Pages

Tuesday, December 25, 2012

ချက်မယ် ပြုတ်မယ် စားမယ် ဝါးမယ် အပိုင်း (၅)


ဒီနေ့တော့ ဟင်းမချက်တော့ဘူး ဒီနေ့ အိမ်သူကြီးအကိုက အိမ်မှာ ဧည့်သည် လာမယ်ပေါ့ တခုခုလေးကြွေးမယ်ဆိုတော့ သူက ခေါက်ဆွဲကြော်ကြွေးချင်တယ် အဲဒါမင်းကြော်ကွာဆိုပြီးတော့ ပြောလာတယ်လေ အဲတော့ ကိုယ်တွေကလဲ ချက်မယ်ပြုတ်မယ်ဆို ဝါသနာက ပါပြီးသားဆိုတော့ ကြော်တာပေါ့ဗျာ ဟဲဟဲ ........
ခေါက်ဆွဲဆိုတာအလုံးမဟုတ်ဘူးဗျ ခေါက်ဆွဲအပြားအသေးလေးတွေ သူကဝယ်ထားတယ်လေ အသီးရွက်အစုံလဲသူကဝယ်ထားတယ်ဆိုတော့ အဆင်ပြေတာပေါ့ဗျာ အဲ သူက ကြက်သားလဲဝယ်ထားသေးတယ်ဆိုတော့ ကြက်သားလေးလဲပါတယ်ဆိုတော့ပိုကောင်းတာပေါ့ အိုခေ..... ဝယ်ထားတွေတွေကျနော် ပြောပြမယ်နော် .....

  1. ခေါက်ဆွဲ အထုတ်သုံးထုတ်
  2. ပန်းဂေါ်ဖီ
  3. ဂေါ်ဖီထုပ် ရိုးရိုး
  4. မုန်လာဥနီ
  5. ရွှေပဲသီး
  6. မုန်ညှင်းဖြူ
  7. ပဲပင်ပေါက်
  8. ပဲပြား
  9. တရုတ်နံနံ
  10. ကြက်သား
  11. သကြား
  12. ဆား
  13. ငံပြာရည်
  14. ပဲငံပြာရည်အကြည်
ဒါတွေကတော့ကျနော်ဝယ်ထားတာမဟုတ်ပါဘူး အိမ်ရှင်အကိုကဝယ်ထားတာပါ....ကျနော်ကြည့်လိုက်တဲ့ အခါကျတော့ ကြက်သား အကောင်လိုက်ကို ခုတ်ထားတာတွေရပါတယ် ကျနော်က ကြက်သားကိုမပြုတ်တော့ဘူးပေါ့ ကြက်သားကို အသားနွှင်လိုက်ပါတယ် အသားကြီးပဲနွှင်ပြီးတော့ နုတ်နုတ်စင်းပြီး ပြန်ကြော်မှာဖြစ်ပါတယ် ဒါမှ မွှေးသွားမှာဖြစ်ပါတယ် ကြက်သားမနံအောင်လို့ပါ ဒါကြောင့်မို့ နဲနဲ ပြန်လည်ကြော်ခြင်းဖြစ်ပါတယ်....


ကြက်သားကိုနွှင်ပြီး နုတ်နုတ်စင်းပြီးတော့ ငါးပြာရည်ရယ် သကြားနဲနဲရယ် နနွင်းအနည်းငယ်၇ယ်နယ်ထားပါမယ် နယ်ပြီး ၅ မိနစ်လောက်နှပ်ထားပြီးတော့ ကြော်မှာဖြစ်ပါတယ် .... ကြော်မဲ့ အိုးထဲကို ဆီထည့်ပြီး ဆီပူလာအောင်တည်မှာဖြစ်ပါတယ် ဆီပူလာပြီဆိုရင်တော့ ကြက်သားကို ထည့်ကြော်မှာဖြစ်ပါတယ်...


