Pages

Showing posts with label သိပ္ပံနှင့် နည်းပညာ. Show all posts
Showing posts with label သိပ္ပံနှင့် နည်းပညာ. Show all posts

Thursday, April 4, 2013

Martian Mega Rover - National Geographic Documentary

NASA ရဲ့ အင်္ဂါဂြိုလ်ပေါ်သွားယာဉ်အကြောင်းဖြစ်ပါတယ်.... ဆက်ဖတ်ရန်>>

Tuesday, November 13, 2012

ဂျပန် Hirobo ထုတ် တစ်ယောက်စီး ရဟတ်ယာဉ်


တစ်ယောက်စီး ရဟတ်ယာဉ် (Helicopter) ကို ဂျပန် Hirobo အီလက် ထရောနစ် ပစ္စည်း ကုမ္မဏီက ထုတ်လုပ်လိုက်ပြီ ဖြစ်ပါတယ်။

ယခုရက်ပိုင်းအတွင်း ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ လေကြောင်းလိုင်း ကုန်ပစ္စည်းပြပွဲမှာ ဝင်ရောက် မိတ်ဆက်ပြသသွားတာ ဖြစ်ပါတယ်။ တစ်ယောက်စီး ရဟတ်ယာဉ်၊ လူမဲ့ ရဟတ်ယာဉ် ဆိုပြီး နှစ်မျိုး ထုတ်လုပ် ထားပါတယ်။

လူမဲ့ ရဟတ်ယာဉ် ကတော့ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးမှာ အသုံးပြုစေဖို့ ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၂၅၀၀၀ တန်ဖိုး ရှိပါတယ်။ အဝေးထိန်းခလုပ်နဲ့ ထိန်းချုပ်ရမှာ ဖြစ်ပါတယ်။ တစ်ယောက်စီး ရဟတ်ယာဉ် Hirobo ရဲ့  တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၃၇၅၀၀၀ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ သဘာဝဘေးအန္တရာယ် ကြုံတွေ့ရတဲ့ ကာလမှာ အသုံးပြုစေဖို့ ဖြစ်ပေမယ့် ယာဉ်ကြောထူထပ်တဲ့ မြို့  ကြီးတွေမှာလည်း အသုံးပြုနိုင်စေဖို့ ဖြစ်ပါတယ်။

Hirobo က နဂိုကတည်းက ကလေး ကစားစရာ ရီမုဒ်ကွန်းထရိုး ထိန်းချုပ် ရဟတ်ယာဉ် ငယ်များကို ထုတ်လုပ်တာ ဖြစ်ပါတယ်။ ယခု ကတော့ ကစား စရာ အနေနဲ့ မဟုတ်တော့ပဲ လူတို့ လုပ်ငန်းခွင် အသုံးပြုစေဖို့ ဖြစ် ပါတယ်။ နှစ်မျိုးလုံးက တစ်နာရီကို မိုင် ၆၀ နှုန်းနဲ့ ပျံသန်းနိုင်မှာ ဖြစ်ပါတယ်။ လျှပ်စစ်မော်တာကို အသုံးပြုထားခြင်း ဖြစ်ပါတယ်။ လောင်စာဆီ အသုံးမပြု ထားပါဘူး။ အသံ ငြိမ်တဲ့ လျှပ်စစ်မော်တာ ဖြစ်တဲ့အတွက် မြို့ ကြီးတွေမှာ အသုံးပြုဖို့ အဆင်ပြေမှာ ဖြစ်ပါတယ်။

သို့ပေမယ့် ဂျပန်နိုင်ငံက မြို့ ကြီးတွေမှာ မောင်းနှင်ခွင့် မရသေးပါ ဘူး။ နောက် ၂ နှစ်လောက်ကြာမှ ဂျပန်အစိုးရမှ တစ်ယောက်စီး ရဟတ်ယာဉ်များ မြို့ တွင်းအသုံးပြုခွင့်ပေးမယ်လို့ ခန့်မှန်းထားပါတယ်။ ကမ္ဘာ့နိုင်ငံကြီးများမှာလည်း အသုံးပြုခွင့်ရအောင် Hirobo ကကြိုးပမ်း မှာ ဖြစ်ပါတယ်။ သာမန် ရဟတ်ယာဉ်လောက်တောင် မောင်းနှင်ရမခက်ပဲ ကား/ ဆိုင်ကယ် မောင်းတတ်သူတိုင်း အလွယ်တကူ မောင်းနှင်လို့ ရတဲ့ ရဟတ်ယာဉ် ဖြစ်တယ်လို့ သိရပါတယ်။
---
Ref: Hirobo
Aung Kham (TSJ team)
credit to>> http://techspacejournal.blogspot.sg
ဆက်ဖတ်ရန်>>

