Pages

Saturday, November 10, 2012

နံနက်စာမစားခင် လေ့ကျင့်ခန်းလုပ်ပါက ကိုယ်အလေးချိန် ပိုမိုကျဆင်းနိုင်


နေ့တစ်နေ့ရဲ့ ပထမဆုံးအစာ မစားခင်မှာ လေ့ကျင့်ခန်းလုပ်ခဲ့ရင် ခန္ဓာကိုယ်ရဲ့ အဆီပိုတွေ ပိုမိုလျော့ကျနိုင်ကြောင်း လေ့လာမှုအရ သိရပါတယ်။ အစာအိမ်ထဲမှာ အစာမရှိဘဲ ချွေးထွက်အောင် လေ့ကျင့်ခန်းပြုလုပ်တာကြောင့် ခန္ဓာကိုယ်မှအဆီတွေ ပိုမိုလောင်ကျွမ်းနိုင်တဲ့အပြင် သွေးခဲမှုကို ဖြစ်ပေါ်စေတဲ့ အဆီတွေဖြစ်အောင် လှုံ့ဆော်နိုင်တဲ့ ၀မ်းဗိုက်မှပိုနေတဲ့ အဆီတွေ လျော့ကျအောင်လည်း ကူညီနိုင်ပါတယ်။လေ့ကျင့်ခန်းလုပ်တဲ့သူတွေဟာ ထိုင်နေတဲ့သူတွေထက် အဆီတွေ ပိုမိုလောင်ကျွမ်းစေနိုင်ပေမယ့် နံနက်စာမစားခင် လေ့ကျင့်ခန်းလုပ်သူတွေဟာ အစာစားပြီး လေ့ကျင့်ခန်း ပြုလုပ်သူတွေထက်၃၃ ရာခိုင်နှုန်း အဆီပိုမိုလောင်ကျွမ်းတယ်လို့ တွေရှိခဲ့ပါတယ်။ အစာအိမ်ထဲမှာ အစာမရှိဘဲ အန္တရာယ်ကင်းစွာနဲ့ ပြင်းထန်တဲ့လေ့ကျင့်ခန်းကို ပြုလုပ်နိုင်ပါတယ်။ ခန္ဓာကိုယ်အနေနဲ့ အစာမရှိဘဲမိနစ်၉၀မှ နှစ်နာရီလောက် လေ့ကျင့်ခန်းလုပ်ဖို့ စွမ်းအင်တွေ သိမ်းဆည်းထားနိုင်တာကြောင့်ပါလို့ သိရပါတယ်။
 http://www.myawady.net.mm မှကူးယူခြင်းဖြစ်ပါသည်....

0 comments:

Post a Comment