Pages

Monday, November 12, 2012

Samsung က Apple ကို Processor ဈေးတင်ရောင်း


လက်ရှိ Apple ရဲ့  i Phone နဲ့ i Pad များအတွက် အဓိက လိုအပ်တဲ့ Processor ကို Samsung ဆီကနေ ဝယ်သုံးနေရတာ ဖြစ်ပါတယ်။

ယခု Samsung က ဈေးတင်လိုက်ပြီ ဖြစ်ပါတယ်။ မပြီးဆုံးနိုင်သေးတဲ့ မူပိုင်ခွင့် တိုက်ပွဲမှာ Apple က စိမ်ခေါ်မှုများ အထပ်ထပ် ပြုလုပ်တဲ့အတွက် Apple ကိုအထိနာအောင် နောက်တစ်နည်းနဲ့ တိုက်ခိုက်လိုက် တာ ဖြစ်ပါ တယ်။ ဈေးနှုန်းကို ၂၀ ရာခိုင်နှုန်းတိတိ မြင့်တင်လိုက် တာ ဖြစ်ပါ တယ်။ အစပိုင်းက Apple တို့ ငြင်းဆန်ပေမယ့် ယခုတော့ လက်ခံ လိုက်ပြီ ဖြစ်ပါ တယ်။ Samsung မဟုတ်ပဲ အခြား Processor ရရနိုင်ချေ ရှိတဲ့ ကုမ္မဏီများ ကို Apple မရှာဖွေနိုင်ခဲ့ပါဘူး။ ဈေးတင်ရောင်းတဲ့ Processor များကိုပဲ ဝယ်သုံးရတော့မှာ ဖြစ်ပါတယ်။

Apple ဟာ Samsung မှ Processor ပေါင်း သန်း ၁၃၀ ကို ယခင်နှစ် က မှာယူသုံးစွဲခဲ့ပါတယ်။ ယခု ၂၀၁၂ ခုနှစ်မှာတော့ သန်း ၂၀၀ အထိ အရေအတွက် ပိုများတယ်လို့ ဆိုပါတယ်။ Apple အတွက် Processor ထောက်ပံ့ပေးဖို့ ၂၀၁၄ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတာ ဖြစ် ပါတယ်။ ဒါကြောင့် အခြေအနေ မကောင်းရင် ဈေးက ၂၀ ရာခိုင်နှုန်းထက် မက တက်နိုင်ခြေ ရှိပါတယ်။

ဒါကို သိရှိတဲ့အတွက် Apple မှလည်း အခြား လက်တွဲလို့ရမယ့် ကုန်းကြမ်း ကုမ္မဏီအချို့  ကိုအသစ်ရှာပေမယ့် မတွေ့သေးပါဘူး။ သို့ပေမယ့် ၂၀၁၃ ခုနှစ် အတွင်း လက်တွဲဖြုတ်နိုင်ဖို့ ကြိုးစားနေတယ်ဆိုပါတယ်။

အမေရိကန်မှာ ဒေါ်လာ ၁ ဘီလျံ လျော်ကြေးရပြီး Apple တို့ အနိုင်ရပေမယ့် ဥရောပမှာ ဆက်တိုက်ရှုံးခဲ့ပါတယ်။ Official ဝဘ်ဆိုဒ်မှာ Samsung ကို တရားဝင် တောင်းပန်စာ တင်ရလောက်အောင်ကို Apple တို့ အရှက်ခွဲ ခံခဲ့ ရပါတယ်။ ဒါကြောင့် မကြေပွဲနွဲတဲ့ အနေနဲ့ စွဲချက်အသစ်များကို အမေရိကန် မှာ ပြန်လည် ရုံးတင်လိုက်ပြီး ဖြစ်ပါတယ်။ ဒီတစ်ခါ စွဲချက်က Samsung Galaxy Note နဲ့ Jelly Bean OS ကိုအဓိထားပါတယ်။ ဒီအတွက် နှစ်ဖက် လုံးမှ ပြင်ဆင်နေကြပါပြီ။

ယခုလို စွဲဆိုချက်အသစ် တင်ခဲ့မှုအတွက် Samsung မှ သင်ခန်း စားကောင်းကောင်း ပေးလိုက်တာကတော့ Processor ဈေးနှုန်း မြင့် တင်လိုက်ခြင်း ဖြစ်ပါတယ်။ ၂၀ ရာခိုင်နှုန်းတောင်တင်လိုက်တဲ့ ဈေးက Apple အတွက် တော်တော် ကုန်ကျမှာ ဖြစ်ပါတယ်။ Apple ရော Samsung ရော နှစ်ဖက်စလုံး အရှုံးမပေးနိုင်သေးတဲ့ Patent စစ်ပွဲ ရလဒ်ကတော့ Samsung တို့ ဝင်ငွေကောင်းလာခြင်းလို့တောင် Samsung Fan များ လောင်ပြောင် ပြောဆိုလျက်ရှိတယ်လို့ သိရပါတယ်။
--
Ref:slashgear
Aung Kham (TSJ team)
credit to>>http://techspacejournal.blogspot.sg

0 comments:

Post a Comment