ကက်သားလေးကိုတင်းအောင်ကြော်ပါ့မယ် ပုံမှာမြင်၇တဲ့ အတိုင်း ကြက်သားလေးတွေ တင်းလာပြီး နဲနဲ အဝါရောင်သမ်းလာပြီ မွှေးလာပြီဆိုရင်တော့ မီးကိုပိတ်လိုက်လို့ရပါပြီ ..... ခေါက်ဆွဲကြော်ရင် လိုအပ်မဲ့ အသီးရွက်တွေကို လိုသလိုလှီးဖြတ်ပြီးရေဆေးထားပါ့မယ်.... ပဲပြားကိုတော့ အတုံးလိုက်လှီးပြီး အနည်းငယ် တင်းနေအောင်ကြော်ထားပါ့မယ်....
အသီးရွက်လေးတွေကို ခုလိုလှီး ပြီးတော့ ရေဆေးထားပါ့မယ် ရေဆေးထားပြီးပြီ ဆိုရင်တော့ ခေါက်ဆွဲစတင်ကြော်လို့ရပါပြီ....ခေါက်ဆွဲစတင်ကြော်ဖို့အတွက် ကြက်သွန်နီ ငါးလုံးကို ပါးပါးလှီးထားပေးပါ......ပြောဖို့တစ်ခုကျန်ခဲ့ပါတယ်...စောစောတုန်းက ကြက်သားတွေအရိုးနွှင်ထားပြီးသား ဆိုတော့ အရိုးတွေကျန်ပါတယ် အဲ့အရိုးတွေကိုေ၇ထည့်ပြီး ငါးပြာရည် နနွင်းထည့်ပြီးတော့ ဆူအောင်တည်ထားပေးပါ အဲဒီအပြုတ်ရည်နဲ့ ခေါက်ဆွဲပြန်ကြော်မှာဖြစ်ပါတယ် ကျနော် ဆီကို သိပ်မသုံးပါဘူး....အိုခေ....ပြီးသွားပြီဆိုရင်တော့ ကြော်မယ့်အိုးထဲကို ဆီထည့်ပါ့မယ် ဆီထည့်ပြီးပြီဆိုရင်တော့...ကျနော်က သုံးအိုးခွဲကြော်မယ်ဆိုတော့ ကြက်သွန်လှီးပြီးသားကို သုံးဆခွဲပြီးတဆ ကို ပူနေတဲ့ဆီထဲ ထည့်ပါ့မယ် ကြက်သွန်ကို တစ်အောင့်လောက်မွှေပြီးပြီဆိုရင်တော့ ကြက်သားကြော်ထားတာထည့်မယ် ....ပြီးရင်တော့ .... ပဲပြားကြော်ထားပြီးသားထည့်ပါ့မယ် .....သကြားထည့်မယ် ဆားကိုနဲနဲပဲထည့်ပါ့မယ် ခေါက်ဆွဲက ဝယ်ထဲက ဆားနဲ့ ဆီအနည်းငယ်နယ်ထားပြီးသားပါ ပြီးတော့ ကျနော်က အချိုကြော်မှာဖြစ်ပါတယ်....ကြက်သားရယ် ကြက်သွန်ရယ် ပဲပြားကြော်ရယ် ဆားရယ် သကြားရယ်ကို မွှေပြီးတော့ တအောင့်နေပြီးပြီဆိုရင်တော့ ပဲငါးပြာရည် အကြည်ထည့်ပါ့မယ် မီးကိုလျှော့ထားပါ မွှေပါ့မယ်...အနည်းငယ်လောက်မွှေပြီးတဲ့ အခါမှာတော့ ခေါက်ဆွဲထည့်လို့၇ပါပြီ....
ခေါက်ဆွဲထည့်ပြီး အနည်းငယ်မွှေပြီးတဲ့ အခါမှာတော့ ပုံဘေးမှာတွေ့ရတဲ့ ကြက်ပြုတ်ရည်အနည်းငယ်ထည့်လိုက် မွှေလိုက်လုပ်ရပါ့မယ် မီးကိုတင်ထားပါ အိုးမကပ်ပါစေနဲ့ အမြဲမွှေထားပါ ကြက်သားပြုတ်ရည်ထဲမှာ အချိုဓါတ်ပါပြီးသားဆိုတော့ခေါက်ဆွဲပိုအရသာရှိတာပေါ့  သကြားလိုသလောက်ထပ်ထည့်ပါ အိုခေ...ခေါက်ဆွဲကို မြည်းကြည့်လို့ အနေတော် ရလာပီဆိုရင်တော့ အသီးရွက်တွေထည့်လို့၇ပါပြီခင်ဗျာ...
အသီးရွက်ထည့်မယ်ဆို မာတဲ့ အသီးရွက်ကိုအရင်ဆုံးထည့်ပါ ပဲပင်ပေါက်နဲ့ နံနံပင်ကိုတော့ ချခါနီးမှထည့်ပါခင်ဗျာ အသီးရွက်ကို အပျော့ကြီးမထားပါနဲ့ တင်းတင်းလေးနဲ့ စိမ်းသွားပြီဆို သူ့အပူနဲ့ သူ့ဖာသာ ကျက်သွားမှာဖြစ်ပါတယ်....
ဒါဆိုရင်တော့ စိမ်းစိမ်းစိုစိုလေးနဲ့ စားချင်စရာလေး ဖြစ်သွားပြီပေါ့ အဓိကတော့ ခေါက်ဆွဲမှာ အရသာရှိနေဖို့ပါပဲ....
ခေါက်ဆွဲကြော်ပြီဆို သူနဲ့တွဲစားဖို့ အချဉ်ကလဲလိုသေးတယ်လေ ဒါကြောင့် သခွားချဉ်လေးလုပ်မယ်

