Pages

Showing posts with label အွန်လိုင်းပေါ်မှသတင်းများ..... Show all posts
Showing posts with label အွန်လိုင်းပေါ်မှသတင်းများ..... Show all posts

Tuesday, November 27, 2012

ကောင်းကင်ထက်က ကျရောက်သည့် အမျိုးအမည် မသိ သတ္တုလုံး တစ်ခု သံဖြူဇရပ် မြို့နယ် တွင် ထပ်မံ တွေ့ရှိ


နေပြည်တော် နိုဝင်ဘာ ၂၆ နိုဝင်ဘာ ၂၅ ရက် မွန်းလွဲ ၁ နာရီ ခန့်က သံဖြူဇရပ် မြို့နယ် စခန်းကြီး ကျေးရွာနေ ဦးအောင် ဆန်း၏ ရော်ဘာခြံ၌ အမျိုးအမည် မသိ သတ္တု အလုံး တစ်လုံးကို တွေ့ရှိ၍ အနီးဆုံးရှိ နယ်မြေခံ လုံခြုံရေး တပ်ဖွဲ့သို့ သတင်း ပို့ခဲ့ပါသည်။ ထို့ကြောင့် တာဝန်ရှိ သူများက သွား ရောက် စစ်ဆေးရာ အဆိုပါ ပစ္စည်းသည် လုံးပတ် ၄၂ လက်မ၊ အချင်း ၁၅ လက်မ အရွယ်ရှိ သတ္တုလုံး တစ်လုံး ဖြစ်ပြီး အလုံး၏ ဘေးတစ်ဖက် တစ်ချက် ဝင်ရိုးကဲ့သို့ နေရာတွင် မူလီ ခေါင်းလေးလုံးစီ တပ်ဆင်လျက် ပါရှိကြောင်း၊ နိုဝင်ဘာ ၂၂ ရက် မွန်းလွဲ ၁ နာရီခန့်က သံဖြူဇရပ် မြို့နယ် ဘုရားလေးဆူ ကျေးရွာ အရှေ့ဘက် ၁ မိုင် ခန့် အကွာရှိ ကျုံကန် ချောင်း စပ်တွင် တွေ့ရှိခဲ့သည့် သတ္တုလုံးနှင့် အရွယ်အစား၊ ပုံသဏ္ဌာန်ပါ တူညီကြောင်း၊ ကောင်းကင် ပေါ်က ကျရောက်ခြင်း ဖြစ်နိုင်ကြောင်း သိရှိရသည်။ အဆိုပါ ကောင်းကင် ထက်မှ ကျရောက် လာသည့် အရာ ဝတ္ထုနှင့် ပတ်သက်၍ တာဝန်ရှိ သူများက လိုအပ်သော စုံစမ်း စစ်ဆေးမှုများ ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။ မြဝတီသတင်းမှ ကူးယူဖေါ်ပြပါသည်.... ဆက်ဖတ်ရန်>>

Lamborghin ရဲ့ ပထမဆုံး ဇိမ်ခံ SUV ကားကြီး Urus


၂၀၁၂ ပဲရစ်မော်တော်ယာဉ်ပြပွဲမှာ ဝင်ရောက်ပြသခဲ့တာ ဖြစ်ပါ တယ်။ ပြီးခဲ့တဲ့ ၂၀၁၂ ဘေကျင်း မော်တော်ယာဉ် ပြပွဲမှာ လည်း ဝင်ရောက်ပြသခဲ့တဲ့ကားလည်း ဖြစ်ပါတယ်။ ၂၀၁၃ နှစ်ဆန်းမှာထွက်ရှိဖို့ အဆင်သင့်ဖြစ်နေပြီလို စီအီးအို ကိုယ် တိုင်ပြောကြားခဲ့ပါတယ်။ မြင်းကောင်ရေအား ၆၀၀ အထက်ထုတ်လုပ်နိုင်ပြီး တစ်နာရီ ကီလိုမီတာ ၂၁၀ အထက် မောင်းနှင်နိုင်မယ့်ကား ဖြစ်ပါတယ်။ ကာဘွန်ဒိုင်အောက်ဆိုဒ်ထုတ်လွတ်မှု အနည်းဆုံးဖြစ်အောင် အဆင့်မြင့် နည်းပညာများနဲ့ လျော့ချပေးထား ပါတယ်။ ဆလင်ဒါ ၁၂ လုံးပူး အင်ဂျင် အားကြီးကား ဖြစ်ပါတယ်။ BMW, Land Rover တို့မှ ထုတ်တဲ့ SUV တို့ကို အဓိက ယှဉ်ပြိုင်မယ့်ကား ဖြစ်ပါတယ်။ ကားအပြင်ပန်းဒီဇိုင်းနဲ့ အတွင်းခန်း ဒီဇိုင်းအားလုံး က မြင်ဖူးနေကျ SUV များမှ သီးခြားကို ကွဲပြားသွားပါတယ်။ ကာဘွန်ဖိုက်ဘာ သတ္တုကို အသုံးပြုပြီး ဘော်ဒီကို လှလှပပ တည်ဆောက်ပေးထားပါတယ်။ LED မီးလုံး၊ နည်းပညာ များလည်း ထည့်သွင်းပေါင်းစပ်ပေးထားပြီး Performance မြင့် တဲ့ Lamborghini ပြိုင်ကားများလိုပဲ စွမ်းဆောင်ရည် ထပ်တူကျမှာ ဖြစ်ပါ တယ်။ ကားမောင်းပြိုင်ပွဲတွေဝင်လို့ရမယ့် ဗားရှင်းတောင် ထုတ်လုပ် အုံးမှာ ဖြစ်ပါတယ်။ ဈေးနှုန်းကလည်း အမေရိကန် ၂ သိန်းဝန်းကျင်မှာ ပေါက် မယ့်ဈေးကြီး SUV ဖြစ်တဲ့အတွက် သာမန်လူစီးဖို့ မလွယ်ပါဘူး။ Lamborhgin Urus ဟာ ဇိမ်ခံကားလှမှ စီးချင်သူများအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထား တာ ဖြစ် တယ်လို့ သိရပါတယ်။
 --- Ref:autoblog Photo courtesy of autoblog. All Rights Reserved.
Aung Kham (TSJ team)
credit to>>>techspacejournal
ဆက်ဖတ်ရန်>>

iPad နှင့် app ကြောင့် ပါးပြောင်နေသော ချယ်လ်ဆီး မန်နေဂျာ


ချယ်လ်ဆီးအသင်းရဲ့  ကြားဖြတ် မန်နေဂျာအဖြစ် တာဝန်ထမ်းဆောင် နေတဲ့ Rafa Benitez ဟာ သူ့ရဲ့  လျှို့ ဝှက်ချက်ကို ထုတ်ဖော်ပြောကြား လိုက်ပါ တယ်။ ဒါကတော့ သူဟာ အသင်း စီမံခန့်ခွဲဖို့ အတွက် iPad ပေါ်မှာ app တွေ နဲ့ အလုပ်လုပ်တယ်ဆိုတာပဲ ဖြစ်ပါတယ်။ ဒါတောင် သူများလုပ်တဲ့ app မဟုတ်ပါဘူး။ လီဗာပူးလ် မှာ မန်နေဂျာ လုပ်စဉ်က တွဲခဲ့တဲ့ နည်းပြအချို့ နဲ့ ပေါင်းလို့ ဘောလုံးစီမံခန့်ခွဲတဲ့ App ကို ကိုယ်တိုင်ကိုယ်ကျ ဖန်တီးထားတာ ဖြစ်ပါတယ်။ သူ့ကို Globall Coach Lite လို့ အမည်ပေးထားပါတယ်။ အသင်း မန်နေဂျာအတွက်ရော၊ နည်းပြ အတွက်ရော၊ အားကစား သမားတွေအတွက်ပါ အသုံးဝင်တဲ့ application လို့ဆိုပါတယ်။ iTune ကနေ Download ဆွဲ ဝယ်ယူအသုံးပြု ရမယ့် app ဖြစ်ပါတယ်။ "အရင်ကဆို အသင်းကို စီမံခန့်ခွဲဖို့အတွက် ဗီဒီယိုတွေ၊ ကွန်ပြူတာ ဒီဇိုင်းတွေနဲ့ အချိန်ကုန်ခံပြီး လုပ်နေရတယ်။ အခုလို application ပေါ်လာတော့ အားလုံးကို iPad တစ်လုံးပေါ်မှာပဲ presentation လုပ်နိုင်တယ်။ လိုအပ်တာတွေ အလွယ်တကူ ရှင်းလင်းပြသ၊ မှာကြားနိုင် တယ်" လို့ ပြောဆိုခဲ့ပါတယ်။ ပရီးမီးယားလဂ် နည်းပြ ဗားရှင်း၊ အကဲဒမစ် ဗားရှင်း၊ Lite ဗားရှင်းဆိုပြီး သုံးမျိုး ဖန်တီးထားတယ်လို့ ဆိုပါတယ်။ လက်ရှိ ပရီးမီးယားလဂ်မှာ ချယ်လ်ဆီးရဲ့  ရလဒ်က ရင်ခုံစရာကောင်းနေ ပါတယ်။ ၁၃ ပွဲ ကစားအပြီးမှာ အဆင့်က ၄ ဖြစ်နေတော့ ချယ်လ်ဆီး ပရိတ်သတ်တို့ ရင်မခုန်ပဲ မနေနိုင်ပါဘူး။ တကယ်ပဲ Globall Coach Lite သာ ကောင်းတယ်ဆိုရင် Rafa Benitez ရဲ့  ပရီးမီးယားလဂ် အောင်ပွဲ အိပ်မက်ဟာ တကယ်ပဲ ဖြစ်လာ ပါစေလို့ ဆန္ဒပြုနေကြပါတယ်။Globall Coach Lite ကို အောက်ပါ လခ့်မှာ Download ဆွဲနိုင်ပါတယ်။
https://itunes.apple.com/gb/app/globall-coach-lite/id535118512?mt=8
credit to>>>techspacejournal
ဆက်ဖတ်ရန်>>

