Pages

Monday, October 15, 2012

မော်တော်ယာဉ် နှင့် စီးကမ်းပျက် ဒီမိုကရေစီ....



မန်မာနိုင်ငံအသုံးပြုနေကြကားများ၏ ၉၀% မှာ ညာမောင်း၊ ဂျပန်နိုင်ငံတွင်သုံးပြီးသားကားများဖြစ်မည်ဟု ထင်ပါသည်။

အခြားနိုင်ငံများတွင် လမ်းနှင့်ကားကို ဆန့်ကျင်ဘက် ဘယ်မောင်းလမ်းတွင် ညာမောင်းကား သုံးပြီး ညာမောင်းလမ်းတွင် ဘယ်မောင်းကားကိုအသုံးပြုကြပါသည်။

 မြန်မာနိုင်ငံတွင် လမ်းသည် ညာမောင်းလမ်းဖြစ်ပြီး ကားသည်လဲ ညာမောင်းကားများဖြစ်သည်။ ဘယ်မောင်းကားများကို သံရုံးကားများတွင် အများဆုံး တွေ့ရသည်။

ညာမောင်းလမ်းတွင် ညာမောင်းကားများကိုသုံး၍ရနေသော်လည်း ကားတိုက်မှု များရခြင်း၏ အကြောင်းရင်း တစိတ်တပိုင်းပါမည်ဟု ထင်ပါသည်။

ယခုအခါရန်ကုန်မြို့တွင်ကားများ တရက်နှင့်တရက် ပို၍များလာသလို ယာဉ်စည်းကမ်းထိန်းသိမ်းမှု လျော့လာပြီး ယာဉ်တိုက်မှု ပို၍များလာပါသည်။
ရန်ကုန်မြို့၏ မြို့သစ်များတွင် အရေးယူ ဖမ်းဆီးခြင်း မရှိသောကြောင့် စည်းကမ်းမဲ့/လိုင်စင်မဲ့ဆိုင်ကယ် အလွန်များနေပါသည်။

စည်းကမ်းရှိသောဒီမိုကရေစီ ဖြစ်မလာဘဲ လွတ်လပ်ပြီး စည်းကမ်းပျက်သောဒီမိုကရေစီ ဖြစ်နေပါတယ်။

credit to....ဧရာဝတီ ဘလော့....
 


0 comments:

Post a Comment