Pages

Wednesday, October 17, 2012

အစာအိမ်နဲ့ပတ်သက်လို့.......

အစာအိမ်အနာဖြစ်တယ်ဆိုတာကို ပြောလိုက်ရင် အများအားဖြင့်ကတော့ လူတိုင်းက အနာဆိုတော့ ကိုယ့်ဆီမှာမရှိလောက်ဘူးလို့ထင်ကြပါတယ်။ အမှန်တော့ ဖြစ်နေကျဖြစ်တဲ့ ဗိုက်အောင့်တာ၊ အစာမကြေဖြစ်နေပြီး ရင်ပြည့်နေတာ၊ အစာမရှိချိန် ဒါမှမပာုတ် အစာစားပြီးချိန်တွေမှာ နာနေတာ၊ အစာစားပြီးရင် ပျို့အန်တာ၊ ဆိုးတဲ့အခြေအနေတွေမှာ သွေးအန်တာတွေပာာ အစာအိမ်အနာရဲ့ ရောဂါလက္ခဏာတွေပါ။

Peptic ulcer diseases တွေကိုအစာအိမ်အနာဖြစ်တယ်လို့ လွယ်လွယ်ပြောပေမယ့် အမှန်တော့ အစာအိမ်တင်မကဘဲ အစာရေမျိုပြွန်အောက်ပိုင်းနဲ့ အူသိမ်မှာပါ ဖြစ်ပါတယ်။ ပိုပြီး တိတိကျကျ ပြောရရင် အစာအိမ်ထက်စာရင် အူသိမ် (Duodenum) မှာဖြစ်တဲ့ ပမာဏကပိုပြီးတောင် များပါတယ်။ Peptic ulcer diseases (PUD) တွေပာာ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ ဖြစ်ပွားမှုလျော့ကျလာပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ပိုပြီး ဖြစ်လာပါတယ်။ ယောက်ျားနဲ့မိန်းမမှာ ယောက်ျားတွေကပိုပြီး ဖြစ်ပါတယ်။
အရင်တုန်းက သိခဲ့တာက PUD ပာာ acid ကြောင့်အဓိကဖြစ်တယ်။ ဒါကြောင့်မို့ No acid, No ulcer လို့တောင် မှတ်ခဲ့ရပါတယ်။ ဆေးပညာတိုးတက်လာတာနဲ့အမျှ အသစ်အသစ်သော ရှာဖွေတွေ့ရှိမှုတွေအရ အရင်တုန်းကလိုမျိုး အစာအိမ်နာတွေပာာ အက်စစ်ကြောင့်အဓိကဖြစ်လာရတာမပာုတ်ဘဲ H.pylori လို့ခေါ်တဲ့ ရောဂါပိုးတစ်မျိုးကြောင့်ဆိုတာကို သိလာကြပါတယ်။ H.pylori ဆိုတဲ့ရောဂါပိုးပာာ ကျနော်တို့ပတ်ဝန်းကျင်မှာကိုပဲ ရှိနေတဲ့ရောဂါပိုးတစ်မျိုးပါ။ အဲဒီအတွက်ကြောင့် အလွယ်တကူကူးစက်နိုင်တဲ့ရောဂါပိုးလည်း ဖြစ်ပါတယ်။
 H.pylori ကူးစက်နိုင်ချေပာာ အသက်အရွယ်ကြီးလာလေ ပိုပြီး မြင့်တက်လာပါတယ်။ သူ့ရဲ့ကူးစက်နိုင်ချေကတော့ အသက် ၁နှစ်တိုးတိုင်း ၁ရာခိုင်နှုန်းတက်လာပါတယ်။ အသက် ၅၀ဆိုရင် H.pylori ရှိဖို့ ၅၀ရာခိုင်နှုန်းရှိပါတယ်။ အသက် ၉၀ဆိုရင် ၉၀ရာခိုင်နှုန်းရှိပါတယ်။ ဒါပာာ ပျမ်းမျှအနေနဲ့သက်မှတ်တာဖြစ်ပြီး နိုင်ငံအလိုက်ပြောင်းလဲမှုရှိနိုင်ပါတယ်။ အချို့တိုင်းပြည်တွေမှာဆိုရင် H.pylori ပာာနိုင်ငံသားတွေရဲ့ ၉၀ရာခိုင်နှုန်းလောက်ထိမှာကို ရှိနေပါတယ်။ ဒီလိုမျိုးဆိုရင် H.pylori ပာာလူတော်တော်များများမှာ ရှိနေဖို့ သေချာသလောက်ရှိပါတယ်။ ဒါပေမယ့် ကံကောင်းတာက H.pylori ရှိနေတဲ့ လူအများစုပာာ ဘာလက္ခဏာမှ မပြဘဲ အနည်းစုသာ ရောဂါလက္ခဏာပြကြပါတယ်။ PUD တွေမှာ H.pylori ကအဓိကလို့ဆိုသော်လည်းပဲ H.pylori ကြောင့်မပာုတ်ဘဲ NSAIDs(အကိုက်အခဲပျောက်ဆေး) တွေကြောင့်လည်းဖြစ်နိုင်ပါသေးတယ်။

