Pages

Tuesday, November 27, 2012

iPad နှင့် app ကြောင့် ပါးပြောင်နေသော ချယ်လ်ဆီး မန်နေဂျာ


ချယ်လ်ဆီးအသင်းရဲ့  ကြားဖြတ် မန်နေဂျာအဖြစ် တာဝန်ထမ်းဆောင် နေတဲ့ Rafa Benitez ဟာ သူ့ရဲ့  လျှို့ ဝှက်ချက်ကို ထုတ်ဖော်ပြောကြား လိုက်ပါ တယ်။ ဒါကတော့ သူဟာ အသင်း စီမံခန့်ခွဲဖို့ အတွက် iPad ပေါ်မှာ app တွေ နဲ့ အလုပ်လုပ်တယ်ဆိုတာပဲ ဖြစ်ပါတယ်။ ဒါတောင် သူများလုပ်တဲ့ app မဟုတ်ပါဘူး။ လီဗာပူးလ် မှာ မန်နေဂျာ လုပ်စဉ်က တွဲခဲ့တဲ့ နည်းပြအချို့ နဲ့ ပေါင်းလို့ ဘောလုံးစီမံခန့်ခွဲတဲ့ App ကို ကိုယ်တိုင်ကိုယ်ကျ ဖန်တီးထားတာ ဖြစ်ပါတယ်။ သူ့ကို Globall Coach Lite လို့ အမည်ပေးထားပါတယ်။ အသင်း မန်နေဂျာအတွက်ရော၊ နည်းပြ အတွက်ရော၊ အားကစား သမားတွေအတွက်ပါ အသုံးဝင်တဲ့ application လို့ဆိုပါတယ်။ iTune ကနေ Download ဆွဲ ဝယ်ယူအသုံးပြု ရမယ့် app ဖြစ်ပါတယ်။ "အရင်ကဆို အသင်းကို စီမံခန့်ခွဲဖို့အတွက် ဗီဒီယိုတွေ၊ ကွန်ပြူတာ ဒီဇိုင်းတွေနဲ့ အချိန်ကုန်ခံပြီး လုပ်နေရတယ်။ အခုလို application ပေါ်လာတော့ အားလုံးကို iPad တစ်လုံးပေါ်မှာပဲ presentation လုပ်နိုင်တယ်။ လိုအပ်တာတွေ အလွယ်တကူ ရှင်းလင်းပြသ၊ မှာကြားနိုင် တယ်" လို့ ပြောဆိုခဲ့ပါတယ်။ ပရီးမီးယားလဂ် နည်းပြ ဗားရှင်း၊ အကဲဒမစ် ဗားရှင်း၊ Lite ဗားရှင်းဆိုပြီး သုံးမျိုး ဖန်တီးထားတယ်လို့ ဆိုပါတယ်။ လက်ရှိ ပရီးမီးယားလဂ်မှာ ချယ်လ်ဆီးရဲ့  ရလဒ်က ရင်ခုံစရာကောင်းနေ ပါတယ်။ ၁၃ ပွဲ ကစားအပြီးမှာ အဆင့်က ၄ ဖြစ်နေတော့ ချယ်လ်ဆီး ပရိတ်သတ်တို့ ရင်မခုန်ပဲ မနေနိုင်ပါဘူး။ တကယ်ပဲ Globall Coach Lite သာ ကောင်းတယ်ဆိုရင် Rafa Benitez ရဲ့  ပရီးမီးယားလဂ် အောင်ပွဲ အိပ်မက်ဟာ တကယ်ပဲ ဖြစ်လာ ပါစေလို့ ဆန္ဒပြုနေကြပါတယ်။Globall Coach Lite ကို အောက်ပါ လခ့်မှာ Download ဆွဲနိုင်ပါတယ်။
https://itunes.apple.com/gb/app/globall-coach-lite/id535118512?mt=8
credit to>>>techspacejournal

0 comments:

Post a Comment