Pages

Saturday, October 27, 2012

IOS 6 (iphone, ipad) ကို Jailbreak ပြုလုပ်ခြင်း....

မှတ်ချက်... Jail break for ios 6 သည် A4 Devices ကိုသာ provide လုပ်ပါသေးတယ် ပြီးတော့ Untethered မရသေးပါ tethered အဆင့်သာရပါသေးတယ် Untethered ဆိုသည်မှာ Fully Jailbreak ဖြစ်ပြီး Tethered ကတော့ Semi အဆင့်သာရှိသေးသည် Tethered ရဲ့ အကျိုးဆက်ကတော့....
Power Off သွားရင် Black Screen သာပေါ်နေပြီး power ပြန် on ၍ မရပါ အကယ်၍ power ပြန် on ချင်လျှင်... DFU (Device Firmware Upgrade) mode ကိုပြန်ဝင်ပြီး သက်ဆိုင်ရာ Software အကူညီကို
ရယူ၍ ပြန်လည် reboot ပြုလုပ်ရပါတယ်.....ကျွန်တော် တော့ IOS 6 ကိုမစမ်းသက်ရသေးပါ ဒါပေမယ့်
redmondpie, ကိုမိုးသကြား အစရှိသော ဆိုဒ်များမှာ reference ယူ၍ ပြန်လည်ရေးသားထားခြင်းဖြစ်ပါတယ် ဘာကြောင့် ကျွန်တော် IOS 6 ကိုမတင်လဲဆိုတော့....
ကျွန်တော့ ဖုန်းက A4 device ဖြစ်ပြီး IOS 6 ကိုတင်လျှင် processor speed မလိုက်နိုင်မည် စိုးသာကြောင့် မတင်ခြင်းဖြစ်ပါတယ် အကယ်၍ အကြောင်းမျိုးမျိုးကြောင့်တင်ထားပြီးသော A4 devices
ကိုအသုံးပြုသောသူငယ်ချင်းမိတ်ဆွေများအတွက် ဒီပို့စ်လေးကိုရေးသားခြင်းဖြစ်ပါတယ်......ကဲဒါဆိုရင်
Jailbreak ပြုလုပ်ဖို့အတွက် Jail break tools လေးတွေကို ရယူလိုက်ကြ၇အောင်....
redsnow v0.9.15 b1 (for window)
 redsnow v0.9.15 b1 (for mac)
ကဲ သက်ဆိုင်ရာ ဆော့ဝဲ လေးတွေကို မိမိအသုံးပြုလျက်ရှိတယ့် computer window system ပေါ်မူတည်ပြီး ဒေါင်းလုပ် ပြုလုပ်ပါ....ပြီးရင်တော့ မိမိ Jailbreak ပြုလုပ်မယ် device ကို ကွန်ပြူတာနဲ့ ချိတ်ဆက်ထားပြီး ပါဝါ ပိတ်ထားပါ ..... ပြီးရင်တော့ redsnow software လေးကို
administrator mode နှင့် run ပါ (window အတွက်ကတော့ icon ပေါ်မှာ Right click> pop up menu မှ run as administrator နှင့် mac အတွက်ကတော့ icon ပေါ်မှာ control+click > open )
ပြီးရင်တော့.....ပြီးရင်တော့ redsonw home screen မှ jailbreak bottom ကိုနှိပ်ပါ...next ကိုဆက်သွားပါ dfu mode ဝင်ဖို့ရာ onscreen ညွှန်ကြားချက်အတိုင်းဆောင်ရွက်ပါ
( power bottom နဲ့ home bottom ကို တွဲပြီး 10 second နှိပ်ထားပေးပါ ပြီးရင်တော့ power bottom ကိုလွှတ်လိုက်ပါ ဒါပေမယ့် home ကိုတော့ ဆက်လက်ဖိထားရပါ့မယ် ဖိထားလို့တအောင့်ကြာရင် redsnow ကစတင်ပြီး processing လုပ်ပါလိမ့်မယ် home bottom ကို release လုပ်လို့ရပါပြီ....ပြီးရင် install cydia ဆိုတာပေါ်လာရင် အမှန်ခြစ် ကလေးပေးပြီး next ပြုလုပ်ပါ ခင်ဗျာ......
လိုအပ်တဲ့ installation တွေပြုလုပ်ပြီး done ဆိုတာလေးပေါ်လာပါလိမ့်မယ်.....ကဲအောက်ကပုံလေးကို
ကြည့်လိုက်ပါ....ပုံမှာတော့ done အဆင့်ထိမထည့်ထားပါဘူး ကျွန်တော် မစမ်းကြည့်၇သေးလို့ :P