Wednesday, November 21, 2012

Apple အဆောက်အအုံသစ်ကြီး ၂၀၁၆ နှစ်လယ်လောက်မှ ဖွင့်လှစ်နိုင်မည်


ပုံမှာ မြင်တွေ့နေရတာကတော့ Apple မှ အသစ်တည်ဆောက်မယ့် Apple ရုံးချုပ် ဖြစ်ပါတယ်။ 
တည်နေရာကတော့ ကယ်လီဖိုးနီးယားပြည်နယ်၊  Cupertino မြို့ မှာ ဖြစ်ပြီး ၂.၈ မိုင် စတုရန်းပေ ကျယ်ဝန်းတဲ့ အဆောက်အအုံဖြစ်ပါတယ်။ သစ်ပင် ပေါင်း ၇၀၀၀ ကျော်နဲ့လည်း ဝန်းရံထားမှာ ဖြစ်ပါတယ်။ ယင်း အဆောက်အအုံကို Spaceship Campus လို့အမည်ပေးထားပြီး စတိဂျော့ ပါဝင်ခဲ့တဲ့ ပရောဂျက်ကြီး တစ်ခုလို့ ဆိုပါတယ်။ 
ယင်း အဆောက်အအုံ ကို တည်ဆောက်ဖို့အတွက် တောကိုရှင်းလင်းရ မှာ ဖြစ်ပါတယ်။ တားဆီးသူ များစွာ ရှိနေပါတယ်။ ဒီအတွက် သယ်ဆိုင်ရာ ဒေသခံ အစိုးရနဲ့ Apple တို့ ညှိနှိုင်းနေရပြီး ၂၀၁၄ လောက် မှ ဖောင်ဒေးရှင်း စတည်လို့ ဆောက်လုပ်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒါကြောင့် ၂၀၁၆ နှစ်လယ်လောက်မှပဲ တရားဝင် အသုံးပြုနိုင်မှာ ဖြစ် တယ်လို့ ဆိုပါတယ်။ ၂၀၁၅ ခုနှစ်မှာ Apple ဝန်ထမ်းအားလုံးကို ယင်း Spaceship သို့ ပို့ဆောင်မယ်လို့ လည်း ပြောဆိုနေကြပါတယ်။ သို့ပေမယ့် အဆောက်အအုံ တည်ဆောက်ဖို့ ကတော့ ထင်ထားတာထက် ပိုမို ကြာနေအုံးမှာ ဖြစ်ပါတယ်။ 

ဒီဇိုင်းအားဖြင့် ထူးခြားနေပြီး သဘာဝတောတောင် အလယ်မှာ တည်ဆောက်ထားတဲ့ Apple ရဲ့  Spaceship Campus ဒီဇိုင်းကို ယခု လို မြင်တွေ့ ရပါတယ်။ 
--
Ref: bloomberg
Aung Kham (TSJ team)
credit to>>tech spacejournal
ဆက်ဖတ်ရန်>>

ကမ္ဘာ့ အမြန်ဆုံးကား ဖြစ်လာမည့် SSC Tuatara


လက်ရှိ ကမ္ဘာ့အမြန်ဆုံး စံချိန်တင်ထားတဲ့ ဂျာမနီ Bugatti Veyron များကို ကျော်ဖြတ်တော့မယ် ကား ဖြစ်ပါတယ်။ 
အမေရီကန် Shelby SuperCars ကုမ္မဏီက ထုတ်ပြီး SSC Tuatara လို့ အမည်ပေးထားပါတယ်။ ယခင် SSC Aero ပြီး နောက်ထပ် အသစ် မိတ်ဆက်မယ့်ကား ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ အစမ်း တစ်စီး ထုတ်ထားပေမယ့် အမှန်တကယ် ထုတ်လုပ်မှုကတော့ ၂၀၁၃ မှာ စတင်မှာ ဖြစ်ပါတယ်။ ကမ္ဘာ့အမြန်ဆုံးကားတွေကို ဂျာမနီတွေပဲ ထုတ်တယ် ဆိုတဲ့ စံချိန်ကို အမေရိကန်တို့ စတင်ကျော်ဖြတ်မှာ ဖြစ်ပါတယ်။ 

တစ်နာရီ ၂၇၆ မိုင်မောင်းနှင်နိုင်မယ်လို့ တွက်ချက်ထားပြီး လက်ရှိ  ၂၆၇.၉ နီးပါး နဲ့ စံချိန်တင်ထားတဲ့ Bugatti Veyron Super Sport ထက် သာလွန်မှာ ဖြစ်ပါတယ်။ အင်ဂျင်ပါဝါ ၉၇၀၀ စီစီ၊ တာဘိုနှစ်လုံးပူး V ၁၆ လုံး အင်ဂျင်ကို အသုံးပြုထားပါတယ်။ မြင်းကောင်ရေအား ထုတ်လုပ်နိုင်မှုက ၁၃၅၀ ရှိပြီး အမေရိကန်မှာ ဆိုရင် အိမ်ပေါင်း ၃၅၄၀ ကျော်ကို တစ်ပြိုင်တည်း လျှပ်စစ်ဓာတ်အား ပေးနိုင်တဲ့ ပါဝါမျိုး ဖြစ်ပါတယ်။ 

ဂီယ ၇ ချက် အော်တို နဲ့ ဆီမီး အော်တို နှစ်မျိုးထုတ်လုပ်မှာ ဖြစ်ပါတယ်။ တံခါး နှစ်ပေါက် နှစ်ယောက်စီး နဲ့ တစ်ယောက်စီး နှစ်မျိုးထုတ်မှာ ဖြစ် ပါတယ်။ ကာဘွန်ဖိုက်ဘာ ကိုယ်ထည်ဖြစ်ပြီး အလူမီနီ-စတီးရော သတ္တုပေါင်းစပ်မှုလည်း ပါဝင်ပါသေးတယ်။ အင်ဂျင် ဝိတ်များတဲ့အတွက် ကားရဲ့  ဝိတ်ကို လျော့ချရ မယ့် သီအိုရီကို Shelby တို့ကောင်းကောင်း နားလည်ထားပါတယ်။ ဒါကြောင့် ကားရဲ့  အလေးချိန်ကို ၂၇၅၀ ပေါင်လောက်ထိ ထိန်းထား ပေးနိုင်ပါတယ်။ 

အရှည် ၁၇၄.၄ လက်မ၊ အကျယ် ၇၈.၄ လက်မ၊ အမြင့် ၄၃ လက်မ ကိုယ်စီ အတိုင်းရှိပြီး Ground Clearance ကတော့ ၄ လက်မပဲ ရှိပါတယ်။ ဒါကြောင့် အနိမ့်အမြင့် အရမ်းကြီးတဲ့နေရာနဲ့ တော့ အဆင်ပြေမှာ မဟုတ်ပါဘူး။