ကျနော်တို့အစာအိမ်ပာာ စားသုံးလိုက်တဲ့အစာတွေကို ချေဖျက်ဖို့အတွက် ပြင်းထန်တဲ့အက်စစ်တွေကို ထုတ်ရပါတယ်။ အဲလိုအက်စစ်ထုတ်တဲ့သဘာဝကြောင့် ရောဂါပိုးအများစုပာာ အစာအိမ်ထဲမှာ မနေနိုင်ပါဘူး။ ဒါပေမယ့် ထူးထူးခြားခြားလို့ ဆိုရမယ့် ဒီ H.pylori ကတော့ အစာအိမ်ကထုတ်တဲ့ အက်စစ်ဒဏ်ကို ခံနိုင်တဲ့ Urease လို့ခေါ်တဲ့ဓါတ်တစ်မျိုးကို ထုတ်ပြီး သူ့ကိုယ်သူကာကွယ်ထားပါတယ်။ H.pylori ပာာဘယ်လိုဘယ်ပုံနဲ့ကူးစက်လဲဆိုတာကို အတိအကျမသိသေးပါဘူး။ ထင်မြင်ယူဆချက်တွေကတော့ လူတစ်ယောက်ကနေတစ်ယောက်ကို ကူးစက်တဲ့နေရာမှာ မစင်ကနေကူးစက်နိုင်သလို၊ သွားရည်ကနေပြီးတော့လည်း ကူးစက်နိုင်တယ်လို့ ယူဆကြပါတယ်။ ဒါ့ကြောင့်မသန့်တဲ့အစားအစာတွေ၊ ဇွန်းတဇွန်းတည်း၊ ပန်းကန်တစ်ခုတည်း စားသုံးခြင်းတွေပာာ ဒီပိုးကူးစက်နိုင်ဖို့ ပိုပြီးများပါတယ်။ ဒီပိုးကို လူတွေမှာ အဓိကတွေ့ရပေမယ့် တိရိစ္ဆာန်တွေမှာလည်း ဒီပိုးရှိနေတတ်ပါတယ်။ လူနေထူထပ်ခြင်း(တစ်အိမ်ထဲလူအများကြီးနေရတာ၊ ရပ်ကွက်ထဲလူနေအိမ်တွေ စုပြုံနေတာ)၊ အိပ်ယာမျှဝေသုံးခြင်း(အိပ်ယာပာာ အညစ်အကြေးတွေ အများကြီးစွန်းထင်းနေတတ်ပါတယ်။)၊ ပစ္စည်းများကို မျှဝေသုံးစွဲရခြင်း (မျက်နှာသုတ်ပုဝါ၊ လက်သုတ်ပုဝါ)၊ အညစ်အကျေးစွန့်တဲ့စနစ်မကောင်းမွန်ခြင်းနဲ့ တကိုယ်ရေသန့်ရှင်းမှုအားနည်းခြင်း တွေပာာ H.pylori ပျံ့နှံ့ဖို့အတွက် ပိုပြီးအထောက်အကူဖြစ်စေပါတယ်။

H.pylori ဘာလို့အရေးကြီးရတာလဲဆိုတဲ့အချက်ထဲမှာ H.pylori ပာာကင်ဆာရောဂါပိုးကို ဖြစ်စေနိုင်တဲ့ ရောဂါပိုးအနည်းစုထဲက တစ်ကောင်ဖြစ်နေလို့ပါ။ H.pylori ရှိနေခြင်းပာာ အစာအိမ်ကင်ဆာဖြစ်စေနိုင်တဲ့ အခွင့်အလမ်းပိုမို များလာပါတယ်။ ဒီပိုးပာာ ပုံစံ၂မျိုးနဲ့ရှိပြီး Cag A+, Cag A- ဆိုပြီးရှိပါတယ်။ ဒီ ၂မျိုးမှာ Cag A+ က အစာအိမ်ကင်ဆာကိုဖြစ်စေပါတယ်။ ကံဆိုးတာက ကျနော်တို့ နိုင်ငံမှာရှိနေတဲ့ H.pylori အမျိုးအစားပာာ CagA+ ဖြစ်နေတာပါ။

