Pages

Tuesday, November 13, 2012

ခြေထောက်ပါသော မြွေကို တရုတ်ပြည်တွင် တွေ့ရှိခဲ့


၂၀၀၉ ခုနှစ် စက်တင်ဘာလက ဖြစ်ပါတယ်။ ခြေထောက်ပါတဲ့ မြွေကို တရုတ်ပြည်နေ အသက် ၆၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးက သူ့အခန်းမှာ တွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ တွေ့ပုံက ဒီလို ဖြစ်ပါတယ်။ ညဘက်အိပ်ပျော်နေစဉ် ထူးထူးဆန်းဆန်း အသံကြားရတဲ့အတွက် မီးဖွင့်ကြည့်လိုက်တဲ့အချိန်မှာ နံရံပေါ် တွားသွားနေတဲ့ ထူးဆန်း သတ္တဝါ တစ်ကောင်ကို တွေ့ရှိခဲ့ပါတယ်။ အရွယ်ကလည်း ၁၆ လက်မ ကျော်ဝန်းကျင် ရှည်တဲ့အတွက် အိမ်မြောက်တို့လို သတ္တဝါလည်း မဟုတ်မှန်းသိလိုက် ရပါတယ်။ မြွေဖြစ်နေတာကို သိရှိလိုက်ပြီး ဖိနပ်နဲ့ ပစ်ပေါက်ရိုက်သတ်ခဲ့ ပါတယ်။ ပြီးတော့ ပုလင်းထဲ အရက်နဲ့ စိမ်ပြီး ဒေသခံ အုပ်ချုပ်ရေးတို့ကို သွားပေးခဲ့ပါတယ်။ တရုတ် သုတေသနတို့ရဲ့  စစ်ဆေးချက်အရ ယင်းမြွေဟာ အမြွာကဲ့သို့ မွေးဖွားလာသော မြွေဖြစ်ပြီး တစ်ကောင်က မြွေမဟုတ်ပဲ အခြား သတ္တဝါလို ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ခြေထောက်ပါတဲ့ တစ်ကောင်က မြွေကိုယ်နဲ့ ဆက်နေပြီး လမ်းလျှောက်နိုင်တာ ဖြစ်ပါ တယ်။ ခြေထောက်ပါတဲ့ အကောင်ကို မြိုထားတာ လို့ ထင်ခဲ့ပေမယ့် လမ်းလျှောက်နိုင်တဲ့အတွက် တစ်ကိုယ်တည်း ဆက်နေတဲ့ သတ္တဝါ ဖြစ်နေ ပါတယ်။ သဘာဝ ပတ်ဝန်းကျင်ပြောင်းလဲမှုကြောင့် ဗီဇပြောင်းပြီး မွေးဖွားလာတဲ့ မျိုးဆက်ပျက် မြွေမျိုးလို့လည်း ဆိုပါတယ်။ ဥပမာ- မြွေတစ်ပိုင်း ငါးတစ်ပိုင်း တို့ ရှိခဲ့သလိုမျိုး ဖြစ်ပါတယ်။ ယင်းသို့ မျိုးစိတ်ပျက်မှုက ဓာတုဗေဒ စက်ရုံအနီးဝန်းကျင်နဲ့ ယိုစိမ့်ပျက်ဆီးတဲ့ နေရာတွေမှာသာ ဖြစ်လေ့ ဖြစ်ထ ရှိတာ ဖြစ်ပါတယ်။ သို့ပေမယ့် ခြေထောက်ပါတဲ့ မြွေကတော့ တရုတ်ပြည်မှာသာ ပထမဆုံး တွေ့ရှိလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။ မူရင်း Telegraph သတင်း - http://www.telegraph.co.uk/earth/wildlife/6187320/Snake-with-foot-found-in-China.html http://www.innewsmyanmar.com/2012/11/blog-post_3625.html — with Arrmporn Ovan Zaahang.

0 comments:

Post a Comment