ဈေးနှုန်းကိုတော့ အတိအကျ မကြေညာရသေးပါဘူး။ သို့ပေမယ့် ကမ္ဘာ့ ဈေး အကြီးဆုံး ကားစာရင်းထဲမှာ ထိပ်တန်း ပါဝင်လာမယ် ဆိုတာကိုတော့ လူတိုင်း သိနေပါတယ်။ ဒီဇိုင်းအားဖြင့်လည်း သေသပ်လှပနေတဲ့ SSC Tuatara ကို ယခုလို မြင်တွေ့ ရပါတယ်။ 
--
Ref: Shelby
Aung Kham (TSJ team)
credit to>> techspacejournal
ဆက်ဖတ်ရန်>>

သက်ကယ်ဘောလုံး


သဘာဝဘေးအန္တရာယ် အမြဲကြုံတွေ့ရတဲ့ ဒေသတွေမှာ ဆောင်းထားသင့်တဲ့ သက်ကယ်ဘောလုံးလို့ ဆိုပါတယ်။
လူလေးယောက် ဆံ့ပြီး ဖိအား ၉.၃ တန်လောက်တော့ အသာလေး ခံနိုင်ပါတယ်။ ၈၂ ပေအမြင့်က ကျတဲ့ ဒဏ်ကိုလည်း ခံနိုင်ပါတယ်။ ယင်းအတွက် အထဲမှာ လေးယောက်စာအတွက် အလုံခြုံဆုံး အသက်ရှင်နိုင် ဆုံးဖြစ်အောင် ဖန်တီးပေးထားပါတယ်။ ရေထဲမှာလည်း ပေါ်နေ မှာ ဖြစ်ပါ တယ်။ ကုန်းမှာရော၊ ရေမှာရော အသုံးပြုလို့ရမယ့် ယင်း သက်ငယ်ဘောလုံးကို ဂျပန် ကုမ္မဏီတစ်ခုက တီထွင်ထားခြင်း ဖြစ်ပါတယ်။ 

Life armour လို့အမည်ပေးထားပါတယ်။ သဘာဝ ဘေးအန္တရာယ်အမြဲတမ်း ကြုံတွေ့နေရတဲ့ နိုင်ငံများအတွက် အထူးရည်ရွယ်ပြီး ထုတ်လုပ်ထားတာ ဖြစ် ပါတယ်။ ဂျပန်နိုင်ငံကိုယ်တိုင်းကလည်း သဘာဝ ဘေးအန္တရာယ်ကြီးများ အမြဲခံနေရတဲ့ နိုင်ငံ ဖြစ်တဲ့အတွက် သူတို့ရဲ့  တီထွင်မှုက အားလုံးအတွက် အကျိုးရှိမှာ ဖြစ်ပါတယ်။

သို့ပေမယ့် ယင်း Life armour ကဈေးကြီးပါတယ်။ အသုံးဝင် အကြမ်းခံ သလောက် ဈေးနှုန်းကလည်း အမေရိကန်ဒေါ်လာ ၅၀၀၀ (၅ထောင်) သတ်မှတ်ထားပါတယ်။ 
--
Ref: ohgizmo
Aung Kham (TSJ team)
credit to>> http://techspacejournal.blogspot.sg
ဆက်ဖတ်ရန်>>

အိုစမာဘင်လာဒင်သည် စီအိုင်အေ အေးဂျင့်တစ်ဦးဖြစ်ခဲ့


အိုစမာဘင်လာဒင်ဟာ စီအိုင်အေရဲ့  အေးဂျင့် တစ်ဦး ဖြစ်ခဲ့ဖူးတယ်ဆိုတာ ၁၀ ယောက်မှာ ၇ ယောက်မသိတဲ့ ကိစ္စ ဖြစ်ပါတယ်။ ငြင်းဆိုချက်တွေ အမျိုးမျိုးကို အမေရိကန်တို့ ထုတ်ပြန်ခဲ့ပေမယ့် သက်သေအထောက်အထား အခိုင်အမာချပြတဲ့အခါ ငြင်းဆန်ရန် ခက်ခဲသွားပါတယ်။ 

အမေရိကန် စီအိုင်အေ (လျှို့ ဝှက်ထောက်လှမ်းရေး အေဂျင်စီ)မှာ ၁၉၇၉ ခုနှစ်ကနေ ၁၉၈၉ ခုနှစ်အထိ လုပ်ကိုက်ခဲ့တယ်လို့ ဆိုပါ
တယ်။ ဖြစ်ပုံက ဒီလို ဖြစ်ပါတယ်။

၁၉၇၉ ခုနှစ် ဒီဇင်ဘာလ ကနေ ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ အထိ ကြာမြင်တဲ့ အာဖဂန်မှ ဆိုဗီယက်စစ်ပွဲကို သိသူများ ရှိမယ် ထင်ပါတယ်။ ယင်းစစ်ပွဲထဲ အဓိက ပါဝင်တော်လှန်သူထဲမှာ အိုစမာ ဘင်လာဒင်လည်း ပါဝင်ပါတယ်။ ပါဝင်ဒါမှ အဓိက နေရာတွေထဲမှာ ပါဝင်တာ ဖြစ်ပြီး သူ့ကြောင့် အာဖဂန်ဘက်ကနေ တိုက်ပေးမယ့် စစ်သားဦးရေ အမြောက်အများ ရရှိခဲ့ ပါတယ်။ အများစုကတော့ အာရပ်ကမ္ဘာတစ်ဝန်းက အစ္စလာမ် ဘာသာ ချစ် Jihadism တော်လှန်းရေး စစ်သား နဲ့ အာဖရန် အာရပ် စစ်သားများ ဖြစ်ပါ တယ်။ လိုအပ်တဲ့ လက်နက်တွေ၊ အရင်းအနှီးတွေကိုလည်း ဘင်လာဒင်က ရှာဖွေပေးပါတယ်။

အဲ့တုန်းက အာဖဂန်ဘက်ကနေ ကူညီနေတဲ့ နိုင်ငံက များပါတယ်။ အများ သိထားတာကတော့ ပါကစ္စတန်၊ အမေရိကန်၊ တရုတ် တို့ ဖြစ်ပြီး အမေရိကန်ရဲ့  ကူညီမှုကတော့ တိတ်တဆိတ် ဖြစ်ပါတယ်။ ဒီနေရာမှာ စီအိုင်အေက အဓိက ပါဝင်ပါတယ်။ စီအိုင်အေကြောင့် အာဖဂန်တို့ နိုင်တဲ့ စစ်ပွဲလို့တောင် တင်စားကြပါတယ်။

ဒီမှာ ဘင်လာဒင်တို့ အဖွဲ့ဟာ အမေရိကန်ကိုသွားရောက်ပြီး လေ့ကျင့်မှု ယူရပါတယ်။ အမေရိကန် စီအိုင်အေရဲ့  စစ်ရေးလေ့ကျင့်ပေးမှုများရရှိပြီး အဲ့တုန်းက Tim Osama အမည်နဲ့ စီအိုင်အေမှာ တာဝန်ထမ်းဆောင်ခဲ့ တာ ဖြစ်ပါတယ်။ ၉ နှစ်ကြာတဲ့ စစ်ပွဲ တောက်လျှောက် အိုစမာဟာ စီအိုင်အေ နဲ့ လက်တွဲခဲ့ရပြီး အမေရိကန်အကြောင်း ကောင်းကောင်း နားလည် ခဲ့ပါတယ်။

ဒါကြောင့် အိုစမာ ဘင်လာဒင်ဟာ စီအိုင်အေ ဖန်တီးခဲ့တဲ့ အေးဂျင့်တွေထဲမှာ အကြီးမားဆုံး ပြုစုပျိုးထောင်မှု တစ်ခုလို့ ကမ္ဘာတစ်လွှားမှ ယနေ့တိုင် လောင်ပြောင်ခဲ့ကြပါတယ်။