အခြားအစာအိမ်နာ ဖြစ်စေတဲ့အကြောင်းရင်းတွေကတော့ ဆေးလိပ်သောက်ခြင်း (အနာဖြစ်စေပါတယ်၊ အနာကိုလည်း ပျောက်ကင်းတာနှေးစေပါတယ်)၊ ကြိုးစားရုန်းကန်ရတဲ့သူတွေ ဖိအားများတဲ့အလုပ်တွေကို လုပ်နေရတဲ့သူတွေ၊ သွေးအုပ်စု O သမားတွေမှာ ပိုပြီးဖြစ်ပါတယ်။
ဒီနေရာမှာ ထူးခြားတာတစ်ခုက အစာအိမ်နာတွေပာာ အစားအသောက်နဲ့လုံးဝမသက်ဆိုင်နေဘူးဆိုတဲ့အချက်ပါ။ နှစ်ပေါင်းများစွာလက်ခံခဲ့တဲ့ အစာအိမ်နာတွေမှာ အပူအစပ်စားလို့မရဘူးဆိုတဲ့ အချက်ပာာ အခုတော့ မှားယွင်းသွားပါတယ်။

PUD ကိုအတည်ပြုတဲ့နေရာမှာ
Barium meal X-ray (ပါးစပ်မှ ဆေးရည်ကိုသောက်ပြီး X-ray ရိုက်ခြင်း)
Endoscopy (မှန်ပြောင်းထည့်ကြည့်ခြင်း)
Detection of H.pylori (H.pylori ရှိမရှိစစ်ဆေးခြင်း) စတဲ့နည်းလမ်းတွေနဲ့စစ်ဆေးပါတယ်။

PUD ကိုကုသတဲ့နေရာမှာ ရည်ရွယ်ချက် ၂မျိုးနဲ့ ကုသပါတယ်။
ပထမရည်ရွယ်ချက်ကတော့ အနာကြောင့်ဖြစ်နေတဲ့ရောဂါဝေဒနာတွေကို သက်သာစေပြီး အနာမြန်မြန်ကျက်အောင်လို့ပါ။
နောက်တစ်ခုကတော့ PUD ပာာ H.pylori ကြောင့် အဓိကဖြစ်တာဖြစ်တဲ့အတွက် H.pylori ကိုဖယ်ရှားဖို့ပါ။
ဒါ့ကြောင့် ကုသတဲ့နေရာမှာ အစာအိမ်ဆေးနှင့် ပိုးသတ်ဆေးကို တွဲဖက်အသုံးပြုရပါတယ်။ Triple therapy(ဆေး၃မျိုး), Quadruple therapy (ဆေး၎မျိုး) စသည်ဖြင့် အမျိုးမျိုးရှိတတ်ပါတယ်။ အများအားဖြင့် အသုံးပြုတာကတော့ Triple therapy ဖြစ်တဲ့ အစာအိမ်ဆေးတစ်မျိုးနဲ့ ပိုးသတ်ဆေး၂မျိုးကို အသုံးပြုကြပါတယ်။ အစာအိမ်ဆေးကတော့ အများအားဖြင့် PPI ကိုပဲအသုံးပြုကြပါတယ်။ H2 blocker တွေကိုလည်း အသုံးပြုလို့ရပေမယ့် PPI ထက်စာရင် အာနိသင်နည်းတဲ့အတွက် PPI ကိုပဲအသုံးပြုလေ့ရှိပါတယ်။ အများဆုံးအသုံးပြုတာကတော့ Omeprazole ပါ။ ပိုးသတ်ဆေးသုံးတဲ့နေရာမှာ ကံကောင်းနေတာတစ်ခုက H.pylori ပာာအက်စစ်ဒဏ်ကို ခံနိုင်ပေမယ့် ပိုးသတ်ဆေးဒဏ်ကိုတော့ မခံနိုင်သေးတဲ့အတွက် ပိုးသတ်ဆေးအတော်များများပာာ H.pylori ကိုသတ်နိုင်ပါတယ်။ အကောင်းဆုံးဆေးကတော့ Amoxicillin ပါ။ ဒါကြောင့် အစာအိမ်နာ (PUD)တွေကိုကုသတဲ့နေရာမှာ Omeprazole, Amoxicillin, Metronidazole တို့ကိုတွဲဖက်ပြီး အသုံးပြုရပါတယ်။ ကုသရတဲ့အချိန်အတိုင်းအတာအနေနဲ့ကတော့ အမျိုးမျိုးကွဲပြားနေပါတယ်။ အနည်းဆုံး ၇ရက်ကနေပြီး အများဆုံး ၁၄ရက်ထိသောက်နိုင်ပါတယ်။
ဆေးလိပ်သောက်တာကိုရှောင်ရပါမယ်။ Aspirin နဲ့ အခြားအကိုက်အခဲပျောက်ဆေးတွေကိုလည်း ရှောင်ရပါမယ်။ အရက်ကိုတော့ အနည်းငယ်သောက်သုံးနိုင်ပါတယ်။ အစားအသောက်တော့ ရှောင်စရာမလိုပါဘူး။ အရင်တုန်းကရှိတာက အစာအိမ်နာဖြစ်ရင် အစာမစားဘဲ နို့တွေပဲသောက်ခိုင်းတတ်ပါတယ်။ အခုနောက်ပိုင်းလေ့လာချက်တွေအရတော့ အဲဒီအယူအဆကမှားနေပါတယ်။ အကျိုးမရှိတဲ့အပြင်ပိုတောင် ဆိုးပါသေးတယ်။ H.pylori က ပရိုတင်းကို ဖြိုခွဲပြီး Urease ကိုထုတ်တဲ့အတွက်ကြောင့် နို့လိုမျိုး ပရိုတင်းများများပါတဲ့ပာာကို အများကြီးသောက်ရင် H.pylori ပွားဖို့ပိုပြီး အထောက်အကူပြုသလို ဖြစ်နေပါတယ်။
အစာအိမ်အနာဖြစ်ပြီး ပေါက်သွားတာမျိုး၊ သွေးထွက်နေတာမျိုး၊ အစာအိမ်ထွက်ပေါက်ပိတ်ဆို့နေတာမျိုးတွေမှာ ခွဲစိတ်ဖို့လိုအပ်ပါတယ်။

