Pages

Showing posts with label Facebook ပေါ်မှသတင်းအတိုထွာများ..... Show all posts
Showing posts with label Facebook ပေါ်မှသတင်းအတိုထွာများ..... Show all posts

Monday, November 19, 2012

ကောင်းလိုက်တဲ့ စကား သိပ်ကြိုက်....

အမေရိကန်ဟာ ကမ္ဘာ့အင်အားအကြီးဆုံးစစ်တပ်ရှိပေမယ့်၊ ဒီစစ်တပ်ဟာ အရပ်သားအစိုးရရဲ့ ထိန်းချုပ်မှုကို နာခံရပါတယ်။

ကျနော်တို့ကိုယ်တိုင်ဟာ သမ္မတလဲဖြစ် နိုင်ငံတော်စစ်သေနာပတိချုပ်လဲဖြစ်တယ်ဆိုပေမယ့် ကျနော်ရဲ့ ဆန္ဒတိုင်းကို လွှတ်တော်မှာ အတင်းအကြပ် အတည်ပြုခိုင်းလို့မရပါဘူး။

နိုင်ငံတော်ရဲ့ တရားသူကြီးတွေကို ကျနော်က ခန့်အပ်ရတာ ဆိုပေမယ့်၊ သူတို့ရဲ့ တရားစီရင်ရေးမှာ ကျနော်ဝင်ပါလို့ မရပါဘူး။

ဘာကြောင့်လဲဆိုတော့ အမေရိကားမှာ ဆင်းရဲတဲ့ ကလေးငယ်လေးကနေ၊ သမ္မတအထိ အားလုံးဟာ ဥပဒေအောက်မှာ တညီတညာတည်း ဖြစ်နေလို့ပါပဲ။

(အမေရိကန် သမ္မတ အိုဘားမား)
ဆက်ဖတ်ရန်>>

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်သမ္မတ အိုဘားမား တို့ကို ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်း အတွင်း တွေ့ရစဉ်


credit to>>>eleven media

ဆက်ဖတ်ရန်>>

သီတဂူ ဆရာတော်ကြီးမှ အိုဘားမား အား ချီးကျူးစကားဆို...

ရန်ကုန်တက္ကသိုလ်သို့ မကြာမီလာရောက်မည့် အမေရိကန်သမ္မတ အိုဘားမားကို တွေ့ဆုံရန်နှင့် မိန်ခွန်း နားထောင်ရန်အတွက် နိုင်ငံရေးပါတီများမှ အကြီးအကဲများ၊ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်ကိုနိုင်နှင့် ၈၈ မျိုးဆက်ကျောင်းသားများ၊ ဦခွန်ထွန်းဦး အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်အချို့နှင့် NGO အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ ဖိတ်ကြားခြင်းခံရသော အများပြည်သူများ အခမ်အနားသို့ တက်ရောက်ရန် နေရာယူမှုများ ပြုလုပ်နေကြပြီ ဖြစ်ကြောင်း သိရှိရပါသည်။

သမ္မတ အိုဘားမား ရန်ကုန်တက္ကသိုလ်တွင် မိန့်ခွန်းပြောမည့် အခမ်းအနားသို့ သီတဂူဆရာတော် ဒေါက်တာအရှင်ဥာဏိဿရ ကြွရောက်နေပြီး သီတဂူဆရာတော်က"အိုဘားမားကို နဲနဲလေးပဲ မြင်ရလည်း ရပါတယ်။ အိုဘားမားက အသားမဲပေမယ့် အသဲနှလုံးဖြူလို့ လာခဲ့တာပါ။ " ဟု ပြောကြားခဲ့ပါသည်။
eleven media...
ဆက်ဖတ်ရန်>>

Sunday, November 18, 2012

မြန်မာ့တပ်မတော်(ရေ) နှင့် အမေရိကန်စစ်သင်္ဘောမှ အရာရှိစစ်သည်များ နေ့လည်စာအတူစားသောက်ခဲ့


Sunday, November 18, 2012

မြန်မာ့တပ်မတော်(ရေ)၏Frigate စစ်ရေယာဉ်များဖြစ်သော F-21 နှင့် F23 မှ အရာရှိ၊စစ်သည်များသည် ယနေ့ နေ့လည်ပိုင်းတွင်မြန်မာ့ရေပိုင်နက်အ
နီး အမေရိကန် သမ္မတ မစ္စတာ အိုဘားမား ခရီးစဉ်နှင့် ဆက်စပ်ပြီး ရောက်ရှိနေသော အမေရိကန် စစ်ရေယာဉ် USS Bonhomme Richard (LHD-6) ပေါ်သို့ Ship Visit သွားရောက်လည်ပတ် လေ့လာခဲ့ကြပြီး ချစ်ကြည်ရေး နေ့လည်စာ အတူတကွသုံးဆောင်ခဲ့ကြကြောင်း ကြားသိရပါသည်။ ထိုသို့ လာရောက်လည်ပတ်နိုင်ရန်အတွက် အမေရိကန် စစ်သင်္ဘော Captain CAPT David Fluker မှမြန်မာစစ်ရေယာဉ်များ မှအရာရှိ၊စစ်သည်များ ကိုဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။
နှစ်နိုင်ငံ ရေတပ်များအတွက် ဝမ်းမြောက်ဂုဏ်ယူ မှတ်တမ်းတင်ပါကြောင်း ဖော်ပြအပ်ပါသည်။


credit to>>http://www.facebook.com/pages/Myanmar-NAVY/438995926142568
ဆက်ဖတ်ရန်>>

အမေရိကန်သမ္မတအိုဘားမား မရောက်မီအကြိုညတွင် နိုင်ငံတော်သမ္မတက အကျဉ်းသား ၆၆ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ထပ်ပေး