Monday, November 12, 2012

စွယ်စုံသုံး သတ္တု ဂယ်လီယမ်နှင့် အနာဂါတ် ကမ္ဘာ


ဂယ်လီယမ် (Gallium ) အမည်ရ သတ္တုက လူသားများအတွက် အင်မတန် အကျိုးပြုပါတယ်။ ရှားလည်း ရှားပါတယ်။ တစ်နှစ်ကို တန် ၁၀၀ ကျော်၊ ၂၀၀ အတွင်းသာ ထုတ်လုပ်နိုင်ပါတယ်။

ဂုဏ်သတ္တိ

လက်ပေါ်တင်ထားရင်ရင်တောင် အလိုလိုအရည်ပျော်လောက်အောင် သူ့ရဲ့  ဓာတု ဂုဏ်သတ္တိက ထူးခြားပါတယ်။ အခန်းအပူချိန် (၈၅.၆ ဖာရင်ဟိုက်) ထက် အနည်းငယ် ပိုလိုက်ရင် သူ့အလိုအလျောက် အရည်ပျော်ပါတယ်။ ဒါကြောင့် လက်ပေါ်တင်ထားရင် ကြိမ်းသေအရေ ပျော်ပါတယ်။ ဒါကြောင့် သူ့ကို အသုံးပြုတဲ့အခါ တစ်မျိုးထဲ သန့်သန့် အသုံးပြုလို့ မရပဲ အခြား သတ္တုများနဲ့ ရောစပ်အသုံးပြုမှု များပါတယ်။

အီလက်ထရောနစ် ပစ္စည်းများတွင် အသုံးပြုမှု

နည်းပညာ ထုတ်ကုန်တော်တော်များများမှာ အသုံးပြုပါတယ်။ ယနေ့ခေတ် စမတ်ဖုန်းတော်တော်များများမှာလည်း ဂယ်လီယမ် သတ္တု (လျှပ်တစ်ဝက် ကူး ပစ္စည်း/ Semiconductor) ကို ထည့်သွင်း အသုံးပြု ထားပါတယ်။ ဖုန်းအကြာကြီးပြောတဲ့အခါ အပူလွန်ကဲပြီး လောင်ကျွမ်းနိုင်တဲ့ amplifier တွေမှာ ဂယ်လ်လီယမ်ကို ထည့်သွင်းထားပါတယ်။ ဖုန်း ကြာကြာ အားသွင်းလို့ မီးလောင်တယ်ဆိုတာ၊ ကြာကြာပြောလို့ အရမ်းပူလာတယ်ဆိုတာ ဂယ်လီယမ် ပါဝင်မှု နည်းတာနဲ့လည်း သက်ဆိုင်ပါတယ်။

လပ်(ပ်)တော့၊ စားပွဲတင်ကွန်ပျူတာ တွေထဲက Chip တွေမှာလည်း Gallium သတ္တုသုံး ဆီမီးကွန်ဒတ်တာတွေ ပါဝင်ပါတယ်။ အပူချိန် လွန်ကဲမှုကို ထိန်းညှိပေးတဲ့ နေရာမှာ သူက အကောင်းဆုံး လုပ်ဆောင်ပေးလို့ ဖြစ်ပါတယ်။ သူချည်းသက်သက်ဆိုရင်တော့ အရည် ပျော်တတ်ပေမယ့်။ သွပ် (zinc)၊ အလူမီနီယမ်တို့လိုနဲ့ ရောစပ် အသုံးပြုတဲ့အခါ အင်မတန် အကျိုးရှိတဲ့ Semiconductor တစ်လုံး ဖြစ်လာပါတယ်။

ဆေးဘက်ဆိုင်ရာ အသုံးပြုမှု

အီလက်ထရောနစ် ပစ္စည်းတွေမှာတင် အသုံးပြုတာ မဟုတ်ပါဘူး။ ဆေးဝါး မှာလည်း အသုံးပြုပါတယ်။ ရေဒီယိုဓာတ်ကြွနည်းပညာ သုံး ပိုးသတ်ဆေးဝါးတွေမှာ Gallium အရည်ကို Percentage အနည်းငယ် ထည့်သွင်းထားပါတယ်။  သွေးထဲ ကယ်လ်ဆီယမ်ဓာတ်အင်မတန် လွန်ကဲတဲ့ ရောဂါမျိုးတွေမှာ သူက သွေးကိုထိန်းညှိပေးခြင်းဖြင့် လုပ်ဆောင်ပါတယ်။ ခန္ဓာကိုယ်တွင်း အူလမ်းကြောင်း၊ လည်ချောင်း -Organ များမှာ အနာတည်၊ ကင်ဆာ ဖြစ်တဲ့အခါ ဂယ်လီယမ် သတ္တုဓာတ်ပါတဲ့ ဆေးဝါးနဲ့ ကုသပါတယ်။

