Pages

Showing posts with label ကျမ်းမာရေး အထွေထွေ..... Show all posts
Showing posts with label ကျမ်းမာရေး အထွေထွေ..... Show all posts

Saturday, December 8, 2012

လေဖြန်းဖူး လေဖြတ်ဖူးသော မိတ်ဆွေများအတွက် ဆေးနည်းလေးပါ....

လေဖြတ် လေဖြန်း ဖြစ်ဖူးသူများ အတွက် ဆေးနည်းကောင်းလေးပါ
ပါဝင်တာတေတွကတော့ .... လေးညှင်း ရယ် ငရုပ်ကောင်းနဲ့ ကို ဆတူ မုန့် ညက်အောင်ထောင်း ပြီး သွားရင် ကွမ်းရွက် ကိုပါ ဆတူညက်အောင်ထောင်းပြီး သဘာဝ အတိုင်း အခြောက်ခံထားပါ ပြီးသွားရင်တော့ ဆေးပြားလေးများပြုလုပ်ပြီး ဗူးလေးတစ်ခုထဲ မှာ ထည့်သိမ်း ထားပါ ပြီးသွားရင် တစ်လကို တစ်ပြားနုန်း နဲ့ လစဉ် စားသွားပေးပါ စားပြီးတဲ့ အချိန် ကာလများမှာ ရေမှန်မှန် ချိုးပေးပါ ဒါမှ မကောင်းတဲ့ အခိုးတွေ အပူတွေ ကင်းစင်သွားမှာ ဖြစ်ပါတယ် မိတ်ဆွေများ ကိုယ်စိတ်နှလုံး ကျမ်းမာ ချမ်းသာကြပါစေ....
ပေးပို့သူ... သီတာဝင်း....မှတဆင့် ပြန်လည်ေ၇းသားခြင်းဖြစ်ပါတယ်.....ကျောင်းရွာသားလေး....

ဆက်ဖတ်ရန်>>

Tuesday, November 27, 2012

ထမင်းစားပြီးလျှင် ရှောင်ကြဉ်သင့်သော အချက်များ


မြန်မာလူမျိုးတို့၏ အဓိကအစားအစာမှာ ထမင်းဖြစ်ပြီး နေ့စဉ် စားနေကြသည်ဖြစ်ရာ ထမင်းစားပြီးလျှင် ရှောင်ကြဉ် သင့်သော အချက်(၇)ချက်ကိုကျန်းမာရေးအသိရှိစေရန် ဖော်ပြလိုက်ရပါသည်။
(၁) ဆေးလိပ်မသောက်ပါနှင့် ကျွမ်းကျင်သူများ၏ လေ့လာ သုတေသနပြုချက်များ အရ ထမင်းစားပြီး စီးကရက် တစ်လိပ်သောက်ခြင်းသည် သာမာန်အချိန် စီးကရက် ဆယ်လိပ်သောက်ခြင်းနဲ့ ညီမျှပြီး ကင်ဆာရောဂါ ဖြစ်ပွားရန် အခွင့်လမ်း အများဆုံး ဖြစ်ကြောင်း သိရှိရသည်။
 (၂) သစ်သီးများကိုချက်ချင်း မစားပါနှင့် ထမင်းစားပြီးလျှင် သစ်သီးများကို ချက်ချင်းစားခြင်းသည် အစာအိမ် လေခံစေသည်။ထို့ကြောင့် သစ်သီးများ စားသုံးမည်ဆိုပါက ထမင်းစားပြီး တစ်နာရီ(သို့) နှစ်နာရီအကြာနှင့် ထမ်းမစားမီ တစ်နာရီအလိုတွင်သာ စားသုံးသင့်သည်။ (၃)လက်ဖက်ရည်မသောက်ပါနှင့် လက်ဖက်ရွက်တွင် အက်ဆစ်ပါဝင်မှုနှုန်းမြင့်မားပြီး ၄င်းသည် ကျွန်ုပ်တို့စားသုံးလိုက်သော အစာအိမ်ရှိ ပရိုတိန်းဓာတ်များကို မာကျောစေသည့် အတွတ် အစာချေရန် အခက်အခဲဖြစ်စေသည်။
(၄) သင်း၏ခါးပတ်ကို မဖြည်လိုက်ပါနှင့် ထမင်းစားပြီး ခါးပတ်ကိုဖြည်လိုက်ခြင်း (တစ်နည်းအနည်းငယ်လျှော့လိုက်ခြင်း)သည် ၀မ်းအတွင်းရှိ အူကို ခေါက်စေသည်။
 (၅) ရေမချိုးပါနှင့် ထမင်းစားပြီးရေချိုးခြင်းသည် လက်များ၊ ခြေထောက်များနှင့် ခန္ဒာကိုယ်များသို့သွားသော သွေးပမာဏကို တိုးပွားစေပြီး အစာအိမ်တစ်ဝိုက် တွင်မှု သွေးပမာဏ လျော့ကျသွားသည့်အတွက် ကျွန်တော်တို့ အစာအိမ်ရှိ အစာချေ စနစ်ကို အားနည်းသွားစေသည်။
 (၆) လမ်းမလျှောက်ပါနှင့် လူအများကပြောနေကြသည်မှာ ထမင်းစားပြီး ခြေလှမ်း တစ်လှမ်း လမ်းလျှောက်ခြင်းသည် သာမာန်အချိန် ခြေလှမ်းပေါင်းတစ်ရာ လမ်းလျှောက်ခြင်းနှင့် ညီမျှပြီး အသက်(၉၉) နှစ်အထိ အသက်ရှည်ရှည်နေရမည် ဖြစ်ကြောင်း ပြောဆိုကြသည်ကို ကြားဖူးပါသည်။ တစ်ကယ်တော့ ထိုသို့ပြုလုပ်ခြင်းကြောင့် အစာချေစနစ်သည် ကျွန်ုပ်တို့ စားသုံးလိုက်သော အစာအေဟာရများကို စုပ်ယူရန် အခက်ခဲဖြစ်သွားပါသည်။ ထို့ကြောင့် ထမင်းစားပြီး လမ်းမလျှောက်ပါနှင့်။ (၇) ချက်ချင်းမအိပ်ပါနှင့် ထမင်းစားပြီး ချက်ချင်းအိပ်လိုက်ခြင်းကြောင့် ကျွန်ုပ်တို့ စားသုံးလိုက်သော အစာများသည် ကောင်းစွာ အစာမကျေနိုင်တော့ပေ။
မြဝတီသတင်းမှ ကူးယူဖေါ်ပြပါသည်....
ဆက်ဖတ်ရန်>>

သံယောဇဉ် အမြစ်တွယ်စေမည့် အောက်ဆီ တိုစင်ဟော်မုန်း တိုးစေရန်



အောက်ဆီတို စင်ဆိုတာ အိမ်ထောင် တစ်ခုမှာ ဇနီးမောင်နှံ နှစ်ဦးကို ပိုမိုချစ်ခင် ကြင်နာစေဖို့ ချည်နှောင်ပေး တဲ့ ဟော်မုန်းပါ။ ဒီဟော်မုန်း ရှိတာကြောင့် နာကျင် မှုကို လျော့ကျစေတာ၊ ပူပင်သောကလျော့ နည်းစေတာ၊ စိတ်ဖိစီးမှု လျော့ကျတာ၊ ကြီးထွားမှုနဲ့ အနာကျက်နှုန်းတိုးတာ၊ ယုံကြည်မှု ရှိတာနဲ့ အပြုသဘောဆောင်တဲ့ ဆက်နွှယ်မှုရှိတာတို့ကို ဖြစ်စေပါတယ်။ ကျန်းမာရေးအတွက် အကျိုးပြုတဲ့ အောက်ဆီတိုစင်အထွက်တိုးစေဖို့ အောက် ပါနည်းတွေကို လိုက်နာပေးရပါမယ်။
(၁) ချစ်ခင်မှု
အောက်ဆီတိုစင်ဟာ ကလေးမွေး နိုင်အောင်နဲ့ မိခင်နို့ချိုအထွက်တိုးအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ ဇနီး မောင်နှံနှစ်ဦး အတူနေစဉ်မှာ အောက်ဆီ တိုစင် အထွက်တိုးပါတယ်။ ဒါပေမဲ့ ချစ်ခြင်းမေတ္တာနဲ့ ယှဉ်တဲ့ Sex ဟာ Sexတစ်ခုတည်းထက် အောက်ဆီတိုစင် ထွက်နှုန်း ပိုများ စေသလို ပိုကြာကြာ ရှိစေပါတယ်။

(၂) ထိတွေ့မှု
အနှိပ်ခံတာကြောင့် သွေးကြောထဲမှာ အောက်ဆီတိုစင်ပမာဏ တိုးမြင့်စေ ပါတယ်။ ဒါ့အပြင် ချစ်ခင်တဲ့ ထိတွေ့မှု တွေဖြစ်တဲ့ လက်ချင်းဆုပ်ကိုင်တာ၊ ပွေ့ဖက်တာနဲ့ နမ်းတာတွေကလည်း အောက် ဆီတိုစင် ထွက်ရှိစေပါတယ်။
(၃) အိမ်ထောင်ဖက်အကြောင်း တွေးခြင်း
မြောက်ကယ်ရိုလိုင်းနား တက္ကသိုလ်မှ လေ့လာမှုတစ်ရပ်အရ ပျော်ရွှင်စွာ လက် ထပ်ထားတဲ့ ဇနီးမယားတွေက သူတို့ခင် ပွန်းအကြောင်း စဉ်းစားတွေးတောလိုက် ရုံနဲ့ အောက်ဆီတိုစင် ခပ်မြန်မြန်ထွက်ရှိ လာတတ်ကြောင်း သိရပါတယ်။
(၄) အိမ်မွေးတိရစ္ဆာန်များအား ပွေ့ဖက်ခြင်း
တကယ်လို့ သင်က အိမ်ထောင်မရှိ သူဖြစ်ရင်လည်း စိတ်မပူပါနဲ့။ သင့်အချစ်တော် ခွေး ဒါမှမဟုတ် ကြောင်လေးကို ပွတ်သပ်ပွေ့ဖက် တာကြောင့် သွေးတိုး ကျကာ အောက်ဆီတိုစင် ထွက်နှုန်းမြင့်တက် စေပါတယ်။
(၅) အာရုံခံစားမှု
သင့်ကို သက်သောင့်သက်သာရှိစေ ပြီး သင် သဘောကျတဲ့ ရှုခင်း၊ အသံနဲ့ အနံ့တွေကို ခံစားတာကြောင့် အောက်ဆီတိုစင် အဆင့်ကို မြင့်တက်စေနိုင်ပါတယ်။ အစားအသောက်အနံ့၊ ပင်လယ် လှိုင်းသံ၊ တချို့အလင်းရောင်တွေက အ ကောင်းမြင်တဲ့ ခံစားမှူကို ဖြစ်စေပါတယ်။
(၆) လှုပ်ရှားမှု
လမ်းလျှောက်တာ၊ ရေကူးတာနဲ့ ကိုယ်လက်လှုပ်ရှားမှုလုပ်တာတွေကြောင့် အောက်ဆီတိုစင် ထွက်စေပါတယ်။
(၇) အကြည်စိုက်ခြင်း
တစ်ဦးနဲ့ တစ်ဦး အကြည်စိုက်တာနဲ့ နက်နက်ရှိုင်းရှိုင်း ချစ်ခင်တာကလည်း အောက်ဆီတိုစင်အဆင့်ကို မြင့်တက်စေ ပါတယ်။
(၈) ဆုတောင်းခြင်းနှင့် တရားထိုင်ခြင်း
ဆုတောင်းတာနဲ့ တရားထိုင်တာ တွေက အောက်ဆီတိုစင်အဆင့် မြင့်တက် စေပါတယ်။
မြဝတီ သတင်းမှ ကူးယူပါသည်....
ဆက်ဖတ်ရန်>>

Sunday, November 18, 2012

ပိုးသတ်ဆေး အကြွင်းအကျန် ပါဝင်သော အညစ်ညမ်းဆုံး အစားအစာများ စာရင်း

16 NOVEMBER 2012 

ဩဂဲနစ်စားစရာ ဆိုတာဟာ စိုက်ပျိုးတဲ့အချိန်မှ ဈေးဆိုင်ပေါ် ရောက်သည်အထိ ပိုးသတ်ဆေး နှင့် ဓာတုမြေဩဇာ များ အသုံးပြု ထားခြင်းမရှိတဲ့ စားစရာ များဖြစ်ပါတယ်။ ဩဂဲနစ်စားစရာများ စိုက်ပျိုးခြင်းကြောင့် လယ်ယာ လုပ်သားတွေနဲ့ လယ်ယာနီး ချင်းတွေဟာ ပိုးသတ်ဆေးတွေနဲ့ အန္တရာယ်ရှိ ဓာတုပစ္စည်းတွေနှင့် ထိတွေ့မှု မရှိတော့ပါဘူး။ မြေဆီလွှာ ကိုလည်း 
မပျက်စီးစေဘဲ ပိုမိုကောင်းမွန် စေပါတယ်။ လူသားတွေ အတွက် လည်း ဩဂဲနစ် စားစရာတွေဟာ ကောင်းကျိုးတွေ များစွာရှိပါတယ်။ စားစရာထဲမှာ ကြွင်းကျန် ခဲ့တဲ့ ပိုးသတ်ဆေးကို ရှောင်ရှားနိုင်ရုံသာမက ဩဂဲနစ် စားစရာတွေထဲမှာ အာဟာရ ဓာတ်များလည်း ပိုမိုကြွယ်ဝစွာ ပါဝင်ပါတယ်။ ဩဂဲနစ်မဟုတ်တဲ့ စားစရာထဲ မှာပါဝင်တဲ့ ပိုးသတ်ဆေး ပမာဏဟာနည်းပါးလို့ ကျန်းမာရေးကိုထိခိုက်စေမှု အများကြီး မရှိနိုင်ရင်တောင်မှ ကိုယ်ဝန်ဆောင် မိခင်နှင့် နို့စို့ကလေး မိခင်တွေကတော့ သတိထားရှောင်ရှားပြီး ဩဂဲနစ် စားစရာများကိုသာ ရွေးချယ်စားသုံးကြပါတယ်။
ဒါပေမယ့် ဩဂဲနစ်စားစရာတွေဟာ ဈေးကြီးခြင်း၊ ဝယ်ယူရရှိရန် ခက်ခဲခြင်း စတာတွေကြောင့် အကန့်အသတ်ရှိနေတဲ့ အခြေအနေမျိုးမှာ အညစ်ညမ်းဆုံး အစားအစာ ၁၂ မျိုး ကို ရှောင်ရှားမယ် ဆိုရင်တောင်မှ မဆိုးလှပါဘူး။ Environmental Working Group ဆိုတဲ့အဖွဲ့က လယ်ယာစိုက်ပျိုးရေးဌာနရဲ့ အချက်အလက်တွေနဲ့ အစားအစာတွေထဲက ပိုးသတ်ဆေး အကြွင်းအကျန်ပမာဏကို တိုင်းတာပြီး အဆင့်ခွဲခြားခဲ့ပါတယ်။ အဲဒီအခါ ပိုးသတ်ဆေးအြွကင်းအကျန်အများဆုံး အညစ်ညမ်းဆုံး အစားအစာ ၁၂ မျိုး ပေါ်ထွက်လာခဲ့ပြီး အဲဒီ ၁၂ မျိုးကိုသာ ရှောင်ရှားနိုင်ခဲ့ရင် (မစားဘဲ နေခိုင်းခြင်း မဟုတ်ဘဲ ဩဂဲနစ်ဖြစ်တာကို ရွေးချယ်စားသောက်ခဲ့ရင်) ပိုးသတ်ဆေးနဲ့ ထိတွေ့မှု ၈၀ ရာခိုင်နှုန်း လျှော့ချနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ ၁၂ မျိုးရဲ့ စာရင်းကို Dirty Dozen List လို့ အမည်ပေးထားပါတယ်။

ပန်းသီး

ပန်းသီးဟာ ၂၀၁၁ ခုနှစ်ရဲ့ Dirty Dozen List (ညစ်ညမ်းအစား အစာစာရင်း)ရဲ့ ထိပ်ဆုံးပိုင်းမှာ ပါဝင် ပါတယ်။ ပန်းသီးမှာ ပိုးသတ်ဆေးမျိုး ကွဲပေါင်း ၄၀ ခန့် စမ်းသပ်တွေ့ရှိရ ပါတယ်။ ဘာကြောင့်လဲဆိုတော့ မှိုနဲ့ အခြား အင်းဆက် ပိုးမွှားတွေရဲ့ရန်ကို ကြောက်ရတာကြောင့် ကျတဲ့ပိုးပေါ် မူတည်ပြီး ယာသမားက ချက်ချင်း ဖျန်းပေးရတာကြောင့်ပါ။ ဒါကြောင့် ပန်းသီးဖျော်ရည်၊ ပန်းသီးဆော့စ် စတာတွေမှာပါ ညစ်ညမ်းနေတာ မဆန်းပါဘူး။ ပန်းသီးနဲ့ ပတ်သက်တဲ့ စားသောက်စရာမှန်သမျှ ဩဂဲနစ်ကို ဝယ်ယူတာ အကောင်းဆုံးပါပဲ။ အချို့ ကတော့ ပန်းသီးကို အခွံထူထူ နွှာ စားဖို့ အကြံပေးကြတယ်။ ဒါပေမယ့် အဲဒါကလည်း အခွံနဲ့ အခွံရဲ့ အနီးမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေ ဆုံးရှုံး ရတာမို့ မကောင်းလှပါဘူး။

တရုတ်နံနံ

နောက်တစ်မျိုးကတော့ တရုတ် နံနံပင်ပါ။ USDA ရဲ့ စမ်းသပ်ချက် တွေအရ တရုတ်နံနံမှာ ပိုးသတ်ဆေး အကြွင်းအကျန် အမျိုးအစားပေါင်း ၆၀ ကျော်တွေ့ရှိရပါတယ်။ ဩဂဲနစ် တရုတ်နံနံကို အသုံးပြုပါ။ ဒါမှမဟုတ် အခြား အမွှေးရသာ အစားထိုး စရာအဖြစ် ကြက်သွန်မြိတ်စတာ တွေကို သုံးပါ။

စတော်ဘယ်ရီသီး

စတော်ဘယ်ရီသီးဟာလည်း မှိုပိုးအကျမြန်တဲ့အတွက် ယာသမား တွေဟာ ဆေးဖျန်းရပါတယ်။ စတော် ဘယ်ရီသီးမှာ ပိုးသတ်ဆေး ၆၀ မျိုးခန့် တွေ့ရပါတယ်။ ဩဂဲနစ် စတော်ဘယ်ရီသီးကို ရှာမရရင် ကီဝီ သီး၊ နာနတ်သီးတို့ကို အစားထိုးစား သုံးပါ။
မက်မွန်သီး
Dirty Dozen List မှာ ပါဝင် တဲ့ သစ်သီးနောက်တစ်မျိုးပါ။ ပိုးသတ် ဆေး ၆၀ ကျော်တွေ့ရပြီး ဖရဲသီး၊ လိမ္မော်သီး၊ ဂရိတ်ဖရုစတဲ့ အသီးတွေ နဲ့ အစားထိုးစားသုံးနိုင်ပါတယ်။

Spinach (မုန်ညင်းတစ်မျိုး)

Spinach ဆိုတဲ့ မုန်ညင်း မျိုးနွယ် အရွက်ဟာ ပိုးသတ်ဆေး ၅၀ မျိုးခန့် ပါဝင်ပါတယ်။

ဆားချိုသီး

ဆားချိုသီးမှာ စီးပွားဖြစ် စိုက် ပျိုးတဲ့ အသီးတွေမှာ ပိုးသတ်ဆေး ၃၃ မျိုးခန့် ပါဝင်နေတာကို စမ်းသပ် တွေ့ရှိပါတယ်။ စပျစ်သီး စပျစ်သီးမှာ ပိုးသတ်ဆေး ၃၀ ကျော်ခန့် စမ်းသပ်တွေ့ရှိပါတယ်။ ဩဂဲနစ်စပျစ်သီး၊ ဩဂဲနစ်စပျစ်ဝိုင် တို့ကို ရွေးချယ်ပါ။

ငရုတ်ပွသီး (ပန်းငရုတ်သီး)

Sweet Bell Pepper လို့ ခေါ်တဲ့ ခေါင်းလောင်းပုံ ငရုတ်ပွသီး များမှာ အစိမ်းရောင်၊ အနီရောင်၊ အဝါရောင်စသဖြင့် ရောင်စုံရှိပါတယ်။ ၄င်းမှာ ပိုးသတ်ဆေး ၅၀ နီးပါးခန့် တွေ့ရှိထားပါတယ်။ အာလူးသီး အာလူးဟာ အမေရိကန်တွေ အကြိုက်များတဲ့ စားစရာဖြစ်ပါတယ်။ ၄င်းမှာ USDA ရဲ့ စမ်းသပ်ချက်အရ ပိုးသတ်ဆေး ၃၅ မျိုးခန့် တွေ့ရှိ ထားပါတယ်။ အာလူးထည့်ရမယ့် နေရာမှာ ကန်စွန်းဥကို အစားထိုးစား သုံးမယ်ဆိုရင် ပိုးသတ်ဆေး ပါဝင်မှု နည်းပါးနိုင်ပါတယ်။

ဘလူးဘယ်ရီသီး

ဘလူးဘယ်ရီသီးမှာ ပိုးသတ် ဆေး ၅၀ ကျော် တွေ့ရှိထားပြီး Dirty Dozen List ထဲမှာ ပါဝင်နေ ပါတယ်။ ကံမကောင်းတာက Cranberries နဲ့ Cherries (ချယ်ရီသီး) တွေဟာ Dirty Dozen List ထဲမှာ မပါဝင်သော်လည်း သန့် ရှင်းတဲ့ အစားအစာ စာရင်းထဲ မှာတော့ မပါလို့ အစားထိုး မစားရပါဘူး။

မုန်ညင်းဖြူထုပ်နှင့် ကိုက်လန်

မုန်ညင်းဖြူထုပ်ဟာ ပိုးသတ် ဆေး ၅၀ ကျော်တွေ့ရှိရပြီး ဩဂဲနစ် မုန်ညင်းဖြူကို ရှာမရရင် ကညွတ် အစားထိုး စားသုံးပါ။ ကိုက်လန်မှာ လည်း ပိုးသတ်ဆေး ၄၅ မျိုးကျော် ပါဝင်ပါတယ်။ ပဲပင်ပေါက်၊ မုန်လာ ထုပ်တို့ကို အစားထိုးစားသုံးနိုင်ပါ တယ်။

ဆလတ်ရွက်

အစိမ်းရောင်၊ ခရမ်းရောင် စတဲ့ ဆလတ်ရွက်များဟာ တို့စရာ၊ အသုပ် စသဖြင့် စားလို့ကောင်းပါတယ်။ စူပါ အစားအစာ (Super Food) ထဲမှာ လည်း ပါဝင်ပါတယ်။ ဒါပေမယ့် သူ့မှာ ပိုးသတ်ဆေး ၄၅ မျိုးခန့် ပါဝင် နေပါတယ။

ခိုင်မွန်ကျော်

အေးချမ်းမွန်မှ HEALTH DIGEST တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : HEALTH DIGEST


credit to >> aye chan mon (FB)
ဆက်ဖတ်ရန်>>

ကင်ဆာရောဂါ ကာကွယ်နိုင်အောင် ဂေါ်ဖီထုပ် စားပါ


ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီနဲ့ ဘရိုကိုလီ (အစိမ်းရောင်ပန်းဂေါ်ဖီ) လိုမျိုး Cruciferous အမျိုးအစားဝင် ဟင်းသီးဟင်းရွက်တွေကို အနည်းဆုံး တစ်ပတ်တစ်ကြိမ် စားတာကြောင့် ကင်ဆာဖြစ်နိုင်ခြေကို ဖြတ်တောက်နိုင်ကြောင်း သုတေသီတွေက ဆိုပါတယ်။
ယခင်လေ့လာမှု အရလည်း ဘရိုကိုလီ၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ဂေါ်ဖီလုံး၊ ကန်စွန်းရွက်နဲ့ မုန်လာဥလိုမျိုး Cruciferous အမျိုးအစား ဟင်းသီး ဟင်းရွက်တွေ
စားတာကြောင့် ကင်ဆာဆဲလ်တွေကို သတ်ပစ်နိုင်ပြီး ဆေးဝါးအသစ်တွေ ထုတ်လုပ်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ အထူးသဖြင့် ဘရိုကိုလီမှာပါဝင်တဲ့ ဆာဖိုရက်ဖိန်းဟာ ဆီးကျိတ်ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပစ်နိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။
ယခုလေ့လာမှုအရ Cruciferous အမျိုးအစား ဟင်းသီးဟင်းရွက်ကို အနည်းဆုံး တစ်ပတ်တစ်ကြိမ် စားသူတွေဟာ မစားသူတွေထက် ခံတွင်းကင်ဆာဖြစ်နိုင်ခြေ ၁၇ ရာခိုင်နှုန်း၊ အစာမျိုပြွန်ကင်ဆာ ဖြစ်နိုင်ခြေ ၂၈ ရာခိုင်နှုန်း၊ အူမကြီးနဲ့ သားမြတ်ကင်ဆာ ဖြစ်နိုင်ခြေ ၁၇ ရာခိုင်နှုန်းနဲ့ ကျောက်ကပ်ကင်ဆာ ဖြစ်နိုင်ခြေ ၃၂ ရာခိုင်နှုန်း လျှော့ချနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။