ရန်ကုန် နိုဝင်ဘာ ၁၈

အမေရိကန်ပြည်ထောင်စုသမ္မတ ဘားရတ်အိုဘားမား မြန်မာနိုင်ငံ ရန်ကုန်မြိ့သို့ အလုပ်သဘောခရီးမရောက်မီ အကြိုညတွင် မြန်မာနိုင်ငံတော်သမ္မတက အကျဉ်းသား ၆၆ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်းသိရသည်။
ထိုလွတ်ငြိမ်းချမ်းသာခွင့်သတင်းကို နိုဝင်ဘာ ၁၈ရက်ည ၈နာရီ အစိုးရသတင်းအစီအစဉ်များတွင် ကြေညာထုတ်လွှင့်သွားခြင်းဖြစ်သည်။
“လွှတ်ပေးမယ့် အကျဉ်းသားတွေအားလုံးဟာ နိုင်ငံရေးအကျဉ်းသားတွေလို့ပြောဆိုထားသူများဖြစ်ပါတယ်။လူ့အခွင့်အရေးလှုပ်ရှားသူဦးမြင့်အေးတို့လို၊ABSDF ကသူတွေလို သူတွေ ပါဝင်ပါလိမ့်မယ်” ဟု အစိုးရအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောပြသည်။
သတင်းတွင် နိုဝင်ဘာ ၁၅ရက်နှင့် ၁၆ရက်များတွင် စိစစ်ပြီး ထိုအကျဉ်းသားများအားလွှတ်ပေးခဲ့ခြင်းဖြစ်သည်ဟုကြေညာသွားသည်။
credit to>>yangon media group

ဆက်ဖတ်ရန်>>

အမေရိကန် သမ္မတ အတွက်မြန်မာပြည်မှ အထုလုံခြုံရေး....

(၁)-သမ္မတObamaလုံခြုံရေးအတွက် EPCမှတာဝန်ယူဆောင်ရွက်-

သမ္မတ တိုက်ခိုက်ခံရသည့်အချိန်တွင် ရန်သူများအား မျက်ခြေဖျက်သည့်
အနေဖြင့် သမ္မတ အသားရောင်နှင့် ရောထွေးသွားစေရန် လျှပ်စစ်မီးကို
ဖျက်တောက်ပြီး.....မှောင်မှောင် နဲ့မဲ မဲ အား ရော နှောသွားစေ၇န်ရည်ရွယ်
ချက်ဖြင့် မလာ ခင်..နှစ်၂၀အလို ကတည်းက ထို ကာကွယ်ရေးစီမံကိန်းအတွက်
လေ့ကျင့်နေသောကြောင့် Obamaမှာ အထူးလုံခြုံစိတ်ချနိုင်ပါကြောင်း
ခိုင်လုံ သောသတင်းရပ်ကွက်မှရ 
...
ရှိပါသည်။

(၂)-သတင်းပေါက်ကြားမှု့ မရှိစေရန် အတွက် MPTမှ တာဝန်ယူဆောင်ရွက်-
သမ္မတအရေးကြီး လျှို့ဝှက်ချက်များ ဖုန်းဖြင့်ပြောသည့်အချိန်တွင်
ချောင်းမြောင်း နားထောင်မှု့ကင်းဝေးစေရန်အတွက်
ဖုန်းလှိုင်းအား ''ဂျစ်ဂျစ်ဂျစ်'' softwareထည့်သွင်းပေးထားပြီး အလွန်အဆင့်မြင့်မားသောကြောင့် ချောင်းမြောင်းနားထောင်သူပါ
မက ပြောနေသူ နှင့်နားထောင်နေသူပါ ကြားနိုင်ခြင်းအလျှင်းမရှိပာု အာမခံချက်ပေးထားကြောင်း

(၃)-သမ္မတ အား နှောက်ယှက်သူကို ဖမ်းဆီးရန် စည်ပင်မှတာဝန်ယူဆောင်ရွက်-သမ္မတ အား တိုက်ခိုက်ပြီး ထွက်ပြေးရန် ပြုမည်ဖြစ်သော ရန်သူ၏ မော်တော်ယဉ်အား. ...ဂျိုင့်ထဲ ပြုတ်ကျ သေ ရန်ရည်ရွယ်ချက်အဖြစ်.. ရန်ကုန်မြို့လမ်းများပေါ်တွင် ဂျိုင့်များ ဗွက်အိုင်များ အား
အထူးပြုလုပ် ဖန်တီးပေးထားမည် ဖြစ်ပါကြောင်း..


credit to>http://www.facebook.com/min.myat.94


ဟာသအနေနဲ့ ဖတ်ပါရန်.....
ဆက်ဖတ်ရန်>>

Friday, November 16, 2012

ရန်ကုန်တက္ကသိုလ် တွေ့ဆုံပွဲ အိမ်ဖြူတော် အတည်ပြု

နိုဝင်ဘာ ၁၉ ရက် ရန်ကုန်သို့ လာရောက်သည့်အခါ အမေရိကန်သမ္မတ အိုဘားမားအနေဖြင့် မိန့်ခွန်းပြောကြားရန် ရန်ကုန်တက္ကသိုလ်အား ရွေးချယ်ထားကြောင်း အမေရိကန်သမ္မတ အိမ်ဖြူတော်က အတည်ပြုပြောဆိုလိုက်သည်။ မဟာဗျူဟာ ဆက်သွယ်ရေးဆိုင်ရာ အမျိုးသား လုံခြုံရေး လက်ထောက် အကြံပေး မစ္စတာ ဘန်ရုဒ်က သတင်းထောက်များကို ပြောဆိုရာတွင် ရန်ကုန်တက္ကသိုလ်သည် ၁၉၃၀ ခုနှစ်များတွင် လွတ်လပ်ရေးလှုပ်ရှားမှု၊ ထို့နောက် အာရှတွင် ဦးဆောင်တက္ကသိုလ်ကြီးတခု၊ ၁၉၈၀နှောင်းပိုင်းတွင် ဒီမိုကရေစီရေးလှုပ်ရှားမှုများဖြင့် သမိုင်းဝင်နေရာဖြစ်သောကြောင့် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုသည်။
credit to>> irrawaddy
ဆက်ဖတ်ရန်>>

Thursday, November 15, 2012

အမေရိကန် သမ္မတ လုံခြုံရေး အတွက်.....