  1. သခွားသီး
  2. ကြက်သွန်နီ ပါးပါးလှီး
  3. သံပရာသီး
  4. ငရုတ်သီးစိမ်း
  5. သကြား
  6. ဆား
သခွားသီးကို ခပ်ပါးပါးလေးလှီးပြီးတော့ ကြက်သွန်ပါးပါး နဲ့ရော သံပရာသီးညှစ် ပြီးတော့ သကြားရယ် ဆားရယ် အပေါ့ငန် ရယ် အချဉ်ရယ်မြည်း ငရုတ်သီးစိမ်းလေး ကိုက်ထည့်လိုက်ရင် အိုခေပြီပေါ့ဗျာ... ဟုတ်ပြီ စောနတုန်းက ကြက်ရိုးပြုတ်တွေရှိတယ် ဘူးသီးလေးကလဲ အဆင်သင့်ဆိုတော့ ဘူးသီးအခွံနွှာ ပြီး မသေးမကြီး အတုံးလေးတွေတုန်းပြီး ကြက်ပြုတ်ရည်ထဲ ပစ်ထည့်လိုက်ပေါ့ဗျာ ငံပြာရည် သကြား လိုသလိုထည့် အပေါ့ငံမြည်း ချခါနီးကို ကြက်သွန်ဖြူ လေးစိပ်ကွဲထောင်းထည့်လိုက် ပြီးတော့ ငရုတ်ကောင်းမှုန့်လေးပါထည့်ပြီး ဆွဲလို့ရပါပြီ ........ အဲတော့ ခေါက်ဆွဲကြော် ချိုဆိမ့်လေးကို မအီအောင် အချဉ်လေးနဲ့ ကြက်သွန်ဖြူ ငရုတ်ကောင်းနံ့သင်းနေတဲ့ ဟင်းချိုလေးနဲ့ဆို အနဲလေး နှစ်ပန်ကန်ပဲပေါ့ဗျာ ....
အားလုံးပဲ ကျေးဇူးတင်ပါတယ် ....... အချိန်ရသလောက်လေးမှာ ရေးတဲ့..... ကျောင်းရွာသားလေ.....

0 comments:

Post a Comment