Pages

Thursday, April 4, 2013

ချက်မယ်ပြုတ်မယ် အပိုင်း (၆)

ချက်တာပြုတ်တာတွေ ပိုစ့်မတင်တာကြာပြီ မချက်တာမဟုတ်ပါဘူး ချက်ပြီးတင်ဖို့အချိန်မရှိတာပါ ကဲအချိန်လေးပေးတုန်းနဲနဲတင်လိုက်အုံးမယ်....
ကဲ သီးစုံ ပဲကုလားဟင်း နဲ့ ငါးခြောက်ကြော်ချက်လေး ချက်မယ်ဗျာ....
သီးစုံဟင်းချက်ဖို့လိုအပ်တာတွေကတော့ အိမ်မှာရှိတာလေးနဲ့ပေါ့ ဟဲဟဲ လိုအပ်တာတွေကတော့.
(၁) ငါးပုတ်ခြောက်
(၂) ကုလားပဲအနည်းငယ်
(၃) အာလူး အလုံးကြီး နှစ်လုံး
(၄) ခရမ်းသီး အကြီးတစ်လုံး
(၅) ရုံးပတီသီး ၇ တောင့်ခန့်
(၆) ကြက်သွန်နီ
(၇) ငရုတ်သီးစိမ်း ငါးတောင့်
(၈) သကြား၊ ငါးပြာရည်၊ မန်ကြီးမှည့် အနည်းငယ် နဲ့ ပဲဆီ အနည်းငယ်

ချက်ပြုတ်ပုံ အဆင့်ဆင့်ကတော့ ငါးပုတ်ခြောက်ကိုေ၇ စင်စင်ဆေးပြီးတော့ အနေတော်အတုန်းလေးများ တုံးပြီးချက်မည့် အိုးထဲထည့်မယ် ပြီးတော့ ဆီအနည်းငယ် ငံပြာရည်အနည်းငယ် သကြားအနည်းငယ် ငရုတ်သီးအစိမ်းမှုန့် နနွင်းမှုန့်အနည်းငယ် နှင့် ကြက်သွန်နီ လှီးထားတာ ထည့်ပြီး သမအောင်ရောမွှေပြီး ၁၅ မိနစ်လောက်တော့ နှပ်ထားပေးလိုက်ပါ...ပြီးရင် အာလူးကိုအခွံခွာပြီး လေးစိပ် အနေတော်အတုံးလေးများတုံးပြီးေ၇စင်အောင်ဆေးမယ် ပြီးရင် ခရမ်းသီးကို ဆေးကြောပြီး အနေတော်အတုံးလေးများတုံးမယ် ..ကုလားပဲကိုတော့ ရေဆေးပြီး ရေစိမ်ထားပါ သူက မာကြောသည့်အတွက်ေ၇အရင်စိမ်ပေးထားပါ ပြီးရင်တော့ ရုံးပတီသီးကိုရေစင်အောင်ဆေးပြီးတော့ တစ်တောင့်ကို သုံးပိုင်းလောက်ပိုင်းပေးထားပါ..

ပြီးသွားရင်တော့ ချက်မယ်ပေါ့ဗျာ စောစောကနှပ်ထားတဲ့ ငါးခြောက်ကို မီးအေးအေးနဲ့ အရင်လုံးမယ် ၂ မိနစ်လောက်ကြာသွားရင်တော့ ရေလေးအနည်းငယ်ထည့်ပြီးတော့ အဖုံးအုပ်ပေးထားမယ် ၅ မိနစ်ခန့်လောက် ချက်ပြီးသွားရင် ပဲအရင်ဆုံးထည့်ပါ့မယ် သူကအရမ်းမာသည့်အတွက် အ၇င်ထည့်တာပါ ပြီးရင် ရေအနည်းငယ်ထည့်ပြီး တော့ အဖုံးအုပ်ပြီး မီးအေးအေးလေးနဲ့နှပ်ထားပေးပါ ပဲအနည်းငယ်နူးလာပြီဆိုရင်တော့ အာလူးနဲ့ ခရမ်းသီးထည့်ပါ ရေအနည်းငယ်ထည့်ပြီး အဖုံးအုပ်ပြီး နူးလာအောင်ချက်ပေးပါ ပြီးသွားရင်တော့ မကျည်းနှစ်ရေထည့်ပြီးချက်ပါ ဆူလာပြီ ဆိုရင်တော့ ရုံးပတီသီးလေးထည့် ငရုတ်သီးစိမ်းလေးထည့် တအောင့်လောက် ဆူသွားပြီးဆိုရင်တော့ မဆာလာ ထည့်မယ် မဆာလာနံ့လေးသင်းလာပြီ ဆိုရင်တော့ အပေါ့အငံမြည်းပြီး ချလို့၇ပါပြီ....




ပြီးရင်တော့ အာပြဲခြောက်ကြော်စားမယ်ဆိုတော့ လိုတာတွေကတော့...
(၁) အာပြဲခြောက် ၁၀ ကောင်
(၂) ကြက်သွန်နီ အင်္ကြီး ၂ လုံး
(၃) ကြက်သွန်ဖြူ အကြီး ၁ လုံး
(၄) ငရုတ်သီး ခွဲကြမ်း အနည်းငယ်
(၅) ပဲဆီ၊ ငါးပြာရည်၊ သကြား အနည်းငယ် လိုပါတယ်

ငါးခြောက်ကို ရေစင်အောင်ဆေးကြောပြီး အနေတော် အတုံးလေးတွေတုံးထားပါ.....ကြက်သွန်နီ အခွံခွာပြီး ပါးပါးလီှးထားပါ ကြက်သွန်ဖြူကိုတော့ အခွံခွာပြီး ဓါးပြားရိုက်ထားပါ ပြီးရင်တော့ ဆီကိုအပူပေးပြီးတော့ ပူလာပြီဆိုရင်တော့ ငါးခြောက်အတုံးလေးများကို စတင်ကြော်ပါ့မယ်...
ငါးခြောက်လေးတွေ နီလာပြီဆိုရင်တော့ ဆယ်ထားမယ် ပြီးရင်တော့ ကြက်သွန်ဖြူနီကို ထည့်ကြော်မယ် နွမ်းလာပြီဆိုရင်တော့ ငရုတ်သီး ခွဲကြမ်းထည့်မယ် ပြီးရင်တော့ မွှေးလာအောင်ကြော်မယ် ပြီးသွားရင် ငါးခြောက်ကြော်ထားတာကိုထည့်မယ် ငါးပြာရည် နဲ့ သကြားထည့်မယ် ခြောက်လာအောင်ကြော်ပြီးပြီဆိုရင်တော့ အနံ့လေးမွှေးလာပါလိမ့်မယ် ခြောက်ခြောက်လေးဖြစ်လာပြီဆိုရင်တော့ ချလို့ရပါပြီ...







ကဲ ငါးခြောက်ကြော်မွှေးမွှေးလေးနဲ့ သီးစုံပဲကုလားဟင်းလေးစားပြီ ကွေးကွေးလေးအိပ်နိုင်ကြပါစေ...
ကျောင်းရွာသား....


0 comments:

Post a Comment