အေးချမ်းမွန်မှ GOOD HEALTH တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : GOOD HEALTH
ဆက်ဖတ်ရန်>>

Saturday, November 10, 2012

နံနက်စာမစားခင် လေ့ကျင့်ခန်းလုပ်ပါက ကိုယ်အလေးချိန် ပိုမိုကျဆင်းနိုင်


နေ့တစ်နေ့ရဲ့ ပထမဆုံးအစာ မစားခင်မှာ လေ့ကျင့်ခန်းလုပ်ခဲ့ရင် ခန္ဓာကိုယ်ရဲ့ အဆီပိုတွေ ပိုမိုလျော့ကျနိုင်ကြောင်း လေ့လာမှုအရ သိရပါတယ်။ အစာအိမ်ထဲမှာ အစာမရှိဘဲ ချွေးထွက်အောင် လေ့ကျင့်ခန်းပြုလုပ်တာကြောင့် ခန္ဓာကိုယ်မှအဆီတွေ ပိုမိုလောင်ကျွမ်းနိုင်တဲ့အပြင် သွေးခဲမှုကို ဖြစ်ပေါ်စေတဲ့ အဆီတွေဖြစ်အောင် လှုံ့ဆော်နိုင်တဲ့ ၀မ်းဗိုက်မှပိုနေတဲ့ အဆီတွေ လျော့ကျအောင်လည်း ကူညီနိုင်ပါတယ်။လေ့ကျင့်ခန်းလုပ်တဲ့သူတွေဟာ ထိုင်နေတဲ့သူတွေထက် အဆီတွေ ပိုမိုလောင်ကျွမ်းစေနိုင်ပေမယ့် နံနက်စာမစားခင် လေ့ကျင့်ခန်းလုပ်သူတွေဟာ အစာစားပြီး လေ့ကျင့်ခန်း ပြုလုပ်သူတွေထက်၃၃ ရာခိုင်နှုန်း အဆီပိုမိုလောင်ကျွမ်းတယ်လို့ တွေရှိခဲ့ပါတယ်။ အစာအိမ်ထဲမှာ အစာမရှိဘဲ အန္တရာယ်ကင်းစွာနဲ့ ပြင်းထန်တဲ့လေ့ကျင့်ခန်းကို ပြုလုပ်နိုင်ပါတယ်။ ခန္ဓာကိုယ်အနေနဲ့ အစာမရှိဘဲမိနစ်၉၀မှ နှစ်နာရီလောက် လေ့ကျင့်ခန်းလုပ်ဖို့ စွမ်းအင်တွေ သိမ်းဆည်းထားနိုင်တာကြောင့်ပါလို့ သိရပါတယ်။
 http://www.myawady.net.mm မှကူးယူခြင်းဖြစ်ပါသည်....
ဆက်ဖတ်ရန်>>

အစာမရှိသော အစာအိမ်အတွက် ရေသောက်ပေးပါ


မနက်အိပ်ရာ နိုးထပြီးချိန်တွင် ချက်ချင်း ရေသောက်ခြင်းသည် ဂျပန်နိုင်ငံရှိ ပြည်သူများစွာအတွက် နေ့စဉ် ပြုမူ လုပ်ဆောင်နေတဲ့ အရေးပါသော ကျန်းမာရေး လုပ်ဆောင်မှုလေး ဖြစ်တယ်လို့ သိရပါတယ်။ ထို့အပြင် သိပ္ပံပညာရှင်များ သုတေသနပြုချက်အရ ၎င်းဟာ အလွန်အရေးပါ ပြီး ကောင်းကျိုးများစွာ ဖြစ်စေတယ် ဆိုတာကိုလည်း တွေ့ရှိခဲ့ပါတယ်။
နံနက်ခင်း ရေသောက် ပေးခြင်းအားဖြင့် သင့်ရဲ့ တစ်ညတာ ပင်ပန်းတစ်ကြီး လှုပ်ရှား ခဲ့ရတဲ့ အစာအိမ်အတွက် များစွာ အကျိုးရှိစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်နေ့တာအတွက် အဆင်မပြေမှုများ၊ စိတ်သောကများ အတွက်ပါ ရေရဲ့ အစွမ်းကြောင့် လန်းဆန်း သွားစေနိုင်ပါတယ်။

ဒါကို ဂျပန်ဆေးပညာရှင် တွေက ၉၆ ပါး ရောဂါနှင့် များစွာသော အောက် ဖော်ပြပါ ရောဂါများအတွက် အလွန်ပင် အစွမ်းထက်တဲ့ နည်းလမ်း တစ်ခု ဖြစ်ကြောင်း တွေ့ရှိခဲ့တာပါ။ ခေါင်းကိုက်ခြင်း၊ ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်ခြင်း၊ အဆစ်မြစ်ရောင်ရောဂါ ဖြစ်ခြင်း၊ နှလုံးတုန်ခြင်း၊ ဝက်ရူးပြန်ရောဂါ ဖြစ်ခြင်း၊ အသဲ အဆီဖုံးခြင်း၊ လည်ချောင်းနာ ဖြစ်ခြင်း၊ ပန်းနာရင်ကျပ် ဖြစ်ခြင်း၊ တီဘီ၊ ဦးနှောက် အမြှေးရောင်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ ဝမ်းလျှောဝမ်းပျက်ခြင်း၊ လိပ်ခေါင်းရောဂါ၊ ဝမ်းချုပ်ခြင်း၊ မျက်စိနာခြင်း၊ ကင်ဆာနှင့် ရောဂါ များစွာအတွက် ရေကို နည်းလမ်းတကျ နံနက်တိုင်း သောက်သုံးခြင်းအားဖြင့် ရောဂါများစွာကို ကြိုတင်ကာကွယ်ပြီး ဖြစ်မှာပါ။

လုပ်ဆောင်ရမယ့် နည်းလမ်းကတော့ -

၁။ မနက်အိပ်ရာထပြီး သွားမတိုက်ခင် ၁၆၀ မီလီမီတာရှိ ဖန်ခွက်ဖြင့် ရေ ၄ ခွက် သောက်ပါ။

၂။ ထို့နောက် သွားတိုက်၊ မျက်နှာသစ်ပြီးပါက ၄၅ မိနစ်အတွင်း မည်သည့်အရာမှ စားခြင်း၊ သောက်ခြင်း မပြုပါနှင့်။ ၄၅ မိနစ်ပြည့်ပြီးမှ ပုံမှန်အတိုင်း စားသုံးပါ။

၃။ နံနက်စာစားပြီး ၁၅ မိနစ်အတွင်း၊ နေ့လည်စာနှင့် ညစာစားပြီး ၂ နာရီအတွင်း အခြား အရာများ စားသောက်ခြင်း ရှောင်ပါ။

၃။ ညစာစားပြီး ၁ နာရီခွဲ အတွင်း ဒါမှမဟုတ် ၂ နာရီအတွင်း အိပ်စက်ခြင်း မပြုပါနှင့်။

အထက်ပါ လုပ်ဆောင်မှုတွေကို သင့်ရဲ့တစ်နေ့တာအတွက် ပုံမှန် လုပ်ဆောင် သွားပါက ဖျားနာခြင်း ကင်းဝေးပြီး ကျန်းမာတဲ့ ဘဝကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါ တယ်။ ဒီအရာတွေကို လူတိုင်းရဲ့ဘဝမှာ ပြုလုပ်နိုင်ပါတယ် ..
 http://www.myawady.net.mm မှ ပြန်လည်ကုးယူ ပါသည်.....ကျောင်းရွာသား
ဆက်ဖတ်ရန်>>

Saturday, November 3, 2012

အကြော်တွေကို မီးအေးအေးနဲ့ကြော်နော်.....


အပူရှိန်မြင့်ဖြင့် အသားများကို ကြောက်လှော်လျှင် စားသုံးသူအား အကြိတ်ကင်ဆာဖြစ်ပွားနိုင်...အပူရှိန်မြင့်ဖြင့် အသားများကို ကြောက်လှော်လျှင် စားသုံးသူအား အကြိတ်ကင်ဆာဖြစ်ပွားနိုင် သုတေသီများ၏ လေ့လာတွေ့ ရှိချက် အရ အပူရှိန်မြင့်ဖြင့် အသားများကို ကြော်လှော်စားသောက်ပါက အကြိတ်ကင်ဆာဖြစ်ပေါ်စေနိုင်သည့် ရာခိုင်နှုန်းများကြောင့် လေ့လာတွေ့ ရှိရသည် ။ အပူရှိန်မြင့်ဖြင့် အသားကိုကြောက်လှော်ပါက အသားတွင် ဓာတုဓာတ်တစ်မျိုးဖြစ်ပေါ်စေနိုင်ပြီး ယင်း ဓာတုဓာတ်သည် ဒီအင်န်အေ များကို ထိခိုက်ပျက်စီးစေနိုင်သည် ။ အကြိတ်ကင်ဆာ ရောဂါသည်ပေါင်း ၂၀၀၀ ဦးအား လေ့ လာမှုများပြုလုပ်ခဲ့ရာတွင် အဆိုပါတွေ့ ရှိချက်ကို တွေ့ ရှိခဲ့ခြင်းဖြစ်သည် ။ ကယ်လီဖိုနီးယားပြည်နယ်မှ သုတေသီများက အပူရှိန်မြင့်ဖြင့် ကြော်လှော်ထားသော အစားသောက်များ စားသူများတွင် ၃၀ ရာခိုင်နှုန်ခန့် အကြိတ်ကင်ဆာ ဖြစ်ပွားနိုင်သည်ဟု ပြောကြားခဲ့ကြောင်း သိရသည် ။ Mg Mandalay ………..

သုတေသီများ၏ လေ့လာတွေ့ ရှိချက် အရ အပူရှိန်မြင့်ဖြင့် အသားများကို ကြော်လှော်စားသောက်ပါက အကြိတ်ကင်ဆာဖြစ်ပေါ်စေနိုင်သည့် ရာခိုင်နှုန်းများကြောင့် လေ့လာတွေ့ ရှိရသည် ။

အပူရှိန်မြင့်ဖြင့် အသားကိုကြောက်လှော်ပါက အသားတွင် ဓာတုဓာတ်တစ်မျိုးဖြစ်ပေါ်စေနိုင်ပြီး ယင်း ဓာတုဓာတ်သည် ဒီအင်န်အေ များကို ထိခိုက်ပျက်စီးစေနိုင်သည်


။
အကြိတ်ကင်ဆာ ရောဂါသည်ပေါင်း ၂၀၀၀ ဦးအား လေ့ လာမှုများပြုလုပ်ခဲ့ရာတွင် အဆိုပါတွေ့ ရှိချက်ကို တွေ့ ရှိခဲ့ခြင်းဖြစ်သည် ။

ကယ်လီဖိုနီးယားပြည်နယ်မှ သုတေသီများက အပူရှိန်မြင့်ဖြင့် ကြော်လှော်ထားသော အစားသောက်များ စားသူများတွင် ၃၀ ရာခိုင်နှုန်ခန့် အကြိတ်ကင်ဆာ ဖြစ်ပွားနိုင်သည်ဟု ပြောကြားခဲ့ကြောင်း သိရသည် ။

Mg Mandalay
http://www.facebook.com/photo.php?fbid=484957104860796&set=a.208727039150472.52354.100000395332469&type=1&theater မှကူးယူသည်.... ဆက်ဖတ်ရန်>>

အကင်တွေက ကင်ဆာဖြစ်စေနိုင်သလား....



အကင်တွေက တကယ်ကို အရသာရှိလှပါတယ်။ အရသာရှိသလောက် ကျန်းမာရေးကိုလည်း အန္တရာယ် ဖြစ်စေပါတယ်။ အနီရောင်ရှိတဲ့ အသားတွေ၊ ကြက်၊ ငှက်တွေနဲ့ ငါးတွေကို ကင်လိုက်တဲ့အခါ ထွက်လာတဲ့ ဓာတ်ပေါင်းပစ္စည်း Heterocyclic Amines ဟာ ကင်ဆာဖြစ်စေတဲ့ Carcinogen ဓာတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အသားတွေကို မီးသွေးပေါ်တင်ကာ ကင်တဲ့အခါထွက်လာတဲ့ Polycyclic A
ramatic hydrocarbon ဆိုတဲ့ ဓာတ်တစ်မျိုးဟာလည်း ကင်ဆာကို ဖြစ်စေပါတယ်။ ဒီဓာတ်နှစ်မျိုးစလုံးက ကျန်းမာရေးအတွက် မကောင်းပါဘူး။ ပထမတစ်မျိုးဖြစ်တဲ့ Heterocyclic Amines က အသားမှာပါရှိတဲ့ Creatinine အမိုနိုအက်စစ်တွေက မြင့်မားတဲ့ အပူချိန်မှာ ပြိုကွဲပြီး ထွက်ရှိလာတာပဲ ဖြစ်ပါတယ်။ အသား၊ ငါးတွေကို ကင်တဲ့အခါ၊ ဖုတ်တဲ့အခါမှာ ထွက်ရှိလာတတ်ပါတယ်။

ဒုတိယတစ်မျိုးကတော့ အသားတွေကို ကင်ရာမှာ မီးသွေးပူတွေအပေါ် အဆီတွေကျလို့ ထွက်ရှိလာတဲ့ မီးခိုးတွေဟပ်တာကြောင့် ကင်တဲ့အသားထဲက ထွက်ရှိလာတဲ့ ဓာတ်ပဲဖြစ်ပါတယ်။ လေ့လာချက်တွေအရ အကင်တွေအစားများတဲ့ သူတွေမှာ အူမကြီးကင်ဆာ၊ ပန်ကရိယကင်ဆာစတဲ့ ကင်ဆာတွေ ဖြစ်နိုင်ခြေ မြင့်မားတာကို တွေ့ရပါတယ်။ ဒီကင်ဆာတွေဖြစ်စေတဲ့ တခြားအချက်တွေကတော့ ဆေးလိပ်သောက်ခြင်း၊ အသက်အရွယ် အိုမင်းခြင်း စတာတွေပဲ ဖြစ်ပါတယ်။ အကင်တွေက ကျန်းမာရေးအတွက် မကောင်းပေမယ့် အရသာ ကောင်းလွန်းလှတာကြောင့် လုံးဝရှောင်ဖို့ဆိုတာ သိပ်မလွယ်ပါဘူး။ ဒါကြောင့် ကင်ဆာဖြစ်နိုင်ခြေကို လျော့နည်းစေနိုင်တဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အကင်ကင်နည်းကို ဝေမျှပေးလိုက်ပါတယ်။ American Institute for Cancer Research ရဲ့ အကြံပြုချက်တွေပါ။

Polycyclic Aromatic Hydrocarbon တွေဟာ မီးသွေးပူတွေပေါ် အသားရဲ့အဆီတွေကျလို့ ထွက်ရှိလာတဲ့ မီးခိုးကြောင့် ဖြစ်ပေါ်လာရတဲ့ ဓာတ်တွေပါ။ ဒါကြောင့် မီးသွေးမသုံးဘဲ ဂက်စ်နဲ့ကင်ရတဲ့ အကင်စက်မှာသာ ကင်ပေးပါ။ ဒီဓာတ်နှစ်မျိုးစလုံးဟာ အသားတွေကို အပူရှိန်ပြင်းပြင်းနဲ့ ကင်ရာမှာ ထွက်ရှိလာတတ်ပါတယ်။ အကင်စက်မှာ အပူရှိန်ပြင်းပြင်းနဲ့ မကင်ရလေအောင် အသားတွေကို မကင်ခင်မှာ မိုက်ကရိုဝေ့ဖ် မီးဖိုထဲထည့်ပြီး အပူပေးထားသင့်ပါတယ်။ အကင်ကင်ရာမှာ စပ်ထားတဲ့အချဉ်ရည် သုတ်ပေးခြင်းကလည်း အကျိုးသက်ရောက်မှု ရှိစေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအချဉ်ရည်တွေက အသားတွေ မီးမကျွမ်းအောင် ကာကွယ်ပေးလို့ပါ။ အချဉ်ရည် စပ်ရာမှာ အရသာခပ်စပ်စပ် ဒါမှမဟုတ် ရှလကာရည်တို့ သံပရာရည်တို့လို အက်စစ်အခြေခံတဲ့ အချဉ်အရသာ များများစပ်ပေးသင့်ပါတယ်။

အသားကိုသုတ်တဲ့ အချဉ်ရည် သိပ်ပြီးရွှဲနေရင်လည်း မီးတောက် ပိုပြင်းလာတတ်တာကြောင့် အနေတော်သာ သုတ်ပေးသင့်ပါတယ်။ အသားတစ်ပေါင်ကို အချဉ်ရည်ခွက် တစ်ဝက်စာလောက်သာ သုတ်ပေးသင့်ပါတယ်။ အသားတွေမှာ အဆီနည်းပြီး အသားကျစ်တာကို ရွေးပါ။ ဒါမှ မီးတောက်ထဲ အဆီတွေမကျမှာပါ။ ကြက်သားကက်တလိပ်၊ ပုစွန်၊ ငါးနဲ့ အသားပြားတွေကို ရွေးပါ။ နံရိုး၊ ဝက်အူချောင်းနဲ့ အသားချောင်းတွေကိုတော့ မရွေးချယ်ပါနဲ့။ အဆီတွေ များလွန်းတာကြောင့်ပါ။ အသားတုံးတွေ လှီးရာမှာ ခပ်သေးသေးသာလှီးပါ။ ဒါမှ ကင်တဲ့အခါ မြန်မြန်ကျက်လွယ်မှာဖြစ်ပြီး အပူနဲ့ကြာကြာထိတွေ့မှာ မဟုတ်တော့ပါဘူး။ ကင်တဲ့အခါ စပရေးဘူးထဲ ရေထည့်ပြီး အနားမှာဆောင်ထားပါ။ မီးထတောက်တဲ့အခါ ရေနဲ့ဖြန်းပေးနိုင်အောင်လို့ပါ။ ပြီးတော့ အသား၊ ငါးတွေကို မီးဖိုပေါ် တိုက်ရိုက်မတင်ဘဲ အပေါက်တွေပါတဲ့ အလူမီနီယမ်အလွှာတွေနဲ့အတူ မီးခံသံပြားတွေပေါ် တင်ကင်ပါ။

အသားတွေကို မီးခိုး၊ မီးတောက်တွေကနေ ကာကွယ်ပေးသလို မီးတောက်တွေ၊ မီးသွေးတွေပေါ် အဆီတွေ မကျအောင်လည်း ကာကွယ်ပေးပါတယ်။ အကင်တွေစားရာမှာ တူးနေတဲ့ နေရာတွေကို မစားပါနဲ့။ တူးနေတာတွေကို ခြစ်လိုက်ပါ။ ဒီအတူးတွေက ကျန်းမာရေးအတွက် အန္တရာယ်အရှိဆုံး အရာတွေပဲ ဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက်တွေကို ကင်စားနိုင်ပါတယ်။ အသားကင်ထဲမှာပါတဲ့ ဓာတ်တွေကသာ ကျန်းမာရေးအတွက် အန္တရာယ်ရှိတာပါ။ ဟင်းသီးဟင်းရွက်တွေကိုတော့ စိတ်ချလက်ချ စားနိုင်ပါတယ်။ အတူးတွေကိုတာ့ မစားမိပါစေနဲ့ပေါ့နော်။ အကင်တွေစားတဲ့အခါ သံပရာရည်ကဲ့သို့ အချဉ်ရည်တစ်ခုခု တွဲသောက်သင့်ပါတယ်။ ဒါမှမဟုတ် သံပရာသီး၊ ရှောက်သီးညှစ်ပြီး စားသင့်ပါတယ်။ အချဉ်မှာပါတဲ့ အက်စစ်ဓာတ်တွေက အကင်ရဲ့ အန္တရာယ်တွေကို လျှော့ချပေးတာကြောင့်ပါ။
ဒေါက်တာနုမြတ်
 http://www.facebook.com/photo.php?fbid=484878188202021&set=a.208727039150472.52354.100000395332469&type=1&theater မှကူးယူဖေါ်ပြသည်....
ဆက်ဖတ်ရန်>>

Tuesday, October 23, 2012

ရေဖျဉ်းစွဲခြင်း ( Ascites ) ................


ရေဖျဉ်းစွဲခြင်း ( Ascites ) ................