 done လို့ပေါ်လာရင် back ကို ပြန်သွားပါ....အဲအချိန်မှာ မိမိ device ကိုပြန်ကြည့်ပါ မိမိ device ရဲ့
home screen မှာ cydia icon လေးပေါ်လာမလာပြန်ကြည့်ပါအုံး...ပေါ်လာမည် မဟုတ်ပါ cydia icon
လေးပေါ်လာဖို့ စက်ကို dfu mode ပြန်ဝင်ပြီး boot ပြန်တက်ရပါမည်....စောစောတုန်းက resdsnow ကို
back နဲ့ home screen ပြန်ဝင်ပါ ပြီးရင် extras bottom ကိုနှိပ်ပါ...
just boot ကို click ပါ ပြီးရင်တော့ သူက dfu mode ပြန်ဝင်ခိုင်းပါလိမ့်မယ် (just boot ကို မနှိပ်ခင်
idevice ကို ပါဝါအ၇င် off ထားနော်) ပြီးရင်တော့ အပေါ်မှာကျွန်တော်ပြောသလို DFU mode ကိုပြန်ဝင်ပါ
ပြီးရင်တော့ သူက စက်ကို reboot ပြန်လုပ်ပါလိမ့်မယ် ပြီးသွားရင်တော့ done ဆိုတာပေါ်လာရင်တော့ redsnow ကိုပိတ်လို့ရပါပြီ ပြီးရင်တော့ idevice မှာ နာနတ်သီးပုံလေးပေါ်လာပြီး loading လုပ်ပါလိမ့်မယ်
ပြီးသွားရင်တော့ home screen မှာ cydia icon လေးပေါ်လာပါလိမ့်မယ်.....ဒါဆိုရင်တော့ tethered ပြီးဆုံးပါပြီ.....cydia ကိုဖွင့်ပါ user , hacker and developer ရှိသည့်အနက် ကျွန်တော်တို့က
user ကိုပဲရွေးပါမည် အကယ် ၍ ကိုယ်က developer တို့ hacker ဆိုရင်တော့ နှစ်သက်ရာကိုရွေးပေါ့...
ပြီးတော့ cydia ကနေ လိုအပ်တဲ့ installation upgrade ကိုပြုလုပ်ပါလိမ့်မယ် ..... ပြီးရင်တော့ jailbreak
ပြုလုပ်ရတဲ့အဆင့်ကတော့ အောင်မြင်စွာနဲ့ပြီးဆုံးသွားပြီ ဖြစ်ပါတယ်....application တွေ free ဒေါင်းဖို့
source ထည့်တာတော့ နောက်တစ်ပို့စ်မှာ ဆက်လက်ဖေါ်ပြပေးပါ့မယ်.....မြန်မာဖောင့်သွင်းတာကတော့
ဒီမှာ.... ဖတ်လို့ရပါတယ် ခင်ဗျာ.....အကယ်၍ ပါဝါ off သွားတာတို့ စက်ကအကြောင်းမျိုးမျိုးကြောင့် boot မတက်တော့ရင် တော့ redsnow ကိုပြန် run ၍ just boot ကို click လုပ်ပါ dfu mode ပြန်ဝင်ပြီး reboot ပြုလုပ်နိုင်ပါသည် :) နောက်ဆုံးဘာမှမရတော့ရင် မပူပါနဲ့ itune နဲ့ပြန်လည်ချိတ်ဆက်၍ restore ပြုလုပ်ပြီး original setting ပြန်ဝင်လိုက်ပါ ...jailbreak ပျောက်သွားပြီး original အတိုင်းလေး ပြန်ရှိနေပါလိမ့်မယ်....
အားလုံးပျော်ရွှင်ပါစေ......ကျောင်းရွာသား.....


0 comments:

Post a Comment