Pages

Monday, November 19, 2012

ဘာကြောင့်ပါးကိုနမ်း ပြီး နုတ်ဆက်သလဲ ဆိုတာ....

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရန်ကုန်မြို့နေအိမ်ကိုရောက်လာတဲ့ အိုဘားမားက အိမ်ရှင်ရဲ့ ပါးကို နမ်းပြီး နှုတ်ဆက်ပါတယ်။ပါးနမ်းပြီး နှုတ်ဆက်တာကို နိုင်ငံအများအပြားမှာ တွေ့ကြရမှာပါ။ဒီလိုနှုတ်ဆက်ခြင်းမှာ ခင်မင်ရင်းနှီးမှုကို ပြသဖို့၊ နှစ်သိမ့်ဖို့၊ လေးစားကြောင်း ဖော်ညွှန်းဖို့  စသဖြင့် ရည်ရွယ်ချက် တခုခု ပါဝင်တယ်လို့ သိရပါတယ်။လော့စ်အင်ဂျလိစ်မြို့မှာတော့ အမျိုးသားချင်းတောင် ပါးနမ်းပြီး နှုတ်ဆက်တယ်လို့ ၂၀၁၁ ခုနှစ် ရှီကာဂိုထရီဗြွန်း ဆောင်းပါးတပုဒ်က ဆိုပါတယ်။ပါးနှစ်ဘက် ဘယ်အခြမ်းကို အရင်နမ်းရမလဲ?
ဆောင်းပါးမှာတော့ -  ညာဘက်ပါးကိုနမ်းတယ်၊ ပြီးရင် ဘယ်ဘက်ခြမ်းပါပဲ လို့ ဆိုတယ်။
ဥရောပသားတွေ၊ နယူးယောက်မြို့သားတွေလည်း အဲဒီလိုပဲ ညာဘက်၊ ပြီးရင် ဘယ်ဘက် နှုတ်ဆက်တယ် တဲ့။

ဧရာဝတီမှ ကူးယူသည်

0 comments:

Post a Comment