Pages

Wednesday, October 17, 2012

သတင်းမီဒီယာ Research & Development ဝန်ထမ်းနှစ်ဦး အလိုရှိသည်


Living Color မဂ္ဂဇင်းနှင့် The Voice Weekly တို့ ပုံမှန် ထုတ်ဝေနေသာ Living Color Media တွင် သတင်း မီဒီယာအတွက် အသုံးဝင်သည့် သတင်း အချက်အလက်များ စုဆောင်းပြုစု ထိန်းသိမ်းရန် သုတေသနနှင့် ဖွံ့ဖြိုးရေး(Research & Development) တာဝန် ထမ်းဆောင်နိုင်သူ ဝန်ထမ်း နှစ်ဦး (အမျိုးသမီး/ အမျိုးသား) အလိုရှိသည်။ (၁) Research & Development (၂) Research & Development Assistant အမှတ်စဉ် (၁) အတွက် အင်္ဂလိပ်စာ အရေး၊ အဖတ် ကောင်းမွန်သူ ၊ ရုံးသုံး ကွန်ပျူတာစနစ် ကျွမ်းကျင်သူ၊ သတင်း အချက်အလက်များ စုဆောင်းပြုစု ထိန်းသိမ်းရေးအတွက် ခန့်ခွဲနိုင်သူ၊ အသက် ၃၅ နှစ်ထက် မကျော်လွန်သူနှင့် အမှတ်စဉ် (၂) အတွက် သတင်းအချက်အလက်များ ထည့်သွင်း ထိန်းသိမ်းရန် မြန်မာစာ ဇော်ဂျီ၊ ယူနီကုဒ် အင်္ဂလိပ်လို စာစီ၊ စာရိုက်နှင့် ကွန်ပျူတာစနစ် ကျွမ်းကျင်သူ၊ အသက်၂၅ နှစ်ထက် မကျော်လွန်သူ ဖြစ်ရန် လိုပါသည်။ အမှတ်စဉ် နှစ်ခုစလုံးအတွက် လျှောက်ထားသူသည် ဘွဲ့ဒီဂရီ တစ်ခုခု ရရှိပြီးသူ၊ သတင်း အချက်အလက်များကို အမှန်တကယ် စိတ်ဝင်စားသူဖြစ်ရန်၊ သတင်းမီဒီယာ လုပ်ငန်းစဉ် လိုအပ်ချက် နှင့် ညှိနှိုင်း ဆောင်ရွက်နိုင်သူ ဖြစ်ရန် လိုပါသည်။ ရွေးချယ် ခန့်ထားခြင်း ခံရသူကို မိမိတို့ မီဒီယာက အခြေခံ သတင်းစာ ပညာ ပို့ချပေးမည် ဖြစ်သည်။ လျှောက်ထားလိုပါက ယခုကြော်ငြာ စတင် ပါဝင်ချိန်မှ တစ်ပတ် အတွင်း ဓာတ်ပုံနှစ်ပုံ၊ ကိုယ်ရေးအကျဉ်း၊ ဘွဲ့လက်မှတ် မိတ္တူနှင့် အခြားကျွမ်းကျင်မှု ဆိုင်ရာ အထောက်အထားများ၊ ဆက်သွယ်ရန် နေရပ် လိပ်စာနှင့် တယ်လီဖုန်း နံပါတ် အပြည့်အစုံ ဖော်ပြပြီး Living Color Media၊ အမှတ် ၄၅၈၊၄၆ဝ၊ ၄ လွှာ(E)၊ ၃၁ လမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၂၄၂၄၂၄၊ ၃၈၉၂၁ဝ၊ ၃၈၉၂၁၁ သို့ ဆက်သွယ်လျှောက်ထားနိုင်သည်။ ပဏာမ ရွေးချယ် ခံရသူများကို အကြောင်းပြန် ပါမည်။

0 comments:

Post a Comment