အမေရိကန်က ယနေ့တိုင် ငြင်းဆိုနေပေမယ့် ဗြိတိန်၊ ရုရှား၊ တရုတ် နဲ့ အရှေ့ အလယ်ပိုင်း နိုင်ငံများကတော့ အိုစမာ ဘင်လာဒင်ဟာ စီအိုင်အေ အေးဂျင့် တစ်ဦး ဖြစ်ခဲ့တယ်လို့ ယနေ့တိုင် လက်ခံထားတယ်လို့ သိရ ပါတယ်။
---
Ref:CBS

credit to>>http://www.innewsmyanmar.com/2012/11/blog-post_9622.html
ဆက်ဖတ်ရန်>>

သဲကန္တာရတွင်းမှ ရေကန်နှင့် ဘုန်းကြီးကျောင်း


သဲကန္တာရ အလယ်မှာ ထူးခြားစွာပဲ စိမ်းလဲ့လဲ့ မြက်ခင်းပြင်၊ စိမ်းလဲ့လဲ့ ရေကန်နဲ့ သာယာ လှပနေတဲ့ တရုတ်ဘုန်းတော်ကြီး ကျောင်းနှင့် ပတ်ဝန်းကျင်ကို ယခုလို မြင်တွေ့ ရပါတယ်။ 

တည်နေရာကတော့ တရုတ်နိုင်ငံ အနောက်ပိုင်း ဂန်ဆူးပြည်နယ်၊ Dunhuang မြို့ အနီးမှာ ရှိပါတယ်။ သဲကန္တာရ တောင်တန်းများ ဝိုင်းရံထားပြီး အလယ်မှာ ယခုလို သာယာလှပတဲ့ နေရာ တစ်ခု ရှိနေတာ အထူးအဆန်း ပဲ ဖြစ်ပါတယ်။


ကမ္ဘာလှည့်ခရီးသည်များကို အဓိက စွဲဆောင်ရာ နေရာ ဒေသ တစ်ခုလည်း ဖြစ်ပြီး ဂန်ဆူးပြည်နယ် အလည်ရောက်သူတိုင်း Crescent အမည်ရ ယင်း ရေကန်နဲ့ ပတ်ဝန်းကျင်ကို အလည်လာကြပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း မြောက်များစွာ ကတည်းက တည်ရှိနေတဲ့ ရေကန်ဖြစ်ပြီး သဲမုန်တိုင်းများ နှစ်စဉ်ကျရောက်ပေမယ့် ရေကတော့ အမြဲ ရှိနေပြီး ကြည်လင်နေပါတယ်။ ဒါကလဲ သူ့ရဲ့  ထူးခြားမှု တစ်ခု ဖြစ်ပါတယ်။

Dunhuang မြို့  ရဲ့  တောင်ဘက် ၃.၇၃ မိုင် အကွာအဝေးမှာ ရှိတဲ့ Crescent Lake ကို အလည်သွားသူ များကို ယခုလို မြင်တွေ့ ရပါတယ်။
--
Ref: travelchinaguide


credit to>>international news for myanmar
ဆက်ဖတ်ရန်>>

Monday, November 19, 2012

Daw Su and Obama media briefing...(youtube link)


credit to>> DVB news ဆက်ဖတ်ရန်>>

Mr.Obama speech at University of Yangon (full length with youtube file)

ဆက်ဖတ်ရန်>>

ရန်ကုန်တက္ကသိုလ်တွင်ပြောကြားသော အိုဘားမား ၏ မိန့်ခွန်း အပြည့်အစုံ....


ဆက်ဖတ်ရန်>>

ဘာကြောင့်ပါးကိုနမ်း ပြီး နုတ်ဆက်သလဲ ဆိုတာ....

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရန်ကုန်မြို့နေအိမ်ကိုရောက်လာတဲ့ အိုဘားမားက အိမ်ရှင်ရဲ့ ပါးကို နမ်းပြီး နှုတ်ဆက်ပါတယ်။ပါးနမ်းပြီး နှုတ်ဆက်တာကို နိုင်ငံအများအပြားမှာ တွေ့ကြရမှာပါ။ဒီလိုနှုတ်ဆက်ခြင်းမှာ ခင်မင်ရင်းနှီးမှုကို ပြသဖို့၊ နှစ်သိမ့်ဖို့၊ လေးစားကြောင်း ဖော်ညွှန်းဖို့  စသဖြင့် ရည်ရွယ်ချက် တခုခု ပါဝင်တယ်လို့ သိရပါတယ်။လော့စ်အင်ဂျလိစ်မြို့မှာတော့ အမျိုးသားချင်းတောင် ပါးနမ်းပြီး နှုတ်ဆက်တယ်လို့ ၂၀၁၁ ခုနှစ် ရှီကာဂိုထရီဗြွန်း ဆောင်းပါးတပုဒ်က ဆိုပါတယ်။ပါးနှစ်ဘက် ဘယ်အခြမ်းကို အရင်နမ်းရမလဲ?
ဆောင်းပါးမှာတော့ -  ညာဘက်ပါးကိုနမ်းတယ်၊ ပြီးရင် ဘယ်ဘက်ခြမ်းပါပဲ လို့ ဆိုတယ်။
ဥရောပသားတွေ၊ နယူးယောက်မြို့သားတွေလည်း အဲဒီလိုပဲ ညာဘက်၊ ပြီးရင် ဘယ်ဘက် နှုတ်ဆက်တယ် တဲ့။

ဧရာဝတီမှ ကူးယူသည် ဆက်ဖတ်ရန်>>

အမေရိကန်သမ္မတ အိုဘားမား ရန်ကုန်တက္ကသိုလ်တွင် ပြောကြားခဲ့သော မိန့်ခွန်းကောက်နှုတ်ချက်


မြန်မာနိုင်ငံ၏ အံ့အားသင့်ဖွယ်ရာ အသွင်ကူးပြောင်းမှုနှင့် ထူးခြားလှသည့် ခရီးစဉ်တို့က ပိုမိုပွင့်လင်းလွတ်လပ်သော ဒီမိုကရက်တစ် အဖွဲ့အစည်းဆီသို့ ဦးတည်နေကြောင်း အမေရိကန်သမ္မတ အိုဘားမားပြောကြား

