Pages

Wednesday, November 14, 2012

နာမည်ကျော် အီတလီ ဇိမ်ခံမော်တော်ကား ကုမ္ပဏီ Lamborghiniက Aventadorစီးရီး မော်တော်ကားသစ် LP 700-4ကို မိတ်ဆက် ပြသ

အမိုးဖွင့် ဒီဇိုင်းဖြင့် ဖန်တီးထားသော ဇိမ်ခံပြိုင်ကားသည် မြင်းကောင်ရေ (၇၀၀)အား V12 အင်ဂျင်ကို တပ်ဆင်ထားသည်။ မော်တော်ကား အချိုးအဆက် ဒီဇိုင်းပိုင်းတွင်... နာမည်ရပြီးဖြစ်သော Aventadorစီးရီးများ၏ ဂုဏ်ရည်ကို Lamborghiniက ဆက်လက် ထိန်းသိမ်းထားပြီး အရောင်အားဖြင့်လည်း ယခင်က အသုံးပြုလေ့ မရှိသည့် ပုလဲဖောက်ထားသော မိုးပြာရောင်ဖြင့် မိတ်ဆက်လာခဲ့သည်။ ကာဘွန်ဖိုင်ဘာ အမိုးကိုယ်ထည် နှစ်ခုကို အလွယ်တကူ ဖြုတ်နိုင် တပ်နိုင်ပြီး မော်တော်ကား၏ ရှေ့ဘက်ရှိ အံဝှက်တွင် သိမ်းဆည်းထားနိုင်မည် ဖြစ်သည်။

အိတ်ဇောပိုက်ကိုလည်း တစ်ခုတည်းသော ခပ်ကြီးကြီးပုံစံဖြင့် ကား၏ နောက်ဘက် အလယ်တည့်တည့်တွင် တပ်ဆင်ထားသည်။ အတွင်းပိုင်း ကိုယ်ထည် အရောင်ကိုလည်း ညိုဝါဖျော့ဖျော့သို့ ပြောင်းလဲလိုက်သည်။ Lamborghiniသည် LP 700-4များကို (၂၀၁၁)ခုနှစ်ကတည်းက ထုတ်လုပ်လာသော်လည်း ယခုနောက်ဆုံး မိတ်ဆက်လိုက်သည့် Versionမှာ အမိုးဖွင့်အနေအထားတွင် ပိုမိုဆွဲဆောင်မှုရှိပြီး အရောင်ခြယ်သမှုတွင်လည်း အသစ်အဆန်း စီမံထားသည့် နောက်ဆုံးထုတ် လက်ရာတစ်ခုဟု သိရှိရသည်။
credit to >> 7day news

0 comments:

Post a Comment