Pages

Tuesday, November 27, 2012

ကောင်းကင်ထက်က ကျရောက်သည့် အမျိုးအမည် မသိ သတ္တုလုံး တစ်ခု သံဖြူဇရပ် မြို့နယ် တွင် ထပ်မံ တွေ့ရှိ


နေပြည်တော် နိုဝင်ဘာ ၂၆ နိုဝင်ဘာ ၂၅ ရက် မွန်းလွဲ ၁ နာရီ ခန့်က သံဖြူဇရပ် မြို့နယ် စခန်းကြီး ကျေးရွာနေ ဦးအောင် ဆန်း၏ ရော်ဘာခြံ၌ အမျိုးအမည် မသိ သတ္တု အလုံး တစ်လုံးကို တွေ့ရှိ၍ အနီးဆုံးရှိ နယ်မြေခံ လုံခြုံရေး တပ်ဖွဲ့သို့ သတင်း ပို့ခဲ့ပါသည်။ ထို့ကြောင့် တာဝန်ရှိ သူများက သွား ရောက် စစ်ဆေးရာ အဆိုပါ ပစ္စည်းသည် လုံးပတ် ၄၂ လက်မ၊ အချင်း ၁၅ လက်မ အရွယ်ရှိ သတ္တုလုံး တစ်လုံး ဖြစ်ပြီး အလုံး၏ ဘေးတစ်ဖက် တစ်ချက် ဝင်ရိုးကဲ့သို့ နေရာတွင် မူလီ ခေါင်းလေးလုံးစီ တပ်ဆင်လျက် ပါရှိကြောင်း၊ နိုဝင်ဘာ ၂၂ ရက် မွန်းလွဲ ၁ နာရီခန့်က သံဖြူဇရပ် မြို့နယ် ဘုရားလေးဆူ ကျေးရွာ အရှေ့ဘက် ၁ မိုင် ခန့် အကွာရှိ ကျုံကန် ချောင်း စပ်တွင် တွေ့ရှိခဲ့သည့် သတ္တုလုံးနှင့် အရွယ်အစား၊ ပုံသဏ္ဌာန်ပါ တူညီကြောင်း၊ ကောင်းကင် ပေါ်က ကျရောက်ခြင်း ဖြစ်နိုင်ကြောင်း သိရှိရသည်။ အဆိုပါ ကောင်းကင် ထက်မှ ကျရောက် လာသည့် အရာ ဝတ္ထုနှင့် ပတ်သက်၍ တာဝန်ရှိ သူများက လိုအပ်သော စုံစမ်း စစ်ဆေးမှုများ ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။ မြဝတီသတင်းမှ ကူးယူဖေါ်ပြပါသည်....

0 comments:

Post a Comment