အမေရိကန်သမ္မတအိုးဘားမားခရီးစဉ်အတွက် ရန်ကုန်မြို့တွင် အသုံးပြုရန်ယူဆဖွယ်ရှိသည့် ရဲအထူးလုံခြုံရေးကားသစ်ကြီးများ နေပြည်တော်မှ နိုဝင်ဘာ ၁၅ရက်နံနက်က မောင်းနှင်လာရာ ၁၁၅မိုင် ရပ်နားစခန်းတွင် နံနက် ၉ နာရီခန့်က ခေတ္တရပ်နားထားကြသည်ကိုတွေ့ရစဉ်။
 နေပြည်တော် ရန်ကုန်အဝေးပြေးလမ်းမတစ်နေရာတွင် နေပြည်တော်မှ သယ်ဆောင်လာသော ရဲလုံခြုံရေးအထူးယဉ်များနှင့် လုံခြုံရေးဆိုင်ကယ်များ တင်ဆောင်လာသော ကားကြီးများ နိုဝင်ဘာ ၁၅ရက်နံနက် ၈နာရီခန့်က ခေတ္တရပ်နားနေသည်ကို တွေ့ရစဉ်။ ထိုကားများနှင့်ဆိုင်ကယ်မ
ျားကို နိုဝင်ဘာ ၁၉ ရက်တွင် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ရောက်ရှိမည့် အမေရိကန်သမ္မတ ဘားရတ်အိုဘားမားခရီးစဉ် တွင် အထူးလုံခြုံရေးယူရန် နေပြည်တော်မှရန်ကုန်မြို့သို့ သယ်ဆောင်လာခြင်း ဖြစ်နိုင်ကြောင်း မျက်မြင်သက်သေများကပြောဆိုကြသည်။
credit to >> yangon media group
 
ဆက်ဖတ်ရန်>>

Wednesday, November 14, 2012

အမေရိကန်သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်တွင်အသုံးပြုမည့် ပစ္စည်းများကြိုတင်ပေးပို့ရန် အမေရိကန်လေတပ်မှ စစ်လေယာဉ်များ မြန်မာနိုင်ငံသို့ရောက်ရှိ

အမေရိကန်သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်တွင် အသုံးပြုမည့် အထောက်အကူပြုပစ္စည်းများ ကြိုတင်ပေးပို့ရန် အမေရိကန်လေတပ်မှ စစ်လေယာဉ်များသည် နိုဝင်ဘာလ ၈ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာကြောင်း ... သတင်းရရှိပါသည်။အဆိုပါလေယာဉ်များမှာ နိုဝင်ဘာလ ၈ ရက်နေ့မှ ၁၃ရက်နေ့အထိ အမေရိကန်လေတပ်မှ C 17  လေယာဉ်ဖြင့် ငါးခေါက်၊ အခြားလေယာဉ်ဖြင့် ၂ခေါက်၊ စုစုပေါင်း ၇ခေါက်အထိ  ရှိခဲ့သည်ဟု သိရသည်။

thn-14-11-12-91
အမေရိကန်လေတပ်မှ C 17 လေယာဉ်အား နိုဝင်ဘာလ ၁၃ရက်နေ့က တွေ့ရစဉ်

အမေရိကန်သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်အတွက် ကြိုတင်ညှိနှိုင်းမှုများပြုလုပ်ရန် နိုဝင်ဘာလ ၈ရက်နေ့တွင် အမေရိကန်နိုင်ငံမှ တာဝန်ရှိသူများလိုက်ပါလာသည့် ခရီးသည်တင်လေယာဉ်တစ်စီး၊ နိုဝင်ဘာလ ၁၁ရက်နေ့တွင် တာဝန်ရှိသူ ၉ဦးနှင့် စက်ပစ္စည်းများ၊ နိုဝင်ဘာလ ၁၂ရက်နေ့တွင် အမေရိကန်လေ တပ်မှ C 17 လေယာဉ် ၂စီးနှင့် နိုဝင်ဘာလ၁၃ရက်နေ့တွင် C17 လေယာဉ် ၃စီးတို့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့ ကြောင်း သိရသည်။
''ခုရောက်လာတဲ့ အမေရိကန်လေတပ်က စစ်လေယာဉ်တွေမှာ သမ္မတအိုဘားမား မြန်မာနိုင်ငံခရီးစဉ်မှာ အသုံးပြုမယ့် ရဟတ်ယာဉ်တို့ မော်တော်ယာဉ်တို့ စတဲ့ အသုံးဆောင်ပစ္စည်းတွေ၊ နောက်လုံခြုံရေး နဲ့သက်ဆိုင်တဲ့ ပစ္စည်းတွေပါလာတာဖြစ်ပါတယ်'' ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

thn-14-11-12-101
အမေရိကန်လေတပ်မှ C 17 လေယာဉ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ရပ်နားထားစဉ်

ထပ်မံ၍ နိုဝင်ဘာလ ၁၅ရက်နေ့နှင့် ၁၇ရက်နေ့များတွင်လည်း  အမေရိကန်လေတပ်မှ စစ်လေယာဉ် များသည် မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထပ်မံရောက်ရှိမည်ဟုလည်း သတင်းရရှိပါသည်။
အမေရိကန်သမ္မတအဖြစ် သက်တမ်းနှစ်ကြိမ်ဆက် ရွေးချယ်ခံခဲ့ရသော ဘာရက်အိုဘားမားသည် မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၁၉ရက် နေ့တွင် လာရောက်ပြီး သမ္မတဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံ မည်ဖြစ်ကြောင်း သိရသည်။
credit to>>eleven media
ဆက်ဖတ်ရန်>>

Tuesday, November 13, 2012

အမေရိကန်သမ္မတ၏ သမိုင်းဝင်ခရီးမစတင်မှီ ရှေ့ပြေးကိုယ်ရံတော်တပ်ဖွဲ့များရောက်ရှိ


မြန်မာနိုင်ငံအတွက် သမိုင်းဝင်နိုင်ငံတော်အကြီးအကဲခရီးစဉ်အဖြစ် အမေရိကန်သမ္မတခရီးစဉ်မတိုင်မီ ရှေ့ပြေးအဖြစ် ကိုယ်ရံတော်တပ်ဖွဲ့နှင့် အမေရိကန်သမ္မတစီးနင်းမည့်ကားများ ရောက်ရှိနေပြီဖြစ်ကြောင်း မင်္ဂလာဒုံလေဆိပ်ရှိ မျက်မြင်တွေ့ရှိသူများက PDK သို့ပြောကြားသည်။ အဆိုပါရှေ့ပြေးအဖွဲ့များအား ရန်ကုန်မြို့ ကန်တော်ကြီး ကန်ပတ်လမ်းရှိ Chatrium Hotel တွင် တည်းခိုရန်စီစဉ်ထားကြောင်း သိရှိရသည်။
News by: People Development for Knowledge
— ဆက်ဖတ်ရန်>>

