skip to main  |
      skip to sidebar
          
        
          
        
သွေးတွေနဲ့ ငိုနေရတဲ့ မိန်းကလေး

 

 
သွေးတွေနဲ့ ငိုနေရတဲ့ မိန်းကလေး    Twinkle Dwivedi ဆိုတာ စိတ်ဝင်စား ပြီး ရှုပ်ထွေးဖို့ကောင်းတဲ့ဘာသာရပ်တစ်ခုဖြစ်လို့နေပါတယ်
 ။ ယုံကြည်နိုင် ဖို့ ခက်ခဲသလို လက်ခံနိုင်ဖို့လည်း ခက်ခဲလွန်းလှပါတယ် ။ 
အခု ၁၄ နှစ်အရွယ် Indian မိန်းကလေး ငယ်လေး Twinkle ဟာ သူမမျက်လုံးတွေကနေ 
သွေးရည်တွေ ခဏခဏ ထွက်ကျလို့နေပါတယ်တဲ့ သူမရဲ့ အရေ ခွံတွေနောက်ဆုံးသူမ 
ခြေဖ၀ါးပါမကျန် နှာခေါင်းပေါက်တွေကနေလည်း သွေးတွေ ယိုစီးကျ လို့နေပါတယ် ။ 
Twinkle လေးနဲ့ သူ့မိဘတွေကတော့ ဆေးပညာရပ်ဆိုင်ရာက ဆရာဝန်တွေကိုရော နတ်ဆ 
ရာတွေရော သူတို့ ကို ကူညီဖို့နဲ့ တွင်ကယ်လေးရဲ့ ထူးဆန်းဖွယ်ကောင်းသော ပြဿနာ
 ကို ဖြေရှင်းပေး ကြဖို့ မေတ္တာ ရပ်ခံထားပါတယ် ။   National Geographic မှ 
တွင်ကယ်ဆီမှ အစိတ်အပိုင်း အသားစ သို့ သွေး နမူနာယူစမ်းသပ်ခဲ့ပြီး Dr.George
 Buchanan ကလည်း ဒီအဖြစ်အပျက်အတွက် တွင်ကယ့်မိဘတွေနဲ့လည်းသက်ဆိုင်လိမ့်မယ်လို့
 ဆိုပါတယ် ။ သူပြောတာ ကတော့ တွင်ကယ်ဟာ ဆေးပညာရပ် ဆိုင်ရာ 
အထူးကုဆရာဝန်တွေနဲပ ၂၄ နာရီပတ်လုံးစောင့် ကြည့်လေ့လာမှုတွေ 
ပြုလုပ်ရမှာဖြစ်ပြီး ဒါဟာလည်း အရမ်းကို ငွေကုန်ကြေးကျများတဲ့ အခြေအနေ 
တစ်ခုဖြစ် လို့နေပါတယ် ။ တွင်ကယ့် မိဘတွေက ဆင်းရဲလွန်းပါတယ် 
ဘယ်သူတစ်ဦးတစ်ယောက်ကမှ တွင်ကယ့်ရဲ့ အခြေအနေကို ကုသဖို့အတွက် 
ငွေကြေးပေးနိုင်စွမ်းမရှီခဲ့ပါဘူး
 ။ အကယ်၍ တွင်ကယ့်မှာ ဘာဖြစ်ပျက်နေ သလဲဆိုတာကို ကျွန်တော်တို့ အတိအကျ 
မပြောနိုင်သေးသရွေ့ ဘာစကား မှပြောစ ရာလည်း မရှိပါဘူး ။   ဒါဟာ ဘယ်လို 
အခြေအနေမျိုးလဲလို့သင်ထင်ပါသလဲ
 ? Buchanan ကတော့ ဒါဟာ Munchhausen သို့မဟုတ် Munchhausen-By-Proxy 
Syndrome လို့ခေါ်တဲ့ အခြေအနေဖြစ်မယ်လို့ ယူဆပါတယ်တဲ့ ။ ဆိုလိုတာ ကတော့ 
တွင်ကယ် ( ပထမ ပစ်မှတ် ) နဲ့ သူမ အမေ ( ဒုတိယ ပစ်မှတ်) တို့ဟာ အဓိက 