မြန်မာနိုင်ငံ မင်္ဂလာပါ....
လူသားရဲ့ဂုဏ်သိက္ခာပေါ်မှာ အမေရိကန်ရဲ့ယုံကြည်မှုကြောင့် ကျွန်တော် မြန်မာနိုင်ငံကို ရောက်လာခဲ့တာပါ။ ကျွန်တော်တို့နှစ်နိုင်ငံဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်များစွာမှာ သူစိမ်းတွေလို ဖြစ်နေခဲ့ကြပါတယ်။ ‘ဒါပေမဲ့ ဒီနေ့မှာတော့ ဒီနိုင်ငံရဲ့ ပြည်သူတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဟာ အမြဲတမ်းမျော်လင့်နေခဲ့တယ်ဆိုတာကို ကျွန်တော် ပြောနိုင်ပါပြီ။ မြန်မာပြည်သူတွေက ကျွန်တော်တို့ကို မျော်လင့်ချက်တွေ ပေးခဲ့ပါတယ်။ ခင်ဗျားတို့ရဲ့ ရဲရင့်မှုကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါပြီ။ တနင်္ဂနွေနေ့တွေမှာ နိုင်ငံရေးအကျဉ်းသားမိသားစုတွေဆီကို အဖြူရောင်ဝတ်စုံနဲ့ တက်ကြွလှုပ်ရှားသူတွေ လည်ပတ်တာကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါတယ်။ သံဃာတော်တွေက ငြိမ်းချမ်းစွာကန့်ကွက် ဆန္ဒပြကြတာကိုလည်း ကျွန်တော်တို့မြင်တွေ့ခဲ့ရပါပြီ။
ဆိုင်ကလုန်းဒဏ်ကို ခံခဲ့ရတဲ့သူတွေကို ကူညီဖို့အတွက် သာမန် ပြည်သူတွေက ကယ်ဆယ်ရေးအဖွဲ့တွေ စုစည်းဖွဲ့စည်းခဲ့ကြတာကိုလည်း ကျွန်တော်တို့ သိခဲ့ရပါတယ်။ လွတ်လပ်မှုရဲ့ အသံကို မျော်လင့်နေတဲ့ ဟစ်ဟော့ပ်အနုပညာရှင်တွေရဲ့ စည်းချက်တွေ၊ ကျောင်းသားတွေရဲ့ အသံတွေကိုလည်း ကြားခဲ့ရပါတယ်။ သူတို့ရဲ့ မွေးရပ်နဲ့ မိသားစုတွေဆီကို ဘယ်တော့မှာ အဆက်အသွယ်မပြတ်ကြတဲ့ ဒုက္ခသည်တွေ၊ ပြည်ပသွားရောက်နေထိုင်သူတွေကိုလည်း ကျွန်တော်တို့ တွေ့ခဲ့ရပြီးပါပြီ။ အဲဒါတွေအပြင် ဒေါ်ဆောင်ဆန်းစုကြည်ရဲ့ဆန္ဒပြင်းထန်တဲ့ ဂုဏ်သရေကြောင့် ကျွန်တော်တို့ဟာ စိတ်အားတက်ကြွခဲ့ရပါတယ်။ မျော်လင့်ချက်တွေ ခင်ဗျားရဲ့နှလုံးသားထဲမှာ တောက်လောင်နေမယ်ဆိုရင် ဘယ်လူသားကိုမှ အကျဉ်းချထားလို့မရဘူးဆိုတာ ဒေါ်အောင်ဆန်းစုကြည်က သက်သေပြခဲ့ပါတယ်။ " ကျွန်တော် သမ္မတတာဝန်ထမ်းဆောင်တုန်းက အကြောက်တရားနဲ့ အုပ်စိုးနေတဲ့ အစိုးရတွေဆီကို ''ခင်ဗျားတို့ရဲ့ လက်သီးဆုပ်ကို ဖြည်ဖို့ဆန္ဒရှိမယ်ဆိုရင် ကျွန်တော်တို့က လက်ကမ်းပေးမှာပါ''လို့ ကျွန်တော်သတင်းစကားတစ်ခု ပါးခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ်ခွဲလောက်အတွင်းမှာ အံ့အားသင့်ဖို့တဲ့ အသွင်ကူးပြောင်းမှုတွေ စတင်ဖြစ်လာခဲ့ပါတယ်။
ဆယ်စုနှစ် ငါးစုလောက် အာဏာရှင်အုပ်စိုးမှုဟာ စတင်ဖြေလျော့လာပါတယ်။ သမ္မတဦးသိန်းစိန်လက်ထက်မှာ ပြောင်းလဲမှုအတွက် ဆန္ဒဟာ ပြုပြင်ပြောင်းလဲဖို့အတွက် အစီအစဉ်တွေနဲ့ လိုက်လျော်ညီထွေဖြစ်နေပါတယ်။ အခုတော့ အစိုးရအဖွဲ့ကို အရပ်သားတစ်ဦးက ဦးဆောင်နေပြီး ပါလီမန်ကလည်း ကိုယ်တိုင်အားကောင်းမောင်းသန် ရပ်တည်နေနိုင်ပါပြီ။ တစ်ချိန်က တရားမ၀င် ကြေညာခံခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာလည်း ရွေးကောက်တစ်ခုမှာ ၀င်ပြိုင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာလည်း လွှတ်တော်အမတ်တစ်ယောက် ဖြစ်လာပါပြီ။ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ရာပေါင်းများစွာကိုလည်း ပြန်လွှတ်ပေးခဲ့ပြီးသလို အဓမ္မခိုင်းစေမှုကိုလည်း ပိတ်ပင်ပြီးပါပြီ။ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ကနဦး အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုတွေရခဲ့ပြီဖြစ်သလို ပိုလွတ်လပ်ပွင့်လင်းတဲ့ စီးပွားရေးအတွက် ဥပဒေသစ်တွေလည်း ပေါ်ထွက်လာခဲ့ပါပြီ။ ဒါကြောင့် ဒီကနေ့မှာ ကျွန်တော့်ကတိစကားကို တည်ဖို့ ကျွန်တော်လာခဲ့တာပါ။ မိတ်ဆွေဖြစ်မှုဆိုတဲ့ လက်ကမ်းဖို့လာခဲ့တာပါ။ အမေရိကဟာ ရန်ကုန်မှာ သံအမတ်တစ်ယောက်ရှိနေပါပြီ။ အရေးယူပိတ်ဆို့မှုတွေ ဖြေလျော့ပြီးပါပြီ။ ပြည်သူတွေအတွက် အခွင့်အလမ်းတွေဆောင်ကြဉ်းပေးနိုင်တဲ့ ကမ္ဘာကြီးဖွံ့ဖြိုးရေးအတွက် အင်ဂျင်တစ်လုံးအဖြစ် ပါဝင်လည်ပတ်မောင်းနှင်ပေးနိုင်တဲ့ စီးပွားရေးကို တည်ဆောက်ဖို့ ကျွန်တော်တို့ ကူညီပေးမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီမှတ်မှတ်ထင်ထင်ရှိလှတဲ့ ခရီးဟာ အစပဲရှိပါသေးတယ်။
အများကြီး ရှေ့ဆက်သွားရဦးမှာပါ။ ကျွန်တော်တို့မြင်တွေ့ခဲ့ရတဲ့ မှိတ်တုတ်မှိတ်တုတ် တိုးတက်မှုလေးတွေဟာ ငြှိမ်းသတ်ခံရတာမျိုး ဖြစ်သွားလို့မရပါဘူး။ ဒီမှိတ်တုတ်မှိတ်တုတ် တိုးတက်မှုကလေးတွေကနေ ဒီတိုင်းပြည်ရဲ့ပြည်သူတွေအတွက် တောက်ပတဲ့ ဥတ္တရကြယ်တစ်စင်း ဖြစ်လာရပါမယ်။ ပြည်သူတွေရဲ့ အတူတကွစုဝေးခွင့်ကို ဖိနှိပ်ချုပ်ချယ်နေမယ့်အစား အပြည့်အ၀လေးစားမှုပေးရပါမယ်။ ဖိနှိပ်ပိတ်ပင်နေမယ့်အစား မီဒီယာအပေါ်ဆင်ဆာ လွှမ်းမိုးထားတာကို ဆက်ပြီး ရုပ်သိမ်းပေးရပါမယ်။ ဒီခြေလှမ်းတွေကို ဆက်လျောက်လာနိုင်တာနဲ့အမျှ ခင်ဗျားတို့ တိုးတက်လာနိုင်ပါတယ်။ မြစ်ဆုံဆည်တည်ဆောက်ရေး စီမံကိန်းကို နိုင်ငံသားတွေက ကန့်ကွက်ဆန္ဒပြတဲ့အသံကို လျစ်လျူမရှုဘဲ နားထောင်ပေးခဲ့ပါတယ်။ နိုင်ငံရေးပါတီတွေကို တရားမ၀င်မလုပ်ဘဲ ပါဝင်ခွင့်ပြုခဲ့ပါတယ်။ လွှတ်တော်ရွေးကောက်ပွဲကာလအတွင်းမှာ မဲဆန္ဒရှင်တစ်ယောက်က ''ကျွန်တော်တို့မိဘတွေ၊ ဘိုးဘွားတွေ ဒီအတွက် စောင့်ခဲ့ရပါတယ်။ ဒါပေမဲ့ တစ်ခါမှ မြင်မသွားခဲ့ရပါဘူး''လို့ ပြောခဲ့ပါတယ်။ မဲဆန္ဒရှင်တွေရဲ့ လွတ်လပ်မှုကို ကာကွယ်ဖို့ အာဏာရှိတဲ့သူတွေဟာ အကန့်အသတ်ရှိမှုတွေကို လက်ခံရပါမယ်။ ကျွန်တော်တို့ရဲ့ အမေရိကန်စနစ်က အဲဒီလိုဖြစ်အောင် ဖန်တီးထားတာပါ။
အမေရိကဟာ ကမ္ဘာမှာ အင်အားအကြီးဆုံး စစ်ရေးအင်အားရှိကောင်းရှိမယ်။ ဒါပေမဲ့ အဲဒါဟာ အရပ်ဘက်ထိန်းချုပ်မှုအောက်မှာပဲရှိရပါမယ်။ သမ္မတလည်းဖြစ်၊ စစ်သေနာပတိချုပ်လည်းဖြစ်တဲ့ ကျွန်တော့်အနေနဲ့ တစ်ခါတရံမှာ ကျွန်တော်လုပ်ချင်ရင်တောင် ကွန်ဂရက်လွှတ်တော်အပေါ်မှာ ကျွန်တော့် ဆန္ဒအတိုင်းလွှမ်းမိုးလို့မရပါဘူး။ တရားသူကြီးအချို့ကို ကျွန်တော်ခန့်ရပေမယ့် သူတို့ဘယ်လိုတရားစီရင်မလဲဆိုတာကို ကျွန်တော်ပြောလို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ အမေရိကမှာ ဆင်းဆင်းရဲရဲနဲ့ နေနေရတဲ့ကလေးတစ်ယောက်ကနေ သမ္မတအထိ လူတိုင်းဟာ ဥပဒေအောက်မှာ သာတူညီမျှပါပဲ။ အနာဂတ်တစ်ခု၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတစ်ယောက်ရှိနေရင်တောင် အရမ်းများနေတဲ့၊ ဘယ်ခေါင်းဆောင်ထက်မဆို ဥပဒေက ပိုအားကောင်းတဲ့၊ ဘယ်ကလေးမှ စစ်သားအဖြစ် အလုပ်မခံရတဲ့၊ ဘယ်အမျိုးသမီးမှ နှိမ့်ချမဆက်ဆံခံရတဲ့၊ အမျိုးသားလုံခြုံရေးကို အရပ်ဘက်ထိန်းချုပ်မှုအောက်မှာ တာဝန်ထမ်း ဆောင်တဲ့စစ်ဘက်ကသာ အင်အားတောင့်တင်းစေတဲ့၊ လူထုက ရွေးကောက်တင်မြှောက်သူတွေသာ အုပ်ချုပ်ခွင့်ရဖို့အာမခံပေးတဲ့ အခြေခံဥပဒေတစ်ခုရှိတဲ့ အနာဂတ်၊ အဲဒီအနာဂတ်ဟာ ခင်ဗျားတို့ရောက်ရှိရမယ့် ခင်ဗျားတို့နဲ့ ထိုက်တန်တဲ့အနာဂတ်ပါပဲ။ အဲဒီခရီးမှာတော့ အရပ်ဘက်လူ့အဖွဲ့အစည်းကို အားကောင်းစေဖို့ ကျွန်တော်တို့ရဲ့ အထောက်အပံ့တွေကို သုံးပြီးတော့၊ ပရော်ဖက်ရှင်နယ်ဆန်မှုနဲ့ လူ့အခွင့်အရေးမြှင့်တင်ဖို့အတွက် ခင်ဗျားတို့ရဲ့ စစ်ဘက်ကို စေ့စပ်ညှိနှိုင်းပြီးတော့၊ စီးပွားရေးဖွံ့ဖြိုးမှုရှိတဲ့ ဒီမိုကရေစီဖြစ်လာဖို့ ခင်ဗျားတို့ရဲ့ တိုးတက်အောင်အားထုတ်မှုတွေမှာ မိတ်ဖက်ဖွဲ့ပြီးတော့ အမေရိကဟာ ခင်ဗျားတို့ခြေလှမ်းတိုင်းကို ထောက်ပံ့ကူညီပေးသွားမယ်။
နိုင်ငံတိုင်းဟာ နိုင်ငံသားသတ်မှတ်ရေးအတွက် ရုန်းကန်နေရပါတယ်။ အမေရိကဟာ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ အကြီးအကျယ်အငြင်းပွားမှု တွေရှိခဲ့ပြီး ဒီနေ့အထိလည်း ဆက်ရှိနေတုန်းပါပဲ။ ဒါပေမဲ့ တစ်ကမ္ဘာလုံးအတွက် မှန်ကန်တဲ့စည်းမျဉ်းတချို့တော့ရှိပါတယ်။ သူတို့ ဘယ်သူ ဖြစ်တယ်၊ သူတို့ ဘယ်ကနေလာတယ်ဆိုတာ သက်သက်ကြောင့် သူတို့မိသားစုတွေကို ထိခိုက်မယ့် သူတို့အိမ်တွေမီးလောင်ခံရမယ့် ခြိမ်းခြောက်မှုတွေမရှိဘဲ လူတွေနေထိုင်ခွင့်ပါပဲ။ အခြေခံအရကတော့ ဒီတိုင်းပြည်ရဲ့လူတွေကိုသာ ခင်ဗျားတို့ရဲ့ယူနီယံအဖြစ် သတ်မှတ်နိုင်ပါတယ်။ ဒါပေမယ့် ခင်ဗျားလိုပဲ ကျွန်တော် ယုံကြည်တာက အမျိုးမျိုးအထွေထွေ ကွဲပြားနေမှုဟာ အင်အားတစ်ရပ်ပါ။ ဒါဟာ အားနည်းမှု မဟုတ်ပါဘူး။ ကျွန်တော် ဘာလို့ဒီလိုပြောရသလဲဆိုတော့ ကျွန်တော့် တိုင်းပြည်၊ ကျွန်တော့်ဘ၀က ဒါကိုသင်ကြားပေးလိုက်လို့ပါ။ အမေရိကန်ပြည်ထောင်စုဟာ ခရစ်ယာန်တွေ၊ ဂျူးတွေ၊ မွတ်စလင်နဲ့ ဗုဒ္ဓဘာသာ၊ ဟိန္ဒူနဲ့ ဘယ်ဘာသာ ကိုမှမယုံကြည်သူတွေ စုပေါင်းနေထိုင်တဲ့နိုင်ငံပါ။ ကျွန်တော်တို့နိုင်ငံ အကြောင်းကို ဘာသာစကားတိုင်းက ပုံသွင်းပေးပြီး ယဉ်ကျေးမှုတိုင်းက ကြွယ်ဝစေပါတယ်။ ကျွန်တော်တို့ဟာ ပြည်တွင်းစစ်နဲ့ လူမျိုးရေးခွဲခြားမှုတွေရဲ့ ခါးသီးမှုကို မြည်းစမ်းခဲ့ကြရပြီးပါပြီ။ ဒါပေမယ့် ကျွန်တော်တို့သမိုင်းက လူတွေရဲ့နှလုံးသားထဲက မုန်းတီးမှုတွေလျော့ကျပြီး လူမျိုးနွယ်တွေနဲ့ လူမျိုးစုတွေအကြား ခွဲခြားသတ်မှတ်ထားတဲ့ မျဉ်းတွေပျက်ပြယ်သွားတဲ့အကြောင်း ကျွန်တော်တို့ကို ပြသခဲ့ပါပြီ။ ပြီးတော့ ဘာများကျန်ရစ်ခဲ့ပါသလဲ။
အမေရိကမှာ ရိုးရှင်းတဲ့အမှန်တရား တစ်ခုပဲကျန်ခဲ့ပါတယ်။ အများကြီးထဲမှာမှ ကျွန်တော်တို့ဟာ တစ်နိုင်ငံတည်း၊ ကျွန်တော်တို့ဟာ ပြည်သူတစ်ရပ်တည်းဆိုတာပါပဲ။ အချိန်နဲ့အမျှ ဒီအမှန်တရားဟာ ကျွန်တော်တို့ ယူနီယံကို ပိုပြီးအင်အားကောင်းအောင် လုပ်ခဲ့ပါတယ်။ ကျွန်တော်တို့ ချစ်မြတ်နိုးစွာ ဆုပ်ကိုင်ထားတဲ့ ဒီမိုကရေစီအခြေခံ စည်းမျဉ်းတွေကိုချဲ့ထွင်ဖို့ ကျွန်တော်တို့ရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ခဲ့ပါတယ်။ တစ်ချိန်က ကျွန်တော့်ကို မဲပေးခွင့်ရဖို့တောင် ငြင်းပယ်ခဲ့တဲ့အစဉ်အလာရှိခဲ့ဖူးတဲ့ ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံရဲ့ သမ္မတအဖြစ် ဒီကနေ့မှာ ကျွန်တော်ဟာ ခင်ဗျားတို့ရဲ့ရှေ့မှာ ရပ်နေပါတယ်။ ဒါကြောင့် ကျွန်တော် အလေးအနက်ယုံကြည်တာက ဒီတိုင်းပြည်ဟာ သူရဲ့မတူကွဲပြားမှုတွေကို ကျော်လွှားနိုင်ပြီး ဒီနယ်နိမိတ်တွေအတွင်းရှိနေတဲ့ လူသားတိုင်း ခင်ဗျားတို့နိုင်ငံရဲ့ အကြောင်းအရာတစ်စိတ်တစ်ပိုင်း ဖြစ်လာဖို့ပါပဲ။

