Pages

Saturday, October 27, 2012

Iphone တွင် ဇော်ဂျီဖောင့်ထည့်သွင်းခြင်း.....

ကဲ ကျွန်တော အခုတင်မဲ့ပို့စ်လေးကတော့ အိုင်ဖုန်း မှာဇော်ဂျီဖောင့်ထည့်သွင်းတာလေးကို ရေးသားသွားမှာဖြစ်ပါတယ်.... ဒီနည်းကိုတော့ အိုင်ဖုန်းတော်တော်များများသုံးတဲ့ သူတွေ သိရှိပြီး ဖြစ်သလို
တစ်ချို့သော မသိသေးတဲ့ သူငယ်ချင်းများအတွက် ရေးသားခြင်းဖြစ်ပါတယ်....အိုင်ဖုန်း တစ်လုံးကို မြန်မာဖောင့် ထည့်သွင်းဖို့ရန်အတွက် အိုင်ဖုန်းဟာ Jailbreak ပြုလုပ်ပြီးသားဖြစ်နေရပါ့မယ် ဘာဖြစ်လို့ Jailbreak လုပ်ရတာလဲဆိုတော့ မိမိလုပ်ပိုင်ခွင့်တွေကိုလုပ်နိုင်ဖို့  အတွက် ပြုလုပ်ပေးရခြင်းဖြစ်ပါတယ်....
အဲလိုပြုလုပ်မထားဘူးဆိုရင်တော့ သူငယ်ချင်းတို့ရဲ့ ဖုန်းကို မြန်မာစာထည့်သွင်းရမည်မဟုတ်ပါ.....
ကဲပထဆုံးမြန်မာစာ (ဇော်ဂျီဖောင့်) ထည့်သွင်းဖို့အတွက် Jailbreak Icon Cydia သို့သွားပါ.....ပြီးရင်တော့  Manage ကိုဆက်သွားပါ....ပြီး၇င်တော့ Source ဆိုတာကိုဆက်သွားပါ....ပြီးရင်တော့ ညာဖက်အပေါ်ထောင့်
နားက Edit ကိုဆက်သွားပါ.....အောက်ကပုံတွေကို ကြည့်လိုက်ပါ....



ပြီးသွားရင် add ကိုဆက်နှိပ်ပါ box လေးပေါ်လာပါလိမ့်မယ် အဲမှာ ကျွန်တော်တို့က source link ကိုထည့်ပေးရပါ့မယ်....box နေရာမှာ cydia.macforus.com ကိုရိုက်ထည့်ပြီး add source ကိုနှိပ်ပေးလိုက်ပါ....
ပြီးသွားရင် တော့ သူ့ဖာသာ Install ပြီးအောင်လုပ်သွားပါလိမ့်မယ်....ပြီးသွားရင်တော့ ဒီလိုအောက်ကပုံ
မှာ လင့်ကလေး add ပြီးသားဖြစ်နေပါလိမ့်မယ် .....
ပြီးသွားရင်တော့ Mac For Us repo လေးကိုနှိပ်လိုက်ပါအုံး......အောက်ကပုံမှာ ဆက်ကြည့်ပါ...
ပုံမှာတွေ့ရတဲ့အတိုင်း zawgyi IOS 4.3 Font ကိုနှိပ်ပြီးတော့ Install ပြုလုပ်ပါ...ပြီးရင် ကီးဘုတ်အတွက်
ကတော့ လောလောဆယ် OS 6 မပြောင်းရသေးသူများကတော့ MM key board for IOS 5+ ကို Install လုပ်ပါ တကယ်လို့ OS 6 ကိုတင်ပြီးတော့ Jail ထားသောသူများကတော့ Myanmar keyboard for IOS 6+
ကို Install ပြုလုပ်ပါလေ...ပြီးရင် Respring ကျပြီး စက်ပြန်တက်လာပါလိမ့်မည်....မှတ်ချက် ကျွန်တော်က
OS 5 ကို OS 6 သို့  Upgrade ပြုမလုပ်ရသေးသည့်အတွက် IOS 5 ကိုပဲရွေးထားပါသည်ခင်ဗျာ...
အိုကေ ပြီးသွားရင်တော့ Phone Setting ကိုသွားပါ ခင်ဗျာ....
ပြီးသွားရင် General>Keyboard>International Keyboards ကိုဆက်သွားပါ....အောက်ကပုံမှာ ဆက်ကြည့်ပါ.
ပုံမှမြင်တွေ့ရတဲ့ Add new Keyboard ကိုဆက်နှိပ်ပါ....အောက်ကပုံကိုဆက်ကြည့်ပါ....
ပုံမှာတွေ့ရတဲ့ Czech ကိုနှိပ်ပါ....

czech ကိုနှိပ်ပြီးချိန်မှာ ဖေါ်ပြပါနေရာလေးတွေမှာ check ပြုလုပ်ပေးပါ....ကဲဒါဆိုရင်တော့ font and 
keyboard install ကိုအောင်မြင်စွာပြီးဆုံးသွားပါပြီခင်ဗျာ....မြန်မာစာရိုက်ချင်ရင် keyboard layout 
ကနေ ကမ္ဘာ လုံးပုံလေးကိုနှိပ်ပြီး ပြောင်းသုံးနိုင်ပါတယ်ခင်ဗျာ....

ကဲ အားလုံး ပျော်ရွှင်စွာ အသုံးပြုနိုင်ပါစေခင်ဗျာ.....ကျောင်းရွာသား.......


0 comments:

Post a Comment