Pages

Sunday, December 23, 2012

ချက်မယ် ပြုတ်မယ် စားမယ် ဝါးမယ် အပိုင်း (၃)

ကျန်တဲ့ တစ်ပတ်က စားချင်တာ ဆိုလို့ အိမ်က ပို့လိုက်တာ ငံပြာရည်ချက်တွေလဲ ပါတယ် အရည်သောက်လေးနဲ့ အသုတ်လေး တခုခုစားချင်တယ်ဆိုတော့ ပိန်းဥေ၇ချို နှပ်လေး စားချင်တယ် ခရမ်းချဉ်သီး သုတ်စားချင်တယ်ပေါ့ ဗျာ... ဒါနဲ့ပဲ ဈေးက ပိန်းဥလေးတွေ လတ်လို့ ဝယ် လာတယ် ခရမ်းချဉ်သီးပါ ဝယ်လာတယ်ပေါ့ဗျာ....
ပိန်းဥကို တစ်ချို့က ပြုတ်ပြီး ဆားနဲ့ဆီနဲ့ တို့စားတယ် ကြားဖူးတယ် ကျနော်ကတော့ ချက်စားပါတယ် ခင်ဗျာ
ချက်ဖို့၇ာ ပါဝင်တာတွေကတော့ ထွေထွေထူးထူးမပါ ပါဘူးခင်ဗျာ....

  1. ပိန်းဥ အလတ်စလေး ၁၀ လုံး ၁၅ လုံး
  2. ကြက်သွန်နီ နှစ်လုံးလောက် ပါးပါးလှီးထား
  3. ပုစွန်ခြောက် အမှုန့်ကြိတ်ထားပါ
  4. သကြား 
  5. ငံပြာရည်
  6. ဆီ
  7. န နွင်းအနည်းငယ်မျှ (အေ၇ာင်အတွက်ပါ)
ပိန်းဥကို ခွာဓါးနှင့်ခွာပါေ၇မထိပါစေနဲ့ ရေထိလို့ကတော့ ခွာရမည်မဟုတ်ပါ အရမ်းချွှဲပါတယ်....
ခွာပြီး တော့ နှစ်ခြမ်း ခြမ်းပြီးေ၇စင်အောင်ဆေးထားပါ....


အိုကေ အားလုံးပြင်ဆင်ပြီး ပြီ ဆိုရင်တော့ ချက်မဲ့အိုးထဲကို ဆီထည့်ပါ ဆီပူလာအောင်တည်ပြီးနောက် ကြက်သွန်နီ လှီးထားတာထည့်ပါ ပြီးရင်တော့ ပုစွန်ခြောက်ထည့် မွှေပါ မွှေးလာ ပြီဆိုရင်တော့ ပိန်းဥထည့်မွှေပါ ငံပြာရည်ထည့်ပါ သကြားထည့်ပါ ရေနဲနဲထည့်မွှေပါ ပြီးရင်တော့ အဖုန်းလေးအုပ်ပြီး မီးလျော့ပြီးနှပ်ထားပါ တစ်အောင့်နေ ပြန်ဖွင့်ပြီး မွှေပေးပါေ၇ထပ်ထည့်ပါ ပြန်အုပ်ထားပါ အဲလိုနဲ့ နုးသွားသည် အထိ နှပ်ထားပေးပါ နုးသွားမှ စားကောင်းတာလေ နုးသွားပြီ အိသွားပြီဆိုရင်တော့ အပေါ့ငံမြည်းပြီး ချလို့၇ပြီလေ ချိုချို လေးစားလို့ အ၇မ်းကောင်းပါတယ် ခင်ဗျာ..... အ၇ည်လေးစပ်စပ်လေးချလိုက်ပေါ့ အရည်လေးနဲ့ဆမ်းစား ကျနော်တော့ ကြိုက်တယ်ဗျ.....

စားလို့၇ပြီပေါ့ ဗျာ....အိုခေ.....
ခရမ်းချဉ်သီးသုတ်ကတော့ လွယ်ပါတယ်.... ပါဝင်တာတွေကတော့...
  1. ခရမ်းချဉ်သီး ငါးလုံးခန့် အမှည့်သို့ ဝင်းရောင်....
  2. ကြက်သွန် လေးလုံးပါးပါးလှီးထား
  3. မြေပဲမှုန့် အနည်းငယ်
  4. ပုစွန်ခြောက်မှုန့်အနည်းငယ်
  5. ငရုတ်သီးစိမ်း
  6. ဆားအနည်းငယ် 
  7. ကြက်သွန်ဆီသတ်၇န် ဆီအနည်းငယ်
  8. မကျည်းရည် အနည်းငယ် (ကြိုက်ရင်ထည့်ပါ)
  9. သကြားအနည်းငယ် (မကြိုက်ရင် မထည့်ပါနဲ့)
ခရမ်းချဉ်သီးကို အရည်တွေထုတ်ပြီး ပါးပါးညှပ်ထားပါ...ကြက်သွန် တဝက်ကို ဆီသတ်ပါမယ် ... ကြက်သွန်ဆီသတ်လေးနဲ့ဆိုမွှေးလို့ပါ....ကျန်တဲ့ တဝက်ကိုတော့ေ၇ဆေးထားပေါ့ဗျာ....မကျည်းရည်ကတော့ ရေနွေးလေးနဲ့ဖျော်ပေါ့ .... ငရုတ်သီးစိမ်းလေးလဲ ညှပ်ထားမယ် မြေပဲနဲ့ ပုစွန်ခြောက်လဲ ကြိတ်ထားပေါ့ဗျား.... အားလုံးပြီးရင်တော့ ရှိသမျှအစာတွေထည့်ပြီးသာ သုတ်ပေတော့ စားမကောင်းရင် ကြိုက်သလိုသာပြောပေတော့ဗျာ......

တချို့ ဆေးဘဲဥ သုတ်စားချင်တဲ့သူဆိုရင် ဆေးဘဲဥထပ်ထည့်စားပေါ့ဗျာ ဆေးဘဲဥတွေလဲ သိပ်မစားနဲ့ အခုက ဘာတွေထည့်ထားမှန်းသိဘူးဗျ မြင်တွေ့တဲ့ဟာပဲစားတာကောင်းပါတယ် .... ကဲ အားလုံးပဲ စားနိုင်သောက်နိုင်ကြပါစေ ..... ကျောင်းရွာသား.....

0 comments:

Post a Comment