"ထမင်းစားပြီး ချက်ချင်းရေချိုးရင် ရေဖျဉ်းစွဲ တတ်တယ်"တဲ့။ စာရှုသူအားလုံး မကြာခဏ ကြားဖူး နေကျစကားဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ဘာမှ မသိနားမလည်တဲ့ ကလေးဘ၀ကတည်းက ကြားနေ ကျစကားမို့လို့ နားထဲစွဲနေပြီး မှန်သလိုလိုတောင် ထင်လာရတဲ့အထိ လူအတော်များများ ယုံနေကြပါ ပြီ။ ဒါက နည်းပညာဖွံ့ဖြိုးမှုနဲ့အလှမ်းဝေးခဲ့တဲ့ လူကြီး သူမတွေ မပြောနဲ့၊ ယနေ့ခေတ် (ဆေးလောကထဲက မဟုတ်တဲ့) ပညာတတ
်အချို့ကတောင် အမှားအမှန် ခွဲမသိဘဲ အယူသည်း ရှောင်ကြဉ်နေကြတုန်းပဲ။ ဒီ တော့ မေးစရာစကား ရှိလာပါတယ်။

"ထမင်းစားပြီး ချက်ချင်းရေချိုးရင် ရေဖျဉ်းတကယ်စွဲတာလား"

မဟုတ်ပါဘူး။ လုံးဝ မဟုတ်ပါဘူး။ အင်္ဂလိပ် လို Ascites လို့ခေါ်တဲ့ ရေဖျဉ်းစွဲခြင်း ကိုယ်တိုင်က ရောဂါတစ်ခုမဟုတ်ဘဲ အသည်းရောဂါ၊ နှလုံးရော ဂါ၊ ကင်ဆာရောဂါအချို့၊ ကျောက်ကပ်ရောဂါ စတာတွေမှာတွေ့ရတဲ့ လက္ခဏာတစ်ရပ်ပဲ ဖြစ်ပါ တယ်။ ဒါတွေ နောက်ခံရှိနေတဲ့အတွက် ၀မ်းဗိုက်ထဲ ရေတွေစုလာကာ ရေဖျဉ်းစွဲရတာဖြစ်ပြီး ထမင်းစား ပြီး ချိုးလိုက်တဲ့ရေတွေ သွားစုတာ လုံးဝမဟုတ် ကြောင်းပါ။

ဒါဆို ဘိုးဘွားဘီဘင်တွေက လွဲချော်နေတဲ့ အချက်ကြီးကို ယုံကြည် လက်ဆင့်ကမ်းခဲ့ကြတာ လား။ အမှားကြီးပြောခဲ့ကြတာလား။ အဲလိုတော့လဲ မဟုတ်လောက်ပါဘူး။ ထမင်းစားပြီးပြီးချင်း ရေချိုး ရင် ခန္ဓာကိုယ်ရဲ့ အစာချက်မှု၊ စုပ်ယူမှုတွေမှာ ကြီးစွာ သော အနှောင့်အယှက်တွေ ဖြစ်ကုန်တာ သိပ္ပံနည်း ကျ စမ်းသပ်တွေ့ရှိထားရပါတယ်။ အစာချေတဲ့ အချိန်မှာ သွေးလှည့်ပတ်မှုရဲ့ အများဆုံးဝေစုကို အစာအိမ်နဲ့ အူလမ်းကြောင်းက စွမ်းအင်ရဖို့ ယူရပါ တယ်။ အဲအချိန်မှာ ရေချိုးလိုက်ရင် ကျဆင်းသွားတဲ့ အရေပြား အပူချိန်ကိုထိန်းဖို့ ခြေလက်တွေနဲ့ အရေ ပြားဆီ သွေးတွေ ပုံမှန်ထက်ပိုပြီး ပို့လွှတ်ပေးလိုက် ရလို့ အူလမ်းကြောင်းကရတဲ့ ဝေစုလျော့နည်းသွား ကာ အစာချေမှုအနှောင့်အယှက်ဖြစ်ပါတယ်။

အစာ မကြေ လေပွခြင်း၊ မအီမသာဖြစ်ခြင်းတို့ ခံစားရ တတ်တာကို ရှေးလူကြီးတွေကသိလို့ အကျိုးယုတ် မှာစိုးလို့ တားခဲ့တာဖြစ်ပါတယ်။ ခက်တာက ရိုးရိုး ရှင်းအောင်ပြောပြီး မတားဘဲ အကြောက်တရား ကြီးနဲ့တွဲပြီးတားခဲ့တာက နောက်မျိုးဆက်တွေ အယူ အဆလွဲမှုဖြစ်စေတော့တာပေါ့။ (သိပ္ပံနဲ့ နည်းပညာ မထွန်းကားသေးချိန်ကမို့ တကယ်အယူအဆလွဲခဲ့ တာလည်း ဖြစ်နိုင်ပါတယ်) ဒါကို ကျွန်တော်တို့က သိမြင်ပြီး အနာဂတ် မျိုးဆက်တွေအတွက် အသိ အမြင်မှန်တွေပဲချန်ခဲ့နိုင်ဖို့ ကြိုးစားရပါမယ်။ ထမင်း စားပြီးရင် မလုပ်သင့်တဲ့ အခြားအရာတွေကတော့ လမ်းမြန်မြန် ဝေးဝေးလျှောက်ခြင်း၊ ဆေးလိပ် သောက်ခြင်း၊ လက်ဖက်ရည်သောက်ခြင်း စတာတွေ ဖြစ်ပါတယ်။

(ရှေးလူကြီးတွေဟာ ပုံတိုပတ်စလေးတွေ ဖန် တီးပြီး ကလေးကို ဆုံးမရာမှာ ဖြတ်ထိုးÓဏ် အင်မ တန်ရင့်သန်ခဲ့ကြပါတယ်။ ညအိပ်ရာဝင်ရင် ခံစားရ တဲ့ အမြင့်က သိမ့်ကနဲကျသွားတဲ့ ခံစားမှုဟာ အိပ် ပျော်မှု ပုံမှန်မဖြစ်သေးလို့ ခံစားရတဲ့ အိပ်မက်ဆိုးတို လေးတစ်ခု (A Short Nightmare) ဖြစ်ပါတယ်။ ထမင်းကို ရိုသေတာရယ်၊ အိပ်ရာထဲ မသန့်တဲ့ ခြေ ထောက်တွေနဲ့ ၀င်လာမှာစိုးလို့ရယ် ကလေးတွေကို "ထမင်းလုံးတစ္ဆေ"ဆိုတဲ့ ဝေါဟာရတီထွင်ပြီး ခြောက် ခဲ့တာ အခုဆိုရင် အဲဒီဝေါဟာရဟာ တကယ်စွဲနေ ပြီး ယုံကြည်လက်ခံထားမှုတွေ လူအများစုမှာ ရှိဆဲ ပါ။ ရှေးလူကြီးတွေကို အပြစ်ဆိုစရာ မစဉ်းစားဘဲ ကျွန်တော်တို့ မျိုးဆက်သစ်တွေကျရင် တကယ်မှန် ကန်တဲ့ အသိပညာတွေ ဘယ်လို လက်ဆင့်ကမ်းခဲ့ မလဲဆိုတာ တွေးထားရမှာ ဖြစ်ပါတယ်)

ရေဖျဉ်းစွဲခြင်းဆိုတာ ဘာလဲ
ဝမ်းဗိုက်ခေါင်းထဲမှာ အ၀ါဖျော့ရောင် (သို့) အကြည်ရောင် အရည်တွေစုလာခြင်းကို ခေါ်ပါ တယ်။ ၀မ်းဗိုက်နဲ့ အဆုတ်၊ နှလုံးတို့ ရှိရာ ရင်ခေါင်း ကို Diaphragm ခေါ် ကိုယ်တွင်းခေါင်း ကန့်လန့် ကာ ကြွက်သားနဲ့ ပိုင်းခြားထားလို့ အဆုတ်ထဲ ရေ ၀င်တာနဲ့မတူဘူးလို့ သိထားရပါမယ်။

ဖြစ်စေတဲ့အကြောင်းရင်းတွေက ဘာတွေလဲ
ရေဖျဉ်းစွဲခြင်းရဲ့ အဖြစ်အများဆုံး အကြောင်း ရင်းက အသည်းခြောက်ခြင်း (Cirrhosis of Liver) လိုမျိုး ဆိုးရွားပျက်စီးနေတဲ့ အသည်းရောဂါတွေ ကြောင့် ဖြစ်ရတာဖြစ်ပါတယ်။ ရေဖျဉ်းစွဲတဲ့သူ ငါး ယောက်မှာ လေးယောက်ဟာ အသည်းရောဂါ ကြောင့်ဖြစ်ရတာဖြစ်ပါတယ်။ အသည်းခြောက်ခြင်း ဟာ အရက်ကို နှစ်ရှည်လများ (သို့) အလွန်အကျွံ သောက်သူ အမျိုးသားတွေမှာ ဖြစ်တာများပေမယ့် ငရုတ်သီးမှိုတွေစားပြီး အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး တစ်ခုခုရှိနေသူ အမျိုးသမီးများလည်း အသည်းခြောက်နိုင်တာ တွေ့ရပါတယ်။ အသည်း ခြောက်တယ်ဆိုတဲ့ ဝေါဟာရဟာ မြန်မာလို အဆင် ပြေသလို ပြန်ထားတာဖြစ်ပြီး တကယ်တမ်း ခြောက် သွေ့သွားတာတော့ မဟုတ်ပါဘူး။

အရက်၊ ဘီပိုး၊ စီပိုး၊ အသည်းအဆီဖုံးခြင်း စတဲ့ အဖြစ်အများဆုံး အကြောင်းတရားတွေကြောင့် အသည်းက ဒဏ်ရာ တွေရကာ အဲဒီနေရာမှာ အမာရွတ်တစ်သျှူးတွေပဲ ပြန်ဖြစ်လို့ ပုံမှန်အလုပ်လုပ်ဖို့ မတတ်နိုင်တော့တဲ့ အခြေအနေကိုခေါ်တာ ဖြစ်ပါတယ်။ သူ့ရဲ့ ရောဂါ သဘောက ပျက်ပြီးသား အသည်းနေရာက ပြန် ကောင်းဖို့ အရမ်းခဲယဉ်းပြီး အသည်းတစ်ခုလုံးသာ ဆက်ပျက်သွားတာမျိုး ဖြစ်ပါတယ်။ အသည်းပျက် လို့ ပရိုတိန်းတွေ မထုတ်လုပ်နိုင်တော့တဲ့အတွက် သွေးကြောတွေထဲက ရေဓာတ်ကို မထိန်းထားနိုင် တော့ဘဲ ရေတွေက ၀မ်းဗိုက်ထဲလာစုတာ ဖြစ်ပါ တယ်။

အသည်းရောဂါ တစ်မျိုးဖြစ်တဲ့ ရှောင်တခင် အသည်းလုပ်ငန်းများ ရပ်ဆိုင်းသွားခြင်း (Acute Liver Failure) မှာလည်း ရေဖျဉ်းစွဲခြင်း ပေါ်လာ တတ်ပါတယ်။ ဖြစ်စေတဲ့ အကြောင်းရင်တစ်ခုကို ဥပမာပေးရရင် ပါရာစီတမော လွန်ကဲစွာသောက်မိ လို့ အဆိပ်သင့်ခြင်းပေါ့။ အသည်းရဲ့ သွေးပြန်ကြော တွေ ပိတ်ဆို့သွားတဲ့ ဘတ်ချီရီရောဂါစု (Budd-Chiari Syndrome) မှာလည်း ရေဖျဉ်းစွဲခြင်း၊ အသည်းနဲ့ ဘေလုံးကြီးလာခြင်းနဲ့ ဗိုက်အသည်း အသန်အောင့်ခြင်းတို့ တွဲဖြစ်ပါတယ်။ ဒါ့အပြင် အူမ ကြီးကင်ဆာ၊ ပန်ကရိယခေါ် မုန့်ချိုအိတ်ကင်ဆာ၊ အစာအိမ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အဆုတ်ကင် ဆာ၊ သားဥအိမ်ကင်ဆာ စတဲ့ ကင်ဆာအတော်များ များက အသည်းနဲ့ဝမ်းဗိုက်တွင်း ကလီစာတွေကို ပျံ့နှံ့ရောက်ရှိတတ်ပြီး ရေဖျဉ်းစွဲစေတတ်ပါတယ်။
နှလုံးစွမ်းဆောင်ရည် ကျဆင်းရပ်ဆိုင်းလာခြင်း (Heart Failure) ရောဂါမှာလည်း သွေးကြောတွေ ထဲမှာ သွေးကောင်းကောင်း ပျံ့နှံ့သွားအောင် နှလုံး က ညှစ်မပို့နိုင်တော့လို့ နောက်ဆက်တွဲအနေနဲ့ ရေ ဖျဉ်းစွဲပါတယ်။ Nephrotic Syndrome လို့ ခေါ် တဲ့ ကျောက်ကပ်ရောဂါမှာလည်း ပရိုတိန်းခေါ် အသားဓာတ်တွေ သွေးထဲကနေ ဆီးစွန့်တဲ့အထဲ ပါသွားပြီး ဆုံးရှုံးကုန်လို့ သွေးက အရည်တွေ မထိန်း ထားနိုင်တော့ဘဲ ဗိုက်ထဲမှာစုကာ ရေဖျဉ်းစွဲစေပါ တယ်။

ရှောင်တခင် ပန်ကရိယ ရောင်ခြင်း (Acute Pancreatitis) နဲ့ နာတာရှည် ပန်ကရိယရောင်ခြင်း (Chronic Pancreatitis) နှစ်မျိုးစလုံးမှာ ရေဖျဉ်း ဟာ လက္ခဏာတစ်ရပ်အနေနဲ့ ပေါ်လာနိုင်ပါတယ်။ အသည်းရောဂါကြောင့်ဖြစ်ရတဲ့ ရေဖျဉ်းလောက် တော့မကြီးဘူးပေါ့လေ။ အစာအိမ်အူလမ်းကြောင်း မှာ ရောဂါပိုးဝင်ရောက်မှု ပြင်းပြင်းထန်ထန်ဖြစ်ကာ ၀မ်းဗိုက်ရောင်ရင်လည်း ဖြစ်နိုင်ပါတယ်။ တွေ့နေကျ မဟုတ်တဲ့ ရေဖျဉ်းစွဲရခြင်း အကြောင်းတစ်ခုကို ပြောရမယ်ဆိုရင် လည်ပင်းက သိုင်းရှိုက်အကျိတ် လုပ်ဆောင်မှုနည်းလို့ သိုင်းရှိုက်ဟော်မုန်း နည်းခြင်း (Hypothyroidism) မှာလည်း မကုဘဲ ပစ်ထား တာကြာရင် ရေဖျဉ်းစွဲပါတယ်။ သိုင်းရှိုက်ဟော်မုန်း ပမာဏ ပြန်မှန်သွားတာနဲ့ ရေဖျဉ်းက အလိုလို ပျောက်ပါတယ်။

ရေဖျဉ်းစွဲနေကြောင်း ဘယ်လိုအတည်ပြုနိုင်သလဲ
ရေသန့်ပုလင်း တစ်ဝက်စာ (500 ml) လောက် ရှိနေပြီဆိုရင်ပဲ ဆရာဝန်က လက်နဲ့ စမ်းသပ်သိရှိနိုင် ပါပြီ။ အရမ်းနည်းနေပြီး မသိသာပေမယ့် ရောဂါ အနေအထားကို သုံးသပ်ပြီး ဆရာဝန်က Ultrasound ခေါ် တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်ခိုင်းရင် သိနိုင်ပါတယ်။

ဘယ်လို ကုသကာကွယ်နိုင်မလဲ
ရေဖျဉ်းစွဲခြင်း သက်သက်ကို ကုသစရာမလိုဘဲ နောက်ခံရောဂါအကြောင်းရင်းကို ရှာကုရမှာ ဖြစ်ပါ တယ်။ အထက်မှာပြောခဲ့တဲ့ ရောဂါတွေထဲက တစ်ခု ခုပေါ့။ ဥပမာ ကင်ဆာဆိုရင် ကင်ဆာခီမိုဆေး၊ ဓာတ်ရောင်ခြည်စတဲ့ သက်ဆိုင်ရာကုထုံးနဲ့ ကုရမှာ ဖြစ်ပြီး အသည်းရောဂါမှာ အသည်းဆေးတွေနဲ့ ကုမလား၊ ခွဲစိတ်မလား၊ အသည်းအစားထိုးမလား စသဖြင့် စဉ်းစားရမှာ ဖြစ်ပါတယ်။
ရေဖျဉ်းရှိတဲ့ ဝေဒနာရှင်တွေ အားလုံးကို ရေနဲ့ အငန်ဓာတ်လျှော့စားခိုင်းပါတယ်။ ဆားဆိုရင် တစ် နေ့ကို 2 g ထက်ပိုစားလို့ မရပါဘူး။ လိုအပ်သလို ဆီးဆေးတွေပေးပါတယ်။ အရည်တွေ အရမ်းများရင် ဖောက်ထုတ်မယ်။ အသည်း/နှလုံး/ကျောက်ကပ် စတဲ့ရောဂါဖြစ်နေတဲ့အင်္ဂါကို ခွဲစိတ်ကုသဖို့ အရမ်း ဆိုးရင် အစားထိုးဖို့ လုပ်ဆောင်ပါမယ်။ ဒါတွေက ဗဟုသုတ အဖြစ်ဖော်ပြတာဖြစ်ပြီး ရောဂါတကယ် ဖြစ်လာရင် ဆေးရုံတက်ကုသမှု ခံယူရမှာသာ ဖြစ် ပါတယ်။ ကာကွယ်နည်းတွေကတော့ အထက်ပါ ရောဂါတွေမဖြစ်အောင် နေထိုင်နည်းတွေပဲ ဖြစ်ပါ တယ်။ ဥပမာ အရက်အလွန်အကျွံသောက်ခြင်းကို ရှောင်ကြဉ်မယ်၊ အသည်းရောင်အသားဝါဘီပိုး ကာ ကွယ်ဆေးထိုးထားမယ်ဆိုရင် အသည်းကြောင့် ရေ ဖျဉ်းစွဲတာကို ကာကွယ်နိုင်မှာပါ။ နှလုံးရောဂါ၊ သိုင်း ရှိုက်အကျိတ်ဆိုင်ရာ ရောဂါတစ်ခုခု ရှိနေရင် ဂရုတ စိုက်ကုမယ်၊ ညွှန်ကြားထားတဲ့ဆေးကို မှန်မှန် သောက်မယ် စသဖြင့်ပေါ့။

ရေဖျဉ်းစွဲနေခြင်းရဲ့ အရေးကြီးသောအချက်
ဝမ်းဗိုက်ဟာ တဖြည်းဖြည်း ဖောင်းလာပြီး အရည်တွေရှိနေတယ်ထင်ရင် နီးစပ်ရာ ဆေးရုံဆေး ခန်းကို အမြန်ဆုံးသွားရောက်စစ်ဆေးပြီး လိုအပ်တဲ့ ကုသမှုခံယူရမှာ ဖြစ်ပါတယ်။ ရေဖျဉ်းစွဲတယ်ဆိုတာ ခန္ဓာကိုယ်ထဲက ကလီစာတစ်ခုခု ပျက်ယွင်းနေပြီး သွေးထဲက အရည်တွေကို မထိန်းသိမ်းနိုင်တဲ့ အခြေ အနေထိ ရောက်နေပြီဆိုတာပြတဲ့ လက္ခဏာတစ်ရပ် ဖြစ်ကြောင်းပါ။Health 

ဆက်ဖတ်ရန်>>

Thursday, October 18, 2012

စပျစ်သီး၏ ကျန်းမာရေးအကျိုးပြုပုံ....

 
စပျစ်သီး၏ ကျန်းမာရေးအကျိုးပြုပုံ

စပျက်သီး က ပန်းနာ၊ နှလုံးရောဂါ၊ ခေါင်းတစ်ခြမ်းကိုက်၊ အစာမကြေ၊ ပင်ပန်း၊ ကျောက်ကပ်နာ၊ ကင်ဆာ၊ အမြင်အာရုံဆုံးရှုံးခြင်း၊ မျက်စိမှုန်ခြင်း၊ ဝမ်းနှင့် ပက်သက်သော ရောဂါ တို့ကို ပျောက်ကင်းစေပါတယ်။

ပြီးတော့ စပျစ်သီးဟာ သဘာဝဖြေဆေး တစ်မျိုးလည်း ဖြစ်တယ် လို့ ဆေး ပညာ ရှင်များက ဆိုထားပါတယ်။
ဆက်ဖတ်ရန်>>

အစားအသောက် နှင့် နေ့စဉ် ကျမ်းမာရေး....


အစားအသောက်ဆိုတာ နေ့စဉ် သင့်ကျန်းမာရေးအတွက် ဆေးတစ်လက်ပါ။  ကျန်းမာဖို့ရာအတွက် တစ်နေ့ သုံးကြိမ်စားလေ့ရှိတဲ့ အစားအသောက်ထဲမှာ ဘယ်လို အာဟာရကို များများ ထည့်စားသင့်ပြီး ဘယ်လို အစားအသောက်တွေကို လျှော့စားသင့်တယ်၊ ရှောင်သင့်တယ်ဆိုတာ သိစေဖို့ ရေးသားလိုက်ရပါတယ်။


(၁) ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ

တစ်နေ့တာမှာ မပါမဖြစ် ထည့်စားသင့်တဲ့အရာက ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေ ဖြစ်ပါတယ်။ ဥပမာအားဖြင့် တစ်နေ့ကို ထမင်းသုံးကြိမ်စားရင် သုံးကြိမ်စလုံးမှာ ဟင်းသီးဟင်းရွက် ပါဝင်သင့်ပါတယ်။ သစ်သီးတွေကိုတော့ သရေစာအနေနဲ့ ထည့်စားပေးပါ။ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေက အရောင်ရင့်လေ အာဟာရတန်ဖိုး ပိုရှိလေဖြစ်ပါတယ်။ ဒေသထွက်ဖြစ်ရင်၊ သြဂဲနစ် အမျိုးအစားဖြစ်ရင်၊ သင့်လက်နဲ့ ကိုယ်တိုင်စိုက်ပျိုးထားတဲ့ အပင်ထွက်ပစ္စည်းဖြစ်ရင် သင့်ကျန်းမာရေးအတွက် အာနိသင် ပိုရှိပါတယ်။

(၂) အသားနှင့် ငါး

လေ့လာမှုတစ်ရပ်အရ ပြုပြင်ထားမှု မရှိတဲ့ အနီရောင်အသားကို နေ့စဉ်စားတာကြောင့် အရွယ်မတိုင်ခင် သေဆုံးနိုင်ခြေ ၁၃ ရာခိုင်နှုန်း မြင့်တက်ပြီး ပြုပြင်ထားတဲ့  အနီရောင်အသား (ဝက်ပေါင်ခြောက်၊ ဝက်အူချောင်း၊ အမဲခြောက်) ကို စားတာကြောင့် အရွယ်မတိုင်ခင် သေဆုံးနိုင်ခြေ ၂၀ ရာခိုင်နှုန်း မြင့်တက်မှု ရှိကြောင်း သိရပါတယ်။  အနီရောင် အသားအစား ငါးကို အစားထိုးစားတာကြောင့် အရွယ်မတိုင်ခင် သေဆုံးနိုင်ခြေကို ၇ ရာခိုင်နှုန်း လျော့ကျစေကြောင်း၊ အနီရောင်အသားအစား အခွံမာတဲ့ အစေ့အဆန်ကို အစားထိုး စားပေးမယ်ဆိုရင် အရွယ်မတိုင်ခင် သေဆုံးနိုင်ခြေကို ၁၉ ရာခိုင်နှုန်း လျော့ကျစေကြောင်းနဲ့ ပဲအမျိုးမျိုးကို အစားထိုး စားပေးမယ်ဆိုပါမူ အရွယ်မတိုင်ခင် သေဆုံးနိုင်ခြေကို ၁၀ ရာခိုင်နှုန်း လျော့ကျစေကြောင်း သိရပါတယ်။

(၃) ကဖင်း

ကော်ဖီကို အသင့်အတင့် သောက်ရင် ကျန်းမာရေးအတွက် ကောင်းပါတယ်။ ကော်ဖီစေ့ဟာ အပင်ထွက် အစာဖြစ်လို့ ရောဂါကာကွယ်နိုင်တဲ့ ဖိုင်တိုကမ်မီကယ်လ် ဒြပ်ပေါင်းများစွာ ပါဝင်ပါတယ်။ ကဖင်းဓာတ်များများ သောက်ရင် ရေဓာတ် ခန်းခြောက်စေပြီး ပူပင်သောက များတာနဲ့ စိတ်ဖိစီးမှုတို့ကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့မှာ ကော်ဖီ တစ်ခွက်-နှစ်ခွက်ထက် ပိုမသောက်သင့်ပါ။

(၄) ကောက်နှံစာ

အခွံချွတ်ထားတဲ့ ကောက်နှံစာကိုတော့ လျှော့စားသင့်ပါတယ်။ အခွံချွတ်မထားတဲ့ ကောက်နှံစာ (ဆန်လုံးညို၊ အညိုရောင် ခေါက်ဆွဲ၊ ပေါင်မုန့်ညို) စတာတွေကို အစားထိုးစားပေးရင် သင့်ကျန်းမာရေးကို ပိုမို ကောင်းမွန်စေပါတယ်။

(၅) အဆီဓာတ်

အဆီဓာတ်ဟာ ဦးနှောက်ကို အလုပ်လုပ်ဖြစ်စေပြီး စွမ်းအင်ကို ကြာကြာပေးနိုင်ပါတယ်။ ဒါပေမဲ့ ကျန်းမာရေးအကျိုးပြုတဲ့ အဆီကို ရွေးချယ်တတ်ဖို့တော့ အရေးကြီးပါတယ်။ အမဲဆီ၊ ဝက်ဆီစတဲ့ တိရစ္ဆာန်ထွက် အဆီတွေနဲ့ စားအုန်းဆီတွေလို အခန်းအပူချိန်မှာ ခဲသွားတဲ့ အဆီတွေကို ရှောင်ရပါမယ်။ ထောပတ်သီးအဆီမှာ အမျှင်ဓာတ်၊ ပိုတက်စီယမ်၊ ဗီတာမင်အီး၊ ဗီတာမင်ဘီနဲ့ ဖောလစ်အက်စစ်တို့လို မရှိမဖြစ် အာဟာရဓာတ် ၂၀ နီးပါး ပါဝင်တာကြောင့် စားသင့်တဲ့အဆီပါ။ သံလွင်ဆီမှာလည်း အိုလစ်အက်စစ်ပါဝင်မှု များတာကြောင့် ရင်သားကင်ဆာ မဖြစ်အောင် ကာကွယ်နိုင်ကြောင်း လေ့လာမှု အများအပြားအရ သိရပါတယ်။

(၆) သကြား

အခွံချွတ်ထားတဲ့ သကြားဖြူတွေက သွေးတွင်း သကြားဓာတ်ကို မြင့်တက်စေနိုင်ပါတယ်။ သကြားဖြူကို များများစားရင် အဒီနယ်ဂလင်းကို လှုံ့ဆော်မှု ဖြစ်စေတဲ့အတွက် ဟော်မုန်းမမျှတမှုဖြစ်ကာ စိတ်ပိုင်းဆိုင်ရာ လှုပ်ရှားမှု ဖြစ်စေနိုင်ပါတယ်။

(၇) အယ်လ်ကိုဟော

တစ်နေ့မှာ အမျိုးသမီးတစ်ဦးက ဝိုင်တစ်ဖန်ခွက်၊ အမျိုးသားတစ်ဦးက ဝိုင်နှစ်ဖန်ခွက် သောက်တာက အန္တရာယ်ကင်းပါတယ်။ ခန္ဓာကိုယ်က ဒီအယ်လ်ကိုဟော ပမာဏကို ချေဖျက်နိုင်လို့ပါ။ ဒါပေမဲ့ ဒီထက်ပိုပြီး သောက်ရင် ကျန်းမာရေးအတွက် မကောင်းတော့ပါဘူး။ ဝိုင်နီမှာပါတဲ့ အင်တီအောက်ဆီးဒင့်မှာ ရောင်ရမ်းမှုကို လျော့ကျစေတဲ့ အစွမ်းရှိတာကြောင့် အသင့်အတင့်သောက်ရင် နှလုံးကျန်းမာစေပါတယ်။

(၈) နို့နှင့် နို့ထွက်ပစ္စည်း

ကယ်လ်စီယမ်ဓာတ် ရရှိစေမယ့် နို့နဲ့ နို့ထွက်ပစ္စည်းတွေကိုလည်း နေ့စဉ် မှီဝဲသင့်ပါတယ်။ အဆီနည်းတဲ့ ဒါမှမဟုတ် အဆီမပါတဲ့ နွားနို့၊ ဒိန်ချဉ်၊ ဒိန်ခဲ စတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို သောက်ပါ။

(၉) အိုမီဂါ ၃ ဖက်တီးအက်စစ်

လူ့ခန္ဓာကိုယ်ဟာ အိုမီဂါ ၃ ဖက်တီးအက်စစ်ကို မထုတ်နိုင်ပါဘူး။ ဒါကြောင့် ဒီအကျိုးပြုအဆီကို  စားတဲ့အစာက ရယူဖို့ လိုပါတယ်။ အရွယ်ရောက် လူကြီးတစ်ဦးက အိုမီဂါ ၃ တစ်နေ့ ၁ ဒသမ ၄ - ၄ ဒသမ ၆ ဂရမ် လိုအပ်ပြီး အိုမီဂါ ၆ကို တစ်နေ့ ၈ - ၁၄ ဂရမ် လိုအပ်ပါတယ်။ ဒါတွေက ပိုလီမပြည့်ဝဆီတွေဖြစ်လို့ ကျန်းမာရေးအတွက် ကောင်းကျိုးပေးပါတယ်။

(၁၀) မာလ်တီဗီတာမင်

တစ်နေ့တာအတွက် လိုအပ်တဲ့ အာဟာရဓာတ်ကို မရရင် အရည်အသွေးမြင့် ဖြည့်စွက်ဆေးတစ်လုံးကို သောက်သင့်ပါတယ်။ သင့်ကျန်းမာရေးအတွက် သင့်တော်တဲ့ မာလ်တီဗီတာမင် ဖြည့်စွက်ဆေးကို ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ သောက်ပေးပါ။      

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)Ref: Good Health
Source: http://news.yatanarpon.com.mm/news/article-69338
 http://www.facebook.com/myatsunhealtharticles
shared by>>>http://natureenergycare.blogspot.com/2012/10/blog-post_17.html#more
ဆက်ဖတ်ရန်>>

အစာအိမ်နာနဲ့ပတ်သတ်ပြီး....