ကျေးဇူးတင်ပါတယ်။
credit to >>> eleven media
ဆက်ဖတ်ရန်>>

နုတ်ဆက်အကြို (ရုပ်သံဖိုင်)

credit to>>internet ဆက်ဖတ်ရန်>>

မိန့် ခွန်း အချို့

အမေရိကန်သမ္မတ ဘားရက်အိုဘားမား၏ မိန့် ခွန်းတွင် ကချင်ပြည်နယ်အရေးကိစ္စ နှင့် ရခိုင်ပြည်နယ်အရေး ကိစ္စရပ်များကို ထည့်သွင်းပြောကြားသွားခဲ့သည်။ မစ္စတာ ဘားရက်အိုဘားမားသည် ကချင်ပြည်နယ်တွင် လူသားချင်းစာနာထောက်ထားသည့် အကူအညီများလို အပ်နေကြောင်းကို ၄င်း၏ မိနစ် ၃၀ ကျော်ကြာမိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားခဲ့သည်။ မိန့်ခွန်းအဆုံးသတ်တွင် မစ္စတျာဘားရက်အိုဘားမား က ကျေးဇူးတင်ပါတယ် ဟု မြန်မာလို နုတ်ဆက်စကားပြောကြားသွားခဲ့သည်။
credit to >>>internet news
ဆက်ဖတ်ရန်>>

တိုက်ရိုက်ရုပ်သံ

http://www.ustream.tv/channel/mrtv4
အဲ့လင့်မှာလဲ ကြည့်လို့ရပါတယ်တဲ့ (ကျနော်ပြောတာဟုတ်ဘူး ဖေ့ဘုတ်ကပြောတာ) :) ဆက်ဖတ်ရန်>>

ွှအိုဘားမားကြီး ရောက်ရှိလာပါပြီ....