Saturday, November 10, 2012

သွေးတွေနဲ့ ငိုနေရတဲ့ မိန်းကလေး



သွေးတွေနဲ့ ငိုနေရတဲ့ မိန်းကလေး Twinkle Dwivedi ဆိုတာ စိတ်ဝင်စား ပြီး ရှုပ်ထွေးဖို့ကောင်းတဲ့ဘာသာရပ်တစ်ခုဖြစ်လို့နေပါတယ် ။ ယုံကြည်နိုင် ဖို့ ခက်ခဲသလို လက်ခံနိုင်ဖို့လည်း ခက်ခဲလွန်းလှပါတယ် ။ အခု ၁၄ နှစ်အရွယ် Indian မိန်းကလေး ငယ်လေး Twinkle ဟာ သူမမျက်လုံးတွေကနေ သွေးရည်တွေ ခဏခဏ ထွက်ကျလို့နေပါတယ်တဲ့ သူမရဲ့ အရေ ခွံတွေနောက်ဆုံးသူမ ခြေဖ၀ါးပါမကျန် နှာခေါင်းပေါက်တွေကနေလည်း သွေးတွေ ယိုစီးကျ လို့နေပါတယ် ။ Twinkle လေးနဲ့ သူ့မိဘတွေကတော့ ဆေးပညာရပ်ဆိုင်ရာက ဆရာဝန်တွေကိုရော နတ်ဆ ရာတွေရော သူတို့ ကို ကူညီဖို့နဲ့ တွင်ကယ်လေးရဲ့ ထူးဆန်းဖွယ်ကောင်းသော ပြဿနာ ကို ဖြေရှင်းပေး ကြဖို့ မေတ္တာ ရပ်ခံထားပါတယ် ။ National Geographic မှ တွင်ကယ်ဆီမှ အစိတ်အပိုင်း အသားစ သို့ သွေး နမူနာယူစမ်းသပ်ခဲ့ပြီး Dr.George Buchanan ကလည်း ဒီအဖြစ်အပျက်အတွက် တွင်ကယ့်မိဘတွေနဲ့လည်းသက်ဆိုင်လိမ့်မယ်လို့ ဆိုပါတယ် ။ သူပြောတာ ကတော့ တွင်ကယ်ဟာ ဆေးပညာရပ် ဆိုင်ရာ အထူးကုဆရာဝန်တွေနဲပ ၂၄ နာရီပတ်လုံးစောင့် ကြည့်လေ့လာမှုတွေ ပြုလုပ်ရမှာဖြစ်ပြီး ဒါဟာလည်း အရမ်းကို ငွေကုန်ကြေးကျများတဲ့ အခြေအနေ တစ်ခုဖြစ် လို့နေပါတယ် ။ တွင်ကယ့် မိဘတွေက ဆင်းရဲလွန်းပါတယ် ဘယ်သူတစ်ဦးတစ်ယောက်ကမှ တွင်ကယ့်ရဲ့ အခြေအနေကို ကုသဖို့အတွက် ငွေကြေးပေးနိုင်စွမ်းမရှီခဲ့ပါဘူး ။ အကယ်၍ တွင်ကယ့်မှာ ဘာဖြစ်ပျက်နေ သလဲဆိုတာကို ကျွန်တော်တို့ အတိအကျ မပြောနိုင်သေးသရွေ့ ဘာစကား မှပြောစ ရာလည်း မရှိပါဘူး ။ ဒါဟာ ဘယ်လို အခြေအနေမျိုးလဲလို့သင်ထင်ပါသလဲ ? Buchanan ကတော့ ဒါဟာ Munchhausen သို့မဟုတ် Munchhausen-By-Proxy Syndrome လို့ခေါ်တဲ့ အခြေအနေဖြစ်မယ်လို့ ယူဆပါတယ်တဲ့ ။ ဆိုလိုတာ ကတော့ တွင်ကယ် ( ပထမ ပစ်မှတ် ) နဲ့ သူမ အမေ ( ဒုတိယ ပစ်မှတ်) တို့ဟာ အဓိက ဒီသွေးယိုထွက်မှု ပြဿနာ မှ ပါဝင်ပတ်သတ်နေကြသူတွေပါ ။ လန်ဒန်မှ ဆရာဝန်တစ်ဦးကတော့ သူမဟာ Type II von Willebrand disease ကို ခံစားနေတာ ဖြစ်ပါလိမ့်မယ်လို့ဆိုပါတယ် ။ Type II von Willebrand disease ဆိုတာဟာ သွေးခဲမှု ပြဿနာ တစ်ခုဖြစ် ပါတယ် ။ Von Willebrand ဆိုတာဟာ အလွယ်တကူသွေးခြေဥခြင်း စသည်တို့ကို ဆိုလိုပြီး ဒီလိုမျိုး အကြာကြီး တရပ် စပ် သွေးယိုတဲ့ဖြစ်စဉ်မျိုးကတော့ အခုမှ သူလည်း ကြားဖူးတာပါလို့ဆိုပါတယ် ။ ကဲ ဒါဆို တွင်ကယ်ဟာ Von Willebrand ကြောင့်မဟုတ်ခဲ့ဘူးဆိုရင်ရော သူမဟာဘာတွေ မှားယွင်းနေသလဲဆိုတာ အများကြီး စမ်းသပ် မှုတွေ ပြုလုပ်ရပါဦးမယ် ။ တခြားသူတွေ ယုံကြည်ကြတာကတော့တွင်ကယ်ဟာ နတ်တွေသရဲတွေရဲ့ပြုစားခြင်းကို ခံနေရတာပါတဲ့ ။ သူမ ကျောင်း က သူမ ဒီလို လက္ခဏာတွေ စစကြုံလာခဲ့ခြင်း ကျောင်းနားစေခဲ့ပါတယ် သူမ သူငယ်ချင်းတွေ ကလည်း သူမနဲ့အတူတူသွားမကစားကြတော့ပါဘူး ။ တခါတရံ သူမဘေးပတ်ဝန်းကျင်က လူတွေနဲ့ အတန်းဖော်တွေက ခဲလုံးတွေနဲ့သူမကို ပစ်ပေါက်ကြပြီး သူမလမ်းလျှောက်လာရင်အမျိုးမျိုး နှောက်ယှက်မှုတွေ ပြုလုပ်ခဲ့ကြတာကိုလည်း တွင်ကယ်လေးခမျာ ခံခဲ့ရပါသေးတယ် ။ ဒါ့အပြင်သူမရဲ့ စိတ်ဒါဏ်ရာတွေ နဲ့ အမာရွတ်တွေကိုရော ကျွန်တော်တို့ ဘယ်လိုကုစားပေးကြမှာလဲ ။ သူမ ခြေဖ၀ါးက သွေးတွေထွက်လာတဲ့အခါ တွင်ကယ်ဟာ အလွန်အမင်း ခက်ခဲတဲ့ အခြေအနေတွေ နဲ့ရင် ဆိုင်ရပါတယ် ။ ကဲ ဒီလို ထူးဆန်းတဲ့အခြေအနေအတွက် ကျွန်တော်တို့ ဘယ်သူ့ကို လက်ညှိုးထိုးကြမလဲ ဘယ်သူ့ကို အပစ်တင် ရမလဲ တွင်ကယ်လေးကရော အဖြေတစ်ခု တိတိကျကျ ထွက်လာတဲ့အချိန်အထိ ကြံ့ကြံ့ခိုင်နိုင်ပါ့မလား ။ ကျွန်တော် တို့ တွင်ကယ်လေးအတွက် ရောဂါ ဘယတွေ အမြန်ဆုံးသက်သာပျောက်ကင်းစေဖို့ ၀ိုင်းပြီး ဆုတောင်းပေး လိုက်ကြရအောင်လားဗျာ ။
 http://www.facebook.com/media/set/?set=a.368079259950174.87525.100002443101419&type=3 မှ ကူးယူဖေါ်ပြပါသည်....
ဆက်ဖတ်ရန်>>