အစာအိမ်နာနဲ့ပတ်သတ်ပြီး ရှေးရိုး အစဉ်အဆက်က သိထားနှင့်ပြီးသား
အချက်တွေရှိပေမယ့် ဆေးဘက်ဆိုင်ရာ အတွေးအမြင်သစ်တွေကို ဖတ်မိတဲ့အခါ စိတ်ဝင်စားစရာမို့ စပ်မိစပ်ရာလေးတွေ ရေးဖြစ်ခဲ့ပါတယ်။

အစာအိမ်နာနှင့် စိတ်ဖိစီးမှု

စိတ်ဖိစီးမှုဟာ ရောဂါအတော်များများကို ဖြစ်စေတယ်လို့ ရှေးယခင် နှစ်ပေါင်းများစွာကတည်းက ယူဆခဲ့ကြပါတယ်။ San Francisco
မှာရှိတဲ့ California တက္ကသိုလ် အစာအိမ်နှင့်အူလမ်းကြောင်း ဆိုင်ရာ ဌာန လက်ထောက် ပါမောက္ခ ဒေါက်တာ mathy က စိတ်ဖိစီးမှုဟာ ကျန်းမာရေးစနစ်မှာ အဓိကကျတဲ့အခန်းကဏ္ဍက ပါဝင်ပေမယ့် အစာအိမ်နာ ဖြစ်စေဖို့ ဒါမှမဟုတ် ပျောက်ကင်းစေဖို့ကိုတော့ သိပ်မစွမ်း ဆောင်နိုင်လှပါဘူးလို့ ဆိုပါတယ်။

လက်ရှိယူဆချက်များအရ စိတ်ဖိစီးမှုဟာ အစာအိမ်နာရှိနေပြီးတဲ့ ဝေဒနာသည်တွေကို ရောဂါအခြေအနေကို ပိုဆိုးစေတာကြောင့် အစာအိမ်နာ ရှိသူတွေမှာ စိတ်ဖိစီးတဲ့အခါ ဝေဒနာပိုမိုခံစားရတာဖြစ်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုကို လျော့ပါးအောင် စွမ်းဆောင်နိုင်မှုဟာကျန်းမာရေး ကို အနည်းနဲ့အများ အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။

အစာအိမ်နာနှင့် အပူအစပ်စာ

အပူအစပ်တွေစားပြီးတဲ့အခါ ရင်ပူ၊ ရင်ခေါင်းအောင့်တတ်တဲ့ အတွေ့အကြုံတွေ ရှိပေမယ့်လည်း spice ကို capsaicin ဆိုတဲ့ငရုတ်ကောင်း တစ်မျိုးမှရတဲ့ ဓာတ်တမျိုးမှတဆင့် ထုတ်လုပ်ထားတာ ဖြစ်ပြီး အဲဒီငရုတ်ကောင်းဟာ အစာအိမ်နာကိုမဖြစ် စေပါဘူး။ ဒေါက်တာ Mathy ကတော့ တချို့သောအစားအစာတွေဟာ အစာအိမ်နာ မဖြစ်စေ ပေမယ့် အစာအိမ်နာရှိနေတဲ့သူကို ဝေဒနာပိုဆိုးအောင်စွမ်းဆောင်နိုင်တယ် လို့ ပြောကြားခဲ့ပါတယ်။

စိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့ စင်္ကာပူနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့
သုတေသနတစ်ခုအရ capsaicin ပါဝင်မှုနည်းတဲ့ တရုတ် အစားအစာကို စားသုံးသူတွေမှာ အိန္တိယ၊ မလေးအစားအစာ စတဲ့ အပူအစပ်စာ စားတဲ့သူတွေထက် အစာအိမ်နာဖြစ်ပွားမှုသုံးဆ ပိုတာကို တွေ့ရတာပါဘဲ။ သုတေသီတွေကတော့ capsaicin ဟာ အစာအိမ်မှာရှိတဲ့ အာရုံကြောတွေ ကို လှုံ့ဆော်ပြီး အစာအိမ်နာကို ကာကွယ်ပေးတဲ့ ဓာတုပစ္စည်းများ ထုတ်ပေးတယ်လို့ ယူဆကြပါတယ်။

အခြားသုတေသနအရ capsaicin အစာအိမ်မှာရှိတဲ့ အက်ဆစ် ပမာဏကို ပြောင်းလဲစေပြီး အစာအိမ်နာကို ဖြစ်စေတဲ့ Helicobacter pylori ကို သေစေတယ်လို့လည်း ယူဆကြပြန်ပါတယ်။

အစာအိမ်နာနှင့် နွားနို့သောက်သုံးမှု

အပူအစပ်တွေဟာ အစာအိမ်နာဖြစ်တယ်လို့ လူအတော်များများယုံကြည်ကြ သလိုပဲ နွားနို့သောက်ခြင်းဟာလည်း အစာအိမ်နာကို ပျောက်ကင်းစေ တယ်လို့ ယူဆတာတွေရှိပါတယ်။ အခုနောက်ဆုံး အယူအဆကတော့ နွားနို့ဟာ အစာအိမ်နာကို ပျောက်ကင်းစေတာ မဟုတ်ပဲ သက်သာရုံ သက်သာ စေတယ်လို့ ဆိုပါတယ်။ ဒီအကြောင်းအရာနဲ့ပတ်သတ်ပြီး ဒေါက်တာ Mathy က နွားနို့သောက်သုံးခြင်းဟာ အစာအိမ်ကို တံတိုင်း တစ်ခုလို အလွှာတစ်ထပ်နဲ့ ကာရံပေးပေမယ့်လည်း အစာအိမ်နာကို ပျောက်ကင်းအောင်တော့ မစွမ်းဆောင်နိုင်ပါဘူးလို့ ဆိုထားပါတယ်။

အဲဒီအပြင် Los Angeles, California တက္ကသိုလ် ပါမောက္ခ ဒေါက်တာ Weinstein ကလည်း လူဦးရေရဲ့ ၆၅%ဟာ lactose နဲ့ မတည့်တတ်ကြပြီး အဲဒီလိုဓာတ်မတည့်ခြင်းဟာ အသက်ရလာတာနဲ့အမျှ များလာတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အစာအိမ်နာကို ပျောက်ကင်းအောင် နွားနို့ သက်သက်ချည်း သောက်သုံးတာဟာ သင့်လျော်တဲ့နည်းလမ်း မဟုတ်ဘူးလို့လည်း ဆိုထားပါတယ်။

အစာအိမ်နာနှင့် အကျိုးပြုဘက်တီးရီးယား

ဒေါက်တာ Mathy ရဲ့ ရှင်းလင်းချက်အရ ခန္ဓာကိုယ်တွင်းရှိ အချို့သော
အကျိုးပြုဘက်တီးရီးယားများဟာ လေထခြင်း၊ လေပွခြင်းတို့ကို သက်သာ စေတယ်ဆိုပါတယ်။ ဒါပေမယ့် အဲဒီဘက်တီးရီးယားတွေဟာ အစာအိမ်နာကို
ပျောက်ကင်းစေဖို့အထိတော့ ကြာရှည်မနေနိုင်ကြဘူးလို့ ဆိုပါတယ်။

အစာအိမ်နာနှင့် အရက်၊ အစာအိမ်နာနှင့် caffeine ဓာတ်

အရက်သေစာကို အလွန်အကျွံသောက်ခြင်းကလည်း အစာအိမ်နာ ဖြစ်ပွားမှုကို ဦးတည်စေပါတယ်။ အဲဒီအပြင် အရက်ကို အလွန်အကျွံ သောက်ခြင်းက အစာအိမ်နာရဲ့ နောက်ဆက်တဲ့ ဆိုးကျိုးတွေဖြစ်တဲ့ သွေးယိုခြင်းကိုလည်း ဖြစ်စေပါတယ်။

Caffeine ဓာတ်ဟာ အစာအိမ်ရဲ့ အက်ဆစ် ထုတ်လုပ်မှု ပမာဏကို များပြား စေတာကြောင့် caffeine ဓာတ်ပါတဲ့ ကော်ဖီ၊ ကိုလာကိုလာ အများအပြား သောက်သုံးသူတွေမှာ ပြဿနာဖြစ်ပွားနိုင်တာမို့ အလွန် အကျွံသောက်သုံးမှုမှ ရှောင်ကျဉ်သင့်တယ်လို့ DR Weinstein က ဆိုပါတယ်။

အစာအိမ်နာနှင့် ဆေးလိပ်

ဆေးလိပ်သောက်သုံးသူတွေမှာ အစာအိမ်နာဖြစ်သွားမှုဟာ နှစ်ဆသာတယ်လို့ဆိုပါတယ်။ လေ့လာချက်များအရ ဆေးလိပ်ကို နှစ်ရှည်လများ သောက်သုံးခြင်းဟာ အစာအိမ်ရဲ့ နံရံ၊ သွေးစီးဆင်းမှုကို ပြောင်းလဲစေပြီး အစာအိမ်ယောင်ယမ်းမှုကို ဖြစ်စေတယ်လို့သိရပါတယ်။ ထို့အပြင်ကို ဆေးလိပ်သောက်သုံးခြင်းဟာ အစာအိမ်နာရဲ့ နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်တဲ့ အစာအိမ်ပေါက်ခြင်း ၊ အစာအိမ်သွေးယိုခြင်းတို့ကိုလည်း ဖြစ်စေပြီး အနာကျက်မှုကိုလည်းနှောင့်နှေးစေပါတယ်။
everyday health;
forever friends မှ ကူးယူတင်ပြသည်....
ဆက်ဖတ်ရန်>>

ခရမ်းချဉ်သီးစားသုံးခြင်းရဲအကျိုးကျေးဇူး....


ခရမ်းချဉ်သီးစားသုံးခြင်းရဲအကျိုးကျေးဇူးကိုပြန်လည်မျှဝေပေးချင်ပါတယ်


ကျန်းမာရေးရာ

ခရမ်းချဉ်သီးကို ဆေးလိပ်သောက်တဲ့သူတွေ အမြဲစားသုံးပေးသင့်ပါတယ်။ .....ခရမ်းချဉ်သီးဟာ ဆေးလိပ်ကြောင့် ဖြစ်ရတဲ့ ကိုယ်တွင်းဆုံးရှုံးမှုများ၊ ဘေးဘယာများကို နည်းပါးပျောက်ကင်းအောင် စွမ်းဆောင်ပေးပါတယ်။ ခရမ်းချဉ်သီးထဲက ခလိုရိုဂျင်နင် (Chrologenic) နဲ့ ကူမာအစ် (Coumaric) အက်ဆစ်ဟာ အဆုတ်ကို ထိခိုက်ပျက်စီးမယ့် ဘေးကနေ ကာကွယ်ပေးပါတယ်။

ဒါ့အပြင် ခရမ်းချဉ်သီးမှာ ခရိုမီယမ် သတ္တုဓာတ်တွေ အများအပြား ပါဝင်တာမို့ ဆီးချို မဖြစ်အောင် ထိန်းညှိပေးပါတယ်။ ခရမ်းချဉ်သီးထဲက ဗီတာမင်အေဓာတ်ကြောင့် မျက်လုံးအမြင်အာရုံကိုလည်း တိုးတက် ကောင်းမွန်စေပါတယ်။ မျက်လုံးအရောင် မကြည်တာကအစ ညဘက်အမြင် အာရုံအားနည်းတာတွေကိုပါ ပိုပြီး တိုးတက် ကောင်းမွန်လာစေပါတယ်။

ခရမ်းချဉ်သီးထဲက ဗီတာမင်ဘီနဲ့ ပိုတက်စီယမ်ဓာတ်ဟာ သွေးပေါင်ချိန်နဲ့ ကိုလက်စထရော အနေအထားကို ထိန်းညှိပေးပါတယ်။ ဒါကြောင့် နှလုံးရုတ်တရက်လေရိုက်ခြင်း၊ လေဖြတ်ခြင်းများ ကိုလည်း ကာကွယ်ပေးပါတယ်။ ခရမ်းချဉ်သီးဟာ ကင်ဆာရောဂါ အတော်များများကို နှိမ်နှင်းနိုင်စွမ်း ရှိပါတယ်။

လေ့လာတွေ့ရှိချက် ၇၂ ခုအရ ခရမ်းချဉ်သီးကို အစိမ်းလိုက်၊ ချက်ပြုတ်ပြီးစားတဲ့သူရော၊ ခရမ်းချဉ်သီးနဲ့ ပြုလုပ်ထားတဲ့စားသောက်ကုန်များကို စားသုံးတဲ့သူတွေဟာ ကင်ဆာ ရောဂါတွေနဲ့ ပတ်သက်ပြီး အတော်လေးကို နှိမ်နှင်းကာကွယ်နိုင်စွမ်းရှိကြတာကို တွေ့ရှိရပါတယ်။ အဲဒီ့ကင်ဆာရောဂါကို ကာကွယ်နိုင်တဲ့ အစွမ်းဟာ ခရမ်းချဉ်သီးထဲက Lycopene ဓာတ်ပေါ်မူတည်နေပါတယ်။ အဲဒီ့ဓာတ်ဟာ ခရမ်းချဉ်သီးကို နီရဲအောင် လုပ်ပေးတဲ့ဓာတ်ပဲဖြစ်ပါတယ်။

အစာအိမ်ကင်ဆာဆဲလ်တွေကို သတ်ပစ်နိုင်ပါတယ်။ အထူးသဖြင့် ခရမ်းချဉ်သီးကို အစိမ်းထက်ချက်ပြုတ်ပြီး စားသုံးတာဟာ Lycopene ဓာတ်တွေ ပိုပြီး ထုတ်လုပ်ပေးတာကို တွေ့ရှိရပါတယ်။ လိုင်ကိုပိန်းဟာ ကင်ဆာရောဂါတွေကို သာမက အရည်ပြားအတွက် အန္တရာယ်ရှိစေတဲ့ရောင်ခြည်တွေကိုလည်း ကာကွယ်ပေးထားပါတယ်။ နောက်ပြီး ယောက်ျားလေးမျိုးဆက် ပြန့်ပွားခြင်းကို အထောက်အပံ့ ပေးပါတယ်။ သိသိသာသာ အစွမ်းပြတဲ့အချက်ကတော့ အဆုတ်နဲ့ အစာအိမ်ဘေးကင်းကျန်းမာစေဖို့ ကောင်းကောင်း အထောက်အကူ ပြုပေးပါတယ်။
ကိုယ်အလေးချိန်လျော့ကျစေဖို့ အတွက် စားသင့်တဲ့ အစားအသောက်တွေကို သုတေသီတွေက လေ့လာ ဖော်ထုတ်ခဲ့ကြပေမယ့်. . တကယ်တမ်းမှာတော့ ထိထိရောက်ရောက် အသုံးဝင်တဲ့ အစားအသောက်ဆိုတာ ရှားပါတယ်. . . ဒါပေမယ့် . . . အဲဒီအစားအစာတွေထဲမှာ ခရမ်းချဉ်သီး စားပေးတာက ကိုယ်ခန္ဓာသွယ်လျဖို့ အတွက် တကယ်ကို ထိရောက် အသုံးဝင်ပါတယ်. .

* ခရမ်းချဉ်သီးဟာ ဗိုက်ပြည့်စေပြီး သရေစာ စားချင်စိတ်ကို ချိုးနှိမ်ပေးပါတယ်..

* ခရမ်းချဉ်သီးမှာ အစာ စားချင်စိတ် ဖြစ်စေတဲ့ ဟော်မုန်းကို ပြောင်းလဲစေတဲ့ ဒြပ်ပေါင်းတွေ ပါဝင်နေပါတယ်.

* အသက် ၁၈ နှစ်နှင့် ၃၅ နှစ်ကြား အမျိုးသမီးတွေကို လေ့လာမှုအရ ခရမ်းချဉ်သီး ညှပ်ထားတဲ့ ပေါင်မုန့်စားသူတွေဟာ. . . ခရမ်းချဉ်သီး မပါတဲ့ ပေါင်မုန့်စားသူတွေထက် စိတ်ကျေနပ်မှု ပိုရကာ နောက်ထပ် အစာစားချင်စိတ်လျော့နည်းသွားကြောင်း လေ့လာ တွေ့ရှိရပါတယ်.

* တခြား လေ့လာ မှုတစ်ခုအရ ခရမ်းချဉ်သီးမျာ အစာ စားချင်စိတ်ကို ထိန်းချုပ်ထားတဲ့ ဟော်မုန်း Ghrelin ပမာဏာကို ပြောင်းလဲစေတဲ့ အာနိသင်ပါဝင်ကြောင်း သိရပါတယ်. . .

* ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ လိုင်ကိုပင်းဓာတ်ကလည်း ကင်ဆာလျော့ကျစေခြင်း ၊ မျိုးပွား နိုင်စွမ်းအားကောင်းခြင်း စတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေရရှိစေပါတယ်.

* ခရမ်းချဉ်သီးမှာ ဗီတာမင်စီ ပေါကြွယ်ဝစွာ ပါဝင်တာကြောင့် အနာကျက်နှုန်း မြန်စေခြင်းနှင့် ခန္ဓာကိုယ်မှာ သံဓာတ်စုပ်ယူအားကောင်း ခြင်း စတဲ့ အကျိုးကျေးဇူးတွေကိုလည်း ရရှိစေပါတယ်. .

ဒါကြောင့် ခရမ်းချဉ်သီးကို ကိုယ်ခန္ဓာ သွယ်လျလှပစေဖို့အတွက် စားပေးပါက တခြား ကျန်းမာရေး အကျိုးရလာဒ်ကောင်းတွေကိုပါ. . ရရှိနိုင်မှာ ဖြစ်ပါတယ်. .

တစ်ပတ် အတွင်း ခရမ်းချဉ်သီး ခုနစ်ကြိမ် စားသုံးသူ သည် ဆီးကျိတ် ကင်ဆာ ဖြစ်နှုန်းကို ၅၀ ရာခိုင်နှုန်း အထိ လျော့ချ စေနိုင်ပြီး ဆယ်ကြိမ်အထက်စား သူများဖြစ်ပါက ဆီးကျိတ်ကင်ဆာမှ လွတ် ကင်းနိုင်သည်ဟု သုတေသီတချို့က ဆိုသည်။ ခရမ်းချဉ်သီးတွင် ပေါပေါများများ ပါဝင်သည့် လိုင်ကော်ပင်းဓာတ် (Lycopene) သည် ကင်ဆာရောဂါများကို ကာကွယ်တိုက်ဖျက်ရာတွင် အားပြင်း သော ဓာတ်တိုးဆန့်ကျင်ပစ္စည်း Antioxidant ဖြစ်သောကြောင့် ခန္ဓာကိုယ်ရှိ ဆဲလ်များကို ကင်ဆာမကူးစက်အောင်နှင့် မပြောင်းလဲ မပျံ့နှံ့အောင်ကာကွယ်ပေး သည်ဟုဆိုသည်။ Antioxidant သည် အထူးသဖြင့် ဆီးကျိတ်ကင်ဆာ၊ ဆီးအိမ် ကင်ဆာ၊ သားအိမ်ကင်ဆာနှင့် ကင်ဆာ ဖြစ်မည့် အမြုတေများကို တားဆီးပယ် ဖျက်ပေးနိုင်သည်။
Lycopene ဓာတ်သည် Heart Attack နှလုံးရပ်ဆိုင်းခြင်းကို ကာကွယ် တားဆီးပေးနိုင်ပြီး အူမကြီးကင်ဆာနှင့် လေဖြတ်ခြင်းကိုလည်း တားဆီးနိုင်သည် ဟုဆိုကြသည်။Lutein နှင့် Zeaxanthin ဓာတ်များပါဝင်ခြင်းကြောင့် မျက်စိ အမြင်ကို ကောင်းမွန်ကြည်လင်စေနိုင် ကြောင်း သုတေသီများက ပြောသည်။ ခရမ်းချဉ်သီးတွင် ဗီတာမင်ဘီဓာတ်၊ ဗီတာမင်စီ၊ မကောင်းသော LDL အဆီ ဓာတ်များကို ဖယ်ရှားပေးနိုင်သော HDL ကောင်းသောကိုလက်စထရောဓာတ်၊ ကျန်းမာရေးနှင့် ခန္ဓာကိုယ်တည်ဆောက် ရေးတွင် အရေးပါသော ဆိုဒီယမ်နှင့် ပိုတက်ဆီယမ်ဓာတ်၊ သွေးနီဥထုတ်ပေးရာ တွင် မရှိမဖြစ်လိုအပ်သော ဖိုလစ်အက် ဆစ်ဓာတ်က ကလေးငယ်များ ကြီးထွား ဖွံ့ဖြိုးစေရန် မီးယပ်သွေးဆုံးပြီး အမျိုးသမီး များ အရိုးပါးခြင်း၊ အရိုးဆက်ခြင်းမှ ကာ ကွယ်ပေးနိုင်သည့် ကယ်လ်ဆီယမ်ဓာတ်၊ အမျိုးသမီးများ အထူးလိုအပ်သည့် သံ ဓာတ်၊ သက်ကြီးရွယ်အိုနှင့် နှလုံးခုန်မမှန် သူများအတွက် လိုအပ်သည့် မဂ္ဂနီစီယမ် ဓာတ်များလည်း ပါဝင်ကြောင်း သိရသည်။ ထို့ကြောင့် ခရမ်းချဉ်သီးကို အစိမ်း စားခြင်း၊ ချက်ပြုတ်စားခြင်း၊ ခရမ်းချဉ်သီး ဆော့စ်ပြုလုပ်စားခြင်းဖြင့် အာဟာရမျိုးစုံ ရရှိနိုင်မည်ဖြစ်သည်။              
ref>>>www.yoyarlay.com/(or)www.myanmarinternetforum.com/(or)//www.apytz.org/အမျိုးသားကောင်းblostspot

shared by http://natureenergycare.blogspot.com/2012/10/blog-post_3035.html#more
ဆက်ဖတ်ရန်>>

Wednesday, October 17, 2012

အစာအိမ်နဲ့ပတ်သက်လို့.......

