Pages

Tuesday, October 16, 2012

အကောင်သေးပေမယ့် အစွမ်းထက်တယ်ဆိုတာ....


ကမ္ဘာ့အသက်အငယ်ဆုံး Apple ပရိုဂရမ်မာကတော့ စင်္ကာပူနိုင်ငံက မလေးရှားလူမျိုး ကလေးငယ် Lim Ding Weng ဖြစ်ပါတယ်။ သူ့အသက် ၉ နှစ်အရွယ် (၂၀၀၉ခုနှစ်) မှာ Apple – iPad, iPhone တို့မှာ ဆော့ ကစားနိုင်မယ့် Doodle kids အမည်ရ Application ကို ဖန်တီးနိုင်ခဲ့ပါတယ်။
သူဟာ အသက် ၇ နှစ်အရွယ်ကတည်းက ဆော့ဖ်ဝဲ Developing ပညာရပ် ကိုလေ့လာ အသုံးချခဲ့သူ ဖြစ်ပါတယ်။ Doodle Kids အမည်ရ App ကို ဖြန့်ဝေပြီး စစချင်း App စတိုးမှာ ဒေါင်းလုခ်ဆွဲမှု အကြိမ်ပေါင်း ၈သိန်း၈သောင်း ကျော်လွန်ခဲ့ပါတယ်။  ယင်း App ကို စတင်ဖန်တီးစဉ် ၁၉၈၆ ခုနှစ် နောင်းပိုင်းကထုတ်တဲ့ Apple IIGS ကွန်ပျူတာနဲ့ ပြုလုပ် ခဲ့တာ ဖြစ်ပါတယ်။ ယခုတော့ Doodle Kids app ရဲ့ အောင်မြင်မှုကြောင့် Android ဗားရှင်းတောင် ဆက်လက် ဖန်တီးလိုက် ပါသေးတယ်။ အမေရိကန်က CNN ရုပ်သံလိုင်းမှလည်း အင်တာဗျူးခဲ့ပြီး စင်္ကာပူမြို့ ရဲ့  ဂုဏ်ရှိန်ကြီးရတဲ့ အကြောင်းအရင်းမှာ ယင်းကလေးငယ် Lim Ding Weng ကို ထည့်သွင်းခဲ့ပါတယ်။
Doodle Kids အပြင် Invader War တို့လို နာမည်ကြီး app နဲ့ အခြား application ပေါင်းများစွာကိုလည်း တီထွင်နိုင်ခဲ့ပါတယ်။ လက်ရှိမှာလည်း Invader War 2 ရေးဆွဲလုပ်ကိုင်နေသူ ဖြစ်ပါတယ်။ ယခုချိန်မှာတော့ သူဟသာ Objective-C, Java, JavaScript နဲ့ ActionScript တို့လို အခြား ဆော့ဖ်ဝဲ/ပရိုဂရမ်များကို ကောင်းကောင်းအသုံးချ၊ရေးဆွဲ တတ်သူ တစ်ဦး ဖြစ်နေပြီလို့ သိရပါတယ်။
myanmar play ကတဆင့်ကူးယူဖေါ်ပြခြင်းဖြစ်ပါသည်......

0 comments:

Post a Comment