တုန်လှုပ်ခြောက်ခြားဖွယ် သစ်ပင်လူသား


တုန်လှုပ်ခြောက်ခြားဖွယ် သစ်ပင်လူသား အသက် ဆယ့်ငါးနှစ်အရွယ်တုန်းက Dede Koswara ဟာ ငါးဖမ်းသမားတစ်ဦးဖြစ်ဖို့ လေ့လာသင်ယူခဲ့တယ် ။ သူဟာ အဆောက်အဦးတွေ ဘယ်လိုတည်ဆောက်သလဲဆိုတာကိုလည်း လေ့လာယူသင်ယူခဲ့တယ် ။ အင်ဒိုနီး ရှားနိုင်ငံ မှာ ပျော်ရွှင်စရာလူငယ်လေးတစ်ယောက်အဖြစ်နဲ့ပေါ့ ။ အဲဒီနောက်ပိုင်း . . သူဟာ သူ့ဒူးခေါင်း ကိုဖြတ်ပစ်ခဲ့ရတယ် ။ အဲဒီကနေစလို့ ကံကြမ္မာဆိုးကြီးတစ်ခုဟာ ဘ၀တစ်ခုလုံး ကို ဗြောင်းပြန် ဆန်အောင် မွှေနှောက် ပစ်ခဲ့တယ် ။ သူ့ဒူးခေါင်းဟာ အချိန်အကြာကြီးတိုင်အောင် အနာကျက်ဖို့ခဲယဉ်းနေသလို ပွန်းပဲ့ရာလေးတစ်ခုကနေစပြီး ကြွက်နို့လေး တစ်ခုဖြစ်ပေါ်လာခဲ့တယ် ။ အဲဒီနောက်ပိုင်းမှာ ကြွက်နို့တွေဟာ ပတ်ပတ်လည် များပြားလာ ခဲ့ရတယ် ။ အဲဒီလိုနဲ့သူဟာ ငါးဖမ်းသမားတစ်ယောက်အနေနဲ့ ဆောက်လုပ်ရေးသမားတစ်ဦးအနေနဲ့ အိမ်ထောင်တွေ ဘာတွေကျပြီး ကလေးတွေ သားသမီးတွေ ထွန်းကားခဲ့တယ် ။ ဒါပေမယ့် ပြဿနာဟာ တဖြည်းဖြည်း ဆိုးသထက်ဆိုးရွားလာခဲ့ရတယ် ။ နှစ်တွေကြာလာတဲ့အခါ ကြွက်နို့တွေဟာ မြင် မကောင်းလောက်အောင်ပွား များလာခဲ့တယ် ။ ပြည်တွင်းဆရာဝန်တွေနဲ့ ကုသပေမယ့်လည်း Dede ဟာ ကြွက်နို့ တွေ အလွန်အမင်းများပြားလာတဲ့အတွက် နာမည်သစ်တစ်ခုတွင်ခဲ့ပါတယ် ။ “ သစ်ပင်လူသား ” တဲ့ ။ Dede ဟာ ဒီလိုအနေအထားနဲ့ နှစ်ပေါင်း ၂၀ ကြာနေထိုင်ခဲ့တယ် ။ ဒါဟာတကယ်တော့ HPV လို့ခေါ်တဲ့ Human Papilloma Virus ကူးစက်ခံရခြင်းဖြစ်ပြီး ပိုဆိုးသွားစေတဲ့အချက်ကတော့ ဒီဒီရဲ့ ကိုယ်ခံအား စနစ်ကြောင့်ပဲဖြစ်ပါတယ် ။ အမေရိကန်ဆရာဝန်တွေ လာရောက်စဉ်က ဒီဒီကို AIDS ကူးစက်ခံရတယ်လို့ ယူဆခဲ့ကြပါသေးတယ် ။ ကဲ ဒါဆို ဒီဒီရဲ့ ကိုယ်ခံအားစနစ်ဘာကြောင့် ရုတ်တရက်ကြီး ထိုးကျသွားခဲ့ရပါသလဲ ။ စမ်းသပ်မှုတွေမှာတော့ ဒီဒီမှာ AIDS မရှိသလို သူ့ရဲ့ ကိုယ်ခံအားစနစ်ဟာ စိတ်ဝင်စားဖွယ်ရာ ဒဏ္ဍာရီတစ် ပုဒ်သဖွယ်ဖြစ်လို့နေခဲ့တယ် ။ သူ့ရဲ့ ဒီကြွက်နို့တွေဟာနာကျင်မှုမရှိခဲ့ဘူး ။ 
 ဒါပေမယ့်တဖြည်းဖြည်း ကြီးထွား လာလိုက်တာ သစ်ခေါက်တွေနဲ့ ဆင်တူလာပြီး သူ့ခြေထောက်တွေကိုကြည့်ကြပါဦး ဘယ်လောက် သနားစ ရာကောင်းသလဲလို့ ။ သူ့လက်ဟာ အစာစားလို့မရနိုင်လောက်အောင် ဆိုးရွာပြင်းထန်လာခဲ့တယ် ။ သူဟာ သူ့ကလေးတွေကို ထိတွေ့ကိုင်တွယ်လို့မရတော့ဘူး ။ တကယ်တော့ သူ့မိသားစုမှာ ကြွက်နို့ တစ်လုံး တလေ မှမရှိပါပဲ သူတစ်ယောက်တည်းပဲဖြစ်နေရခြင်းဖြစ်ပါတယ် ။ ဒါပေမယ့် ကြီးထွားပျံ့နှံ့မှုနှုန်းက အ ရမ်းမြန်တော့ သူဟာ ဘာခံစားမှုမှမခံစားရတော့ပါဘူး ။ ဒါနဲ့ပဲ အမေရိကန်မှ အရေပြားအထူးကုဆရာဝန် Anthony Gaspari ဟာ အင်ဒိုနီးရှားအစိုးရနဲ့ ပူးပေါင်းပြီး ဒီဒီကို ကုသဖို့ ဆုံးဖြတ်ခဲ့တယ် ။ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလမှာ ဒီဒီရဲ့ ကြွက်နို့ ၄ ပေါင်မှ ၁၂ ပေါင်အတွင်းကို ခွဲစိတ်မှုပေါင်း ၈ ခုလုပ်ပြီး ဖယ်ရှားပေးခဲ့တယ် ။ ခွဲစိတ်မှု ၄ ခုလုပ်ပြီးတဲ့အခါမှာ သူဟာ ဘောပင်ကို ကိုင်နိုင်လာခဲ့တယ် ခက်ရင်းကိုလည်းကိုင်နိုင်ပြီး အနည်းဆုံးတော့ သူ့ခြေထောက်ပုံသဏ္ဍာန်လေးကို ပုံမြင်လာခဲံတယ် ။ မမျှော်လင့်ပဲ ဆရာဝန်တွေက ဒီဒီရဲ့ အနာဂါတ်မှာ ဘာဆက်ဖြစ်မလဲဆိုတာကိုတော့ အာမခံချက်မပေးနိုင်ခဲ့ကြဘူး ။ Gaspari မျှော်လင့်တာကတော့ ဒီဒီဟာ အမေရိက ဗီဇာ ရရှိပြီး အမေရိကားမှာ လာရောက်ကုသဖို့ပါပဲ ။ အကယ်၍သာ သူဟာ ခုခံအားစနစ်ကို ပြန်လည် တည်ဆောက်နိုင်မယ်ဆိုရင် HPV ကို တိုက်ထုတ်နိုင်မယ်ဆိုရင် သူ့ကြွက်နို့ တွေဟာ ဆက်လက်ကြီးထွားလာတော့မှာမဟုတ်ပါဘူး ။ ယခုအချိန်အထိတော့ ခွဲစိတ်ကု သပြီး တာတောင် ကြွက်နို့တွေက ကျန်သေးတုန်းပါပဲ ။ဆ က်လက်ကြီးထွားနေတုန်းပါပဲ ။ ဒီဒီမျှော်လင့်တာကတော့ သူ့ကို တစ်နေ့နေ့ကုသပေးမယ့် ဆရာဝန်နဲ့ သူ့ကိုနား လည်ပြီး လက်ထပ်ပေး မယ့်အမျိုးသမီးတစ်ဦးကိုပါတဲ့ ။ ဘာကြောင့်လဲဆိုတော့ ကလေးတွေအမေ သူ့ပထမမိန်းမဟာ ဒီဒီရဲ့ ကြွက်နို့တွေ ကြီးထွားလာတာနဲ့ သူ့ကို စွန့်ခွာသွားတဲ့အတွက်ဖြစ်ပါတယ် ။
 http://www.facebook.com/media/set/?set=a.368080589950041.87526.100002443101419&type=1 မှကူးယူပါသည်......
ဆက်ဖတ်ရန်>>

Friday, November 9, 2012

အဆိုတော် ခင်မောင်တိုး ကျန်းမာရေးအခြေအနေတိုးတက်လာဟုဆို ....


အဆိုတော် ခင်မောင်တိုး ကျန်းမာရေးအခြေအနေတိုးတက်လာဟုဆို မဇ္ဈိမလှိုင်းတေးဂီတအဖွဲ့၏ ပင်တိုင်အဆိုရှင်တစ်ဦးဖြစ်သော ခင်မောင်တိုး ကွယ်လွန်သွားသည့် သတင်းများသည် ရန်ကုန်မြို့ရှိ လူမှု ကွန်ရက်နှင့် အင်တာနက်စာ မျက်နှာ တို့တွင် ပျံ့နှံ့နေပြီး ၄င်းသတင်းများ မှာ ကောလဟာလဖြစ်ကြောင်း တေးရေးဆရာ (ဦး)ဝင်းမင်းထွေးက ပြော ကြားသည်။ ''နိုဝင်ဘာလ ၈ ရက်နေ့ညပိုင်းမှာ ဦးခင်မောင်တိုးဆုံးပြီဆိုတဲ့ သတင်းတွေfacebook ပေါ်တက်လာ တယ်၊ ဒါတွေဟာ မှားနေတယ်၊ အခု ဦးတိုးကြီးက စင်ကာပူမှာ ဆေးကုသ မှုခံယူနေပါတယ်။ နိုဝင်ဘာ ၉ ရက် နေ့မှာရတဲ့ သတင်းတွေအရ အခြေ အနေတိုးတက်ကောင်းမွန်လာပါ တယ်'' ဟု ၄င်းကပြောသည်။ အဆိုတော်(ဦး)ခင်မောင်တိုးသည် စင်ကာပူနိုင်ငံ၌ အသည်းရောဂါဖြင့် ဆေးဝါးကုသနေသည်မှာ နှစ်လနီးပါးခန့်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။
 http://www.facebook.com/pages/Messenger-News-Journal/127099574018030 မှ ကူးယူခြင်းဖြစ်သည်....
ဆက်ဖတ်ရန်>>