အစာအိမ်နာဖြစ်စေဖို့အတွက် အစာအိမ်ကို ဆိုးရွားစွာထိခိုက်စေတဲ့ဆေးတွေထဲမှာ အကိုက်အခဲပျောက်ဆေးတွေက ထိပ်ဆုံးကပါဝင်ပါတယ်။ အကိုက်အခဲပျောက်ဆေးတွေပာာ အစာအိမ်ရဲ့ ကာကွယ်မှုလုပ်ငန်းစဉ်ကိုလျော့ကျစေတဲ့အတွက် အစာအိမ်နာပိုဖြစ်စေပါတယ်။ ဘယ်အကိုက်အခဲပျောက်ဆေးမှ အစာအိမ်ကို လုံးဝမထိတာမျိုးမရှိပါဘူး။ နောက်ဆုံးထွက်တွေဖြစ်တဲ့ COX2 inhibitor တွေတောင်မှ လုံးဝမထိတာတော့မပာုတ်ပါဘူး။ နောက်ပြီး ဘယ်လိုလမ်းကြောင်းမျိုးနဲ့ပဲသုံးသုံး အစာအိမ်ကိုထိပါတယ်၊ အဆိုးဆုံးကတော့ ပါးစပ်ကနေပြီးသောက်ရင်ပါ။ ဒါကြောင့် အကိုက်အခဲပျောက်ဆေးသောက်တဲ့နေရာမှာ PPI တစ်မျိုး ဒါမှမပာုတ် Misoprostol နဲ့တွဲသောက်သင့်ပါတယ်။ Misoprostol ကတော့ PPI ထက်စာရင် ပိုပြီးဆိုးကျိုးများပါတယ်။

နောက်တစ်ခုပြောချင်တာကတော့ PPI ကိုသောက်သုံးတဲ့နည်းလမ်းပုံစံပါ။ အခုအများအားဖြင့်ဖြစ်နေတာက PPI ကို အစာစားပြီးချိန်မှသောက်ပါတယ်။ အမှန်တော့ PPI ဆိုတာပာာ activation လိုပါတယ်။ အဲဒီအတွက် သူ့ကို သောက်တဲ့နေရာမှာ အစာမစားခင်သောက်တာပိုကောင်းပါတယ်။ အစာမစားခင် နာရီဝက်လောက်အလိုမှာ PPI ကိုသောက်ပါ။ အဲဒီအချိန်မှာ အစာအိမ်ထဲမှာ အက်စစ်တွေများနေတဲ့အတွက် PPI ကို activate လုပ်လိုက်ပါတယ်။ ဆေးသောက်ပြီး နာရီဝက်လောက်အကြာမှာမှ အစာစားပါ။ အများကြီးပိုပြီး ကောင်းပါတယ်။

မှတ်ချက် - လူတိုင်းသိသင့်သောဆေးပညာ blog မှကူးယူဖော်ပြခြင်းဖြစ်ပါသည်။

0 comments:

Post a Comment