စစ်ဘက်ဆိုင်ရာ အသုံးပြုမှု

စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေမှာလည်း အသုံးပြုပါသေးတယ်။ ပလူတိုနီယမ်တို့လို အန္တရယ်ကြီး လက်နက် ဒုံးကျည်ပစ္စည်းတွေရဲ့  ထိပ်ဖူးမှာ
ဂယ်လီယမ် အလွိုင်းကို ထည့်ထားရပါတယ်။ ပလူတိုနီယမ်ကနေ အလိုလို မြင့်တက်နေတဲ့ Allotropes များဟာ ဒီတိုင်းထားရင် ပေါက်ကွဲ တတ်ပြီး ဂယ်လီယမ်က ထိန်းထားပေးတာ ဖြစ်ပါတယ်။

အထွေထွေ အသုံးပြုမှု

ဂယ်လီယမ်ကို လွယ်လွယ်နဲ့ တူးဖော်ရရှိတာမဟုတ်တဲ့အတွက် အသုံးပြုတဲ့ အခါကျတော့ ကျန်ရှိတဲ့ အစအန အားလုံးက အစ အသုံးဝင်ပါတယ်။ အလူမီနီဟိုက်ဒရောဆိုက်ကို သန့်စင်လို့ ကျန်ရှိတဲ့ မသန့်စင်သော ဂယ်လ်လီယမ်တွေကိုတောင် မှန်၊ ဇွန်း၊ခရင်း၊ အစရှိသဖြင့် အိမ်သုံး ပစ္စည်းတွေမှာ ရောစပ်ထည့်သုံးလို့ ရပါတယ်။ ပိုးသတ်ဆေး၊ ပေါင်ဒါ တွေမှာလည်း အသုံးပြုပါတယ်။ အခြားသော အသုံးပြုမှုပေါင်း မြောက်များစွာလည်း ရှိနေပါသေးတယ်။

ထွက်ရှိသည့် နိုင်ငံ

အမှန်တကယ် တွေ့ရှိတာတော့ ရုရှားနိုင်ငံမှာ စတင်တွေ့ရှိတာ ဖြစ်ပါတယ်။ သို့ပေမယ့် လက်ရှိအများဆုံး ထွက်နေတဲ့ နိုင်ငံက တရုတ်ပြည်မကြီး ဖြစ်ပါတယ်။ အကောင်းဆုံး အသုံချနိုင်မှုကတော့ အမေရိကန် ဖြစ်ပြီး ကုန်ကြမ်းမရှိလည်း ဓာတ်ခွဲခန်းကနေ ကိုယ်တိုင် ဖန်တီး ထုတ်ယူတဲ့အဆင့်ထိတောင် ပြုလုပ်ကြပါတယ်။ သို့ပေမယ့် မလုံလောက်တဲ့အတွက် မှာယူမှုများ ပြုလုပ်ရပါတယ်။

အနာဂတ်တွင် Gallium ရှားပါးနိုင်မှု

အများစုကို တရုတ်ပြည်မကြီးက ပိုင်ဆိုင်ထားတာဟာ အဓိက ပြဿနာ တစ်ခု ဖြစ်ပါတယ်။ ကွန်မြူနစ် ပေါ်လစီအရ ပြည်တွင်း တွင်းထွက်ကို ပြည်ပ သို့ တင်ပို့မှုများ အင်မတန် တင်းကြပ်ထားပါတယ်။ တော်ရုံ ဝယ်လို့ မရပါဘူး။ တရုတ်ပြည်မှာ တွင်းထွက်ရှိပေမယ့် သန့်စင်မှု လုပ်ငန်းမှာ အားနည်းနေပါတယ်။ ဒါကြောင့် ကိုယ်တိုင် တူးဖော်အသုံးပြုပေမယ့် အနောက်တိုင်းများလောက် ထိထိရောက်ရောက် အသုံးမပြုနိုင်ပါဘူး။ သို့ပေမယ့် ရည်ရွယ်ချက်က ပြည်တွင်း အီလက်ထရောနစ်၊ စစ်ဘက်ဆိုင်ရာ၊ ဆေးဘက်ဆိုင်ရာတို့မှာ အသုံးပြုဖို့ ဖြစ်ပါတယ်။ ဂယ်လီယမ်တင် မကပဲ ကမ္ဘာ့အရှားပါးဆုံး ၁၀မျိုးသော မက သတ္တု အမျိုးပေါင်း မြောက်များစွာလည်း ပိုင်ဆိုင်ထားပါတယ်။