ဆက်ဖတ်ရန်>>

မစ္စတာ ဘားရတ်အိုဘားမား၏ ကိုယ်ရေးအကျဉ်း


မစ္စတာ ဘားရတ်အိုဘားမား အမေရိကန် ပြည်ထောင်စု၏ (၄၄)ဦးမြောက် သမ္မတ

- မစ္စတာ ဘားရတ် အိုဘားမား အား ၁၉၆၁ ခုနှစ်၊ သြဂုတ်လ ၄ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စုရှိ ဟာဝိုင်ယီပြည်နယ်၊ ဟိုနိုလူလူမြို့တွင် မွေးဖွားခဲ့သည်။


- ၁၉၈၃ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စုရှိ ကိုလံဘီယာ တက္ကသိုလ်မှ နိုင်ငံရေး သိပ္ပံဘွဲ့ ရရှိခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် ဟားဗတ် ဥပဒေကျောင်းမှ ဥပဒေပညာဖြင့် ဒေါက်တာဘွဲ့ ရရှိခဲ့ပြီး ဟားဗတ် ဥပဒေ စာစောင်တွင်လည်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။

- ၁၉၈၅ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ အမေရိကန် ပြည်ထောင်စု၊ ချီကာဂိုတွင် Community Organizer အဖြစ် ဆောင်ရွက်ခဲ့သည်။

- ထို့နောက် ချီကာဂိုတွင် Civil Rights Attorney အဖြစ် အသက်မွေးဝမ်း ကျောင်းပြုခဲ့ပြီး ၁၉၉၂ ခုနှစ်မှ ၂ဝဝ၄ ခုနှစ်အထိ ချီကာဂို တက္ကသိုလ် ဥပဒေ ကျောင်းတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ သင်ကြား ပို့ချခဲ့သည်။

- ၁၉၉၆ ခုနှစ်တွင် အီလီနွိုက်ပြည်နယ် ဆီးနိတ်လွှတ်တော် အမတ်အဖြစ် ရွေးကောက် တင်မြှောက်ခြင်း ခံရပြီး ၂ဝဝ၄ ခုနှစ်အထိ သုံးကြိမ်တိုင်တိုင် တာဝန် ထမ်းဆောင်ခဲ့သည်။

- ၂ဝဝဝ ပြည့်နှစ်တွင် အမေရိကန် ပြည်ထောင်စု အောက်လွှတ်တော်တွင် ဒီမိုကရက်တစ် ပါတီကိုယ်စားပြု ဝင်ရောက်အရွေးခံခဲ့ရာ မအောင်မြင်ခဲ့ သောကြောင့် ၂ဝဝ၄ ခုနှစ်၊ နိုဝင်ဘာလတွင် အထက် လွှတ်တော်၌ ဝင်ရောက်ယှဉ် ပြိုင်ခဲ့ပြီး ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည်။

- ၂ဝဝ၅ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့တွင် ကွန်ဂရက်၌ အထက်လွှတ်တော် အမတ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။

- ၂ဝဝ၈ ခုနှစ် ဒီမိုကရက်တစ် ပါတီ ကိုယ်စားပြု သမ္မတလောင်း နေရာ အတွက် ယှဉ်ပြိုင်ရာတွင် မစ္စစ်ဟီလာရီ ကလင်တန်နှင့် အကြိတ်အနယ် ယှဉ်ပြိုင်ပြီးနောက် အနိုင်ရရှိခဲ့သည်။

- ၂ဝဝ၈ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲတွင် ပြိုင်ဘက်ဖြစ်သည့် ရီပတ်ဘလစ်ကန် သမ္မတလောင်း မစ္စတာ ဂျွန်မက်ကိန်းအား အနိုင်ရရှိခဲ့ပြီး ၂ဝ-၁-၂ဝဝ၉ ရက်နေ့တွင် (၄၄)ဦးမြောက် သမ္မတတာဝန်ကို စတင်ထမ်း ဆောင်ခဲ့သည်။

- ၂ဝဝ၉ ခုနှစ်၊ အောက်တိုဘာတွင် ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ချီးမြှင့်ခြင်း ခံခဲ့ရသည်။

- အမေရိကန်နိုင်ငံ စီးပွားရေးအတွက် အထောက်အပံ့ဖြစ်စေရန် အမေရိကန် နိုင်ငံ ပြန်လည် ထူထောင်ရေးနှင့် ပြန်လည်ရင်းနှီး မြှုပ်နှံခြင်းဆိုင်ရာ ဥပဒေ (American Recovery and Reinvestment Act) ကို ၂ဝဝ၉ ခုနှစ်၊ ဖေဖော် ဝါရီလတွင် လက်မှတ် ရေးထိုးခဲ့သည်။ ထို့အပြင် အခွန်လျှော့ပေါ့ရေး၊ အလုပ်လက်မဲ့ အာမခံများ ပြန်လည် ခွင့်ပြုခြင်းနှင့် အလုပ်အကိုင် ဖန်တီးရေး ဥပဒေ (Tax Relief, Unemployment Insurance Reauthorization, and Job Creation Act) တို့ကို ၂ဝ၁ဝ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် လက်မှတ် ရေးထိုး ခဲ့သည်။

- သမ္မတ အိုဘားမားသည် အခြားသော ပြည်တွင်း မူဝါဒများဖြစ်သည့် Patient Protection and Affordable Care Act, Dodd-Frank Wall Street Reform and Consumer Protection Act? Don't Ask, Don't Tell Repeal Act ESifh Budget Control Act of 2011 တို့ကိုလည်း အစပြုခဲ့သည်။

- နိုင်ငံခြားရေး မူဝါဒများတွင် အီရတ်မှ အမေရိကန် တပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာရေး၊ အာဖဂန်နစ္စတန် နိုင်ငံသို့ တပ်ဖွဲ့ဝင်များ တိုးမြှင့်ချထားရေး၊ ရုရှားနိုင်ငံနှင့် START လက်နက်ထိန်းချုပ်ရေး စာချုပ်အသစ်အား လက်မှတ် ရေးထိုးခြင်း၊ လစ်ဗျား နိုင်ငံအပေါ် လေယာဉ် မပျံသန်းရဇုန် (No-fly zone on Libya) သတ်မှတ်ရေးနှင့် ပါကစ္စတန် နိုင်ငံရှိ အယ်လ်ခိုင်ဒါ အကြမ်းဖက်ခေါင်း ဆောင် အိုစမာဘင်လာဒင်အား ဖမ်းဆီးနိုင်ရန်အတွက် စစ်ဆင်ရေးတို့ကို လည်း ဆောင်ရွက် စေခဲ့သည်။

- ၂ဝ၁၂ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ပြိုင်ဘက်ဖြစ်သူ ရီပတ်ဘလစ် ကန်ပါတီမှ မစ္စတာ မစ်ရွမ်နီအပေါ် သမ္မတ ရွေးချယ်ရေး ကိုယ်စားလှယ်မဲ (၃ဝ၃-၂ဝ၆)မဲဖြင့် အနိုင်ရရှိခဲ့ပြီး အမေရိကန် သမ္မတအဖြစ် ဒုတိယ အကြိမ် ထပ်မံရွေးကောက် တင်မြှောက်ခြင်း ခံခဲ့ရသည်။

- သမ္မတ အိုဘားမားသည် ၁၉၉၂ ခုနှစ်တွင် မီရှယ်လ် ရော်ဘင်ဆန်နှင့် လက်ထပ်ခဲ့ပြီး သမီးနှစ်ဦးဖြစ်သော မာလီယာ (၁၉၉၈)နှင့် ဆာရှာ(၂ဝဝ၁)တို့ကို မွေးဖွားခဲ့သည်။

အေးချမ်းမွန်မှ မြ၀တီသတင်းတွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :မြ၀တီသတင်း
ဆက်ဖတ်ရန်>>

Saturday, November 17, 2012

ဒုတိယမြောက် graffiti...