အစာအိမ်အနာဖြစ်တယ်ဆိုတာကို ပြောလိုက်ရင် အများအားဖြင့်ကတော့ လူတိုင်းက အနာဆိုတော့ ကိုယ့်ဆီမှာမရှိလောက်ဘူးလို့ထင်ကြပါတယ်။ အမှန်တော့ ဖြစ်နေကျဖြစ်တဲ့ ဗိုက်အောင့်တာ၊ အစာမကြေဖြစ်နေပြီး ရင်ပြည့်နေတာ၊ အစာမရှိချိန် ဒါမှမပာုတ် အစာစားပြီးချိန်တွေမှာ နာနေတာ၊ အစာစားပြီးရင် ပျို့အန်တာ၊ ဆိုးတဲ့အခြေအနေတွေမှာ သွေးအန်တာတွေပာာ အစာအိမ်အနာရဲ့ ရောဂါလက္ခဏာတွေပါ။

Peptic ulcer diseases တွေကိုအစာအိမ်အနာဖြစ်တယ်လို့ လွယ်လွယ်ပြောပေမယ့် အမှန်တော့ အစာအိမ်တင်မကဘဲ အစာရေမျိုပြွန်အောက်ပိုင်းနဲ့ အူသိမ်မှာပါ ဖြစ်ပါတယ်။ ပိုပြီး တိတိကျကျ ပြောရရင် အစာအိမ်ထက်စာရင် အူသိမ် (Duodenum) မှာဖြစ်တဲ့ ပမာဏကပိုပြီးတောင် များပါတယ်။ Peptic ulcer diseases (PUD) တွေပာာ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ ဖြစ်ပွားမှုလျော့ကျလာပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ပိုပြီး ဖြစ်လာပါတယ်။ ယောက်ျားနဲ့မိန်းမမှာ ယောက်ျားတွေကပိုပြီး ဖြစ်ပါတယ်။
အရင်တုန်းက သိခဲ့တာက PUD ပာာ acid ကြောင့်အဓိကဖြစ်တယ်။ ဒါကြောင့်မို့ No acid, No ulcer လို့တောင် မှတ်ခဲ့ရပါတယ်။ ဆေးပညာတိုးတက်လာတာနဲ့အမျှ အသစ်အသစ်သော ရှာဖွေတွေ့ရှိမှုတွေအရ အရင်တုန်းကလိုမျိုး အစာအိမ်နာတွေပာာ အက်စစ်ကြောင့်အဓိကဖြစ်လာရတာမပာုတ်ဘဲ H.pylori လို့ခေါ်တဲ့ ရောဂါပိုးတစ်မျိုးကြောင့်ဆိုတာကို သိလာကြပါတယ်။ H.pylori ဆိုတဲ့ရောဂါပိုးပာာ ကျနော်တို့ပတ်ဝန်းကျင်မှာကိုပဲ ရှိနေတဲ့ရောဂါပိုးတစ်မျိုးပါ။ အဲဒီအတွက်ကြောင့် အလွယ်တကူကူးစက်နိုင်တဲ့ရောဂါပိုးလည်း ဖြစ်ပါတယ်။
 H.pylori ကူးစက်နိုင်ချေပာာ အသက်အရွယ်ကြီးလာလေ ပိုပြီး မြင့်တက်လာပါတယ်။ သူ့ရဲ့ကူးစက်နိုင်ချေကတော့ အသက် ၁နှစ်တိုးတိုင်း ၁ရာခိုင်နှုန်းတက်လာပါတယ်။ အသက် ၅၀ဆိုရင် H.pylori ရှိဖို့ ၅၀ရာခိုင်နှုန်းရှိပါတယ်။ အသက် ၉၀ဆိုရင် ၉၀ရာခိုင်နှုန်းရှိပါတယ်။ ဒါပာာ ပျမ်းမျှအနေနဲ့သက်မှတ်တာဖြစ်ပြီး နိုင်ငံအလိုက်ပြောင်းလဲမှုရှိနိုင်ပါတယ်။ အချို့တိုင်းပြည်တွေမှာဆိုရင် H.pylori ပာာနိုင်ငံသားတွေရဲ့ ၉၀ရာခိုင်နှုန်းလောက်ထိမှာကို ရှိနေပါတယ်။ ဒီလိုမျိုးဆိုရင် H.pylori ပာာလူတော်တော်များများမှာ ရှိနေဖို့ သေချာသလောက်ရှိပါတယ်။ ဒါပေမယ့် ကံကောင်းတာက H.pylori ရှိနေတဲ့ လူအများစုပာာ ဘာလက္ခဏာမှ မပြဘဲ အနည်းစုသာ ရောဂါလက္ခဏာပြကြပါတယ်။ PUD တွေမှာ H.pylori ကအဓိကလို့ဆိုသော်လည်းပဲ H.pylori ကြောင့်မပာုတ်ဘဲ NSAIDs(အကိုက်အခဲပျောက်ဆေး) တွေကြောင့်လည်းဖြစ်နိုင်ပါသေးတယ်။

ကျနော်တို့အစာအိမ်ပာာ စားသုံးလိုက်တဲ့အစာတွေကို ချေဖျက်ဖို့အတွက် ပြင်းထန်တဲ့အက်စစ်တွေကို ထုတ်ရပါတယ်။ အဲလိုအက်စစ်ထုတ်တဲ့သဘာဝကြောင့် ရောဂါပိုးအများစုပာာ အစာအိမ်ထဲမှာ မနေနိုင်ပါဘူး။ ဒါပေမယ့် ထူးထူးခြားခြားလို့ ဆိုရမယ့် ဒီ H.pylori ကတော့ အစာအိမ်ကထုတ်တဲ့ အက်စစ်ဒဏ်ကို ခံနိုင်တဲ့ Urease လို့ခေါ်တဲ့ဓါတ်တစ်မျိုးကို ထုတ်ပြီး သူ့ကိုယ်သူကာကွယ်ထားပါတယ်။ H.pylori ပာာဘယ်လိုဘယ်ပုံနဲ့ကူးစက်လဲဆိုတာကို အတိအကျမသိသေးပါဘူး။ ထင်မြင်ယူဆချက်တွေကတော့ လူတစ်ယောက်ကနေတစ်ယောက်ကို ကူးစက်တဲ့နေရာမှာ မစင်ကနေကူးစက်နိုင်သလို၊ သွားရည်ကနေပြီးတော့လည်း ကူးစက်နိုင်တယ်လို့ ယူဆကြပါတယ်။ ဒါ့ကြောင့်မသန့်တဲ့အစားအစာတွေ၊ ဇွန်းတဇွန်းတည်း၊ ပန်းကန်တစ်ခုတည်း စားသုံးခြင်းတွေပာာ ဒီပိုးကူးစက်နိုင်ဖို့ ပိုပြီးများပါတယ်။ ဒီပိုးကို လူတွေမှာ အဓိကတွေ့ရပေမယ့် တိရိစ္ဆာန်တွေမှာလည်း ဒီပိုးရှိနေတတ်ပါတယ်။ လူနေထူထပ်ခြင်း(တစ်အိမ်ထဲလူအများကြီးနေရတာ၊ ရပ်ကွက်ထဲလူနေအိမ်တွေ စုပြုံနေတာ)၊ အိပ်ယာမျှဝေသုံးခြင်း(အိပ်ယာပာာ အညစ်အကြေးတွေ အများကြီးစွန်းထင်းနေတတ်ပါတယ်။)၊ ပစ္စည်းများကို မျှဝေသုံးစွဲရခြင်း (မျက်နှာသုတ်ပုဝါ၊ လက်သုတ်ပုဝါ)၊ အညစ်အကျေးစွန့်တဲ့စနစ်မကောင်းမွန်ခြင်းနဲ့ တကိုယ်ရေသန့်ရှင်းမှုအားနည်းခြင်း တွေပာာ H.pylori ပျံ့နှံ့ဖို့အတွက် ပိုပြီးအထောက်အကူဖြစ်စေပါတယ်။

H.pylori ဘာလို့အရေးကြီးရတာလဲဆိုတဲ့အချက်ထဲမှာ H.pylori ပာာကင်ဆာရောဂါပိုးကို ဖြစ်စေနိုင်တဲ့ ရောဂါပိုးအနည်းစုထဲက တစ်ကောင်ဖြစ်နေလို့ပါ။ H.pylori ရှိနေခြင်းပာာ အစာအိမ်ကင်ဆာဖြစ်စေနိုင်တဲ့ အခွင့်အလမ်းပိုမို များလာပါတယ်။ ဒီပိုးပာာ ပုံစံ၂မျိုးနဲ့ရှိပြီး Cag A+, Cag A- ဆိုပြီးရှိပါတယ်။ ဒီ ၂မျိုးမှာ Cag A+ က အစာအိမ်ကင်ဆာကိုဖြစ်စေပါတယ်။ ကံဆိုးတာက ကျနော်တို့ နိုင်ငံမှာရှိနေတဲ့ H.pylori အမျိုးအစားပာာ CagA+ ဖြစ်နေတာပါ။

အခြားအစာအိမ်နာ ဖြစ်စေတဲ့အကြောင်းရင်းတွေကတော့ ဆေးလိပ်သောက်ခြင်း (အနာဖြစ်စေပါတယ်၊ အနာကိုလည်း ပျောက်ကင်းတာနှေးစေပါတယ်)၊ ကြိုးစားရုန်းကန်ရတဲ့သူတွေ ဖိအားများတဲ့အလုပ်တွေကို လုပ်နေရတဲ့သူတွေ၊ သွေးအုပ်စု O သမားတွေမှာ ပိုပြီးဖြစ်ပါတယ်။
ဒီနေရာမှာ ထူးခြားတာတစ်ခုက အစာအိမ်နာတွေပာာ အစားအသောက်နဲ့လုံးဝမသက်ဆိုင်နေဘူးဆိုတဲ့အချက်ပါ။ နှစ်ပေါင်းများစွာလက်ခံခဲ့တဲ့ အစာအိမ်နာတွေမှာ အပူအစပ်စားလို့မရဘူးဆိုတဲ့ အချက်ပာာ အခုတော့ မှားယွင်းသွားပါတယ်။

PUD ကိုအတည်ပြုတဲ့နေရာမှာ
Barium meal X-ray (ပါးစပ်မှ ဆေးရည်ကိုသောက်ပြီး X-ray ရိုက်ခြင်း)
Endoscopy (မှန်ပြောင်းထည့်ကြည့်ခြင်း)
Detection of H.pylori (H.pylori ရှိမရှိစစ်ဆေးခြင်း) စတဲ့နည်းလမ်းတွေနဲ့စစ်ဆေးပါတယ်။

PUD ကိုကုသတဲ့နေရာမှာ ရည်ရွယ်ချက် ၂မျိုးနဲ့ ကုသပါတယ်။
ပထမရည်ရွယ်ချက်ကတော့ အနာကြောင့်ဖြစ်နေတဲ့ရောဂါဝေဒနာတွေကို သက်သာစေပြီး အနာမြန်မြန်ကျက်အောင်လို့ပါ။
နောက်တစ်ခုကတော့ PUD ပာာ H.pylori ကြောင့် အဓိကဖြစ်တာဖြစ်တဲ့အတွက် H.pylori ကိုဖယ်ရှားဖို့ပါ။
ဒါ့ကြောင့် ကုသတဲ့နေရာမှာ အစာအိမ်ဆေးနှင့် ပိုးသတ်ဆေးကို တွဲဖက်အသုံးပြုရပါတယ်။ Triple therapy(ဆေး၃မျိုး), Quadruple therapy (ဆေး၎မျိုး) စသည်ဖြင့် အမျိုးမျိုးရှိတတ်ပါတယ်။ အများအားဖြင့် အသုံးပြုတာကတော့ Triple therapy ဖြစ်တဲ့ အစာအိမ်ဆေးတစ်မျိုးနဲ့ ပိုးသတ်ဆေး၂မျိုးကို အသုံးပြုကြပါတယ်။ အစာအိမ်ဆေးကတော့ အများအားဖြင့် PPI ကိုပဲအသုံးပြုကြပါတယ်။ H2 blocker တွေကိုလည်း အသုံးပြုလို့ရပေမယ့် PPI ထက်စာရင် အာနိသင်နည်းတဲ့အတွက် PPI ကိုပဲအသုံးပြုလေ့ရှိပါတယ်။ အများဆုံးအသုံးပြုတာကတော့ Omeprazole ပါ။ ပိုးသတ်ဆေးသုံးတဲ့နေရာမှာ ကံကောင်းနေတာတစ်ခုက H.pylori ပာာအက်စစ်ဒဏ်ကို ခံနိုင်ပေမယ့် ပိုးသတ်ဆေးဒဏ်ကိုတော့ မခံနိုင်သေးတဲ့အတွက် ပိုးသတ်ဆေးအတော်များများပာာ H.pylori ကိုသတ်နိုင်ပါတယ်။ အကောင်းဆုံးဆေးကတော့ Amoxicillin ပါ။ ဒါကြောင့် အစာအိမ်နာ (PUD)တွေကိုကုသတဲ့နေရာမှာ Omeprazole, Amoxicillin, Metronidazole တို့ကိုတွဲဖက်ပြီး အသုံးပြုရပါတယ်။ ကုသရတဲ့အချိန်အတိုင်းအတာအနေနဲ့ကတော့ အမျိုးမျိုးကွဲပြားနေပါတယ်။ အနည်းဆုံး ၇ရက်ကနေပြီး အများဆုံး ၁၄ရက်ထိသောက်နိုင်ပါတယ်။
ဆေးလိပ်သောက်တာကိုရှောင်ရပါမယ်။ Aspirin နဲ့ အခြားအကိုက်အခဲပျောက်ဆေးတွေကိုလည်း ရှောင်ရပါမယ်။ အရက်ကိုတော့ အနည်းငယ်သောက်သုံးနိုင်ပါတယ်။ အစားအသောက်တော့ ရှောင်စရာမလိုပါဘူး။ အရင်တုန်းကရှိတာက အစာအိမ်နာဖြစ်ရင် အစာမစားဘဲ နို့တွေပဲသောက်ခိုင်းတတ်ပါတယ်။ အခုနောက်ပိုင်းလေ့လာချက်တွေအရတော့ အဲဒီအယူအဆကမှားနေပါတယ်။ အကျိုးမရှိတဲ့အပြင်ပိုတောင် ဆိုးပါသေးတယ်။ H.pylori က ပရိုတင်းကို ဖြိုခွဲပြီး Urease ကိုထုတ်တဲ့အတွက်ကြောင့် နို့လိုမျိုး ပရိုတင်းများများပါတဲ့ပာာကို အများကြီးသောက်ရင် H.pylori ပွားဖို့ပိုပြီး အထောက်အကူပြုသလို ဖြစ်နေပါတယ်။
အစာအိမ်အနာဖြစ်ပြီး ပေါက်သွားတာမျိုး၊ သွေးထွက်နေတာမျိုး၊ အစာအိမ်ထွက်ပေါက်ပိတ်ဆို့နေတာမျိုးတွေမှာ ခွဲစိတ်ဖို့လိုအပ်ပါတယ်။

အစာအိမ်နာဖြစ်စေဖို့အတွက် အစာအိမ်ကို ဆိုးရွားစွာထိခိုက်စေတဲ့ဆေးတွေထဲမှာ အကိုက်အခဲပျောက်ဆေးတွေက ထိပ်ဆုံးကပါဝင်ပါတယ်။ အကိုက်အခဲပျောက်ဆေးတွေပာာ အစာအိမ်ရဲ့ ကာကွယ်မှုလုပ်ငန်းစဉ်ကိုလျော့ကျစေတဲ့အတွက် အစာအိမ်နာပိုဖြစ်စေပါတယ်။ ဘယ်အကိုက်အခဲပျောက်ဆေးမှ အစာအိမ်ကို လုံးဝမထိတာမျိုးမရှိပါဘူး။ နောက်ဆုံးထွက်တွေဖြစ်တဲ့ COX2 inhibitor တွေတောင်မှ လုံးဝမထိတာတော့မပာုတ်ပါဘူး။ နောက်ပြီး ဘယ်လိုလမ်းကြောင်းမျိုးနဲ့ပဲသုံးသုံး အစာအိမ်ကိုထိပါတယ်၊ အဆိုးဆုံးကတော့ ပါးစပ်ကနေပြီးသောက်ရင်ပါ။ ဒါကြောင့် အကိုက်အခဲပျောက်ဆေးသောက်တဲ့နေရာမှာ PPI တစ်မျိုး ဒါမှမပာုတ် Misoprostol နဲ့တွဲသောက်သင့်ပါတယ်။ Misoprostol ကတော့ PPI ထက်စာရင် ပိုပြီးဆိုးကျိုးများပါတယ်။

နောက်တစ်ခုပြောချင်တာကတော့ PPI ကိုသောက်သုံးတဲ့နည်းလမ်းပုံစံပါ။ အခုအများအားဖြင့်ဖြစ်နေတာက PPI ကို အစာစားပြီးချိန်မှသောက်ပါတယ်။ အမှန်တော့ PPI ဆိုတာပာာ activation လိုပါတယ်။ အဲဒီအတွက် သူ့ကို သောက်တဲ့နေရာမှာ အစာမစားခင်သောက်တာပိုကောင်းပါတယ်။ အစာမစားခင် နာရီဝက်လောက်အလိုမှာ PPI ကိုသောက်ပါ။ အဲဒီအချိန်မှာ အစာအိမ်ထဲမှာ အက်စစ်တွေများနေတဲ့အတွက် PPI ကို activate လုပ်လိုက်ပါတယ်။ ဆေးသောက်ပြီး နာရီဝက်လောက်အကြာမှာမှ အစာစားပါ။ အများကြီးပိုပြီး ကောင်းပါတယ်။

မှတ်ချက် - လူတိုင်းသိသင့်သောဆေးပညာ blog မှကူးယူဖော်ပြခြင်းဖြစ်ပါသည်။

ဆက်ဖတ်ရန်>>

Tuesday, October 16, 2012

ရှေးဦးသူနာ ပြုစုနည်း....


(ယမုန်နာ ဆေးခန်းလက်ထောက်များအတွက် သင်ခန်းစာသာဖြစ်သည်။)

ရှေးဦးသူနာပြုဆိုသည်မှာ ဒဏ်ရာရခြင်း၊ ရောဂါဖြစ်ခြင်းတို့အား ဆေးခန်း၊ ဆေးရုံမရောက်မီ သာမန်လူတဦးက အကန့်အသတ်ဖြင့် ပြုစု-စောင့်ရှောက်ပေးခြင်းကို ခေါ်သည်။ အခြေခံ ဆင်ခြင်တုံတရားဖြင့် ပြုစု-စောင့်ရှောက်ရခြင်း ဖြစ်သည်။ သို့ရာတွင် အသက်ကယ်ရန် အချို့ကိစ္စများအတွက် လက်တွေ့ သင်ကြား တတ်မြောက်မှု လိုအပ်သည်။ ဥပမာ Cardio-Pulmonary Resuscitation (CPR) နှလုံး-အဆုပ် ပြန်လည် အလုပ် လုပ်စေရန် ပြုလုပ်ပေးခြင်း။

ခေါင်းစဉ်များ၊
1. ရှေးဦးသူနာပြုဆိုသည်၊
2. ရှေးဦးသူနာပြု ရည်ရွယ်ချက်များ၊
3. ရှေးဦးသူနာပြု ဘီသုံးလုံး၊
4. ရှေးဦးသူနာပြု အေ၊ ဘီ၊ စီ၊
5. ရှေးဦးသူနာပြုအိပ်၊
6. (စီ-ပီ-အာရ်) နှလုံးခုန်ရပ်ခြင်းနှင့် အသက်ရှူရပ်ခြင်းကို ပြန်လည်လုပ်ပေးခြင်း၊
7. (ချုပ်ခ်) ဖြစ်ခြင်း၊ မရှူနိုင်-မမြိုနိုင်ဖြစ်ခြင်း၊
8. သွေးယိုခြင်း၊
9. အရိုးကျိုးခြင်း၊ အဆစ်လွဲခြင်း၊
10. (အနာဖလက်ဆစ်) (ရှော့ခ်)၊
11. (ဖိန့်) ခေါ် ရုတ်တရက်သတိလစ်သွားခြင်း၊
12. အဖျားလက္ခဏာ၊
13. အစာအိမ်ပြဿနာ၊
14. အစာလမ်းကြောင်းရောင်၍ ဝမ်းပျက်ခြင်း၊
15. အင်းဆက်-အဆိပ်ပါသည့်အကောင်ကိုက်ခြင်း၊
16. ဦးခေါင်းဒဏ်ရာရခြင်း၊
17. အဆိပ်သင့်ခြင်း၊
18. လျှပ်စစ်ဓါတ်လိုက်ခြင်း။

Aims ရည်ရွယ်ချက်များ
၁) အသက်ကယ်ရန် (Preserve life)
၂) နောက်ထပ် ထိခိုက်ဒဏ်ရာ မရစေရန် (Prevent further injury)
၃) လျှင်မြန်စွာ ပြည်လည်ကောင်းမွန်လာစေရန် (Promote recovery)
၎) မိမိကိုယ်ကိုလဲ ကာကွယ်နိုင်ရန် (Protect yourself)

3 Bs for First Aid တတ်ထားရမည့် အဓိကကြွမ်းကျင်မှုများ၊ (ဘီ ၃ လုံး)
• Breathing အသက်ရှူခြင်း
• Bleeding သွေးထွက်ခြင်း
• Bones အရိုးထိခိုက်ခြင်း

ABC of First Aid ရှေးဦးသူနာပြုခြင်း၏ (အေ၊ ဘီ၊ စီ)
• Airway အသက်ရှူလမ်းကြောင်း၊
• Breathing အသက်ရှူနိုင်ခြင်း၊
• Circulation သွေးလှည့်ပတ်နေခြင်း

First-aid kit ရှေးဦးသူနာပြုအိပ်
1. Adhesive tape ကပ်သည့် ပလာစတာ၊
2. Adhesive bandages ဆန့်နိုင် ကြုံ့နိုင်သော ပလာစတာလိပ်၊
3. Anesthetic spray ထုံဆေးပန်းသည့် ဆေးပုလင်း၊
4. Antibiotic cream (Povidone-Iodine, Burnol ointment, Iodine 2%)
5. Antiseptic solution (Savlon, Hydrogen Peroxide) အနာ၊ ဒဏ်ရာတို့ကိုဆေးရန် ပိုးသတ်ဆေးရည်၊
6. Bandages ပတ်တီးအရွယ်စုံ (၁ လက္မ၊ ၂ လက္မ၊ ၃ လက္မ၊)၊
7. Blanket စောင်၊
8. Calamine Lotion အယား သက်သာစေသော ဆေးရည်၊
9. Cotton wool ဂွမ်းလိပ်၊
10. Ethyl alcohol ဆေးခန်းသုံး အရက်ပြန်ပုလင်း၊
11. First Aid manual လက်စွဲစာအုပ်၊
12. Flashlight and extra batteries လက်နှိပ်မီး (ဓါတ်ခဲ)၊
13. Forceps ရိုးရိုးဇာဂနာ (ညှပ်)၊
14. Artery Forceps သွေးကြောညှပ် ဇာဂနာ၊ သွေးထွက်နေသည့် ဒဏ်ရာမှသွေးကြောအား ညှပ်ရန်၊
15. Eye/Ear drop and ointment မျက်စဉ်း၊ နားထဲထည့်ဆေးရည်၊
16. Gentian Violet မရမ်းရောင်ဆေးရည်၊ မီးလောင်နာ၊ လျှာနာအတွက် လိမ်းရန်ဆေး၊
17. Handiplast အသင့်ကပ်နိုင်သော ပလာစတာ၊
18. Hot-water bag ရေနွေးအိတ်၊ ခြေလက်များ အေးစက်နေသည့်အခါ၊ အနာအကိုက် သက်သာစေရန်၊
19. Ice-water bag ရေခဲအိတ်၊ အဖျားတက်သည့်အခါ၊ ရုတ်တရက် ဒဏ်ရာရသည့်အခါ သုံးရန်၊
20. Liniment လင်နမင် လိမ်းဆေးရည်၊ အဆစ်၊ အရိုး၊ ကြွက်သားနာခြင်းအတွက်လိမ်းရန်၊
21. Gloves လက်အိပ်၊
22. Safety pins ပင်းချိတ်၊
23. Scissors ကပ်ကြေး၊
24. Soap ဆပ်ပြာ၊
25. Sterile gauze ပိုးသန့်ပြီးသား ပိတ်ကျဲစ၊
26. Thermometer အပူချိန်တိုင်း ပြဒါးတိုင်၊
27. BP apparatus သွေးဖိအားတိုင်းကရိယာ၊
28. Triangular bandage သုံးဒေါင့်ပတ်တီး၊
29. Domestic medicines အိမ်သုံးဆေးများ (ရှေးဦးသူနာပြုစုပေးမည့်သူ၏ ကြွမ်းကျင်မှုကိုလိုက်၍)
30. Essential medicines မရှိမဖြစ်ဆေးများ (ရှေးဦးသူနာပြုစုပေးမည့်သူ၏ ကြွမ်းကျင်မှုကိုလိုက်၍)

A for Airway အသက်ရှူလမ်းကြောင်း စစ်ဆေးခြင်း
• လူနာ၏ အသက်ရှူလမ်းကြောင်း ပိတ်နေ၊ မနေကို စစ်ဆေးပါ။ လူနာကို မာသောကြမ်းပြင်ပေါ်ထားပါ။
• လည်ပင်းကျိုးခြင်း ရှိ၊ မရှိကြည့်ပါ။ လည်ပင်းအား ဆန့်ထုတ်ခြင်း၊ မေးစေ့အား မတင်ခြင်းဖြင့် လူနာ၏
• လျှာသည် အသက်ရှူလမ်းကို ပိတ်မနေအောင် လုပ်ပါ။

B for Breathing အသက်ရှူ၊ မရှူ စစ်ဆေးခြင်း
လူနာသည် အသက်ရှူနေခြင်း ရှိ၊ မရှိကို ပါးစပ်၊ ရင်ဘတ်နှင့် ဝမ်းဗိုက် လှုပ်ရှားမှုကို ကြည့်၍ စစ်ဆေးပါ။ မရှိပါက ချက်ချင်း Mouth-to-mouth နည်းခြင့် အသက်ရှူသွင်းပေးရမည်။

C for Circulation သွေးလှည့်ပတ်မှူစစ်ခြင်း
(နှလုံးအလုပ် လုပ်-မလုပ်စစ်ခြင်။ လည်ပင်းရှိ (ကရောတစ်) သွေးလွှတ်ကြောအား စမ်းပါ။ သွေးခုန်မှုမတွေ့ရပါက (စီ-ပီ-အာရ်) လုပ်ပါ။

D for Defibrillation နှလုံးခုန်စေသည့်စက်အား အသုံးချခြင်း

Mouth-to-Mouth ပါးစပ်မှပါးစပ် လေမှုတ်သွင်းနည်း
• ပါးစပ်၊ အာခေါင်၊ လည်ချောင်းထဲ ပစ္စည်းများ (အမှိုက်၊ အန်ဖတ်၊ အဝတ်စ) ဆို့ ပိတ်နေပါက ဖယ်ရှားပါ။
• လူနာကို ပက်လက်လှန်ထားပါ။ မာသော ကြမ်းပြင်ဖြစ်က ပိုကောင်းသည်။
• လူနာ၏ လည်ပင်းကို ဆန့် လျက် မေးစေ့ကို အထက် (ရှေ့ )သို့  မတင်ပေးပါ။
• လူနာ၏ ပါးစပ်ကို ဖွင့်ထားပါ၊ မိမိက လေတဝကြီး ရှူလိုက်ပြီး၊ လူနာ၏ ပါးစပ်ကို မိမိပါးစပ်နှင့် တေ့ပိတ်လျက် လေသွင်းပေးပါ။
• ပါးစပ် ဖွင့်ရပါက နှာခေါင်းကို မိမိလက်နှင့်ပိတ်ပြီး၊ ပါးစပ်ကနေ လေသွင်းပါ၊ ပဌမဦးစွာ (၂)ကြိမ်လုပ်ပါ။
ထိုသို့ လုပ်ရသည်မှာ အချိန်တစ်စက္ကန့် သာကြာမည်။
• လူနာ၏ အဆုပ်ကို လေဘူဘောင်းကဲ့သို့ အတင်းဖေါင်းသွားအောင် လုပ်ရန်မလိုပါ။
• နှစ်ကြိမ်လုပ်ပြီး ပြန်လည်ရှူလာမည်။ မရှူသေးပါက (စီ-ပီ-အာရ်)လုပ်ပါ။

နှလုံး-အဆုပ် ပြန်လည် အလုပ်လုပ်စေရန် ပြုစုခြင်း အေ-ဘီ-စီ-ဒီ
A for Airway (အေ) အသက်ရှူလမ်းစစ်ဆေးပါ၊
B for Breathing (ဘီ) အသက်ရှူခြင်းရှိ-မရှိစစ်ဆေးပါ၊
C for Circulation (စီ) သွေးလည့်လည်ခြင်းရှိ-မရှိစစ်ဆေးပါ၊
D for Defibrillation (ဒီ) လျပ်စစ်ဓါတ်သုံး နှစ်လုံးခုန်စေသည့်စက်၊

A for Airway အသက်ရှူလမ်းစစ်ဆေးခြင်း
နှာခေါင်း-ပါးစပ်တို့ ပိတ်နေ-မနေစစ်ပါ။ လည်ပင်ရိုး ကျိုးနေ-မနေစစ်ပါ၊ လူနာကို မာသောကြမ်းပြင်ပေါ် တင်ထားပါ၊ သတိလစ်နေသည့် လူနာ၏ လျှာသည် အသက်ရှူလမ်း အာခေါင်ကို ပိတ်နေတတ်သည်၊ ထိုသို့  မပိတ်စေရန် လူနာ၏ လည်ပင်းကို ဆန့် လျက် မေးစေ့ကို အထက်(ရှေ့ )သို့  မ-တင်ပေးထားရမည်။

B for Breathing အသက်ရှူခြင်းရှိ-မရှိစစ်ဆေးခြင်း
အသက်ရှူနေလျင် ရင်ပတ်-ဝမ်းဗိုက် လှုပ်နေမည်၊ နှာခေါင်းက လေထွက်မည်၊ ထွက်လေသည် အပြင်လေထက် အနည်းငယ် ပိုပူသည်။ အသက်မရှူပါက ချက်ချင်း Mouth-to-Mouth ပါးစပ်မှ ပါးစပ် လေမှုတ်သွင်းနည်း လုပ်ပါ။

C for Circulation သွေးလည့်လည်ခြင်းရှိ-မရှိစစ်ဆေးခြင်း
လည်ပင်း ဘေးတဖက်တချက်ရှိ သွေးလွှတ်ကြောအား စမ်းပါ။ (ကရောတစ်-အာထရီ) ဟု ခေါ်သည်။ ၄င်းသည် သွေးခုန်ခြင်း မရှိပါက (စီ-ပီ-အာရ်) လုပ်ပါ။

Cardio-Pulmonary Resuscitation (CPR) နှလုံး-အဆုပ်ပြန်လည်အလုပ်လုပ်စေရန် အရေးပေါ်ပြုစုပေးခြင်း
နှလုံး-အဆုပ်ရုတ်တရက် ရပ်သွားစေတတ်သည့်အကြောင်းများ
၁) Cardiac Arrest နှလုံးခုန်ရပ်သွားခြင်း၊
၂) Cardiac Attack နှလုံးသွေးကြောပိတ်ခြင်း၊
၃) Drowning ရေနစ်ခြင်း၊
၎) Drug Overdose ဆေးအလွန်များသွားခြင်း၊
၅) Poisoning အဆိပ်သင့်ခြင်း၊
၆) Electrocution လျှပ်စစ်ဓါတ်လိုက်ခြင်း၊

• လူနာကို မာသောကြမ်းပြင်ပေါ် ထားပါ၊
• မိမိက လူနာ၏ ဘေးမှာ ဒူးနှစ်ဖက် ထောက်ပြီး ထိုင်ပါ။
• လူနာမှ တင်းကြပ်နေသော အဝတ်အစားများ လျော့ပါ-ဖယ်ပါ။
• မိမိ၏ လက်ဝါး နှစ်ဖက်ကို ထပ်လျက် လူနာ၏ ရင်ပတ် အလယ်တည့်တည့် နို့ အုံနှစ်ဖက်၏ အလယ်၊ ရင်ညွန့် ရိုး အပေါ်မှာ တင်ပါ၊
• မိမိ၏ လက်နှစ်ဖက်ကို ဆန့် တန်းထားပြီး၊ မိမိ၏ ကိုယ်အလေးချိန်ကို မိမိလက်နှစ်ဖက်အပေါ်သို့  ပြောင်းရွှေ့ ကာ၊ မိမိ၏ လက်ပါးနှစ်က လူနာ၏ရင်ပတ်ကို ဖိချပေးရမည်။
• နှစ်လက်မခန့် ကျသွားအောင် ဖိလိုက်ပြီးနောက် လုံးဝကြွလိုက်ရမည်။
• တမိနစ်လျင် အကြိမ် ၁ဝဝ နှုန်းဖြင့် ထိုအတိုင်း ဖိလိုက်-ကြွလိုက် လုပ်ရမည်။
• အကြိမ် ၃ဝ လုပ်ပြီးတိုင်း၊ ပါးစပ်မှလေသွင်းခြင်း (၂)ခါ လုပ်ရမည်။
• ရင်ပတ် ဖိ-ကြွခြင်းနှင့် ပါးစပ်မှလေသွင်းခြင်းကို စုစုပေါင်း (၂)မိနစ် သို့ မဟုတ် (၅)ပါတ် လုပ်ရမည်။

တနှစ်အောက်ကလေးအား (စီ-ပီ-အာရ်) လုပ်နည်း
• အသက်ရှူလမ်း စစ်ဆေးပါ။ ပိတ်နေလျင် ဖွင့်ပါ။
• လေနှစ်ကြိမ် ညင်သာစွာ သွင်းပေးပါ။ ကလေး၏ ပါးစပ်ရော နှာခေါင်းပါ မိမိ၏ ပါးစပ်က ငုံပိတ်လျက် လေသွင်းပါ။
• ကလေး၏ ရင်ပတ်ပေါ် မိမိလက်ဝါးနှစ်ဖက် ထပ်တင်လျက် ကလေးရင်ပတ်၏ သုံးပုံတပုံ ပြားသွားအောင် ဖိပေးပါ။
• တမိနစ်လျင် အကြိမ် ၁ဝဝ နှုန်။ဖြင့် အခါ ၃ဝ လုပ်ပြီးတိုင်း ပါးစပ်မှ လေသွင်းရမည်။
• လူကြီးကဲ့သို့  အကြိမ် ၃ဝ ဖိပြီးတိုင်း၊ လေနှစ်ခါမှုတ်သွင်းပေးရမည်။
• စုစုပေါင်း (၂)မိနစ် သို့ မဟုတ် (၅)ပါတ် လုပ်ရမည်။

Choking (ချုပ်ခ်) ဖြစ်ခြင်း၊ မရှူနိုင်-မမြိုနိုင်ဖြစ်ခြင်း
• မရှူနိုင်-မမြိုနိုင်ဖြစ်နေ-မနေ မေးပါ။
• ရေ စသည် အသောက် မခိုင်းရ၊
• အမေးကို မဖြေနိုင်ဘဲ လက်ဟန် ခြေဟန်နှင့် ပြပါက အရေးကြီးနေပြီ။
• မျက်နှာပြာလာမည်။ အသက် မရှူနိုင်တော့။
• ဝမ်းဗိုက်အား ချောင်းဆိုးတာစေရန် ပြုလုပ်ပေးသည့်နည်းသုံးပါ။
• လျှင်မြန်စွာ ဝမ်းဗိုက်အား အထက်ဆီသို့ တွန်းတင်ပေးခြင်း ဖြစ်သည်။
• လူနာအား ရှေ့သို့ အနည်းငယ် ကိုင်းထားပါ။
• လူနာ၏ နောက်မှနေ၍ မိမိလက်တဖက်အား လက်သီးဆုပ်ပါ။
• အခြားလက်က လက်သီးဆုပ်ထားသည့်လက်၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ပါ။
• ၄င်းလက်များကို လူနာ၏ နံရိုးများ၏အောက်နားတွင် ထားပါ။
• လျှင်မြန်စွာဖြင့် မိမိလက်နှစ်ဖက်အား အထက်နှင့်အတွင်းဖက်သို့ တွန်းတင်လိုက်ပါ။
• လူနာသည် ချောင်းဆိုးထုတ်လိုက်မည်။
• အသက်ပြန်ရှူလာသည်အထိ ထပ်လုပ်ပါ။
လူနာက သတိလစ်နေလျှင် ပက်လက်လဲနေပါစေ။
• လူနာ၏အနီး ဒူးထောက်၍ထိုင်ပါ။
• မိမိ၏ လက်ဖနောင့်အား လူနာ၏ ဝမ်းဗိုက်၊ နံရိုးများအောက်နားတွင် တင်၍ မိမိ၏ နောက်လက် နှစ်ဖက်ကို ထပ်ကာ အတွင်းနှင့် အထက်ဆီသို့ ဖိပေးပါ။
• ၅ ကြိမ် လုပ်ပါ။
• လိုအပ်လျှင် (စီပီအာရ်) လုပ်ပါ။

Bleeding သွေးယိုခြင်း
နှာခေါင်းသွေးယိုခြင်း နှာခေါင်းထဲက သွေးပြန်ကြောလေးတခုခုပေါက်ခြင်း၊ ကြောက်ရန်မလို၊ အိမ်မှာ ကုသနိုင်၊ ဖြစ်စေသည့် အကြောင်းရင်းများ၊ ခြောက်သွေ့ခြင်း၊ နှာခေါင်းကို ဆွဲလိမ်ခြင်း၊ နှာခေါင်းဒဏ်ရာရခြင်း၊ ဆေးဝါး (အက်စ်ပရင်) ကြောင့် နှာခေါင်းထဲ တခုခုဝင်ခြင်း၊ ထိခိုက်မိခြင်း၊ မတည့်ဖြစ်ခြင်း၊ ပိုးဝင်ခြင်း၊ သွေးဖိအား (BP) တက်ခြင်း၊ Atherosclerosis သွေးကြောကျဉ်းရောဂါ၊ သွေးခဲရောဂါ၊ ကိုကိန်းဆေး။

အမျိုးအစားများ
၁။ နှာခေါင်းရှေ့ပိုင်းမှ ယိုခြင်း
နှာခေါင်းအား ပိုင်းထားသည့် အကန့်မှ ယိုသည်၊
နှာခေါင်းအား ထိုးမိ၍ဖြစ်သည်၊
နှာခေါင်း၏ ရှေ့မှ ယိုမည်။
ရပ်နေလျှင်၎င်း၊ ထိုင်နေလျှင်၎င်းယိုမည်၊
ပူသောရာသီ၊ အေးလွန်းသောရာသီ တို့၌ ဖြစ်တတ်သည်။

၂။ နှာခေါင်း နောက်မှယိုခြင်း
နှာခေါင်းနောက်ပိုင်းမှ ထွက်သည်။
နှာခေါင်းနောက်၊ အာခေါင်သို့ ထွက်မည်။
အသက်ကြီး၊ သွေးဖိအား (BP) များသူများ ဖြစ်တတ်၊
ဆိုးဝါးနိုင်သည်။

ကုသရန်
• ထိုင်ပါ၊
• ရှေ့သို့ ကိုင်းထားပါ။
• နှာခေါင်း၏ ပျော့သည့်အပိုင်းအား လက်ချောင်းနှစ်ချောင်းဖြင့် ညှစ်ပါ။
• ဆက်တိုက် ညှစ်ရမည်။
• (၁ဝ) မိနစ်ကြာပါစေ။
• ကလေးဖြစ်ပါက အာရုံ ပြောင်းပေးပါ။
• နှာခေါင်းကို (၂) ရက်တိုင် မထိခိုက်စေရန် သတိပေးပါ။
• နှာခေါင်းအပေါ် ရေခဲတင်ပေးပါ။
• (၁၅) မိနစ်အထိ မရပါက၊ ထိခိုက်မိ၍ယိုခြင်း ဖြစ်ပါက ဆရာဝန်ပြပါ။၊
• ခဏခဏယိုပါက ဆရာဝန်ပြပါ။

သွားဖုံးသွေးယိုခြင်း
ဖြစ်စေသည့် အကြောင်းအရင်းများ
မသန့်ရှင်းခြင်း၊ ထိခိုက်မိခြင်း၊ ရောင်ခြင်း၊ ဗီတာမင် (စီ)၊ ဗီတာမင် (ကေ) နည်းခြင်း၊ အစာ ပူပူစားခြင်း၊ ဓါတုဆေးများကြောင့် ဖြစ်ခြင်း၊ Leukemia ခေါ် သွေးအားနည်းရောဂါ၊ ကိုယ်ဝန်ရှိစဉ်။

ကုသရန်
ရေခဲဖြင့် ဖိပေးပါ။
ဆားထည့်ထားသည့် ရေခပ်နွေးနွေးဖြင့် တနေ့ (၂) ကြိမ် လုပ်ပေးပါ။
မရပါက ဆရာဝန်ပြပါ။
Aspirin အကိုက်အခဲပျောက်ဆေးများ မသောက်ရ၊
ဗီတာမင် စီ သောက်ပါ။
ခဏခဏယိုပါက ဆရာဝန်ပြပါ။

ကာကွယ်ရန်
ဆေးလိပ်မသောက်ရ။ ဆေးမငုံရ၊ ကစီဓါတ်များသည့် အစားအစာ ရှောင်ပါ။ သွားပွတ်တံ မမာစေရ၊ သွားသန့်ရှင်းရေး မှန်မှန်လုပ်ပါ။

သွေး များများယိုထွက်ခြင်း
ပါးစပ်၊ ဒဏ်ရာ၊ အရေပြား၊ အတွင်းပိုင်းရှိ အင်္ဂါများမှ ယိုနိုင်သည်။
ဖြစ်စေသည့်အကြောင်းအရာများ
မတော်တဆဖြစ်ခြင်း၊ ဒဏ်ရာရခြင်း၊ သွားနှုတ်ခြင်း၊ ဆေးကုနေစဉ်ဖြစ်ခြင်း၊ နေမကောင်းစဉ် ဖြစ်ခြင်း၊ Hemophilia, Scurvy, Cancer, Thrombocytopenia, A plastic Anemia, Leukemia, Peptic Ulcer, Platelet Disorder, Liver Disease, Septicemia စသည့်ရောဂါများ၊ လက္ခဏာများ ဒဏ်ရာ၊ အနာတို့မှ သွေးထွက်ခြင်း၊ သွေးခြည်ဥဖြစ်ခြင်း၊ ပါးစပ်၊ နှာခေါင်း၊ စအိုတို့မှ သွေးထွက်ခြင်း၊ ဆီးထဲ သွေးပါခြင်း၊

ကုသရန်
လူနာမကိုင်မီ လက်ကို စဉ်ကြယ်အောင် ဆေးပါ။
လက်အိပ်စွပ်ပါ။
လူနာကို လှဲနေစေပါ။
ခြေရင်းပိုင်း မြှင့်ထားပါ။
သွေးထွက်သည့်နေရာကို ဖြစ်နိုင်ပါက မြှင့်ထားပါ။
မလိုအပ်သော သွေးခဲစသည့် အစိတ်အပိုင်းများ ဖယ်ရှားပါ။
သန့်ရှင်းသော အဝတ်စ၊ ပတ်တီး၊ လက်ဖြင့် သွေးထွက်သည့်နေရာကို (၂ဝ) မိနစ်ခန့် ဖိထားပါ။
အဝတ်စ၊ ပတ်တီးတို့ကို မဖယ်ဘဲ ပလာစတာကပ်ပါ။
သွေးထပ်စိုလာပါစေ ပတ်တီးမဖယ်ပါနှင့်။
လိုအပ်ပါက နောက်ထပ်၍ ပတ်တီး၊ ပလာစတာသုံးပါ။
လိုအပ်ပါက သွေးထွက်စေသော သွေးလွှတ်ကြောအား ဖိအားပေးပါ။ ဥပမာ လက်ဆိုလျှင် ဂျိုင်း၊ လက်မောင်း ခြေထောက်ဆိုလျှင် ပေါင်ခြံ၊ ပေါင်။

ဆရာဝန်ပြရန်
ထိုသို့မှ မရလျှင် နှာခေါင်း၊ နားတို့မှ သွေးယိုလျှင်၊ သွေးအန်လျှင်၊ ချောင်းဆိုးရာ၌ သွေးပါလျှင်၊ အတွင်းဒဏ်ရာ အထက် သွေးခြေဥ ဖြစ်လာလျှင်၊ ဝမ်းဗိုက် တင်းလာလျှင်၊ အရိုးကျိုးလျှင်၊ (ရှော့ခ်) ရလျှင် ဆရာဝန်ပြပါ။

ရှောင်ရန်များ
လွဲသွားသော အင်္ဂါအစိတ်အပိုင်းတွေ့လျှင် မဖယ်ရ၊ မပြင်ရ၊ ဒဏ်ရာကို အဝတ်သန့်သန့်ဖြင့် ဖုံးပေးပါ။ ဒဏ်ရာထဲက ပစ္စည်းများ ဖယ်မပြစ်ရ။

B for Bone အရိုး
Fracture အရိုးကျိုးခြင်း

အမျိုးအစားများ
1. Closed fracture ကျိုးသည့်နေရာသည် ပိတ်နေခြင်း၊
2. Open fracture ကျိုးသည့်နေရာသည် အပြင်သို့ ပွင့်နေခြင်း၊
3. Complicated fractures ကျိုးရုံသာမက အခြားဒဏ်ရာများ ပါနေခြင်း၊
4. Greenstick fracture ကလေးများတွင် ဖြတ်တတ်သော သစ်စိမ်းချိုး ကျိုးခြင်း၊

လက္ခဏာများ
• နာကျင်ခြင်း၊
• လှုပ်ရှားမှုခက်ခြင်း၊
• မလှုပ်နိုင်ခြင်း၊
• ရောင်ခြင်း၊
• သွေးခြည်ဥခြင်း၊
• သွေးထွက်ခြင်း၊
• ဖိလျှင်-ထိလျှင် နာခြင်း၊
• ပုံသဏ္ဌာန် ပြောင်းသွားမည်။

လုပ်ဆောင်ရန်များ
1. သွေးမထွက်ရန်လုပ်ပါ။
2. အနာဆေးထည့်ပါ။
3. အသက်ရှူမှု စစ်ဆေးပါ။
4. လူနာကို နှစ်သိမ့်ပါ။
5. တခြားဒဏ်ရာ ရှိ-မရှိစစ်ဆေးပါ။
6. ကျိုးသည့်အပိုင်းကို မလှုပ်ရှားအောင်လုပ်ပါ။
7. ရေခဲတင်ပေးပါ။
8. နှိပ်မပေးရ။
9. ခြေထောက်-လက် ကျိုးလျှင် ဆန့်ဆွဲမပေးရ၊
10. အထိန်းမပါဘဲ မရွှေ့ရ။
11. အစားအစာ မပေးသေးပါနှင့်။ မေ့ဆေးပေးပြီးကုရလျင် အစားမရှိမှ ကောင်းသည်။
12. ဆရာဝန်ပြပါ။

Open Fracture အရိုးကျိုးခြင်းနှင့်အတူ အနာ(အပေါက်) ဖြစ်ခြင်း၊
အရိုးကို မြင်နေရခြင်း၊ ကျည်ဆံ၊ ဗုံးဆံ ဝင်နေခြင်း၊ ရောဂါပိုးဝင် တတ်၍ ဂရုစိုက် ကုသရမည်။

အဘယ်ကြောင့် ငြိမ်အောင် လုပ်ရသနည်း
• အရိုးကျိုးလျှင် အရိုးကျိုးသည့်နေရာက အရိုး၏ အချွန်များကြောင့် ဘေးမှ (တစ်ရှူး)များ၊ သွေးကြောများ၊ အာရုံကြောများအား မထိခိုက်စေရန်၊ မလှုပ်နိုင်အောင် လုပ်ပေးရသည်။

