Pages

Wednesday, November 14, 2012

ရန်ကုန်တက္ကသိုလ်တွင် ကျင်းပမည့် (၁၂၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား ရက်ရွှေ့ဆိုင်း


ရန်ကုန်၊နိုဝင်ဘာ-၁၂ ရန်ကုန်တက္ကသိုလ်တွင် ကျင်းပမည့် (၁၂၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားအား ရက်ရွှေ့ဆိုင်းလိုက်ကြောင်း သတင်းရရှိသည်။ ဘွဲ့နှင်းသဘင်ကျင်းပမည့်ခန်းမ မအားလပ်ပါသဖြင့် မူလကျင်းပမည့်ရက်အစား နှစ်ပတ်ခန့်နောက်ကျ၍ ကျင်းပသွားမည်ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ်မှ ကြေညာချက်ထုတ်ပြန်ထားခြင်းဖြစ်သည်။ (၁၂၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင်ကို မူလက နိုဝင်ဘာ ၁၇ နှင့် ၁၉ ရက်များတွင် ကျင်းပရန် စီစဉ်ထားသော်လည်း ယခုအခါ ဒီဇင်ဘာ ၁ နှင့် ၃ ရက်တို့တွင် ပြောင်းလဲကျင်းပရန် ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်။ "ဘွဲ့နှင်းသဘင်ခန်းမ အကြီးစားပြင်ဆင်နေတယ်"ဟု ရန်ကုန်တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ပညာရေးဝန်ထမ်းတစ်ဦးကပြောသည်။ ရန်ကုန်တက္ကသိုလ်သည် ဘွဲ့ကြိုသင်တန်းများ ဖွင့်လှစ်သင်ကြားခြင်း မရှိသော်လည်း ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်နှင့် ဒဂုံတက္ကသိုလ်များမှ ဘွဲ့ကြိုကျောင်းသားများအတွက် ဘွဲ့နှင်းသဘင်ခန်းမတွင် ဘွဲ့အပ်နှင်းနေခြင်းဖြစ်သည်။
credit to >> 7day news

0 comments:

Post a Comment