တရုတ်ပြည်တွင်း စက်မှုလုပ်ငန်း အရှိန်အဟုန်ဖြင့် တိုးတက်နေပေမယ့် သတ္တုအသုံးပြုမှုမှာ အကျိုးသက်ရောက်မှု နည်းတဲ့အတွက် အလဟသ ကုန်ဆုံးသွားမှာကို အနောက်တိုင်းက စိုးရိမ်နေကြပါတယ်။ အမေရိကန်က အဓိက အခံရဆုံး နိုင်ငံ ဖြစ်ပြီး Gallium ရဖို့ အင်မတန် ခဲယဉ်းပါတယ်။ ဒါကြောင့် ယခုနှစ်လယ်ပိုင်းကစပြီး ကမ္ဘာ့စီးပွားကုန်သွယ်မှုအဖွဲ့အစည်း (WTO) ကို တိုင်ကြားမှုများ ပြုလုပ်ခဲ့ပေမယ့် ထူးခြားလာမှု မရှိသေးပါဘူး။ ဓာတ်ခွဲခန်းကနေ အကုန်အကျ အဆပေါင်းများစွာ ခံပြီး ထုတ်လုပ်ရမယ့် အနေအထားမှာ ရှိပါတယ်။

ဒါကြောင့် အနာဂတ် အီလက်ထရောနစ် ပစ္စည်းထုတ်လုပ်မှုမှာ ဂယ်လီယမ် နဲ့ အခြား ရှားပါးသတ္တုများ မရှိတော့ဘူးဆိုရင် ဘယ်လို ရှေ့ ဆက်မယ် ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ နည်းပညာမှာ ထိပ်တန်း ပြေးတဲ့ အမေရိကန်နိုင်ငံမှာတော့ သုသေတနလုပ်ငန်းနဲ့ ဓာတ်ခွဲခန်းများမှာ ရင်းနှီးမြှုပ်နှံမှုပေါင်း များစွာ ပြုလုပ်လျက် ရှိတယ်လို့ သိရပါတယ်။
--
Ref:ABSnew, Wiki

အောင်ခမ်း (TSJ team)
credit to>> http://techspacejournal.blogspot.sg
ဆက်ဖတ်ရန်>>

iPhone 5S နှင့် i Pad mini 2 ၂၀၁၃ နှစ်ဆန်းတွင် ထွက်ရှိမည်


phone Arenaဝဘ်ဆိုဒ်နဲ့ ထိုင်ဝမ်တိုင်းမ် သတင်းက ဖော်ပြတဲ့ သတင်း ဖြစ် ပါတယ်။ Apple ကုမ္မဏီဟာ iPhone 5s နဲ့ iPad mini 2 ကို ၂၀၁၃ ခုနှစ် ပထမ လေးလအတွင်း ထုတ်လုပ်ဖြန့်ချိမယ်လို့ ဆိုထားပါတယ်။


iPhone 5 ထွက်ရှိတာမကြာသေးပဲ သူ့ထက် ဗားရှင်းထပ်မြင့်တဲ့ 5S ထွက်ရှိ မှာ ဖြစ်ပါတယ်။ ထိုနည်းတူစွာ ယခု အသစ်ဆက်ဆက် iPad mini ကို ထပ်ဆင့် Upgrade လုပ်ထားတဲ့ နံပါတ် ၂ မြောက် iPad mini ကိုလည်း ထုတ်လုပ်ရောင်းချမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ iOS ဗားရှင်းမြင့်ထားတဲ့ စမတ်ဖုန်း ဖြစ်ပြီး ပထမလေးလအတွင်း အလုံးရေ ၅သောင်းမှ ၁ သိန်းကြား ထုတ်လုပ်ပါမယ်။ i Pad mini 2 အရေအတွက်တော့ ခန့်မှန်း မပေးထား ပါဘူး။

ယမန်နှစ်က iPhone 4 ပြီး iPhone 4S ထွက်ရှိတဲ့ ပုံစံအတိုင်း iPhone 5S ဆိုပြီး ထုတ်လုပ်မှာ ဖြစ်ပါတယ်။ iPad mini တုန်းကလည်း လူပြောများခဲ့ပြီး ဒီတစ်ခါ Perfect ဖြစ်မယ့် mini လို့ဆိုပါတယ်။ Apple ကတော့ Officially မကြေညာသေးပါဘူး။