ငြိမ်အောင်လုပ်ရန် အသုံးပြုနိုင်သည့် ပစ္စည်းများ၊
1. Splints (စပလင့်) ခေါ် သစ်သား၊ ဝါး၊ သံပြား၊ သံချောင်း၊ စာအုပ်၊ ဂျပ်ပြား စသည်။
2. Padding ဂျက်ကက်၊ စောင်၊ သက်ရွက်စသည်။
3. Bandages ပတ်တီး၊ အဝတ်စ၊ စောင်စ။
4. Slings အသိုင်း၊ သုံးထောင့်ပုံပတ်တီး။

ဆောင်ရွက်ရန်များ
• ဒဏ်ရာအခြေအနေကို စစ်ဆေးပါ။
• လေဝင်လမ်းကြောင်း၊ အသက်ရှူပုံ၊
• (ရှော့ခ်) ရှိ-မရှိ၊
• သွေးထွက်-မထွက်
• သတိထားရန်မှာ ကျောရိုး၊ လည်ပင်းရိုးကျိုးသည်ထင်ပါက နေရာက မရွေ့ရ၊
• ကျိုးသည်ထင်သည့်နေရာကို ရှာပါ။
• တင်းကြပ်နေသည့် အဝတ်များ လျှော့ပေးပါ။
• လက်ဝတ် လက်စားများ လိုအပ်လျှင် ချွတ်ပေးပါ။
• အသုံးပြုနိုင်သည့် ပစ္စည်းများရှာပါ။
• အကောင်းဆုံးဖြင့် ကြပ်စည်းပေးပါ။
• စည်းပေးပြီး ၄င်းနေရာ၏အောက်၌ သွေးစီးဆင်းမှုကို စစ်ဆေးပါ။
• လိုအပ်လျှင် တင်းတင်းစည်းထားသည်ကို လျှော့ပေးပါ။
• အရောင်၊ အပူချိန်စစ်ပါ။
• ထုံ နေ-မနေ မေးပါ။
• ပွင့်ထွက်ပြီးကျိုးလျှင် အရိုးကို ပြန်သွင်းဖို့ မကြိုးစားရ။
• အနာကို ဖုံးပေးပါ။
• ပုံသဏ္ဌာန်ပြောင်းသွားသည်ကို ပြန်မပြင်ပါနှင့်။
• ခြေထောက်၏ ဘေးနှစ်ဖက်က ကြပ်စည်းပါ။
• ကျိုးသည့်နေရာ၏ အထက်နှင့် အောက်အထိ ရောက်ပါစေ။
• ငြိမ်အောင် ကျိုးသည့်နေရာ၏ အထက်နှင့်အောက်က စည်းပါ။
• အထုံးသည် အနာပေါ် မထားရ။ လိုအပ်လျှင် အသိုင်းလုပ်ပေးပါ။

Dislocation အဆစ်လွဲခြင်း
• အဆစ်ကို ဖုံးထားသည့် အိတ်ထဲမှ အရိုးက ထွက်သွားခြင်း။
• ပုံသဏ္ဌာန် ပြောင်းမည်။
• အဆစ် အလုပ် မလုပ်နိုင်တော့။
• နာမည်၊ ဖိလျှင် နာမည်။
• လှုပ်မရ၊
• ရောင်မည်။
• အရောင်ပြောင်းမည်။
• အကူအညီ ရှာပါ။
• ပြန်တည့်အောင် မကျိုးစားပါနှင့်၊
• ရေခဲ တင်ပေးပါ။
• အပြင်က အနာရှိက သန့်ရှင်းဆေး ထည့်ပေးပါ။
• အသိုင်း၊ အောက်ခံပြား လုပ်ပေးပါ။
• သွေး ထွက်-မထွက် ကြည့်ပါ။
• အသက်မရှူပါက (စီ၊ ပီ၊ အာရ်) လုပ်ပါ။
• ခြေထောက်ကို မြှောက်ထားပါ။
• စောင်ခြုံပေးပါ။

Anaphylaxis (အနာဖလက်ဆစ်) ခေါ် တခုခုနှင့် မတည့်သည့်အခါ အဆိုးဝါးဆုံးဖြစ်စဉ် Shock (ရှော့ခ်)
• (အနာဖလက်ဆစ်) သည် ရုတ်တရက် ပြင်းပြင်းထန်ထန် (အလာဂျီ) ခေါ် တခုခုနဲ့ မတည့်၍ ဖြစ်လာသော လက္ခဏာများ ခန္ဓာကိုယ်အတွင်း နေရာများစွာ၌ တပြိုင်နက်တည်း ဖြစ်ပေါ်လာခြင်းဖြစ်သည်။
• အချို့တွင် သာမန်မျှ နေမထိထိုင်မသာ ဖြစ်သော်လည်း ဆိုးဝါးလွန်းပါက သေစေနိုင်သည်။
• (အနာဖလက်ဆစ်)သည် ထိုးဆေးကြောင့်၎င်း၊ တခုခု စားမိ၍၄င်း သွေးထဲရောက်သွားလျှင် ဖြစ်နိုင်သည်။
• အရေပြား၊ အဆုပ်၊ နှာခေါင်း၊ သွေး၊ အစာလမ်းကြောင်းထဲတွင် စက္ကန့်ပိုင်းဖြစ်စေ၊ မိနစ်ပိုင်းဖြစ်စေ လက္ခဏာများပေါ်လာသည်။
• အရေပြား၊ ဂျိုင်း၊ ပေါင်ခြံ၊ ပူနွေးလာသည်၊ နီရဲလာသည်။
• စိတ်က စိုးရိမ်လာသည်။
• နှလုံးခုန်နှုန်း မြန်လာသည်။
• လည်ပင်း၊ လျှာ ရောင်သဖြင့် အသံသြလာသည်။
• အမြိုရခက်လာသည်။
• အသက်ရှူရ ခက်လာသည်။
• နှာရည်ယို၊ နှာခြေ၊ ပန်းနာကဲ့သို့ အသက်ရှူကြပ်လာသည်၊
• အန်၊ ပျို့၊ ဗိုက်အောင့်၊ ဆီး-ဝမ်း သွားချင်လာမည်။
• သွေးဖိအားကျမည်။
• သတိလစ်မည်။
• Acute pulmonary edema ခေါ် ရုတ်တရက် အဆုပ်ရောင်ခြင်းကြောင့် သေနိုင်သည်။

ဖြစ်စေသည့်အကြောင်းရင်းများ
1. ဆေးဝါးများ၊
2. တိရစ္ဆာန်၊ လူပရိုတင်းများ၊
3. တာရှည်ခံစေရန် သုံးဆောင်သည့် ဆေးများ၊
4. ရုပ်ပိုင်း ထိတွေ့မှုများ၊

Anaphylaxis (အနာဖလက်ဆစ်) နှင့် မှားနိုင်သော ရောဂါများ
Fainting ခေါ် သတိလက်လွတ်ဖြစ်ခြင်း၊ သို့သော် သွေးလုန်နှုန်းနှေးမည်။ အေးစက်နေမည်။ ဖြူဖတ် ဖြူရော် ဖြစ်နေမည်။ အသက်ရှူ မကြပ်။

ကုသနည်း
1. Epinephrine (Adrenaline) ထိုးပေးပါက သက်သာသွားမည်။ ၄င်းသည် သွေးလွှတ်ကြောအား ကျဉ်းစေသည်။ အရည်ထွက်ခြင်းကို တားသည်။ အသက်ရှူပြွန်ကျယ်စေသည်။ Epinephrine ကို တင်ပါး၊ လက်အောင်း၊ ပေါင်၌ ချက်ချင်းထိုးပေးပါ။ ထိုးသည့်နေရာအား ပွတ်ပေးပါ။ အဝတ် အစားချွတ်ရန် ကြာနေမည်ဆိုပါက အဝတ်ပါးပါးပေါ်မှ (သန့်ရှင်းလျှင်) ဆေးထိုးအပ်စိုက် ထိုးနိုင်သည်။ Epinephrine သည် နှလုံးခုန်ပြန်မည်။ နှလုံးရောဂါ အကြီးအကျယ် မရှိပါက ပေးနိုင်သည်။
Adult လူကြီး၊ ၁၂ နှစ်အထက်၊ 0.3 ml;
Children ကလေး 6 to 12 years 0.2 ml
Children ကလေး 2 to 6 years 0.15 ml;
Children ကလေး 1 to 2 years 0.05 ml to 0.1 ml;
2. ၁ဝ % သော လူနာတို့၌ ၄-၁၂ နာရီအကြာ ပြန်ဖြစ်မည်။ သို့မဟုတ် ရောဂါလက္ခဏာများ ကျန်ကာ ပြန်ဖြစ်မည်။ ၁ဝ-၁၅ မိနစ်အထိ ဆက်ဖြစ်နေပါက နောက်ထပ် ထပ်ထိုးပါ။
3. အောက်ဆီဂျင်ပေးရန် လိုချင် လိုမည်။
4. သွေးကြောထဲ Drip သွင်းထားခြင်းတို့ လိုအပ်နိုင်သည်။
5. (အလာဂျီ) ကြောင့်ဖြစ်ပါက Antihistamine injection (အင်တီဟစ်တမင်း) ထိုးပေးနိုင်သည်။
6. Corticosteroids (ကော်တီကိုစတီရွိုက်) တို့လည်း လိုနိုင်သည်။
7. အဆိပ်ပါသည့်အကောင် အကိုက်ခံရပါက ၄င်းနေရာ၏ အထက်၌ ကြိုးစည်းပေးပါ။ (၁ဝ) မိနစ် တခါ ဖြည်ပေးပါ။
8. လူနာသည် သတိကောင်းပါက ခြေထောက်မြှောက်၍ အိပ်လျက်ထားပါ။
9. အသက်ရှူရပ်ပါက အရေးပေါ် အသက်ရှူစေရန် လုပ်ပေးသည့်နည်း CPR ကိုလုပ်ပါ။

Acute pulmonary edema ခေါ် ရုတ်တရက် အဆုပ်ရောင်ခြင်း
အပြင်းအထန် အသက်ရှူကြပ်ခြင်း၊ ရေနစ်သလို ခံစားရခြင်း၊ အသက်ရှူမဝဖြစ်ကာ ရွှီ-ရွှီအသံ ထွက်ခြင်း၊ စိုးရိမ်-ကြောက်လန့်- ဂနာမငြိမ်ဖြစ်ခြင်း၊ ချောင်းဆိုးရာ၌ အမြှုပ်နှင့် သွေးတို့ ပါလာခြင်း၊ ချွေးအလွန်ထွက်ခြင်း၊ အရေပြား ဖြူရော်ရော် ဖြစ်လာခြင်း၊ ရတ်ဘတ်နာခြင်း၊

ကုသနည်း
Injection Furosemide (Lasix) သည် ကိုယ်ထဲမှ အရည်များကို လျှင်မြန်စွာ ထုတ်ပြစ်သောကြောင့် အဆုပ်ရောင်ခြင်းကို သက်သာစေသည်။ ဝ.၅ မှ ၁ မီလီဂရမ်အား အသား သို့မဟုတ် အကြောထဲ ထိုးပေးရမည်။ ၂ နာရီ ၃ နာရီခြား ထပ်ပေးဖို့ လိုနိုင်သည်။

Burns မီးလောင်ခံရခြင်း
အပူရည်၊ ဆီပူ၊ အပူငွေ့၊ မီး၊ လျှပ်စစ်၊ ဓါတ်ရောင်ခြည်၊ ဓာတုပစ္စည်းများ၊ ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့် ၃ မျိုးခွဲထားသည်။ တစ်ရှူးအား မည်မျှ ထိခိုက်သနည်း စစ်ဆေးပါ။
လက်၊ မျက်နှာ၊ တင်ပါးဆုံဝန်းကျင်၊ အဆစ်တို့၌ ဖြစ်ပါက အရေးကြီးသည်။

First-degree burns ပထမအဆင့်
အပေါ်ယံဖြစ်၊ ရောင်မည်။ နီမည်။ နာမည်။ အရည်ကြည်အဖု blisters မထွက်၊ နေရာအား ဖိကြည့်ပါက ဖြူသွားမည်။ ၃-၆ ရက်အတွင်း ပျောက်မည်။ ကုသရန် အပူလောင်စေသည့်အရာက ဖယ်ထုတ်ပါ။ မီးလောင်နေသည့် အဝတ်များ ဖယ်ပြစ်ပါ။ ရေအေးအေးလောင်းပေးပါ။ ခပ်ဖေါ့ဖေါ့ သန့်ရှင်းပေးပါ။ ခြောက်သွားအောင် လုပ်ပါ။ ပိုးသန့်ဆေး တမျိုးမျိုးထည့်ပါ။ ပိုးသန့်ထားသည့် ပတ်တီးစည်းပေးပါ။ မေးခိုင်ကာကွယ်ဆေး ထိုးပါ။

Second-degree burns ဒုတိယအဆင့်
အရေပြားအပေါ်ယံမက ထိခိုင်သည်။ ရောင်မည်။ နီမည်။ ထိုလိုက်ပါက ဖြူသွားမည်။ အရည်ကြည်အဖု blisters ထွက်မည်။ အနာရွတ် ကျန်ရစ်မည်။ အဆစ်၌ဖြစ်ပါက မလှုပ်နိုင်ဖြစ်မည်။ အရည်-ဆားဓာတ် နည်းမည်။ ပျောက်ချိန် ကြာမည်။ သန့်ရှင်းပေးပါ။ ညင်ညင်သာသာခြောက်သွေ့ပေးပါ။ ပိုးသန့်ဆေး လိမ်းပါ။ လူနာကို လှဲနေစေပါ။ ဖြစ်သည့်နေရာကို အထက်မြှင့်ထားပါ။ အရေပြား အစားထိုးရနိုင်သည်။ အဆစ် လှုပ်ရှားမှုအတွက် Physiotherapy လိုနိုင်သည်။ အဆစ် မလှုပ်စေရန် ကြပ်စည်းရန် လိုနိုင်သည်။ ဆေးရုံတင်ရနိုင်သည်။

Third-degree burns တတိယအဆင့်
အရေပြားတလွှားလုံး (၃ ထပ်) ထိခိုက်မည်။ ချွေးထွက်အိတ်များ၊ ဆံပင်မွှေးများ ပျက်စီးမည်။ အာရုံကြောများ ပျက်စီးသွား၍ နာမည် မဟုတ်။ ဖိကြည့်ပါက ဖြူသွားမည် မဟုတ်။ အရည်ကြည်အဖု blisters မထွက်။ ရောင်မည်။ သားရေပြားလို ဖြစ်သွားမည်။ အရောင်ပြောင်းမည်။ အနာရွတ် ကျန်ရစ်မည်။ သွေးအသွားအလာ ပျက်စီးမည်။ အရည်-ဆားဓါတ် နည်းမည်။ (ရှော့ခ်) ရနိုင်သည်။ ပုံသဏ္ဍာန် ပျက်စီးသွားမည်။ လူကြီးဆိုပါက ၆ဝ % ဖြစ်လျှင် သေနိုင်သည်။

ကုသရန်
ရေအေး လောင်းပေးရန်၊ ဆေးရုံတင်ရန်၊ ရေ-ဆား နည်းသည်ကို သွေးကြောမှ သွင်းရန်၊ အောက်ဆီဂျင်ပေးရန်၊ ခွဲစိတ်ပြုပြင်ရန် လိုနိုင်၊ အာဟာရဓါတ်ဖြည့်ရန်၊ စောင့်ကြည့်ရန်၊ စိတ်ပိုင်းကုသမှု လုပ်ပေးရန်။ ထိခိုက်မိ၍ ဒဏ်ရာရခြင်းများ အရေပြားအား သာမန်ရှခြင်း၊ ကုတ်မိခြင်း၊ ကုသရန် မလိုနိုင်။ ပိုးမဝင်အောင် လုပ်ပေးရမည်။ အနာကို ရေသန့်သန့်ဖြင့် သန့်ရှင်းပေးပါ။ ဆပ်ပြာကို အမြဲသုံးရန် မလို။ သွေးယိုနေပါက ဖိပေးပါ။ ၁ဝ မိနစ် အတွင်း ရပ်မည်။ အနာထဲဝင်နေသည့် ပစ္စည်းများ ဂရုတစိုက် ရှင်းထုတ်ပါ။ အနာထဲ နက်ဝင်နေသည့် ပစ္စည်းများကို ကြိုးစား၍ ဖယ်မပြစ်ရ။ ပတ်တီးစီးရမည်။ ဆေးကို နေ့တိုင်း ထည့်ရမည်။ အနာက အထဲနက်ပါက သွေးပိုထွက်မည်။ အရေပြားအောက်ထိ ထိခိုက်မည်။ ချုပ်ပေးရန် လိုနိုင်သည်။ မေးခိုင်ကာကွယ်ဆေး ထိုးရန်လိုသည်။ ပြည်တည်နိုင်သည်။ ဖျားနိုင်သည်။

ချုပ်ပေးရန်လိုသော ဒဏ်ရာများ
• ဒဏ်ရာကျယ်ပါက၊
• သွေးထွက်များပါက၊
• အနာရွတ် မကြီးစေလိုပါက၊
• မြန်မြန်ကျက်စေလိုပါက ချုပ်ပေးရန်လိုသည်။
• တိရစ္ဆာန်၊ လူ ကိုက်ခံရပါက အနာကို ချက်ချင်းမချုပ်ရ၊ ညစ်ပေနေသော အနာ-ဒဏ်ရာကိုလည်း ချက်ချင်း မချုပ်ရ၊ အနာကောင်းစွာကျက်ပြီးနောက် အနာသစ်လုပ်လာ ချုပ်ပေးနိုင်သည်။
• အထဲသို့ စူးဝင်သော ဒဏ်ရာများအား မေးခိုင်ရောဂါ ကာကွယ်ဆေး ထိုးပေးရမည်။

FAINTING (ဖိန့်) ခေါ် (အတက်ရောဂါ မဟုတ်ဘဲ) ရုတ်တရက် သတိလစ်သွားခြင်း
• ဦးနှောက်သို့ သွေးမရောက်သည့်အခါမျိုးတွင် ဖြစ်သည်။
• ခဏသာ ဖြစ်သည်။ ပြန်သက်သာသွားမည်။
• စိတ်လှုပ်ရှားမှု၊ စိုးရိမ်ခြင်း၊ ပူပန်ဖြင်း၊ ဒေါသကြီးခြင်း၊ အပြင်းအထန် နာကျင်ခြင်း၊ အစား မစားမိခြင်း၊ အကြာကြီး မတ်တပ်ရပ် နေရခြင်း၊ ဆေးဝါးများကြောင့် ဖြစ်ခြင်း၊ ဆီးချိုရောဂါဖြစ်ခြင်း၊ သွေးတိုးခြင်း၊ ရုတ်တရက် သတိလစ်သွားခြင်းကြောင့်ဖြစ်တတ်သည်။
• မဖြစ်မီ ပျို့-အန်-မူးဝေခြင်း ဖြစ်တတ်သည်။
• မျက်စိပြာ သွားတတ်သည်။
• ချွေးပြန်မည်။
• နှလုံးခုန်မြန်မည်။
• ရင်တုန်မည်။
• လူနာကို ဒူးနှစ်လုံးကြား ခေါင်းထား၍ ထိုင်ခိုင်းပါ။
• ပက်လက်လှဲ နေခိုင်းပါ။
• အသက်ရှူလမ်း စစ်ဆေးပါ။
• အဝတ်အစားများ တင်းကြပ် မနေစေရ။
• ခြေထောက်ပိုင်းကို မြှင့်ထားပေးပါ။
• လက်ကောက်ဝတ် သွေးခုန်နေခြင်းကို စမ်းကြည့်ပါ။
• အသက် မရှူ-သွေးမခုန်ပါက ချက်ချင်း (စီပီအာရ်) လုပ်ပေးပါ။

FEVER အဖျားလက္ခဏာ
• 37 C or 98.6 F ပုံမှန် ကိုယ်အပူချိန်၊
• 98.8 F to 101F သာမန်အဖျား၊
• 101 F to 103 F အလတ်စား အဖျား၊
• 104 F and above အပြင်းဖျား။
• အဖျားသည် ရောဂါမဟုတ်၊ လက္ခဏာသာ ဖြစ်သည်။
• ဖျားရခြင်းအကြောင်း ရောဂါရှိမည်။
• ရာသီဥတု ပူလွန်းခြင်း၊ ကလေးများအား ကာကွယ်ဆေးထိုးခြင်း၊ ဗက်တီးရီးယား သို့မဟုတ် ဗိုင်းရပ်စ် ပိုးဝင်ခြင်း၊ နေပူထဲ အကြာကြီးနေခြင်း၊ (အလာဂျီ) ခေါ် တခုခုနှင့်မတည့်ခြင်း။
• မျက်နှာ နီမြန်းလာသည်။
• အစားပျက်သည်။
• ပျို့-အန်ချင်မည်။
• ခေါင်း-ကိုယ်-လက် ကိုက်ခဲမည်။
• ဝမ်းပျက်နိုင်သည်။
• စိတ် ဂရောင်ခြောက်ခြား ဖြစ်နိုင်သည်။
• တက်နိုင်သည်။
• အပူချိန်တိုင်းပါ။
• အဝတ်အစား အပိုများ ဖယ်ပြစ်ပါ။
• အေးသောနေရာထားပါ။
• ရေအေး-ရေခဲ တင်ပေးပါ။
• ရေ-အရည် များများတိုက်ပါ။
• အဖျားကျဆေး Acetaminophen/Paracetamol တိုက်ပါ။ Aspirin ကို မတိုက်ရ။
• ချမ်းမနေပါက စောင်မခြုံရ။

Gastric problems အစာအိမ် ပြဿနာ
• အစာအိမ် သို့မဟုတ် အစာမြိုပြွန်က ဖြစ်ရသည်။
• ယင်းတို့တွင် အတွင်းက ဖုံးထားသည့်အလွှာမှ စစ်ထုတ်ရည်များ ပို၍ထွက်ကာ အာရုံကြောများအား ထိခိုက်၍ နာခြင်း။ မအီမသာဖြစ်ခြင်းတို့ ဖြစ်လာသည်။
• ရက်တိုတိုအတွင်း ဖြစ်ခြင်းနှင့် နာတာရှည်ဖြစ်ခြင်း ၂ မျိုးရှိသည်။
• စိတ်-ရုပ် ဖိအား-တင်းအားများ၍၄င်း၊ အက်စစ်များသည့် အစာစား၍၄င်း၊ အရက်၊ ဆေးလိပ်၊ ဆေးဝါးတချို့ကြောင့်၎င်း ဖြစ်တတ်သည်။
• ဖြစ်လျှင်နာမည်၊ အောင့်မည်၊ ပျို့-အန်မည်၊ ဝမ်းပျက်မည်။ အစားပျက်မည်။
• ထို့ကြောင့် အစားကို မအိပ်မီ အများကြီး မစားရ။ အပူ၊ အစပ်၊ အဆီ လျှော့စားပါ။

Gastroenteritis (GE) အစာအိမ်လမ်းကြောင်း (အစာအိမ်-အူသိမ်) ရောင်ခြင်း
• အရွယ်မရွေး၊ အချိန်မရွေး ဝမ်းပျက်ခြင်း၊
• ကလေးဖြစ်ပါက ပိုဆိုးသည်။
• အစားအစာထဲ (ဗက်တီးရီးယား-ဗိုင်းရပ်စ်) ပါ၍ ဖြစ်ရသည်။
• အစားအစာ အမျိုးအစား ပြောင်းလျှင်လဲ ဖြစ်တတ်တသည်။
• စိတ်ဖိစီးမှုများ၍လည်း ဖြစ်တတ်သည်။
• ဆေးဝါးကြောင့်လဲ ဖြစ်တတ်သည်။
• ပျို့-အန်နိုင်သည်။
• ကြွက်သားတွေ နာတတ်သည်။
• ရေ-ဆား နဲမည်။
• အားယုတ်မည်။
• အနည်းငယ် ဖျားမည်။
• ချမ်းတတ်သေးသည်။
• ဖြစ်လျှင် အနားယူပါ။
• ရေ-အရည် များများသောက်ပါ။
• ကျေလွယ်သောအစားကို စားပါ။
• နွားနို့နှင့် နို့ထွက်အစားများ ရှောင်ပါ။
• ဓါတ်ဆားရေတိုက်ပါ။
• Acetaminophen, Aspirin မတိုက်ရ။

