Pages

Wednesday, November 21, 2012

Apple အဆောက်အအုံသစ်ကြီး ၂၀၁၆ နှစ်လယ်လောက်မှ ဖွင့်လှစ်နိုင်မည်


ပုံမှာ မြင်တွေ့နေရတာကတော့ Apple မှ အသစ်တည်ဆောက်မယ့် Apple ရုံးချုပ် ဖြစ်ပါတယ်။ 
တည်နေရာကတော့ ကယ်လီဖိုးနီးယားပြည်နယ်၊  Cupertino မြို့ မှာ ဖြစ်ပြီး ၂.၈ မိုင် စတုရန်းပေ ကျယ်ဝန်းတဲ့ အဆောက်အအုံဖြစ်ပါတယ်။ သစ်ပင် ပေါင်း ၇၀၀၀ ကျော်နဲ့လည်း ဝန်းရံထားမှာ ဖြစ်ပါတယ်။ ယင်း အဆောက်အအုံကို Spaceship Campus လို့အမည်ပေးထားပြီး စတိဂျော့ ပါဝင်ခဲ့တဲ့ ပရောဂျက်ကြီး တစ်ခုလို့ ဆိုပါတယ်။ 
ယင်း အဆောက်အအုံ ကို တည်ဆောက်ဖို့အတွက် တောကိုရှင်းလင်းရ မှာ ဖြစ်ပါတယ်။ တားဆီးသူ များစွာ ရှိနေပါတယ်။ ဒီအတွက် သယ်ဆိုင်ရာ ဒေသခံ အစိုးရနဲ့ Apple တို့ ညှိနှိုင်းနေရပြီး ၂၀၁၄ လောက် မှ ဖောင်ဒေးရှင်း စတည်လို့ ဆောက်လုပ်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒါကြောင့် ၂၀၁၆ နှစ်လယ်လောက်မှပဲ တရားဝင် အသုံးပြုနိုင်မှာ ဖြစ် တယ်လို့ ဆိုပါတယ်။ ၂၀၁၅ ခုနှစ်မှာ Apple ဝန်ထမ်းအားလုံးကို ယင်း Spaceship သို့ ပို့ဆောင်မယ်လို့ လည်း ပြောဆိုနေကြပါတယ်။ သို့ပေမယ့် အဆောက်အအုံ တည်ဆောက်ဖို့ ကတော့ ထင်ထားတာထက် ပိုမို ကြာနေအုံးမှာ ဖြစ်ပါတယ်။ 

ဒီဇိုင်းအားဖြင့် ထူးခြားနေပြီး သဘာဝတောတောင် အလယ်မှာ တည်ဆောက်ထားတဲ့ Apple ရဲ့  Spaceship Campus ဒီဇိုင်းကို ယခု လို မြင်တွေ့ ရပါတယ်။ 
--
Ref: bloomberg
Aung Kham (TSJ team)
credit to>>tech spacejournal

0 comments:

Post a Comment