Pages

Monday, December 24, 2012

ချက်မယ် ပြုတ်မယ် စားမယ် ဝါးမယ် အပိုင်း (၄)

ချက်တာတော့ကြာပြီ မရေးဖြစ်တာပါ တစ်ချို့ဟင်းတွေလဲ ချက်ရင်းမေ့သွားလို့ ပုံလေးတွေ မရိုက်ထားပဲဖြစ်မိသွားတယ်ဗျာ ဆောရီးပါ...... အခုတော့ ငါးဖယ်ခြစ် အချဉ်ချက်လေး ချက်စားမယ် အချဉ်ချက်ဆိုပေမယ့် တအားကြီးချဉ်တာမဟုတ်ပဲ ချိုချဉ်လေး နဲ့  စားလိုက်ရင်မအီအောင်ပေါ့....ငါးဖယ်ခြစ်ကတော့ ဒီမှာရပါတယ် မြန်မာဆိုင်မှာေ၇ာင်းပါတယ် တစ်ကီလိုကို ၇.၅ ဒေါ်လာပါ ကျနော် အဲ့နေ့ နှစ်ထုပ် ဝယ်လာတယ် နှစ်ကီလိုပေါ့ဗျာ လုပ်ကတာတော့ နဲနဲတော့လက်ရှုပ်တာပေါ့ဗျာ ကျနော်ကကြိုက်တော့ ချက်စားရတာပေါ့ ငါးဖယ်မချက်ခင် ငါးဖယ်ခြစ်ကို ငါးဆုပ် လေးတွေလုံးပါမယ် လိုအပ်မှာတွေကတော့.....

  1. ငါးဖယ် ခြစ်ပြီးသား၂ ကီလို...
  2. ဆား သင့်ရုံ
  3. နနွင်း...
  4. ချင်း
  5. ကြက်သွန်ဖြူ ဥကြီး နှစ်လုံး နုတ်နုတ်စင်း (သို့) ထောင်း( ကြက်သွန်ဖြူကို ရက်ရှည်ထားမယ်ဆို မထည့်ပါနဲ့ )
အားလုံးစုံပြီဆို ငါးဖယ်ကို လုံးဖို့လုပ်ပါ့မယ်.....
ပြီးသွားရင်တော့ အစာတွေနဲ့ ငါးဖယ်ကို နှံ့နေအောင်နယ်ပါမယ် ပြီးရင် ငါးဖယ် အလုံးကြီးဖြစ်အောင်လုပ်ပပါ့မယ် လုံးသွားပြီဆိုရင်တော့ ပန်ကန်ထဲမှာ ငါးဖယ်လုံးကို ပေါက်လိုက် လုံးလိုက် အခါ ငါးဆယ်လောက်လုပ်ပါ ဗလလဲတက်တာပေါ့ ဒါမှ ငါးဖယ်က အကြောတင်းပြီး မာပြီး စီးလာမှာဖြစ်ပါတယ်....
ကျနော် ပုံထဲမှာ ပြထားတဲ့ အတိုင်းလုံးပြီး စီးသွားပြီဆိုရင်တော့ စတင်လုံးပါ့မယ် လုံးတာကတော့ ကိုယ်ကြိုက်တဲ့အနေပေါ့ လုံးရင် စီးကပ်တဲ့အတွက် ဆီလေးကိုလက်ကိုဆွတ်ပြီးတော့လုံးပါ.....
ကျနော်ကတော့ အဲလိုမျိုး ပြားလိုက်တယ်ဗျာ ငါးဖယ်ပြားပေါ့ ဟဟ.... အိုခေ ...ပြီးသွားပြီဆိုရင်တော့ ကြော်မယ်ပေါ့ ငါးဖယ်ကြော်ရပြီဆိုရင်တော့ ကြိုက်သလို လုပ်စားလို့ရပါတယ် .... ခု အရင်ကြော်ပါ့မယ်....
ကြော်မဲ့အိုးထဲကို ဆီထည့်ပါ့မယ် ဆီပူလာပြီဆိုရင်တော့ ငါးဖယ်ပြားလေးတွေထည့်ကြော်ပါ့မယ် မီးအပြင်းကြီးနဲ့မကြော်ပါနဲ့ ငါးဖယ်ပြားလေးတွေ ဖောင်းပြီး ပွတက်လာပါလိမ့်မယ် ပြီးတော့ အဝါရောင်လေးသန်းပြီး မွှေးလာပါလိမ့်မယ် ထက်အောက်လှန်ပေးပါ အဝါရောင်လေးသန်းပြီး မွှေးလာပြီဆိုရင်တော့ ဆယ်ထည့်လို့ရပါပြီ....
ဒါဆိုရင်တော့ ငါးဖယ်ကြော်မွှေးမွှေးလေး ရပြီပေါ့ ဒီအတိုင်းစားလဲရတယ် အစာသွပ်လဲရတယ် ဟင်းပြန်ချက်စားလဲ၇ပါတယ်ဗျာ...ကျနော်ကတော့ ဟင်းပြန်ချက်မယ်ဆိုတော့ ငါးဖယ်ဆီပြန်အချဉ်ချက်လေးပေါ့ဗျာ...ရိုးရိုးရှင်းရှင်းလေးပါ ... ပါဝင်မှာတွေကတော့.....