သို့ပေမယ့် ယခုရက်ပိုင်းအတွင် i Phone 5S နဲ့ i Pad mini 2 အကြောင်းကို တရားဝင်ကြေညာနိုင်ချေ ရှိတယ်လို့ သိရပါတယ်။
--
Ref:phone Arena
Aung Kham (TSJ team)
credit to>> http://techspacejournal.blogspot.sg

ဆက်ဖတ်ရန်>>

ကမ္ဘာ့တီထွင်မှု အကောင်းဆုံး ကုမ္မဏီအဖြစ် Apple က နံပါတ် ၁တွင်ရှိနေဆဲ

သုံးနှစ်ဆက်တိုက် နံပါတ် ၁ နေရာမှာ Apple က တည်ရှိနေဆဲ ဖြစ်ပါတယ်။ ကမ္ဘာ့ တီထွင်မှု အကောင်းဆုံး ကုမ္မဏီ ( The world most innovative company) ၁၀ ခု စာရင်းကို အမေရိကန်အခြေဆိုက် စစ်တမ်းကောက် ကုမ္မဏီတစ်ခုဖြစ်တဲ့ Booz မှ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။


နံပါတ် ၂ ကတော့ Google ဖြစ်ပါတယ်။ Google နံပါတ် ၂ ရသွားတဲ့ အကြောင်းအရင်းမှာ လက်ရှိ သူတို့ ပြုလုပ်ထားတဲ့ Project Glass ( Smart Glass) -ဂူးဂဲလ်မျက်မှန်ကြောင့်မို့လို ဆိုပါတယ်။

နံပါတ် ၃ မှာတော့ M3 အမည်ရ နည်းပညာထုတ်ကုန်ပစ္စည်း ကုမ္မဏီဖြစ်ပါတယ်။ သူရဲ့ အဓိက ထုတ်ကုန်က ဆော့ဖ်ဝဲရော၊ ဟာ့ဒ်ဝဲရော ပါရှိပြီး အမေရိကန် အခြေဆိုက် ကုမ္မဏီဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ တစ်ဝန်းက မီးပွိုင့်တော်တော်များများဟာ သူတို့ ထုတ်ကုန် ဖြစ်ပါတယ်။ ပညာရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများအတွက် အသုံးဝင်တဲ့ ဆော့ဖ်ဝဲ၊ Application များစွာလည်း ထုတ်လုပ်ထားပါတယ်။

နံပါတ် ၄ နေရာမှာကတော့ Samsung ဖြစ်ပါတယ်။ Apple နဲ့ ကြားမှာ နှစ် ခု တောင် ကွာသွားပါတယ်။   OLED displays နဲ့ NFC နည်းပညာ တို့ကြောင့် နံပါတ် ၄ အထိ ရောက်ရှိလာခြင်း ဖြစ်ပါတယ်။

Microsoft က နံပါတ် ၅ မှာတော့ မရှိခဲ့ပါဘူး။ နံပါတ် ၆မှာသာ တည်ရှိပါ တယ်။ Lumia စမတ်ဖုန်းသစ်၊ Surface Tablet, Windows 8 အစရှိသဖြင့် ယခုနှစ်အတွင်း အကောင်းဆုံး ထုတ်ကုန်များ ထုတ်လုပ်ခဲ့ပေမယ့် နံပါတ် ၆ နေရာမှာ ရှိခဲ့တာကို Microsoft user တို့ မကျေပ်နပ်ခဲ့ပါဘူး။

စတိဗ်ဂျော့ မရှိတော့ပေမယ့် နံပါတ် ၁ နေရာမှာ ဆက်လက် တည်ရှိအောင် ထိန်းထားပေးနိုင်တဲ့ Tim Cook ကို Apple Fan တို့လေးစားခဲ့ ပါတယ်။ နောက်နှစ်တွေမှာလည်း Apple ကပဲ နံပါတ် ၁ Innovative ကုမ္မဏီတစ်ခု ဖြစ်လာဖို့ မျော်လင့်ထားတယ်လို့ သိရပါတယ်။
--
Ref: wired
Aung Kham (TSJ team)
credit to>>http://techspacejournal.blogspot.sg
ဆက်ဖတ်ရန်>>

Samsung က Apple ကို Processor ဈေးတင်ရောင်း


လက်ရှိ Apple ရဲ့  i Phone နဲ့ i Pad များအတွက် အဓိက လိုအပ်တဲ့ Processor ကို Samsung ဆီကနေ ဝယ်သုံးနေရတာ ဖြစ်ပါတယ်။

