Pages

Sunday, November 4, 2012

ချက်မယ် ပြုတ်မယ် အပိုင်း (၁)

ကဲဒီနေ့ (၄.၁၁.၂၀၁၂) တနင်္ဂနွေနေ့လေး ရုံးပိတ်ရက်လေးဆိုတော့ နောက်ရက်တွေစားဖို့ ချက်ထားမှပဲဆိုပြီး ကျနော် မနေ့ကထဲက little India MRT နားက KK market ကိုဈေးဝယ်သွားခဲ့ပါတယ်.... အဲမှာက မြန်မာ အငွေ့အသက်လေးတွေရှိတယ်လေ အသီးရွက်ဆိုလည်း ချဉ်ပေါင်ရွက်ကအစ မြန်မာပြည်က ပုံစံအတိုင်း အတော်လေးရပါတယ် တခါတလေ ငါးရံ့တို့ ငါးကျည်းတို့ တောင် အရှင်တွေတွေ့ရတက်တယ် (ကျနော်က အရှင်ဆိုလုံးဝမစားတော့ပါဘူး) အဲဈေးကလူတွေကလဲ မြန်မာငါးကို မြန်မာလိုတောင်ခေါ်ကြပါတယ် ငါးသလောက် စသည်ဖြင့်ပေါ့ မုန့်ဟင်းခါးဖက် ဆိုလဲ မုန့်ဟင်းခါးပေါ့ ချဉ်ပေါင်ရွက်ဆိုလဲ မြန်မာနံမည်ပဲ ခေါ်ကြတယ်လေ ကျနော်တော့ ဒီတစ်ပတ် ကြာရှည်လေးလဲခံအောင် ချဉ်ပေါင်နဲ့ မျှစ်ကြော်မယ်ပေါ့ နောက်ပြီးငါးလေးပါလေးဝယ်ပြီး ငါးမွေလေး ကြော်မယ် ပုစွန်လဲဝယ်မယ်ဆိုပြီး မနေ့က ရုံးဆင်းတော့ ဈေးကို တစ်ယောက်ထဲ ပဲပေါ့ :) သွားခဲ့ပါတယ် ဟိုရောက်တော့ ချဉ်ပေါင်ရွက်တွေလဲ အဆင်သင့်ပဲ တွေ့ရပါတယ် မျှစ်လဲ အဆင်သင့်ပါပဲဗျာ ဝင်ဝင်ချင်းနားမှာကိုတွေ့ပါတယ် ဟိုဘက်အခြမ်း ကဆိုင်ကိုကြည့်လိုက်တော့ ဒန့်သလွန် သီးတွေပါတွေ့တော့ ဝယ်လာခဲ့ပါတယ် ငါးလေးဘာလေးသွားဝယ်မှပဲဆိုပီး တော့ ငါးရောင်းတဲ့ ငါးတန်းဘက်ကိုထွက်ခဲ့ပါတယ် အမှန်တော့ ငါးသလောက်စားချင်တာ မတွေ့ပါဘူး တွေ့တဲ့ငါးပဲဆွဲလာခဲ့တယ် ငါးကြင်းလဲတွေ့တော့ဘူး ကျနော်ရောက်တော့ ညနေ ငါးနားရီထိုးပြီလေ ထို့ကြောင့် ကျနော်ရှိတဲ့ ငါးပဲဝယ်ခဲ့တယ် ငါးကတော့ ဘာငါးမှန်းသိဘူး ဒါပေမယ့် တစ်ကောင် ငါးဒေါ်လာ ဆိုတော့ဝယ်လာတယ် ပုစွန် လဲ တစ်ကီလိုဝယ်လာတယ်ပေါ့ အလတ်စလေးတွေပါ ပြန်လာတော့ MRT စီးတော့ဘူးဗျ ဒီက လူတွေက မျှစ်နံ့ကိုအသေကြောက်တာ အဲဒါနဲ့ ကျနော်နေတဲ့ Bedok ကို ဘစ်ကား no(67) ပဲစီးလာခဲ့တယ် အမှန်တော့ မနေ့က ညနေထဲကတချို့ကိုချက်မို့ပါပဲ မနေ့က ကျနော်တို့ ပရိတ်အသင်းက ပရိတ်ရွတ်ရှိတာနဲ့ မလုပ်ဖြစ်တော့ပါဘူး အဲဒါနဲ့ ဒီနေ့တော့ စပြီးချက်တယ်ပေါ့ဗျာ ဟင်းတွေကတော့...