Pages

Wednesday, October 17, 2012

လူမှုဖူလုံရေး အိမ်ရာ စီမံကိန်းကို အခြေခံ လူတန်းစားများ အတွက် အကောင်အထည်ဖေါ်မည်ဟုဆို....

အလုပ်သမား ၀န်ကြီး ဌာနမှ အကောင်အထည် ဖော်မယ့် လူမှုဖူလုံရေး အိမ်ရာ စီမံကိန်းကို အခြေခံ လူတန်းစားများ အတွက် အကောင်အထည် ဖော်ဆောင်မှာ

ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို အိမ်ရာ စီမံကိန်း အတွက်လည်း အောက်တိုဘာလ ၁၆ ရက်နေ့က.... အင်းယားလိတ် ဟိုတယ်မှာ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပပြုလုပ် ခဲ့ပါတယ်။ ဒီလို ပြုလုပ်ရ တာဟာ လူမှုဖူလုံရေး အိမ်ရာ စီမံကိန်း အကောင်အထည် ဖော်နိုင်ဖို့ နည်းဥပဒေ အတွင်း အသေးစိတ် အချက်အလက် များကို ထည့်သွင်း ရေးဆွဲနိုင်အောင် ဖြစ်ပါတယ်။

အဲ့ဒီ ဆွေးနွေး မှုအရ အခြေခံ လူတန်းစားများရဲ့ လစာ အတန်းအစား အပေါ် မူတည် ၀ယ်ယူနိုင်မယ့် အိမ်ရာကို သတ်မှတ် ပေးခြင်း၊ အဆောက်အအုံ ဆောက်လုပ် နိုင်ဖို့အတွက် နှစ်ရှည် ငွေချေးငှား နိုင်မယ့် ပြည်တွင်း ဘဏ်များ၊ ပြည်ပ အကူအညီများ၊ အထောက်အပံ့များ ရယူဖို့တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အိမ်ရာ စီမံကိန်းမှာ နေထိုင်ခွင့် ရယူပြီးမှ ကျန်ငွေ ပေးသွင်းမှု မပြုသူတွေကို ဥပဒေ အကြောင်းအရ ဆောင်ရွက်သင့်တဲ့ အကြောင်းအရာ တွေကိုလည်း ဆွေးနွေး ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလို ဆွေးနွေး ရာမှာတော့ ရရှိလာတဲ့ အချက်အလက် တွေကို သုံးသပ်ပြီး အဆိုပါ လူမှုဖူလုံရေး အိမ်ရာ စီမံကိန်းကို ဆက်လက် အကောင်အထည် ဖော်မှာ ဖြစ်ပါတယ်။ ကျင်းပခဲ့တဲ့ အလုပ်ရုံ ဆွေးနွေးပွဲ ကိုတော့ အလုပ်သမား ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး၊ လူမှုဖူလုံရေး အိမ်ရာ စီမံကိန်း ဖော်ဆောင်ရေးမှ တာဝန်ရှိသူများ ဆောက်လုပ်ရေး ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ လွှတ်တော် ကိုယ်စားလှယ်များနဲ့ တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးခဲ့ ကြတယ်လို့ သိရပါတယ်။

MRTV-4


0 comments:

Post a Comment