သုံးနှစ်ဆက်တိုက် နံပါတ် ၁ နေရာမှာ Apple က တည်ရှိနေဆဲ ဖြစ်ပါတယ်။ ကမ္ဘာ့ 
တီထွင်မှု အကောင်းဆုံး ကုမ္မဏီ ( The world most innovative company) ၁၀ ခု 
စာရင်းကို အမေရိကန်အခြေဆိုက် စစ်တမ်းကောက် ကုမ္မဏီတစ်ခုဖြစ်တဲ့ Booz မှ 
ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ 
နံပါတ် ၂ ကတော့ Google ဖြစ်ပါတယ်။ Google နံပါတ် ၂ ရသွားတဲ့ 
အကြောင်းအရင်းမှာ လက်ရှိ သူတို့ ပြုလုပ်ထားတဲ့ Project Glass ( Smart 
Glass) -ဂူးဂဲလ်မျက်မှန်ကြောင့်မို့လို ဆိုပါတယ်။ 
နံပါတ် ၃ မှာတော့ M3 အမည်ရ နည်းပညာထုတ်ကုန်ပစ္စည်း ကုမ္မဏီဖြစ်ပါတယ်။ သူရဲ 
့အဓိက ထုတ်ကုန်က ဆော့ဖ်ဝဲရော၊ ဟာ့ဒ်ဝဲရော ပါရှိပြီး အမေရိကန် အခြေဆိုက် 
ကုမ္မဏီဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ တစ်ဝန်းက မီးပွိုင့်တော်တော်များများဟာ 
သူတို့ ထုတ်ကုန် ဖြစ်ပါတယ်။ ပညာရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများအတွက်
 အသုံးဝင်တဲ့ ဆော့ဖ်ဝဲ၊ Application များစွာလည်း ထုတ်လုပ်ထားပါတယ်။ 
နံပါတ် ၄ နေရာမှာကတော့ Samsung ဖြစ်ပါတယ်။ Apple နဲ့ ကြားမှာ နှစ် ခု တောင်
 ကွာသွားပါတယ်။   OLED displays နဲ့ NFC နည်းပညာ တို့ကြောင့် နံပါတ် ၄ အထိ 
ရောက်ရှိလာခြင်း ဖြစ်ပါတယ်။ 
Microsoft က နံပါတ် ၅ မှာတော့ မရှိခဲ့ပါဘူး။ နံပါတ် ၆မှာသာ တည်ရှိပါ တယ်။ 
Lumia စမတ်ဖုန်းသစ်၊ Surface Tablet, Windows 8 အစရှိသဖြင့် ယခုနှစ်အတွင်း 
အကောင်းဆုံး ထုတ်ကုန်များ ထုတ်လုပ်ခဲ့ပေမယ့် နံပါတ် ၆ နေရာမှာ ရှိခဲ့တာကို 
Microsoft user တို့ မကျေပ်နပ်ခဲ့ပါဘူး။ 
စတိဗ်ဂျော့ မရှိတော့ပေမယ့် နံပါတ် ၁ နေရာမှာ ဆက်လက် တည်ရှိအောင် 
ထိန်းထားပေးနိုင်တဲ့ Tim Cook ကို Apple Fan တို့လေးစားခဲ့ ပါတယ်။ 
နောက်နှစ်တွေမှာလည်း Apple ကပဲ နံပါတ် ၁ Innovative ကုမ္မဏီတစ်ခု ဖြစ်လာဖို့
 မျော်လင့်ထားတယ်လို့ သိရပါတယ်။ 
--
Ref: wired
Aung Kham (TSJ team)
credit to>>http://techspacejournal.blogspot.sg
Monday, November 12, 2012
Subscribe to:
Post Comments (Atom)
 
 

 
0 comments:
Post a Comment