Pages

Sunday, December 23, 2012

ချက်မယ်ပြုတ်မယ် စားမယ်ဝါးမယ် အပိုင်း (၂)

ဒီရက်ထဲ ဟင်းမချက်စားတာကြာပြီ အိမ်ကဟင်းတွေပို့လိုက်လို့လေ သက်သာတာပေါ့ဗျာ ဒါပေမယ့် ပို့လိုက်တဲ့ ဟင်းထဲမှာ ငါးပြေမကြော်ထားတာတွေပါလာတယ်ဗျ ကျနော်က ငါးပြေမဆို သိပ်ကြိုက်တာဆိုတော့ ဘာပြောကောင်းလဲ စားတာပေါ့ဗျာ အဲဒါနဲ့ ငါးပြေမကြော်လေးကို ချဉ်ရည်လေးနဲ့ ချက်စားမယ်ဆိုပြီးတော့ ချက်တော့တာပါပဲ ပြီးတော့ ဒီနေ့ဘာထပ်စားချင်သေးလဲဆိုတော့ အခါး အခါးမစားတာကြာပီဆိုတော့ ကြက်ဟင်းခါးသီးလေးသွားဝယ်တယ်ပေါ့ ကြော်မယ်လေ ကြက်ဟင်းခါးသီးကြော်နဲ့ ငါးပြေမကို မကျည်းသီးနဲ့ ချက်စားမယ် ရှယ်ပဲပေါ့ အိုကေ ချက်လိုက်ကြရအောင်ဗျာ.....ငါးပြေမ ချက်မဲ့အထဲကိုတော့...

  1. ကြက်သွန်နီဥကြီး လေးလုံးလောက် ကို ပါးပါး နှစ်ပြန်လှီးလိုက်မယ်....
  2. ကြက်သွန်ဥဖြူ အကြီးတစ်လုံး ကို နဲနဲထောင်းလိုက်မယ်ဗျာ ကျနော့်မှာ ငရုတ်ဆုံသေးသေးလေးရှိတယ်
  3. ငရုတ်သီးအစိမ်းမှုနဲ့ သို့ ငရုတ်သီးကြိတ်မှုန့်ပေါ့ ဒါကတော့ စားချင်သလောက်ထည့်ပါ 
  4. ငံပြာရည် ဒီမှာတော့ ထိုင်းကလာတဲ့ ငါးပြာရည်ပေါ့
  5. သကြား အနည်းငယ် (အချိုမှုန့်လုံးဝမစားပါ)
  6. မကျည်းသီးအနှစ် ကွန်းသီး နှစ်လုံးစာလောက်ကို ရေစိမ်ထားပေါ့ ဒါကကြိုက်သလောက်အစဉ်ပြေသလိုထည့်လို့၇ပါတယ်....
  7. နံနံပင် ကြိုက်ရင်ထည့်ပါ ကျနော်ကတော့ မရှိလို့မထည့်ပါ.....
  8. ဆီ ....ကျနော် ပဲဆီပဲသုံးတယ် .......
ပထမဦးဆုံး ချက်မဲ့အိုးထဲမှာ ဆီထည့်မယ် မီးကိုအများကြီးမသုံးပါဘူး အနေတော်လေးဖွင့်ထားပါ....ဆီပူလာပြီဆိုရင်တော့ ကြက်သွန်နီ ဖြူ  လှီးထားတာ အရင်ထည့်ပါ့မယ်
နဲနဲလေး နွန်းသွားအောင် မွှေပြီးတဲ့ အခါမှာ ငရုတ်သီး အစိမ်းမှုန့်ထည့်ပါ့မယ်
အနံ့လေး အစိမ်းနံ့ပျောက်သည်အထိမွှေပေးလိုက်ပေါ့ဗျာ ပြီးသွားရင်တော့ ငါးပြေမကြော်ပြီးသားလေးထည့်မယ် ငါးပြာရည် သကြား အနေတော်ထည့်မယ် မီးကိုလျော့ထားပါ အနံ့မွှေးလာသည်အထိမွှေဖြေးဖြေးလေး မွှေပေးပါ ဟင်းဆိုတာ မွှေးပြီး အရသာရှိမှ စားကောင်းမှာလေ...