Insect Bites and Stings အင်းဆက်-အဆိပ်ပါသည့်အကောင် ကိုက်ခြင်း
• အင်းဆက်-အဆိပ်ပါသည့်အကောင်ကိုက်ခြင်းတွင် သာမန်အားဖြင့် မဆိုးပါ။
• ဆိုးလျှင် (ရှော့ခ်) ရတတ်သည်။
• နာမည်၊ ယားမည်။ နီမြန်းမည်။ ရောင်မည်။ ထုံမည်။ ပူလောင်မည်။ ကျင်မည်။ အသက်ရှူခက်မည်။ အားယုတ်မည်။
• ဖြစ်နိုင်လျှင် အဆိပ်ပါသည့် အစွယ်ကို နှုတ်ပြစ်ပါ။
• နေရာကို ဆပ်ပြာရေဖြင့် ဆေးကျောပါ။
• ရေခဲ တင်ပေးပါ။
• အယား သက်သာစေသည့်ဆေး (ကာလမင်း) ဆေးရည် လိမ်းပေးပါ။
• (အင်တီဟစ်တမင်း) ဆေးပေးပါ။
• လူနာကို နှစ်သိမ့်ပေးပါ။
• အသက်ရှူမှု စစ်ဆေးပါ။
• အဝတ်အစားများ တင်းကြပ်မနေစေရာ။
• လိုအပ်လျှင် (စီ၊ ပီ၊ အာရ်) လုပ်ပါ။
• (ရှော့ခ်) ဖြစ်လျှင်ကုပါ။

Head Injury ဦးခေါင်းဒဏ်ရာရခြင်း
• ဦးခေါင်း၏ အရိုးခွံနှင့် ဦးနှောက်ကို ထိခိုက်နိုင်သည်။
• သာမန်အဆင့်မှ ဆိုးဝါးသည့်အဆင့်ထိ ဖြစ်နိုင်သည်။
• ပွင့်ထွက်သည့်ဒဏ်ရာ သို့မဟုတ် ပိတ်နေသည့် ဒဏ်ရာ ၂ မျိုး ရှိသည်။
• ချွန်ထက်သည့်လက်နက် သို့မဟုတ် တုံးသည့်ပစ္စည်း၊ လက်နက်ကြောင့် ဖြစ်ရသည်။
• ခဏ သို့မဟုတ် အကြာကြီး သတိမေ့ခြင်း (Coma)၊
• သွေးယိုခြင်း၊
• အန်ခြင်း၊
• နှာခေါင်းထဲက အရည်-သွေးထွက်ခြင်း၊
• မျက်စိအမြင်-နားအကြား၊ လျှာအရသာ ထိခိုက်ခြင်း၊
• နှလုံးခုန် မမှန်ခြင်း၊
• တက်ခြင်း၊
• ခြေ-လက်-ကိုယ် မလှုပ်နိုင်တော့ခြင်း၊ လေဖြတ်ခြင်း၊
• စိတ်အနေအထား မမှန်ခြင်း၊
• ထိခိုက်ဒဏ်ရာအား ရေခဲတင်ပါ။
• အရွယ်အစားသည် ထိခိုက်မှုနှင့် တူချင်မှတူမည်ကို သတိထားပါ။
• သွေးထွက်ခြင်း ရှိ၊ မရှိ စစ်ဆေးပါ။ သွေးထွက်လျှင် ဖိထားပေးပါ။
• နှလုံးခုန်မှု-အသက်ရှူမှုကို စစ်ဆေးပါ။
• လိုအပ်ပါက (စီပီအာရ်) လုပ်ပါ။
• အန်နေလျှင်၊ သတိလစ်နေလျှင် ကိုယ်တဖက်စောင်းထားပေးပါ။
• မအန်ပါက လူနာကို တည့်တည့်အနေအထား အိပ်ပါစေ။
• လူနာကို မလှုပ်ရှားစေရ။
• ရုတ်တရက် (ဟဲလမက်) မချွတ်ရ၊
• ကလေးကို ရုတ်တရက် ကောက်မချီရ၊
• အရက်-မူးစေသည့်ဆေး မပေးရ။
• ခေါင်းအုန်း မြင့်မြင့်နှင့် အိပ်ပါစေ။
• ၂၄ နာရီ စောင့်ကြည့်ရမည်။ အန်သလား၊ သတိမကောင်းဖြစ်သလား၊ နား၊ နှာခေါင်းထဲက သွေးယိုသလား၊ တက်သလား။

Poisoning အဆိပ်သင့်ခြင်း
• အဆိပ်အမျိုးမျိုးရှိသည်။ စားဆေး-ထိုးဆေး၊ အစားအစာ၊ ဓါတ်ငွေ့။
• လူနာသည် အကြောင်းမရှိ နေမကောင်းလျှင်လဲ သံသယရှိပါ။
• ဆေးဝါး လွန်လျှင်လဲ ဖြစ်တတ်သည်။
• အလုပ်စခန်းကလဲ ဖြစ်တတ်သည်။
• (အင်းဆက်) ကောင်မှလဲ ဖြစ်နိုင်သည်။
• နှုတ်ခမ်းပြာခြင်း၊
• အရေပြားတွင် အနီပြင်-အဖု-အပိန့်ထွက်ခြင်း၊
• အသက်ရှူခက်ခြင်း၊
• ဝမ်းပျက်ခြင်း၊
• ပျို့-အန်ခြင်း၊
• ကိုယ်ပူခြင်း၊
• ခေါင်းကိုက်ခြင်း၊
• မူးဝေခြင်း၊ ငိုက်ခြင်း၊
• မျက်စိက ၂ ခု မြင်ခြင်း၊
• ရတ်ဘတ်-ဝမ်းဗိုက်နာခြင်း၊
• ဂနာမငြိမ်ဖြစ်ခြင်း၊
• ကြွက်သား လှုပ်ခြင်း၊
• တက်ခြင်း၊
• အားယုတ်ခြင်း၊
• သတိမေ့ခြင်း၊
• ဘယ်အဆိပ်ဆိုသည်ကို စူးစမ်းပါ။
• ဝမ်းဗိုက်ထဲဝင်သည့် အဆိပ်ကို ထုတ်ပြစ်ရန် တမင်တကာ အန်အောင်လုပ်ပါ။
• အန်ဖတ်များ အရေပြားပေါ်ကျလျှင် ဆေးပစ်ပါ။
• တက်နေလျှင် ဒဏ်ရာ ထပ်မရအောင် လုပ်ပေးပါ။
• လေကောင်းလေသန့် ဝင်အောင်လုပ်ပါ။
• မိမိက လေကို တကြီး ရှူပြီးမှ အဆိပ်ငွေ့သင့်သူမား ကယ်ထုတ်ပါ။
• မီးခြစ် မသုံးရ။
• လိုအပ်လျှင် (စီပီအာရ်) လုပ်ပါ။
• သတိလစ်နေသူကို ပါးစပ်က မပေးရ။
• နည်းမသိဘဲ တမင်တကာ အန်အောင် မလုပ်ရ။
• ရေနံ၊ ဓါတ်ဆီ သောက်သူများကို အန်အောင် မလုပ်ရ။ ကြက်ဥအကာပေးနိုင်သည်။
• ဆေးပြားသောက်သူများအား အန်အောင်လုပ်။ အစာအိမ်ဆေး ပေးရမည်။
• ပိုးသတ်ဆေး (မာလာသေယွန်)၊ (အင်ဒရင်း) သောက်သူများအား (Atropine) ထိုးဆေး များများ ပေးရသည်။
• မြွေကိုက်လျှင် မြွေအမျိုးအစားအလိုက် မြွေဆိပ်ဖြေဆေး ပေးရမည်။

Electric shock လျှပ်စစ်ဓါတ်လိုက်ခြင်း
• လျှပ်စစ်ဓါတ်လိုက်ခြင်းဖြစ်လျှင် လဲကျမည်။
• လူနာကို တိုက်ရိုက်ဆွဲထုတ်ဖို့ မကြိုးစားရ။
• မီးခလုပ် ပိတ်ပါ။ လျှပ်စစ် မလိုက်နိုင်သော တုတ် စသည်ဖြင့် ဖယ်ရှားဖြစ်ပါ။
• လူနာကို စစ်ဆေးပါ။ အသက်ရှူခြင်း၊ သွေးခုန်ခြင်း၊
• လိုအပ်ပါက (စီပီအာရ်) လုပ်ပါ။
• ကြွက်သားတွေ ဆွဲဆန့်ခံရမည်။
• တက်မည်၊
• ရေ-ဆား ခန်းခြောက်မည်။
• အပူလောင်ခံရမည်။
• ကျိုးပဲ့မည်၊
• သွေးခဲသွားမည်။
• (တစ်ရှူး)များ ပျက်စီးမည်။
• အသက်ရှူ-နှလုံးခုန်-ကျောက်ကပ် ထိခိုက်မည်။
• မီးလောင်နာကို ကုပေးပါ။

Dr. တင့်ဆွေ
ဆက်ဖတ်ရန်>>

အစားအစာ ဘယ်လိုတွဲစားသင့်သလဲ....

 

Food combination အစားအစာ ဘယ်လို တွဲစားသင့်ပါသလဲ

အစားအစာ အမျိုးအစားတွေဖြစ်တဲ့ Carbohydrate (ကာဗွန်ဟိုက်ဒရိတ်)၊ Protein (ပရိုတင်း) နဲ့ Fats (အဆီ) တွေဟာ အစာချေဘို့ရာ သူ့လိုအပ်ချက်နဲ့သူ မတူကြဘူး။ ကိုယ်ခန္ဓာက အစာအမျိုးမျိုးကို (အယ်လ်ကာလိုင်း) အခြေအနေ နဲ့ အက်စစ်ဓါတ် အခြေအနေတွေမှာ ကျေချက်ပေးရတယ်။

Digestion အစာကျေချက်ခြင်းဆိုတာ အစာလမ်းကြောင်းကနေ ထုတ်ပေးနေတဲ့ Juices စစ်ထုတ်ရည်တွေနဲ့ Enzymes (အင်ဇိုင်းမ်) တွေကနေ လုပ်ပေးတာဖြစ်တယ်။ စစ်ထုတ်ရည်တွေက လိုအပ်တဲ့ (အင်ဇိုင်းမ်) တွေအပေါ်မူတည်ပြီး အက်စစ်ဓါတ် ဖြစ်ချင်ဖြစ်မယ်၊ (အယ်လ်ကာလိုင်း) ဓါတ် ဖြစ်ချင်ဖြစ်မယ်။ ဒီလို အခြေအနေမှန်အတိုင်း ရှိမှသာ အစာကျေချက်လို့ ကောင်းတယ်။

အစာက ပါးစပ်ထဲကို အရင်ဆုံး ရောက်လာတယ်။ ဆန်၊ ဂျုံ၊ ပြောင်း (ကာဗွန်ဟိုက်ဒရိတ်) စားလိုက်ရင် တံတွေးထဲက Amylase (အမိုင်းလေ့စ်) ခေါ်တဲ့ Salivary enzyme (ဆလိုက်ဘရီ-အင်ဇိုင်းမ်) ထွက်လာတယ်။ (အမိုင်းလေ့စ်) ဟာ (အယ်လ်ကာလိုင်း) အခြေအနေ ဖြစ်နေမှသာ အလုပ်လုပ်နိုင်တယ်။ Pepsin (ပက်ပ်ဆင်) ခေါ်တဲ့ Gastric enzyme အစာအိမ် (အင်ဇိုင်းမ်) ဟာ အသား၊ ငါး၊ ဥ၊ ပဲ၊ Protein (ပရိုတင်း) စားလိုက်ရင် ထွက်လာတယ်။ သူက (အက်စစ်) ဓါတ် အခြေအနေမှာသာ အလုပ်လုပ်ပေးနိုင်တယ်။

ခက်တာက လူတွေဟာ အစားစားရင် အစုံရောစားကြတာမို့ ကိုယ်ခန္ဓာကနေ စစ်ထုတ်ရည်တွေနဲ့ (အင်ဇိုင်းမ်) တွေကို မျိုးစုံ တပြိုင်တည်း ထုတ်ပေးနေရတယ်။ အစာအမျိုးအစား တူတာတွဲစားရင် ကျေချက်လို့ လွယ်ပြီး၊ ရောစားတဲ့အစာက အတွဲမမှန်ရင် Digestive distress အစာမကျေတာ၊ Fermentation အစာတွေ ကစော်ပေါက်တာ ဖြစ်စေမယ်။ ဒါဆို ဘယ်လို ရောစားမလဲ -

1. Protein and carbohydrate concentrated foods (ပရိုတင်း) များတဲ့အစာ နဲ့ (ကာဗွန်ဟိုက်ဒရိတ်) များတဲ့ အစာတွေ တွဲစားရင်
(ပရိုတင်း) က အက်စစ်ဓါတ်လိုတယ်။ အစာအိမ်ကနေ Hydrochloric acid (ဟိုက်ဒရို-ကလောရစ်-အက်စစ်) ထုတ်ပေးရတယ်။ (ကာဗွန်ဟိုက်ဒရိတ်) က (အယ်လ်ကာလိုင်း) ဖြစ်ဘို့ လိုတယ်။ မဆင်မပြေရင် (ကာဗွန်ဟိုက်ဒရိတ်) က Fermenting ကစော်ပေါက်တာ ဖြစ်မယ်၊ အစာမကျေ ဖြစ်မယ်၊ လေပွမယ်။ ဒါ့ပြင် (ပရိုတင်း) ကို လိုသလောက်ချက် မပေးနိုင်ပြန်လို့ လေပိုထမယ်၊ ပိုအနေရခက်မယ်။ (ပရိုတင်း) အများစုကို လတ်ဆတ်တဲ့ စိမ်းတဲ့ အသီးအရွက်တွေနဲ့ တွဲစားတာ ကောင်းတယ်။ Nuts အစေ့အဆံတွေကိုလဲ Acid fruits အက်စစ်ဓါတ်ပါ အသီးတွေဖြစ်တဲ့ လိမ်မော်သီး၊ နာနတ်သီး၊ ဘယ်ရီသီး၊ စထောဘယ်ရီသီးတွေနဲ့ တွဲစားသင့်တယ်။ Sub-acid fruits အက်စစ်ဓါတ်နဲနဲပါ အသီးတွေ ဖြစ်တဲ့ ပန်းသီး၊ ချယ်ရီသီး၊ သရက်သီး၊ သစ်တော့်သီးတွေနဲ့လဲ အတော်အသင့် ကောင်းပါတယ်။ ဗီတာမင် (စီ) လဲရမယ်။

2. Eating two concentrated proteins together (ပရိုတင်း) ကြွယ်ဝတဲ့အစာ ၂ မျိုးတွဲစားရင်
(ပရိုတင်း) အမျိုးမျိုးဟာ အစာခြေရည် နဲ့ အချိန်လိုအပ်ချက်၊ သူ့လိုအပ်ချက်နဲ့သူ ရှိတယ်။ (ပရိုတင်း) ၂ မျိုး တွဲစားလို့ မတူရင် ခက်မယ်။ အစေ့အဆံ၊ အသား၊ ဥ၊ ဒိန်ခဲ နဲ့ တခြား (ပရိုတင်း) တွေ တွဲမစားတာ ကောင်းတယ်။ မတူတဲ့ အသားနှစ်မျိုးလဲ တွဲမစားသင့်ဘူး။

3. Protein and Fats (ပရိုတင်း) နဲ့ အဆီ
အဆီကနေ (ပရိုတင်း) အတွက်လိုအပ်တဲ့ Gastric juices အစာအိမ်အရည် ထုတ်မှာကို နှေးစေတယ်။ ဒါကြောင့် အသား၊ ငါး၊ နို့ထွက်အစားတွေ၊ အစေ့အဆံတွေ၊ ဥတွေနဲ့ အဆီတွဲတာ မကောင်းဘူး။ တွဲစားရင် (ပရိုတင်း) တွေကျေချက်ပြီးမှ အဆီကို ချက်ရတယ်။ (ပရိုတင်း) ထဲပါနေတဲ့ အဆီကိုလဲ အဲလိုဘဲ။ ဒါပေမဲ့ Free fats အလွတ်ဆီ ခေါ်တဲ့ စားသုံးဆီ၊ ထောပတ် နဲ့ နို့ကရတဲ့အဆီတွေက အစာအိမ်နံရံ အတွင်းဆုံးလွှာမှာ ဖုံးနေတာမို့ အစာချေရည်ထွက်တာကို ဟန့်တားတယ်။ ဒါကြောင့် ကြက်ကျာ်ဟာ တော်တော်နဲ့ အစာမကျေဘူး။

4. Acid fruits with carbohydrates (အက်စစ်) အစာတွေ နဲ့ (ကာဗွန်ဟိုက်ဒရိတ်)
တံတွေးထဲမှာပါတဲ့ Enzyme (အင်ဇိုင်းမ်) ကနေ Starch ကော်ဓါတ်ကို စပြီး အစာချေပေးတယ်။ ကော်ဓါတ် ဆိုတာ ဆန်၊ ဂျုံ၊ ပြောင်း၊ ပြောင်းဖူး၊ သစ်ဥသစ်ဖု၊ အာလူး၊ အမြစ်တွေထဲမှာပါတယ်။ ချက်တဲ့အခါ Complex starch molecules ရှုတ်ထွေးတဲ့ ကော်ဓါတ် (မော်လီကျူး) တွေကနေ Simple sugars ရိုးရှင်းတဲ့ သကြားဓါတ်တွေ ဖြစ်လာစေမယ်။ တံတွေးဟာ (အယ်လ်ကာလိုင်း) နဲနဲ၊ ဒါမှမဟုတ် မျှခြေရှိနေသင့်တယ်။ မျှခြေဆိုတာ အက်စစ်လဲမဟုတ် (အယ်လ်ကာလီ) လဲ မဟုတ်တာကို ပြောတာ။ Acid foods (အက်စစ်) အစာတွေ စားတာဆိုရင် ကော်ဓါတ်ကို ကျေချက်တာ နှေးစေမယ်။ ဒါကြောင့် Acid fruits အချဉ်သီးတွေနဲ့ တွဲမစားသင့်ဘူး။ အီတလီစာ Spaghetti (စပါဂတီ) နဲ့ ခရမ်းချဉ်းသီး တွဲထားလို့ ဗိုက်ကယ်စေတတ်တယ်။

5. Acid fruits with protein (အက်စစ်) အသီးတွေနဲ့ (ပရိုတင်း)
လိမ်မော်သီး၊ ခရမ်းချဉ်းသီး၊ သံပရာသီး၊ နာနတ်သီး နဲ့ တခြားအသီးတွေကို ကျေချက်ရတာ သိပ်လွယ်တယ်။ ဒါပေမဲ့ ဒါတွေကို ကော်ဓါတ် နဲ့ (ပရိုတင်း) တွေနဲ့ တွဲမစားမှသာ မြန်ဆန်တယ်။ အမေရိကန် မနက်စာဖြစ်တဲ့ (လိမ်မော်ရည် + ကြက်ဥ + ဝက်ပေါင်ခြောက် + ပေါင်မုံ့ကင်) တွေကနေ အဲလိုဖြစ်စေနိုင်တယ်။

• Starches (စတာ့ခ်ျ) ခေါ် ကော်ဓါတ်ကို Sweet အချိုနဲ့ အစားထိုးတာ မကောင်းပါ။ တံတွေးတော့ များများ ထွက်မယ်။ ဒါပေမဲ့ အချိုကနေ အက်စစ်ဓါတ်ဖြစ်စေလို့ (စတာ့ခ်ျ) အတွက် (အင်ဇိုင်းမ်) မပါဘူး။

• ဖရဲသီးကို တခြားအစာတွေနဲ့ တွဲမစားသင့်ဘူး။ ထမင်းစားပြီး အချိန်ခြာမှ စားသင့်တယ်။ သခွါးမွှေး၊ မက်မုံသီးတွေလဲ အတူဘဲ။ ဒီအသီမျိုးတွေက ချက်တာ-ပျက်တာ မြန်လွန်းတယ်။
• ကလေးတွေအတွက် တခြား ဘာအစာမှမပါဘဲ နို့တိုက်တာထက် ကောင်းတာမရှိပါ။ Milk နို့ကို Stomach အစာအိမ်ကနေ ချက်လုပ်မပေးနိုင်ပါ။ သူ့အောက်မှာ ဆက်နေတဲ့ Duodenum အူသိမ်အစပိုင်းလေးမှာ ချက်တယ်။ Acid fruits အက်စစ်ဓါတ်ပါ အသီးတွေနဲ့ နို့ရောစားသုံးရင် အစာချေရာမှာ ဘာပြဿနာမှ မပေါ်စေပါ။ ဒါပေမဲ့ အသီးတွေကနေ ရချင်တဲ့ Antioxidant (အင်တီအောက်စီဒင့်) သတ္တိတော့ နည်းသွားစေမယ်။ (အင်တီအောက်စီဒင့်) ဆိုတာ ကင်ဆာ ကာကွယ်နိုင်တယ်လို့ ယူဆကြတယ်။

• ကော်ဓါတ်၊ အဆီ နဲ့ ဟင်းသီးဟင်းရွက်တွေကို တွဲစားနိုင်ပါတယ်။ ဒီအစာတွေက ကျေချက်ဘို့ရာ (အယ်လ်ကာလိုင်း) ဒါမှမဟုတ် မျှခြေလိုတာ တူကြတယ်။
• (ပရိုတင်း)၊ ဟင်းသီးဟင်းရွက်၊ သကြား နဲ့ (အက်စစ်) ဓါတ်ပါအသီးတွေကိုလဲ တွဲစားနိုင်တယ်။ ဒီအစာတွေက (အက်စစ်) ဒါမှမဟုတ် မျှခြေလိုတာ တူကြတယ်။
• (ပရိုတင်း) ကြွယ်ဝလွန်းတဲ့အစာ နဲ့ (ကာဗွန်ဟိုက်ဒရိတ်) များတဲ့အစာတွေ ရောမစားပါနဲ့။
• တခါစားရင် အများကြီးမစားတာက အစာကျေချက်ဘို့ ကောင်းစေတယ်။
• တနပ်တည်းမှာ ဟင်းတမယ်ပြီးတမယ် စားတာထက် တခါတည်း၊ တထိုင်တည်းက ပိုကောင်းတယ်။
• ရိုးရှင်းတဲ့အစာမျိုးက ကျေချက်မှုကောင်းတယ်။

• အမေရိကန်တွေ အများဆုံးစားသုံးနေကြတဲ့ (ပရိုတင်း)၊ (ကာဗွန်ဟိုက်ဒရိတ်) နဲ့ အဆီတွေ တွဲစားတာဟာ အစာအိမ်ထဲမှာ ၆ နာရီအထိနေမယ်။ အစာကျေချက်နေရတာ အချိန်တွေ ယူလွန်းတယ်။
• (ကာဗွန်ဟိုက်ဒရိတ်) ကို ချက်လုပ်ရတာ အချိန်အကြာဆုံးဘဲ။
• အရင်စားထားတာတွေ အကုန်မချက်သေးခင် ထပ်စားတဲ့အခါ (ပရိုတင်း) ပါလာရင် (ပရိုတင်း) ကို အရင်ချက်ပြီး (ကာဗွန်ဟိုက်ဒရိတ်) ကို အဆီအနေနဲ့ သိုလှောင်ထားလိမ့်မယ်။
• (ပရိုတင်း) မပါဘဲ (ကာဗွန်ဟိုက်ဒရိတ်) တမျိုးတည်းစားရင် အစာအိမ်ထဲမှာ အများဆုံး ၁ နာရီသာ ကြာမယ်။ အသီးတွေဆိုရင် ဒိထက်မြန်တယ်။

• အတူမစားသင့်တဲ့ စာတွဲတွေကတော့
- (ပရိုတင်း) နဲ့ ကော်ဓါတ်၊
- (ပရိုတင်း) နဲ့ အဆီ၊
- (ပရိုတင်း) နဲ့ အချဉ်သီး၊
- ကော်ဓါတ် နဲ့ အချဉ်းသီး၊
- ကော်ဓါတ် နဲ့ သကြားတွေ ဖြစ်တယ်။

• အကောင်းဆုံး တနေ့တာ (မီနူး) ကတော့ -
- မနက်စာ = အသီးအနှံ၊
- နေ့လည်စာ = ကော်ဓါတ်အစာ + ဟင်းသီးဟင်းရွက် ဒါမှမဟုတ် ကော်ဓါတ်နည်း ဟင်းသီးဟင်းရွက်၊
- ညစာ = (ပရိုတင်း) + ဟင်းသီးဟင်းရွက် + ကော်ဓါတ်နည်း ဟင်းသီးဟင်းရွက်။

Dr. တင့်ဆွေ
၂၂-၆-၂ဝ၁၂
ဆက်ဖတ်ရန်>>