကို သံအဖွဲ့များကို မျက်လှည့်အတတ်နှင့်ရောနှောကာ ပြသခဲ့လေသည်။

သို့သော် ဟံသာဝတီ နိုင်ငံတော်ပျက်စီး ပြီးသည့်နောက်တွင်ကား ဤအတတ်ပညာသည်လည်း တိမ်မမြူပ်ပျောက်ကွယ်သွားရတော့လေသည်။

-အချုပ်ဆိုရသော် မြန်မာတို့၏ ယန္တရား အတတ်ပညာသည် ရှေးအခါက အတော်အတန်ထွန်းကားခဲ့ကြောင်းနှင့်

ယခုအခါတွင်မူ အကြောင်းကြောင်း ကြောင့်ပျောက်ကွယ်သွားပြီဖြစ်ကြောင်းပြောကြားရင်းနိဂုံး ချုဎ်လိုက်ရပါသည်။ ။ ။

ကိုးကား မြန်မာ ဝီကီ

နဂါးဗိုလ် ထိပ်တင်ဒွေး ပြုစုသော ရန်ကုန်မြို့ သမိုင်း

အေးချမ်းမွန်မှ Moe Myat Swe တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Moe Myat Swe
အေးချမ်းမွန် မှ ကူးယူတင်ပြသည်...

ဆက်ဖတ်ရန်>>