အခု မြင်တွေ့ရတဲ့ ပုံက ဒုတိယ မြောက် Hello Again အမည်နဲ့ ရန်ုကုန်မြို့ လူစည်ကားရာ ရွှေဂုံတိုင်က အိုဘားမားကို ကြိုဆိုတဲ့ ကရပ်ဖတီ ပုံဖြစ်ပါတယ်။  

အမေရိကန် သမ္မတ ဘားရက် အိုဘားမား မြန်မာပြည်သို့ ပထမဆုံး လာရောက်မည့် ခရီးစဉ်ကို ကြိုဆို တဲ့ အနေနဲ့ Night အဖွဲ့က ပထမ ရေးဆွဲခဲ့တဲ့ အိုဘားမား ဂရပ်ဖတီပုံ ကို တရက်တာအတွင်း ဖျက်ဆီး ခံခဲ့ရ တာပါ။

ပထမ ဂရပ်ဖတီ ပုံကို Night အဖွဲ့က အိုဘားမား တည်းခိုမည်ဆိုတဲ့ ရန်ကုန် တာမွေမြို့နယ်အတွင်းက ချက်ထရီယံ ဟိုတယ်အနီးရှိ အဆောက်အအုံဟောင်းတွင် နိုဝင်ဘာ ၁၁ ရက်နေ့ နံနက် ၃ နာရီမှ ၅ နာရီအတွင်း ရေးဆွဲခဲ့တာဖြစ်ပြီး ယင်းနေ့ ည ၉ နာရီတွင် ယင်းပုံ အဖျက်ဆီး ခံလိုက်ရကြောင်း Night အဖွဲ့ဝင်တဦးဖြစ်သည့် ကိုအာကာကျော်က ဧရာဝတီကို ပြောခဲ့ပါတယ်။

“ကျနော်ကိုယ်တိုင် ဆွဲထားတာပါ။ အိုဘားမားကို ကြိုဆိုတဲ့အနေနဲ့ ဆွဲထားတာပါ။ ကျနော်တို့ တတ်နိုင်တဲ့ ဘက်ကနေ ဆွဲထားတာကို အဖျက်ခံလိုက်ရတော့ စိတ်ထဲမှာ ခံစားရပါတယ်။ ကျနော်ဆွဲထားတဲ့ ပုံတပုံတည်း ဖြစ်တာ ကျန်တဲ့ ပုံတွေရှိတယ်ဗျ။ အခွင့်အရေးရှိသေးရင် ထပ်ဆွဲဦးမယ်” ဟု ကိုအာကာကျော်က ဆိုပါတယ်။

ပြောတဲ့အတိုင်းပဲ အခု ဒုတိယအကြိမ် အနေနဲ့ အိုဘားမားကို ကြိုဆိုတဲ့ ဂရပ်ဖတီကို ပြန်လည်ဆွဲပြီးချိန် မှာတော့ ဓာတ်ပုံမှာ မြင်ရတဲ့အတိုင်း ရဲဝန်ထမ်းနဲ့ စည်ပင်ဝန်ထမ်းတို့က ဖျက်ဆီးမှာစိုးလို့ လာပြီး လုံခြုံရေး ယူပေးထားပါတယ်။ 
credit to >> irrawaddy blog
ဆက်ဖတ်ရန်>>

အမေရိကန် စစ်ရေယာဉ်တစ်စီး မြန်မာ့ရေပြင်သို့ တရားဝင် (သို့မဟုတ်) တရားမဝင် ရောက်ရှိနေခြင်း..............


အမေရိကန်သမ္မတ အိုဘားမားသည် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ နိုဝင်ဘာ ၁၉ ရက်နေ့တွင် သမိုင်းဝင်ခရီးစ
ဉ်အဖြစ် ရောက်ရှိလာမည်ဖြစ်သည်။ ယင်းနှင့်အပြိုင်
အမေရိကန် ရဟတ်ယာဉ်တင်သင်္ဘောတစ်စီးကို မြန်မာ့ရေပြင်ပိုင်နက်တွင် တွေ့မြင်ရသည့် သတင်းတစ်ရပ်လည်း ငါးဖမ်းစက်လှေများ သတင်းရပ်ကွက်တွင် ထွက်ပေါ်လာခဲ့
ပါသည်။သတင်း၏ အဆိုအရ နိုဝင်ဘာ ၁၇ ရက်နေ့ နံနက် ၉နာရီခန့်တွင် အမေရိကန်အလံလွင့်ထူထားပြီး ရေယာဉ်ကိုယ်ထည်တွင် အင်္ဂလိပ်ဂဏန်း 6 ဟုရေးသားထားသည့် ရဟတ်ယာဉ်များ တင်ဆောင်ထားသော စစ်ရေယာဉ်တစ်စီး နှင့် မြန်မာ့တပ်မတော်(ရေ)မှ စစ်ရေယာဉ်များကို ရန်ကုန် ပင်လယ်ဝမှ တောင်ဘက်မိုင်ရေမိုင် ၈၀ ခန့်နေရာ၌ တွေ့ရှိရသည်ဟု ဆိုပါသည်။အမေရိကန်သမ္မတ အိုဘားမား ခရီးစဉ်လုံခြုံရေးအတွက် ဖြစ်နိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းရသော်လည်း တရားဝင်အကြောင်းကြား ညှိနိုင်းဝင်လာခြင်းလား သို့မဟုတ် Base Line ပြဿနာ အခြေခံရှိ၍ ပိုင်စိုးပိုင်နက်ဝင်လာခြင်းလား ဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်ပါသည်။ မြန်မာ့တပ်မတော်(ရေ)မှ စစ်ရေယာဉ်များကို အနီးတစ်ဝိုက်တွင် တွေ့ရှိရ၍ တရားဝင်ဖြစ်နိုင်ဖွယ်ရှိကြောင်း ခန့်မှန်းရသည်။

စစ်ရေယာဉ်ကို လေ့လာရာတွင် ရဟတ်ယာဉ်များတင်ဆောင်ထားပြီး ကိုယ်ထည်တွင် 6 ဟု ရေးသားထားသည့်အတွက် ကမ်းတက်စစ်ဆင်ရေးသုံး စစ်ရေယာဉ် USS Bonhomme Richard (Landing Helicopter Deck - LHD 6) ဖြစ်နိုင်ကြောင်း ယူဆရပါသည်။၎င်းစစ်ရေယာဉ် အမျိုးအစားသည် အလျား ၈၄၄ ပေ၊အနံ ၁၀၆ ပေ ရှိကာ တန်ချိန် ၄၀၅၀၀ ရှိပြီး ကမ်းတက်စစ်ဆင်ရေးသုံး CH-46 Sea Knight ရဟတ်ယာဉ် ၄၂ စီး၊ဒေါင်လိုက်တက်ဆင်းနိုင်သော AV-8B Harrier II တိုက်ခိုက်ရေးလေယဉ် ၅ စီး၊ ရေငုပ်သင်္ဘော ရှာဖွေတိုက်ခိုက်ရေး ရဟတ်ယာဉ် ၅စီး၊ကမ်းတက်ရှပ်ပြေးယာဉ်များ၊ ကုန်း/ရေ နှစ်သွယ်သုံးတင့်များ နှင့် ကမ်းတက်တပ်ဖွဲ့ဝင်များ အပါအ၀င် တပ်ဖွဲ့ဝင် ၁၈၀၀ ကျော် သယ်ဆောင်နိုင်ကြောင်း သိရှိရသည်။

မည်သို့ပင်ဖြစ်စေ နှစ်နိုင်ငံ အနာဂါတ်ခရီးအတွက် ကောင်းသောလာခြင်း ဖြစ်ပါစေဟု ဆန္ဒပြု ဖော်ပြအပ်ပါသည်။

မောင်ဝါဆို

Ref; Myanmar NAVY
ဆက်ဖတ်ရန်>>