Pages

Saturday, November 17, 2012

အမေရိကန် စစ်ရေယာဉ်တစ်စီး မြန်မာ့ရေပြင်သို့ တရားဝင် (သို့မဟုတ်) တရားမဝင် ရောက်ရှိနေခြင်း..............


အမေရိကန်သမ္မတ အိုဘားမားသည် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ နိုဝင်ဘာ ၁၉ ရက်နေ့တွင် သမိုင်းဝင်ခရီးစ
ဉ်အဖြစ် ရောက်ရှိလာမည်ဖြစ်သည်။ ယင်းနှင့်အပြိုင်
အမေရိကန် ရဟတ်ယာဉ်တင်သင်္ဘောတစ်စီးကို မြန်မာ့ရေပြင်ပိုင်နက်တွင် တွေ့မြင်ရသည့် သတင်းတစ်ရပ်လည်း ငါးဖမ်းစက်လှေများ သတင်းရပ်ကွက်တွင် ထွက်ပေါ်လာခဲ့
ပါသည်။သတင်း၏ အဆိုအရ နိုဝင်ဘာ ၁၇ ရက်နေ့ နံနက် ၉နာရီခန့်တွင် အမေရိကန်အလံလွင့်ထူထားပြီး ရေယာဉ်ကိုယ်ထည်တွင် အင်္ဂလိပ်ဂဏန်း 6 ဟုရေးသားထားသည့် ရဟတ်ယာဉ်များ တင်ဆောင်ထားသော စစ်ရေယာဉ်တစ်စီး နှင့် မြန်မာ့တပ်မတော်(ရေ)မှ စစ်ရေယာဉ်များကို ရန်ကုန် ပင်လယ်ဝမှ တောင်ဘက်မိုင်ရေမိုင် ၈၀ ခန့်နေရာ၌ တွေ့ရှိရသည်ဟု ဆိုပါသည်။အမေရိကန်သမ္မတ အိုဘားမား ခရီးစဉ်လုံခြုံရေးအတွက် ဖြစ်နိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းရသော်လည်း တရားဝင်အကြောင်းကြား ညှိနိုင်းဝင်လာခြင်းလား သို့မဟုတ် Base Line ပြဿနာ အခြေခံရှိ၍ ပိုင်စိုးပိုင်နက်ဝင်လာခြင်းလား ဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်ပါသည်။ မြန်မာ့တပ်မတော်(ရေ)မှ စစ်ရေယာဉ်များကို အနီးတစ်ဝိုက်တွင် တွေ့ရှိရ၍ တရားဝင်ဖြစ်နိုင်ဖွယ်ရှိကြောင်း ခန့်မှန်းရသည်။

စစ်ရေယာဉ်ကို လေ့လာရာတွင် ရဟတ်ယာဉ်များတင်ဆောင်ထားပြီး ကိုယ်ထည်တွင် 6 ဟု ရေးသားထားသည့်အတွက် ကမ်းတက်စစ်ဆင်ရေးသုံး စစ်ရေယာဉ် USS Bonhomme Richard (Landing Helicopter Deck - LHD 6) ဖြစ်နိုင်ကြောင်း ယူဆရပါသည်။၎င်းစစ်ရေယာဉ် အမျိုးအစားသည် အလျား ၈၄၄ ပေ၊အနံ ၁၀၆ ပေ ရှိကာ တန်ချိန် ၄၀၅၀၀ ရှိပြီး ကမ်းတက်စစ်ဆင်ရေးသုံး CH-46 Sea Knight ရဟတ်ယာဉ် ၄၂ စီး၊ဒေါင်လိုက်တက်ဆင်းနိုင်သော AV-8B Harrier II တိုက်ခိုက်ရေးလေယဉ် ၅ စီး၊ ရေငုပ်သင်္ဘော ရှာဖွေတိုက်ခိုက်ရေး ရဟတ်ယာဉ် ၅စီး၊ကမ်းတက်ရှပ်ပြေးယာဉ်များ၊ ကုန်း/ရေ နှစ်သွယ်သုံးတင့်များ နှင့် ကမ်းတက်တပ်ဖွဲ့ဝင်များ အပါအ၀င် တပ်ဖွဲ့ဝင် ၁၈၀၀ ကျော် သယ်ဆောင်နိုင်ကြောင်း သိရှိရသည်။

မည်သို့ပင်ဖြစ်စေ နှစ်နိုင်ငံ အနာဂါတ်ခရီးအတွက် ကောင်းသောလာခြင်း ဖြစ်ပါစေဟု ဆန္ဒပြု ဖော်ပြအပ်ပါသည်။

မောင်ဝါဆို

Ref; Myanmar NAVY

0 comments:

Post a Comment