Pages

Tuesday, October 16, 2012

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် ဂျိမ်းစဘွန်းမင်းသား ရော်ဂျာမိုး မြန်မာသို့လာမည်.....

ဂျိမ်းစဘွန်းမင်းသား ရော်ဂျာမိုးသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရန် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်မည်ဖြစ်ကြောင်း  သိရသည်။ ယခု အသက် ၈၄ နှစ်အရွယ်ရှိပြီဖြစ်သော.... ဂျိမ်းစဘွန်းမင်းသား ရော်ဂျာမိုးသည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အားကျသူတစ်ဦးဖြစ်ပြီး အမျိုးသမီးတစ်ယောက် အနေဖြင့် ယခုကဲ့သို့ စွန့်လွှတ်အနစ်နာခံနိုင်ခြင်းကိုလည်း ချီးကျူးလေးစားရသူ တစ်ယောက်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးစဉ်အတွင်းမှာ အိုင်ယာလန်နိုင်ငံ ဒက်ဗလင်မြို့သို့ ရောက်ရှိခိုက် ရော်ဂျာမိုးသည်လည်း အဆိုပါမြို့သို့ ရောက်ရှိနေခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံကာနှင့် မြန်မာနိုင်ငံသို့ လာရောက်ပြီး တွေ့ဆုံရန် ပြောကြားခဲ့ကြောင်း သိရသည်။ ရော်ဂျာမိုးသည် ၎င်း၏ အပန်းဖြေအားလပ်ရက်ကို မြန်မာနိုင်ငံ၌ အချိန်ကုန်လွန်စေမည်ဖြစ်ပြီး ရာသီဥတုသုံးမျိုးရှိသည့် မြန်မာနိုင်ငံကို နိုင်ငံခြားသားများ အထူးစိတ်ဝင်စားကြသည်။ ရော်ဂျာမိုးသည် ကုလသမဂ္ဂကလေးများ ရန်ပုံငွေနှင့် လူသားအကျိုးပြု လုပ်ငန်းများကို အထူးအလေးပေး ဆောင်ရွက်သူ ဖြစ်သည်။ မြန်မာနိုင်ငံသို့ လာရောက်စဉ် ရုပ်ရှင်လောကသားအချို့နှင့် တွေ့ဆုံရန်ရှိပြီး မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံဉာဏ်ကောင်းများ၊ အဆက်အသွယ်ကောင်းများ ရှာဖွေပေးသွားမည်ဖြစ်ကြောင်း သိရသည်။                                                                     http://www.yatanarpon.com.mm/news/news-69228


By Pyi Myanmar 6 October, 2012 - 11:09

0 comments:

Post a Comment