ယခု Samsung က ဈေးတင်လိုက်ပြီ ဖြစ်ပါတယ်။ မပြီးဆုံးနိုင်သေးတဲ့ မူပိုင်ခွင့် တိုက်ပွဲမှာ Apple က စိမ်ခေါ်မှုများ အထပ်ထပ် ပြုလုပ်တဲ့အတွက် Apple ကိုအထိနာအောင် နောက်တစ်နည်းနဲ့ တိုက်ခိုက်လိုက် တာ ဖြစ်ပါ တယ်။ ဈေးနှုန်းကို ၂၀ ရာခိုင်နှုန်းတိတိ မြင့်တင်လိုက် တာ ဖြစ်ပါ တယ်။ အစပိုင်းက Apple တို့ ငြင်းဆန်ပေမယ့် ယခုတော့ လက်ခံ လိုက်ပြီ ဖြစ်ပါ တယ်။ Samsung မဟုတ်ပဲ အခြား Processor ရရနိုင်ချေ ရှိတဲ့ ကုမ္မဏီများ ကို Apple မရှာဖွေနိုင်ခဲ့ပါဘူး။ ဈေးတင်ရောင်းတဲ့ Processor များကိုပဲ ဝယ်သုံးရတော့မှာ ဖြစ်ပါတယ်။

Apple ဟာ Samsung မှ Processor ပေါင်း သန်း ၁၃၀ ကို ယခင်နှစ် က မှာယူသုံးစွဲခဲ့ပါတယ်။ ယခု ၂၀၁၂ ခုနှစ်မှာတော့ သန်း ၂၀၀ အထိ အရေအတွက် ပိုများတယ်လို့ ဆိုပါတယ်။ Apple အတွက် Processor ထောက်ပံ့ပေးဖို့ ၂၀၁၄ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတာ ဖြစ် ပါတယ်။ ဒါကြောင့် အခြေအနေ မကောင်းရင် ဈေးက ၂၀ ရာခိုင်နှုန်းထက် မက တက်နိုင်ခြေ ရှိပါတယ်။

ဒါကို သိရှိတဲ့အတွက် Apple မှလည်း အခြား လက်တွဲလို့ရမယ့် ကုန်းကြမ်း ကုမ္မဏီအချို့  ကိုအသစ်ရှာပေမယ့် မတွေ့သေးပါဘူး။ သို့ပေမယ့် ၂၀၁၃ ခုနှစ် အတွင်း လက်တွဲဖြုတ်နိုင်ဖို့ ကြိုးစားနေတယ်ဆိုပါတယ်။

အမေရိကန်မှာ ဒေါ်လာ ၁ ဘီလျံ လျော်ကြေးရပြီး Apple တို့ အနိုင်ရပေမယ့် ဥရောပမှာ ဆက်တိုက်ရှုံးခဲ့ပါတယ်။ Official ဝဘ်ဆိုဒ်မှာ Samsung ကို တရားဝင် တောင်းပန်စာ တင်ရလောက်အောင်ကို Apple တို့ အရှက်ခွဲ ခံခဲ့ ရပါတယ်။ ဒါကြောင့် မကြေပွဲနွဲတဲ့ အနေနဲ့ စွဲချက်အသစ်များကို အမေရိကန် မှာ ပြန်လည် ရုံးတင်လိုက်ပြီး ဖြစ်ပါတယ်။ ဒီတစ်ခါ စွဲချက်က Samsung Galaxy Note နဲ့ Jelly Bean OS ကိုအဓိထားပါတယ်။ ဒီအတွက် နှစ်ဖက် လုံးမှ ပြင်ဆင်နေကြပါပြီ။

ယခုလို စွဲဆိုချက်အသစ် တင်ခဲ့မှုအတွက် Samsung မှ သင်ခန်း စားကောင်းကောင်း ပေးလိုက်တာကတော့ Processor ဈေးနှုန်း မြင့် တင်လိုက်ခြင်း ဖြစ်ပါတယ်။ ၂၀ ရာခိုင်နှုန်းတောင်တင်လိုက်တဲ့ ဈေးက Apple အတွက် တော်တော် ကုန်ကျမှာ ဖြစ်ပါတယ်။ Apple ရော Samsung ရော နှစ်ဖက်စလုံး အရှုံးမပေးနိုင်သေးတဲ့ Patent စစ်ပွဲ ရလဒ်ကတော့ Samsung တို့ ဝင်ငွေကောင်းလာခြင်းလို့တောင် Samsung Fan များ လောင်ပြောင် ပြောဆိုလျက်ရှိတယ်လို့ သိရပါတယ်။
--
Ref:slashgear
Aung Kham (TSJ team)
credit to>>http://techspacejournal.blogspot.sg
ဆက်ဖတ်ရန်>>