ဒီသွေးယိုထွက်မှု ပြဿနာ မှ ပါဝင်ပတ်သတ်နေကြသူတွေပါ ။  
လန်ဒန်မှ ဆရာဝန်တစ်ဦးကတော့ သူမဟာ Type II von Willebrand disease ကို 
ခံစားနေတာ ဖြစ်ပါလိမ့်မယ်လို့ဆိုပါတယ်
 ။ Type II von Willebrand disease ဆိုတာဟာ သွေးခဲမှု ပြဿနာ တစ်ခုဖြစ် ပါတယ်
 ။ Von Willebrand ဆိုတာဟာ အလွယ်တကူသွေးခြေဥခြင်း စသည်တို့ကို ဆိုလိုပြီး 
ဒီလိုမျိုး အကြာကြီး တရပ် စပ် သွေးယိုတဲ့ဖြစ်စဉ်မျိုးကတော့ အခုမှ သူလည်း ကြားဖူးတာပါလို့ဆိုပါတယ် ။ ကဲ ဒါဆို တွင်ကယ်ဟာ Von Willebrand ကြောင့်မဟုတ်ခဲ့ဘူးဆိုရင်ရော
 သူမဟာဘာတွေ မှားယွင်းနေသလဲဆိုတာ အများကြီး စမ်းသပ် မှုတွေ ပြုလုပ်ရပါဦးမယ်
 ။  တခြားသူတွေ ယုံကြည်ကြတာကတော့တွင်ကယ်ဟာ နတ်တွေသရဲတွေရဲ့ပြုစားခြင်းကို
 ခံနေရတာပါတဲ့ ။ သူမ ကျောင်း က သူမ ဒီလို လက္ခဏာတွေ စစကြုံလာခဲ့ခြင်း 
ကျောင်းနားစေခဲ့ပါတယ် သူမ သူငယ်ချင်းတွေ ကလည်း သူမနဲ့အတူတူသွားမကစားကြတော့ပါဘူး ။ တခါတရံ သူမဘေးပတ်ဝန်းကျင်က လူတွေနဲ့ အတန်းဖော်တွေက ခဲလုံးတွေနဲ့သူမကို ပစ်ပေါက်ကြပြီး သူမလမ်းလျှောက်လာရင်အမျိုးမျိုး
 နှောက်ယှက်မှုတွေ ပြုလုပ်ခဲ့ကြတာကိုလည်း တွင်ကယ်လေးခမျာ ခံခဲ့ရပါသေးတယ် ။ 
ဒါ့အပြင်သူမရဲ့ စိတ်ဒါဏ်ရာတွေ နဲ့ အမာရွတ်တွေကိုရော ကျွန်တော်တို့ 
ဘယ်လိုကုစားပေးကြမှာလဲ ။   သူမ ခြေဖ၀ါးက သွေးတွေထွက်လာတဲ့အခါ တွင်ကယ်ဟာ 
အလွန်အမင်း ခက်ခဲတဲ့ အခြေအနေတွေ နဲ့ရင် ဆိုင်ရပါတယ် ။  ကဲ ဒီလို 
ထူးဆန်းတဲ့အခြေအနေအတွက် ကျွန်တော်တို့ ဘယ်သူ့ကို လက်ညှိုးထိုးကြမလဲ 
ဘယ်သူ့ကို အပစ်တင် ရမလဲ တွင်ကယ်လေးကရော အဖြေတစ်ခု တိတိကျကျ 
ထွက်လာတဲ့အချိန်အထိ ကြံ့ကြံ့ခိုင်နိုင်ပါ့မလား ။ ကျွန်တော် တို့ 
တွင်ကယ်လေးအတွက် ရောဂါ ဘယတွေ အမြန်ဆုံးသက်သာပျောက်ကင်းစေဖို့ ၀ိုင်းပြီး ဆုတောင်းပေး လိုက်ကြရအောင်လားဗျာ ။
 http://www.facebook.com/media/set/?set=a.368079259950174.87525.100002443101419&type=3 မှ ကူးယူဖေါ်ပြပါသည်....
 
 
 
          
      
 
  
 
 
    
0 comments:
Post a Comment