Pages

Wednesday, November 28, 2012

ဂဏန်းကြီးလဲ ခြင်္သေ့ကြီးဆီအလည်လာဦးမည်...

စင်ကာပူနိုင်ငံ Marina Bay Sands Event Plaza မှာ ၁ နာရီကြာ အခမဲ့ ဖျော်ဖြေပွဲ တခုကို Psy က Marina Bay Sands ရှိ အနုပညာ စင်တာက လူငယ်တွေအတွက် ဖျော်ဖြေပွဲကို ပါဝင်မှာဖြစ်ပါတယ်။ Marina Bay Sands က ဖေ့စ်ဘုတ် စာမျက်နှာကတဆင့် ပွဲကြည့်လက်မှတ်တွေလည်း ရနိုင်ကြောင်း Channel News Asia သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ Psy ကတော့ ဒီကမ္ဘာပေါ်မှာ အကျော်ကြားဆုံး ကိုရီယား အဆိုတော်တဦးလည်းဖြစ်ပါတယ်။ အင်တာနက် Youtube သမိုင်းမှာ သူ့ရဲ့ Gangnam Style ဆိုတဲ့ မြင်းစီးတဲ့ အကနဲ့ သီဆိုမှုက ကမ္ဘာတ၀န်း က ကြည့်မှုက သန်း ပေါင်း ၈၀၅ သန်းကျော် ရှိလို့ ဂင်းနစ် စံချိန်လည်း ၀င်ခဲ့သူ၊ အမေရိကန်၊ ဥရောပ တခွင်မှာလည်း ထိပ်တန်းနံပတ် စာရင်းဝင် သူအဖြစ် အချိန်တိုအတွင်း ထင်ရှားကျော်ကြားလာသူပါ။

0 comments:

Post a Comment