Sunday, November 11, 2012

TBM/Tunneling Video

ကဲ မြေအောက်ရထား တွေ မြေအောက် လှိုင် ထဲမှာ သွားဖို့  Tunneling ဘယ်လိုလုပ်လဲ ဆိုတာကို သိရအောင် (Tunnel Boring Machine တွေနဲ့ ဘယ်လို soil တွေကို excavate လုပ်သွားလဲဆိုတာကို ) ဗဟုသုတ အနေနဲ့ ရှယ်ပေးလိုက်ပါတယ် .... ကျောင်းရွာသား..... ဆက်ဖတ်ရန်>>

Learn About The Oil And Gas Drilling And Production Process

ကဲ ရေနံ နှင့် သဘာဝ ဓါတ်ငွေ့ကို ဘယ်လိုတူး ဖေါ်သလဲဆိုတာ သိရအောင် ဗဟုသုတအနေနဲ့ ရှယ် လိုက်ပါတယ် ..... ကျောင်းရွာသား.... ဆက်ဖတ်ရန်>>

B-2 Stealth Bomber

အမေရိကန် လေတပ်ရဲ့ နာမည် ကြီး ဘီလူးကြီးလို့ ခေါ်ကြတဲ့ ကိုယ်ပျောက် ဗုံးကြဲလေယာဉ် B-2 Stealth Bomber ဆိုတာ ဘယ်လိုလဲဆိုတာ မိတ်ဆွေများ ရှုစားကြကုန်.....

ဆက်ဖတ်ရန်>>

Lockheed F-35 JSF Flight Testing Montage

ကဲ စစ်အကြောင်းတွေပဲပြောနေလို့ စစ်ပွဲတွေကို အားပေးတယ်လို့ မထင်ပါနဲ့ ကျနော်စစ်ဖြစ်တာကို အားမပေးပေမယ့် နိုင်ငံတစ်နိုင်ငံမှာ လိုအပ်တဲ့စစ်အင်အားဆိုတာ ရှိသင့်ပါတယ်..... ကဲ ကမ္ဘာ ပေါ်မှာ အကောင်းဆုံးနဲ့ အင်အားအတောင့်တင်းဆုံး လေတပ်အင်အားကို ပိုင်ဆိုင်ထားတဲ့ အမေရိကန် လေတပ် တစ်မျိုးထဲ မှာပဲသုံးမဲ့ မျိုးဆက်သစ် Jet Fighter F35 ဆိုတာ ဘယ်လိုမျိုးလဲဆိုတာ ကို မိတ်ဆွေများ  ဗဟုသုတ အလို့ငှာ ရှယ်ပေးလိုက်ပါတယ် ခင်ဗျာ ....ကျောင်းရွာသား.... ဆက်ဖတ်ရန်>>

Firepower - Destroyer (Part 1/3)

ကဲ US Navy ရဲ့  Destroyer တွေက Fire Powerတွေ ဘယ်လိုအစွမ်းထက်တယ် ဆိုတာ ဗွီဒီယို ဖိုင်တွေကိုကြည့်ယုံဖြင့် သိရှိနိုင်ပါတယ် အမေရိကန်ရေတပ်မှာ သူတို့ရဲ့ စစ်သဘောင်္တွေကို သုံးမျိုးခွဲထားပါတယ် 1. cruiser သူကတော့ အကြီးစား ဖြစ်ပါတယ် 2. Destroyer သူကတော့ အလတ်စားဖြစ်ပြီး သူတို့ နှစ်မျိုးစလုံးမှာ အစွမ်းထက်တဲ့ Tomahawk cruise missile တွေတပ်ဆင်ထားပါတယ် 3. Frigate သူကတော့ အသေးစား ကဲ မိတ်ဆွေများ ဗဟုသုတ အနေနဲ့ ရှယ်လိုက်ပါတယ် ခင်ဗျာ...အခု အမေရိကန် ရေတပ်က သူ့ရဲ့ ကောင်းမွန်တဲ့ ရေတပ်ကို ပိုပြီးအစွမ်းထက်ဖို့
Littoral Combat Ship တွေကိုလဲ အသုံးပြုနေပြီဖြစ်ပါတယ် .... ကျောင်းရွာသား....