မွှေးလာပြီဆိုရင်တော့ ချဉ်ရည်ထည့်ပါ့မယ် ချဉ်ရေထည့်ပြီးး မီးကိုလျော့ထားပါ ၁၀ မိနစ်ခန့်ချက်ထားပါ.....

ဆီလေးတွေပြန်လာပြီ အနံ့လေးလဲ စားချင်စရာ ဖြစ်လာပြီဆိုရင် နံနံပင်လေးကြိုက်တက်ရင် အုပ်ပြီး အပေါ့ငံ မြည်းပြီးချလို့၇ပါပြီ ခင်ဗျာ.....
ကဲစားလို့ရပါပြီ ခင်ဗျာ.....

ငါးပြေမ ချက်ပြီးပြီဆိုရင်တော့ ကြက်ဟင်းခါးသီးကြော်မယ်ပေါ့ဗျာ..... ပါဝင်မှာတွေကတော့

  1. ကြက်ဟင်းခါးသီး အနေတော် ၆ လုံးခန့်  အနေတော် အကွင်းလိုက်လှီးထားပါ...
  2. ကြက်သွန်နီနှစ်လုံး ပါးပါးလှီးထားပါ 
  3. ပုစွန်ခြောက် လက် တစ်ဆုပ် မရှိတရှိကို နဲနဲ ကြိတ်ထားပါ
  4. ငါးပြာရည် အနည်းငယ် 
  5. သကြားအနည်းငယ်
  6. ဆီ (ပဲဆီ) မနည်းမများ
  7. နနွင်းအနည်းငယ် (အများကြီးမလိုပါဘူး များသွားရင် နံသွားတက်တယ်)
ပထမဆုံး ကြက်ဟင်းခါးသီးကို အကွင်းလိုက်လှီးပါ အစေ့ထုတ်ပါ ဆားနဲ့နည်းနည်းနယ်ထားပါ တစ်အောင့်ကြာရင်ေ၇ပြောင်အောင်ဆေးလိုက်ပါ အခါးအရမ်းကြိုက်ရင်တော့ ဆားမနယ်ပါနဲ့...
ကြက်သွန်နီကို ပါးပါးလှီထားပြီးတော့ ပုစွန်ခြောက်ကြိတ်ထားပါ
အိုကေ ပြီးသွားရင်တော့ ကြော်မယ့် ဒယ်အိုးထဲ ဆီထည့်ပြီး မီးအပူပေးထားလိုက်ပါ ဆီပူလာပြီဆိုရင်တော့ နနွင်းအနည်းငယ်ထည့်ပါ ပြီးသွားရင်တော့ ကြက်သွန်နီထည့် ပါ အနည်းငယ် မွှေပြီးပြီဆိုရင်တော့ ပုစွန်ခြောက်မှုန့်ထည့်ပါ....မွှေးသွားအောင်မွှေပါ  မွှေးသွားပြီဆိုရင်တော့ ရေဆေးထားတဲ့ ကြက်ဟင်းခါးသီးထည့်ပါ ဆား(သို့) ငါးပြာရည် နဲ့ သကြားအနည်းငယ်ထည့်ပြီး မွှေပေးပါ မီးအပြင်းကြီးမထားပါနဲ့ မွှေပြီး ခနလောက် အဖုံးနဲ့အုပ်ပေးထားပါ အနည်းငယ် နွမ်းသွားအောင်ပါ သူကနဲနဲ ကြောမာလို့ပါ နှစ်ခါလောက် အုပ်ပြီး ပြီဆိုရင်တော့ မွှေးလာအောင် ထည့်မွှေပေးပါ အနည်းငယ် နွမ်းသွားပြီ မွှေးလာပြီ ဆိုရင်တော့ ချလို့ရပါပီ ...
ဒါဆိုရင်တော့ စားလို့ရပါပြီ စိမ်းစိမ်းလေးပေါ့ ဗျာ ဒါကတော့ အစိုကြော်ပေါ့ ဗျာ နောက်မှ အခြောက် ကြော်လေးထပ်ရေးပေးမယ်........ ကဲအားလုံးပဲ စားနိုင်သောက်နိုင်ကြပါစေဗျာ.....ကျောင်းရွာသား....

1 comments:

  1. I never try like this type of kyat hin khar thii fried. I will try next weekend.

    ReplyDelete