Pages

Thursday, November 15, 2012

The most powerful President in the World


The most powerful President in the World ဆိုပြီး အမေရိကန် သမ္မတ တွေကို ညွှန်းဆိုပြောဆို လေ့ရှိကြပါတယ်..။ အခုဆိုရင်တော့ အမေရိကန် သမ္မတ အိုဘားမားပေါ့..။ အမေရိကန် ပြည်သူတွေ နဲ့ သူတို့ရဲ့ တကယ့်အင်အားကြီးတဲ့ တပ်မတော်တွေဟာ လည်း သမ္မတ ကိုအရမ်းအလေးပေြး ပီး ဂရုစိုက်တတ်ကြပါတယ်..။ အထူးသဖြင့် သူတို့ရဲ့ စစ်တပ်ပေါ့..။ သူတို့တွေဟာ သူတို့ရဲ့ သမ္မတ အတွက် ဂုဏ်ယူကြသလို သမ္မတအတွက် လိုအပ်တဲ့ လုံခြုံရေးတွေကအစ တိတိကျကျ အသေချာ ဆုံး လုပ်လေ့ရှိပါတယ်..။ အထူးလည်း အရေးပေးပါတယ်..။ ဒါဟာ ဘာကိုပြောနေသလဲ..ဆိုတော့ သိပ်ပြီးရှည်ရှည်ဝေးဝေး စဉ်းစားစရာတောင်မလိုပါဘူး..။ ပြည်သူတွေကို အလေးထားလို့ ပြည်သူတွေ က ရွေးချယ် တင်မြောက်ထားတဲ့ သမ္မတကို သူတို့အနေ နဲ့ ဂရုစိုက်ကြရတာပါပဲ..။ သမ္မတ ရဲ့ခရီးစဉ်တိုင်းကို လုံခြုံရေးအတွက် အထူးအလေးပေးလေ့ ရှိတာဟာလည်း သမ္မတက စေခိုင်းတာမဟုတ်ပဲ သက်ဆိုင်ရာတပ်ဖွဲ့အသီးသီးရဲ့ ထိပ်ပိုင်းတာဝန်ရှိသူတွေကသာ အဆင့်ဆင့် စေခိုင်းတာဖြစ်ပါတယ်..။ သမ္မတ အတွက် Air Force One လေယာဉ်ဟာ သမ္မတ ခရီးသွားစဉ်မှာတောင် အိမ်ဖြူတော်ကို တစ်ပါတည်း ခေါ်ဆောင်သွားသကဲ့သို့ အိမ်ဖြူတော်ကနေ ပင်တဂွန် ဌာနချုပ်ကို ဆက်သွယ်ညွှန်ကြားဆောင်ရွက် နိုင်သလိုမျိုး လေယာဉ်ပေါ်ကနေ လည်း ဆက်သွယ်ဆောင်ရွက် ညွှန်ကြားနိုင်တဲ့အထိ လေယာဉ်ပေါ်မှာ နည်းပညာ နည်းစနစ်တွေ ပြည့်စုံစွာပါရှိနေတာပါပဲ..။ အခု ကျနော်တို့ နိုင်ငံကိုလာမှာမို့ လုံခြုံရေးတွေ လုပ်တယ်.. မြန်မာ့ရေပိုင်နက် နဲ့ အနီးဆုံး နေရာမှာ သူတို့ရဲ့ စစ်ရေယာဉ်တွေ ရောက်နေတယ်.. သမ္မတမြန်မာနိုင်ငံထဲမှာ အသုံးပြုစီးနင်းမယ့် ကားတွေ.. လုံခြုံရေးယူမယ့် စစ်ရဟတ်ယာဉ်တွေ..ကွန်မန်ဒိုတွေ..စတဲ့..စတဲ့.. ဆောင်ရွက်ချက်တွေဟာ သူတို့ရဲ့ လုပ်ရိုးလုပ်စဉ်တွေသာဖြစ်ပါတယ်..။ အချို့..အချို့..ကော့မင့်တွေမှာ ဖတ်ရသလိုမျိုး ဒီနိုင်ငံက ဆင်းရဲလို့.. မလုံခြုံလို့.. နိမ်တာ.. အပိုအလုပ်တွေ.. ပါဝါပြတယ်.. ဆိုတာမျိုးမဟုတ်ပါဘူး..။ သူတို့ နဲ့ ပါဝါတူတဲ့ အင်္ဂလန် နိုင်ငံကိုသွားတုန်းကလည်း ဒီလိုပဲ လုံခြုံရေးကို အရေးပေးပြုလုပ်ခဲ့ကြတာပါပဲ..။ ဒီတော့ ပြည်သူတွေကို အလေးထားဦးစားပေးပြီး ပြည်သူ့အကျိုးကို ထမ်းရွက်နိုင်သူကို ပြည်သူတွေ က သမ္မတ အဖြစ်ရွေးချယ်ထားတာပါပဲ..။ သူတို့ ရဲ့တပ်မတော်အသီးသီးဟာ လည်း သမ္မတကို အရေးပေးတယ်ဆိုတာဟာလည်း ပြည်သူတွေကို အလေးထားကြောင်း ဖော်ပြနေတာနဲ့ အတူတူပါပဲ...။ အေးချမ်းမွန်မှ Ko Nay Myo တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။ Photo From :Ko Nay Myoှဗဟုသုတ အလို့ငှာ အေးချမ်းမွန်မှ ပြန်လည်ကူးယူသည်....

0 comments:

Post a Comment