ဆက်ဖတ်ရန်>>

Aircraft Carrier Documentary

ကဲ ကမ္ဘာပေါ်မှာ အင်အားအတောင့်တင်းဆုံးနဲ့  အကောင်းဆုံးရေတပ် ကိုပိုင်ဆိုင်ထားပြီး အရေတွက်အများဆုံး လေယာဉ်တင် သင်္ဘေကြီးများကို ပိုင်ဆိုင်ထားတဲ့ အမေရိကန်ရဲ့  Aircraft Carrier Documentary ကို မိတ်ဆွေးများ ဗဟုသုတ အလို့ငှာ ရှယ်ပေးလိုက်ပါတယ်ခင်ဗျာ...ကျောင်းရွာသား....

ဆက်ဖတ်ရန်>>

Onboard Air Force One

Air Force One ဆိုရင် အမေရိကန် သမ္မတကြီးများ စီးကြတယ်လို့ တော်တော်များများ သိကြမှာပါ ကဲ အောက်မှာ သူ့ရဲ့ Documentary လေးကြည့်လိုက်ပါအုံး ..... ကျောင်းရွာသား.... ဆက်ဖတ်ရန်>>

How to Build A Nuclear Submarine (Full)(England)

ကဲ Navy Force တွေမှာ မဟာဗျူဟာမြောက် သုံးတဲ့ Nuclear Submarine ကိုဘယ်လိုတည်ဆောက်သလဲဆိုတာကို ဗဟုသုတ အနေနဲ့ ရှယ်လိုက်ပါတယ် ခင်ဗျာ....ကျောင်းရွာသား.....

ဆက်ဖတ်ရန်>>

boeing 787 documentary (The RR Engines)

Boeing (USA) ဆိုရင်တော့ အားလုံး သိကြမှာ အမေရိကန် သမ္မတကြီး တွေတောင် ဒါပဲစီးတာဆိုတော့....ကဲ အောက်မှာ Boeing Engine Documentary လေးကို မိတ်ဆွေတို့ ဗဟုသုတ အနေနဲ့ ကြည့်နိုင်ဖို့ ရှယ်လိုက်ပါတယ် ခင်ဗျာ ....ကျောင်းရွာသား....
ဆက်ဖတ်ရန်>>

Megafactories Bugatti Veyron Super Car (France)

ပြိုင်ကားဘု၇င် ဆိုရင် မိတ်ဆွေတို့  Bugatti Veyron ချန်ထားခဲ့လို့မရပါဘူး သူဟာ ကမ္ဘာ ပေါ်မှာ အမြန်ဆုံးကား ဖြစ်သလို ဈေးကလဲ ဒေါ်လာ သန်းချီနေပါတယ် man made spot car လို့ တင်စားခေါ်ဝေါ်ကြတဲ့ ကမ္ဘာ့ အကောင်းဆုံး ပြိုင်ကားလေးကို ဘယ်လိုပြုလုပ်တယ်ဆိုတာ မိတ်ဆွေတို့ ဒီအောက်က ဗွီဒီယိုလေးကိုသာ ကြည့်လိုက်ပါခင်ဗျာ ပြိုင်ကားဆိုရင် အီတလီလို့ နာမည်ကြီးပေမယ့် သူကတော့ ပြင်သစ်မှာ ထုတ်လုပ်တာပါ.......ကျောင်းရွာသား ....

ဆက်ဖတ်ရန်>>

Ultimate Factories "Lamborghini"

ကဲ spot car ဆိုရင် Lamborghini မသိရင် ခေတ်နောက်ကျသွားလိမ့်မယ် ဒီဖိုင်လေးကလဲ သူ့ကိုဘယ်လိုလုပ်တယ်ဆိုတာ ပြသထားတဲ့ Lamborhini factory in Italy လေးပါ...ရှယ်လိုက်ပါတယ်...ကျောင်းရွာသား.....


ဆက်ဖတ်ရန်>>

ferrari car factory

ကဲ ဒီဗွီဒီယို ဖိုင်လေးကတော့ Ferrari factory in Italy ကပါ ဗဟုသုတအနေနဲ့  ရှယ်လိုက်ပါတယ် ခင်ဗျာ....ကျောင်းရွာသား....
ဆက်ဖတ်ရန်>>

ferrari V12 engine building

ကဲ ဒီဗွီဒီယို ဖိုင်လေးကတော့ Ferrari ချစ်သူများ V12 Eingine building ပြုလုပ်တာလေးကို ရှယ်လိုက်ပါတယ် ခင်ဗျာ....... ဆက်ဖတ်ရန်>>