Pages

Wednesday, October 17, 2012

ဗြောက်သမား တွေ သောင်းကျန်းနေ ဆိုပဲ.....

အောက်တိုဘာ(၁၇)ရက်၊၂၀၁၂ခုနှစ်။ ရုပ်မြင် သံကြား ၊ရေဒီယိုနှင့် သတင်းစာများမှ ဗြောက် မဖောက်ရနှင့် ဗြောက်ဖောက်ပါက မည်သို့ အရေးယူမည်ဟု ကြေငြာထား သော်လည်း အရေးယူမှု အားနည်းပြီး ဗြောက်ဖောက် နေသူများကြောင့် သက်ကြီး ရွယ်အိုများနှင့် (၁)နှစ်အောက် ကလေးငယ်များမှာ ထိတ်လန့်မှုများ ဖြစ်ပေါ်နေကြောင်း ပြည်သူ များထံက သိရသည်။ “နေ့လည် နေ့ခင်းတော့ အသံမကြားရဘူး၊ ညအိပ်ချိန်ဆို ဗြောက်သံတွေ ကြားရတော့ အိပ်ရတာ စိတ်မဖြောင့်ဘူး ထားမြစ် ထားတဲ့ကိစ္စတွေကို ဥပဒေမဲ့ လုပ်နေတာပဲ၊ သီတင်းကျွက်လည်း မရောက်သေးဘူး ဗြောက်သံတွေ ကြောင့် တော်တော်လေး စိတ်အနှောက်အယှက်ဖြစ်ရတယ်၊ တစ်နှစ်အောက်မြေးမလေးဆို အိပ်ရင်းနဲ့ လန့်လန့်ငိုတာ ခဏခဏ” ဟု အသက်(၇၀)ကျော်အရွယ်ရှိ ဒေါ်ကျင်စန်းက ပြောသည်။ တရုတ်နိုင်ငံမှ ၀င်ရောက်လာသော ဗြောက်အိုးများ၊ မီးရှုးမီးပန်းများ၊ ရှုးဒိုင်းများအား မန္တလေးမြို့ လမ်းမများပေါ်တွင် လွတ်လပ်စွာ ရောင်းဝယ်လျှက်ရှိပြီး ဗြောက်ဖောက်သူ အများစုမှာ ကလေးငယ်များနှင့် လူလတ်ပိုင်းများအများစု ဖြစ်ကြောင်း သိရသည်။ “ဗြောက်ဖောက်တာက ပိုက်ဆံမီးရှို့တာပါပဲ။ တစ်ဖက်လူတွေအတွက်လည်း ထိတ်လန့်မှုတွေ ဖြစ်စေပါတယ်။ မိမိကလေးက ဗြောက်ဖောက်တယ်ဆိုရင်လည်း မိဘများက ပြောဆိုဆုံးမ ပြီးတားမြစ်သင့်ပါတယ်။ သက်ဆိုင်ရာ ကလည်း ဗြောက်နဲ့ ပတ်သက်လို့ ထုတ်ပြန်ထားတဲ့ ဥပဒေအပေါ်မှာ ထိထိရောက်ရောက်အရေး ယူဆောင်ရွက်သင်ပါတယ်။”ဟု မန္တလေးမြို့ခံတစ်ဦးမှ ၄င်း၏ထင်မြင်ချက်ကို ပြောသည်။ မန္တလေးမြို့နည်းတူ ရန်ကုန်မြို့အတွင်း မြို့နယ်မျာရှိ လမ်းများ ဈေးများ၌လည်း ဗြောက်အိုးများ၊ရှုးဒိုင်းများ၊ မီးပန်းများ လွယ်လွယ်ကူကူ ရောင်းချ ဖောက်လွှတ်နေကြကြောင်း ကမာရွတ်မြို့နယ်မှ ကိုဦးက ပြောသည်။ လူငယ်များကြား၌ ထိတ်လန့်ဖွယ်ကောင်းသော ဗြောက်သံနှင့် စနောက်ရာမှ အချင်းချင်းခိုက်ရန်ဖြစ်ပွားမှုများ ဖြစ်ပေါ်လေ့ရှိကြောင်းနှင့် ခြောက်သွေ့သောရာသီဖြစ်သောကြောင့် မီးဘေးအန္တရာယ်ပင် ဖြစ်စေနိုင်ကြောင်း သိရှိရသည်။ နှစ်စဉ်သီတင်းကျွက်မတိုင်မီ ဗြောက်ဖောက်သံများ ဆူညံစွာကြားရပြီး တန်ဆောင်မုန်းလကုန်အထိ အရှိန် မပျက် ဗြောက်ဖောက်နေခြင်းမှာ သက်ဆိုင်ရာမှ စည်းကမ်းသတ်မှတ်၍ အရေးယူမှု အားနည်း သောကြောင့် ဖြစ်နေရကြောင်း အောက်တိုဘာလ(၁၆)ရက်နေ့ထုတ် မန္တလေးနေ့စဉ် သတင်းစာတွင် ဖော်ပြထားသည်။ မောင်ယဉ်ကျော်-မန္တလေး(မြစ်မခ) by Shwe Myitmakha Media Group

0 comments:

Post a Comment