Pages

Friday, December 7, 2012

၂၀၁၃ တွင်ထွက်မည့် ၂၀၁၄ မော်ဒယ် BMW i8 ဟိုင်းဘရစ်ပြိုင်ကား



၂၀၀၉ ခုနှစ်ကတည်းက မော်တော်ယာဉ် ပြပွဲတွေမှာ ဝင်ရောက်ပြသ နေတဲ့ ဂျာမနီ BMW ရဲ့  i8 ပြိုင်ကားကို အမှန်တကယ် ဈေးကွက် ဖြန့်ချိတော့ မှာ ဖြစ်ပါတယ်။

Gasoline အင်ဂျင်နဲ့ လျှပ်စစ်မော်တာမောင်း ဘက်ထရီ ကို ပေါင်းစပ်ပေး ထားတဲ့ ပေါင်းစပ်ပေးထားတဲ့ ဟိုင်းဘရစ်ကား ဖြစ်ပါတယ်။ တစ်နာရီ ၁၆၀ မိုင် ဝန်းကျင်အထိ top speed ရှိပါတယ်။ ဘက်ထရီနဲ့ လည်း သီးသန့် အသုံးပြုမောင်းနှင်နိုင်ပြီး၊ Gasoline သီးသန့်၊ နှစ်မျိုးပေါင်း အခြေအနေ အစရှိသဖြင့် Mode အမျိုးမျိုးပြောင်း မောင်းနှင် နိုင်ပါတယ်။ ဘက်ထရီရဲ့ မြင်းကောင်ရေအား ထုတ်လုပ်မှုက ၁၃၁ ရှိပြီး လောင်စာအင်ဂျင်က ၂၂၃ ရှိပါတယ်။ ဒါကြောင့် နှစ်ခုပေါင်းလိုက်ရင် ပါဝါပြင်းတဲ့ ပြိုင်ကားပဲ ဖြစ်ပါ တယ်။ ဆီစားနှုန်းက မိုင် ၁၀၀ နီးနီးကို ၁ ဂါလံသာ ရှိပါတယ်။ ဆီစား အလွန် သက်သာတဲ့ကားလည်း ဖြစ်ပါတယ်။

ကားရဲ့ အလေးချိန်ပေါင် ပေါင် ၃၆၀၀ ရှိပါတယ်။ ခရိုမီယံ၊အလူမီနီယံ၊ ကာဘွန် ဖိုက်ဘာ အချိုးချပေါင်းစပ်ပေးထားပြီး လိပ်ပြာတောင်ပံ လို့ခေါ်တဲ့ အပေါ်ပင့် တံခါးပေါက်နဲ့ စတိုင်ကျ လှပနေတာကို မြင်တွေ့ ရပါတယ်။ အမိုးပွင့် Roadster နဲ့ ပြိုင်ကား coupe ဆိုပြီး နှစ်မျိုး ထုတ်လုပ်ထား ပါတယ်။ နှစ်ယောက်စီး ပြိုင်ကား ဖြစ်ပြီး ကာလတန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၁သိန်း ၃ သောင်း ဝန်းကျင် လို့ ခန့်မှန်းထားကြပါတယ်။ ၂၀၁၃ နှစ်ကုန်ပိုင်းမှာ ဖြန့်ချိမှာ ဖြစ်ပြီး မြန်မာပြည်သာ တကယ်ရောက် လာနိုင်မယ်ဆိုရင် အနည်းဆုံး သိန်း ၈ထောင်လောက် ပေါက်ဈေး ရှိမယ့် ကား ဖြစ်ပါတယ်။
--
Ref: slashgear
Aung Kham (TSJ team)
credit to >>> TechSpace Journal

0 comments:

Post a Comment