Saturday, November 3, 2012

လူကြီးမင်း ကတော့ လုပ်ပြန်ပြီ ....(ရုပ်သံ)

ဆမ်ဆောင်းဂလက်စီ mini ဟန်းဆက်ဖုန်း တစ်လုံးကို ကျပ် ၅ထောင်နဲ့ အလုံး ၁၀၀ကျော်ကို ရောင်းချမယ်လို့ ကြေညာခဲ့ပြီးမှ ဆိုင်ပိတ်ချလိုက်တဲ့ လူကြီးမင်းဖုန်းဆိုင်တွေကို ဒေါသထွက်နေတဲ့ လူအုပ်ကြီးက ခဲနဲ့ပေါက် ဆိုင်းဘုတ်တွေကို ဖျက်စီးခဲ့ပါတယ်။

လူကြီးမင်း ဖုန်းဆိုင်တွေရှိတဲ့ လသာ၊ ကမာရွတ်၊ သာကေတ၊ အင်းစိန်၊ မြောက်ဥက္ကလာ၊ စတဲ့မြို့ နယ် တွေက ဆိုင်ခွဲတွေမှာ ဦးရာလူစနစ် နဲ့ မဲနှိုက်ပြီး အထူးလျှော့ဈေးနဲ့ နိုဝင်ဘာ ၃ရက်နေ့မနက်(၇)နာရီမှာ ကျပ်ငွေ ၅ထောင်နဲ့ရောင်းမယ်ဆိုပြီး တရားဝင် ကြေညာခဲ့ပါတယ်။
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ

Thithtoolwin မှကူးယူသည်.... ဆက်ဖတ်ရန်>>

ဗဟိုစည် ဆေးရုံ မှားယွင်း ကုသသည်ဟု ဆိုကာ သမ္မတ ထံတိုင်ကြား


31 OCTOBER 2012 အောက်တိုဘာ ၁၃ ရက်နေ့က ကြီးမားသော ဆေးကုသမှု မှားယွင်း ပေါ့လျော့မှုကြောင့် ဟုဆိုကာ ဗဟိုစည် ဆေးရုံအား.... ကာယကံရှင် လူနာမိသား စုက သမ္မတထံတိုင်ကြားခဲ့ကြောင်း လူ ထုပုံရိပ်မှ စုံစမ်းသိရှိရသည်။ ကာယကံရှင်လူနာ ဒေါ်လှစိန် အသက်၆၉နှစ်သည် မြိတ်မြို့မှ လာ ရောက်၍ ဗဟိုစည်ဆေးရုံဒုတိယ အ လွှာ၊ အခန်းအမှတ် ၂၁၁ ၌ ကျောက် ကပ်ပိုင်းဆိုင်ရာ ဆေးကုသမှုအား အောက်တိုဘာ ၁၁ ရက်တွင် ကုသမှု ခံယူရာ အောက်တိုဘာ ၁၃ ရက်တွင် အကြောထဲဆေးသွင်းမှုကြောင့် ဆေး ထိုးခံရသည့်လက်တွင် အရည်ကြည်ဖု များ ဖောင်းပွလာပြီး လက်မှာညိုပုပ် လာကြောင်း ကာယကံရှင် ဒေါ်လှစိန် ၏ သားဖြစ်သူက ဖြစ်စဉ်ကို လူထုပုံရိပ် သို့ပြောသည်။ "၁၁ ရက်နေ့မှာ ဒီဆေး ပဲ ၅ လုံးထိုးတယ်၊ ၁၂ ရက်နေ့မှာ လည်း ၅ လုံးထိုးတယ်၊ ၁၃ ရက်နေ့ကျ တော့ တစ်ဖက်ပဲထိုးနေရလို့ဆိုပြီး လက်ပြောင်းထိုးတယ်၊ ထိုးထိုးချင်း နှစ် မိနစ်လောက်မှာ အမေကနာတယ် ပြောတယ်၊ ဆေးထိုးပေးတဲ့ဆရာမက ဒီဆေးက ဒီလိုပဲ နာတတ်တယ်လို့ပြော တော့ အမေက ကြိတ်ခံတယ်၊ ဒါပေမဲ့ မိနစ် ၂၀ လောက်လဲရောက်ရော အမေကမခံနိုင်တော့လို့ ကျူကျူပါ အောင်ငိုတော့မှ ရပ်လိုက်တယ်၊ ဆေး ကလည်း အဲဒီနေ့က သုံးလုံးပဲထိုးလိုက် ရတယ်၊ ပြီးတော့လက်က ဓာတ်ပုံထဲ မှာ မြင်တဲ့အတိုင်းဖြစ်သွားတာပဲ"ဟု ၄င်းကပင် ဆက်လက်ရှင်းပြသည်။ မိမိတို့အနေဖြင့် မိခင်ဖြစ်သွားသည့် အပေါ် သက်ဆိုင်သည့်ဆရာဝန်များ အနေဖြင့် ဆေးပညာရှင်များသို့ အ ကြောင်းကြားသော်လည်း ချက်ချင်း ရောက်မလာနိုင်ဘဲ အချိန်အတော် ကြာမှ ရောက်လာကြောင်း၊ ထို့နောက် မိခင်၏ လက်အားထောင်ထားပါက ပျောက်သွားမည်ဟု ဆရာဝန်မက ပြောကြောင်း၊ အမှန်တကယ်ဆိုလျှင် ၄င်းတို့အနေနှင့် သိသင့်ပြီး ချက်ချင်း ဆေးကုသမှုပိုင်းဆိုင်ရာကို ပြုလုပ်ပေး သင့်ကြောင်း၊ မိမိတို့၏ မိခင်မှာ ရောဂါ ဝေဒနာခံစားနေရသည့်ကြားမှ ဆေးရုံ ၏ ပေါ့လျော့မှုကြောင့် လက်ထိခိုက် သွားသည့် ဝေဒနာခံစားနေရသည်ကို ရင်နာကြောင်း ၄င်းက ဆိုသည်။ " အသည်းအထူးကုဆရာဝန်ကြီး ဦးခင်မောင်ဝင်းရောက်လာတော့မှ ဒါ ဘာလုပ်နေတာလဲ၊ မြန်မြန်ခွဲစိတ်၊ ဘယ်သူ့အမိန့်ကိုမှ မစောင့်နဲ့၊ ငါလုပ် ခိုင်းတာဆိုမှ ၁၅ ရက်နေ့က ခွဲစိတ် လိုက်တယ်၊ ကျွန်တော့်အထင် လက် က အကောင်းပကတိအတိုင်းဖြစ်ဖို့ မ လွယ်တော့ဘူး၊ တော်တော်ကြီးဖြစ် သွားတာပါ၊ ဆရာဦးခင်မောင်ဝင်းက တော့ ဒါမဖြစ်သင့်ဘူး၊ ပထမပိုင်းနာ တယ်ဆိုကတည်းကရပ်သင့်တယ်၊ မရပ်ဘဲ ဆက်ထိုးလိုက်တော့ သွေး ကြောမျှင်တွေပေါက်ပြီး ဖြစ်သွားတာ၊ အရင်ဆုံး check လုပ်သင့်တယ်၊ အတင်းထိုးလို့ ဖြစ်သွားတယ်ဆိုပြီး ပြောတယ်။ ၁၈ ရက်နေ့မှ ဗဟိုစည် MD ဦးကျင်ထွန်းကလည်းဝန်ခံတယ်၊ လူနာရဲ့ ရောဂါကြောင့်ဆိုပြီး အဖြစ်မှန် ကို လိုက်ဖုံးတယ်"ဟု လူနာရှင် ဒေါ်မြ စိန်၏သားကပင်ပြောသည်။ မိမိတို့အနေဖြင့် လျော်ကြေးတောင်း ယူမှုမရှိသလို ရယူမှုဆန္ဒလည်းမရှိ ကြောင်း၊ မိခင်ဖြစ်သွားသည့်အပေါ် နစ်နာသည်ဟု ယူဆသဖြင့် မှားယွင်း စွာ ကုသခြင်း၊ အဖြစ်မှန်ဖျောက်ကွယ် ထားခြင်းကြောင့် ယခုကိစ္စအား သမ္မတ ထံတိုင်ကြားလိုက်ပြီဖြစ်ကြောင်း၊ မိခင် အား ယင်းဆေးရုံတွင်ပင် ဆေးကုသ စရိတ်ပေး၍ ဆေးကုသမှုခံယူနေ ကြောင်း၊ မိခင်ဖြစ်သွားသည့်နေ့က သူနာပြုနှင့် တာဝန်ရှိဆရာဝန်၏ အမည်အား လုံးဝစုံစမ်း၍မရကြောင်း အထက်ပါပုဂ္ဂိုလ်က ဆိုသည်။ လူထုပုံရိပ်မှ ဗဟိုစည်ဆေးရုံသို့ အောက်တိုဘာ ၂၂ ရက်နေ့တွင် သွားရောက်မေးမြန်းရာ အစပထမပိုင်း တွင် တာဝန်ရှိသူများမရှိဟု ဒေါက်တာ ဒေါ်စန်းဝင်းကဆိုသောကြောင့် တိကျ သည့်အဖြေမရရှိခဲ့သော်လည်း ယင်း နေ့ ညနေတွင်ပင် ဆက်သွယ်မေး မြန်းရာ ဒေါက်တာဒေါ်စန်းဝင်းကပင် အ ထက်လူကြီးများ၏ ညွှန်ကြားချက်အရ ယခုကိစ္စအား လူနာရှင်နှင့် လူနာရှင် အားကုသသည့်ဆရာဝန်မှ လွဲ၍ ပြင်ပ သို့ပြောမည်မဟုတ်ကြောင်း ဖြေဆို ထားသည်။ အေးချမ်းမွန်မှ THE PUBLIC IMAGEတွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။ Photo From :THE PUBLIC IMAGE By Aye Chan Mon -------------------------------------------------------------------------- Posted By : မြန်မာ့သတင်းများစုစည်းရာ (MNC) Email : myanmarnews4u@gmail.com ဆက်ဖတ်ရန်>>