  1. ကြက်သွန်နီ ဥကြီးနှစ်လုံး ပါးပါး နှစ်ပြန်လှီးထားပါ (အရှည်လိုက်ရယ် ကန့်လန့်ဖြတ်ရယ်ပါ)
  2. ကြက်သွန်ဖြူ ဥကြီး တစ်လုံး ထောင်းထားပါ
  3. ငရုတ်သီး အစိမ်းမှုန့်
  4. ချင်း လက်တစ်ဆစ်ကိုထောင်းထားပါ
  5. မန်းကျည်းမှည့် ကွမ်းသီး နှစ်လုံးစာလောက် ရေစိမ်ထားပါ
  6. ငါးပြာရည် 
  7. သကြား (အချို့မှုန့် မသုံးပါ)
  8. ပဲဆီ 
ချက်မည့်အိုးထဲကို ပဲဆီထည့်ပြီး ဆီပူလာအောင်လုပ်ပါ ဆီပူလာပြီဆိုရင်တော့ ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းထောင်းထားတာကို အ၇င်ထည့်ပါ မွှေးလာအောင်အရင်မွှေပါ မွှေးလာပြီဆိုရင်တော့ ငရုတ်သီး အစိမ်းမှုန့် အနေတော်လေးထည့်ပါ တအောင့်လောက် မွှေပြီးပြီဆိုရင်တော့ မွှေးပြီးဆီးငွေ့လေးပြန်လာ၇င်တော့ စောနက ကြော်ပြီးသား ငါးဖယ်ခြစ်ကိုထည့်ပါ မွှေပါ ငါးပြာရည် သကြားထည့်ပါ မီးအများကြီးမသုံးပါနဲ့  တအောင့်လောက် မွှေးလာအောင် မွှေပေးပါ အနံ့လေး မွှေးလာပြီ ဆီလေးနဲနဲ ပြန်လာပြီဆိုရင်တော့ မန်းကျည်းရည် ထည့်ပါ တအားကြီးမထည့်ပါနဲ့ ထည့်ပြီးရင် မွှေပေးပါ မြည်းကြည့်ပါ မချဉ်သေးကထပ်ထည့်နိုင်သည် မီးလေးလျှော့ပြီး ငါးမိနစ်သို့ ၁၀ မိနစ်ခန့် နှပ်ထားပေးပါ အဖုံးအုပ်လို က အုပ်ထားနိုင်သည်....အရည်လေးတွေခန်းသွားပြီ အနှစ်ဖြစ်လာပြီးဆီပြန်လာပြီဆိုရင်တော့ မီးပိတ်လို့၇ပါပြီ ခင်ဗျာ.....
ကဲဒါဆိုရင် ချင်းနံ့ ကြက်သွန်ဖြူနံ့ သင်းသင်းလေးနဲ့ မအီမဲ့ ချိုချိုချဉ်ချဉ်အ၇သာ ငါးဖယ်ဟင်းတစ်ခွက်ရပြီပေါ့ဗျာ..... တစ်ချို့ကြတော့ မန်ကျည်းသီးနေရာမှာ ခရမ်းချဉ်သီးထည့်ပါတယ် ရပါတယ် ခင်ဗျာ ကြက်သွန် ငရုတ်သီး ဆီသတ်ပြီးဆိုရင်တော့ ငါးဖယ်အ၇က်မထည့်ပဲ ခရမ်းချဉ်သီးကို အ၇င်ထည့်မွှေပြီး ငါးပြာရည် သကြားထည့်ပြီး အနှစ်၇သည့်အထိမွှေပါ အနှစ်၇ခါနီးမှ ငါးဖယ်ထည့်ပြီး ၅ မိနစ်သို့  ၁၀ မိနစ်အထိ ထားပြီးနှပ်ထားပေးပါ မီးတော့လျော့ထားပါ...ရပြီဆိုရင် နံနံပင်အုပ်ပြီး မီးပိတ်နိုင်ပါပြီ....
ဒါကတော့ ငါးဖယ်ခြစ် ခရမ်းချဉ်နှပ်လေးပါ ... စားကောင်းမယ်လိုထင်ပါတယ်.....ကျနော်ချက်ရင်တော့ ကောင်းမှာပေါ့ဗျာ ဟဲဟဲ .... ကဲအားလုံးပဲ စားနိုင်သောက်နိုင် လိုအင်တွေပြည့်နိုင်ပါစေပေါ့ဗျာ..... ကျောင်းရွာသား.......

0 comments:

Post a Comment