Saturday, October 20, 2012

Miss နန်းခင်ဇေယျာ People's Choice ဆု ရရှိ....


Miss နန်းခင်ဇေယျာ People's Choice ဆု ရရှိ

ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းတွင်ကျင်းပသော Miss International 2012 မှ ချီးမြင့်မည့် People's Choice ဆုကို မြန်မာပြည်ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်သော Miss နန်းခင်ဇေယျာမှ ရရှိခဲ့ကြောင်း.... အွန်လိုင်းသတင်းများအရသိရသည်။Miss နန်းခင်ဇေယျာ နှင့်တိုက်ရိုက်အင်တာဗျူးအားယခုအပတ်ထုတ် ပေါ်ပြူလာဂျာနယ်အတွဲ(၁၆)၊အမှတ်(၄၂)မှာ အပြည့်အစုံဖော်ပြပေးသွားမည်ဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည်။ ဓါတ်ပုံ-facebook
ဆက်ဖတ်ရန်>>

နန်းခင်ဇေယျာ ရဲ့ အင်တာဗျူးလေးပါ....

နှစ်ပေါင်း ၅၀ အတွင်း နိုင်ငံတကာ မယ်ပြိုင်ပွဲမှာ မြန်မာမယ်အဖြစ် ပါဝင် ယှဉ်ပြိုင်နေတဲ့ နန်းခင်ဇေယျာရဲ့ ပြိုင်ပွဲ လက်ရှိ အခြေအနေကို ဘီဘီစီ ဘန်ကောက် ၀ိုင်းတော်သား ကိုဝင်းမြင့်က မေးမြန်းထားပါတယ်။ မြန်မာမယ်က အင်တာနက်မယ်ဆု ရအောင် မြန်မာတွေ ၀ိုင်းပြီး မဲပေးနေကြတာကို အလွန်အမင်း ၀မ်းသာ ကျေးဇူးတင်တဲ့ အကြောင်းနဲ့ ဆုတွေထက် မြန်မာဆိုတာကို နိုင်ငံတကာကြားမှာ သိသွားကြလို့ ကျေနပ်တယ်လို့ ပြောပါတယ်။ ဆက်ဖတ်ရန်>>