ချဉ်ပေါင်ရွက်နဲ့မျှစ်ကြော်မယ် ပြီးတော့ ငါးမွှေလေးလုပ်မယ် ပြီးရင် ပုစွန်ကိုထောင်းပြီးကြော်မယ် ပြီးတော့ဒီနေ့စားဖို့ ဒန့်သလွန်သီးကို ချဉ်ရည်လေးချက်မယ်ပေါ့ အိုကေ အဲဒါနဲ့ကျနော်အလုပ်စတယ်ပေါ့ ပထမဆုံးချဉ်ပေါင်ရွက်ကြော်ဖို့လုပ်တယ် ပုစွန်လေးပါထည့်မယ်ဆိုပြီး ပုစွန်လဲ ဆိတ်ရတယ်ပေါ့ ငါးကလဲပြုတ်ရအုံးမယ်လေ ကျနော်က ဟင်းချက်ရင် တစ်ပြိုင်ထဲ နှစ်ခုသုံးခုလောက်လုပ်တာဗျ ငါးပြုတ်နေတုံးမှာ ချဉ်ပေါင်ရွက်ဆိတ်တယ်ပေါ့ ဂလိုး) အိုကေ ချဉ်ပေါင်အရင်ကြော်မယ် ချဉ်ပေါင်ရွက်ကိုရေဆေးတယ်ပေါ့ဗျာ သဲတွေပါလို့ ပြီးတော့အရွတ်တွေ ဆိတ်တယ်ပေါ့ မဆိတ်ချင်လဲ ကတ်ကြေးလေးနဲ့ ကိုက်လိုက်ပေါ့ဗျာ ပြီးတော့ တစ်ခါပြန်ဆေးတယ်ပေါ့ ပြီးတော့ မျှစ်ကိုလဲရေဆေးပါတယ် ပြီးတော့ ပုစွန်လဲထည့်မယ်ဆိုတော့ တခါထဲပုစွန်ကို အခွံပါတခါထဲခွာထားပါတယ် ပြီးရင် ပုစွန်လဲချက်မယ်ဆိုတော့ မထူးတော့ဘူးပေါ့ ပုစွန်ခွာတာတော့ပြောတော့ဘူးဗျာ ပြီးရင် ကြက်သွန်နီခွာမယ် ဟင်းကများတော့ များများခွာထားလိုက်ပေါ့ ပြီးရင်တော့ ပါးပါးလေးလှီးထားလိုက်တယ်ပေါ့ဗျာ ကျနောက ကြက်သွန်နီကို ကြိတ်တာမကြိုက်ဘူးဗျ ကြိတ်လိုက်ရင် အ၇ည်တွေထွက်ပြီးချက်ရင် ဟင်းကမမွှေးတော့ဘူး အဲ့ဒါကြောင့် ဒီတိုင်းပဲလှီးတယ်ပေါ့ ပြီးတော့ ကြက်သွန်ဖြူ ကိုလဲခွာပါတယ် ငရုတ်သီးစိမ်းကလဲ ထည့်မယ်လေ အဲဒါကြောင့် ငရုတ်သီးစိမ်းလေးကိုပါ အညှာချွေထားပြီးေ၇ဆေးထားလိုက်ပါတယ် ချဉ်ပေါင်ကြော်မှာ ပါဝင်တာတွေကတော့ ချဉ်ပေါင်ရွက်၊ မျှစ်၊ ကြက်သွန်နီ၊ ပုစွန်ထောင်းပြီးသား အနည်းငယ် (ပုစွန်ခြောက်နဲ့လဲရပါတယ်)ကြက်သွန်ဖြူ ဥလိုက်ခွာ၊ ငရုတ်သီးစိမ်း ၊ ငရုတ်သီး အစိမ်းမှုန့် ၊ ငါးပြာရည်၊ ကျနော်က အချိုမှုန့်မသုံဘူး ဆိုတော့သကြားပေါ့၊ အိုကေ ပြီးသွားရင်ချက်မယ်ပေါ့၊







ပြီးသွားရင်တော့ ဒယ်အိုးထဲ ဆီထည့်ပြီး ဆီပူလာပြီဆိုရင်တော့ ကြက်သွန် နီထည့်မယ်ပေါ့ ပုံမှာပြထားတာက ဟင်းသုံးမျိုးစာနော် အနေတော်ထည့်လိုက်တယ်ပေါ့ဗျာ ပြီးသွားရင်တော့ ကြက်သွန်ကိုနွမ်းသွားအောင် အရည်ကြော်လိုက်တယ် ပြီးရင်တော့ ငရုတ်သီးအစိမ်းမှုန့် ထည့်လိုက်တယ်ပေါ့ ပေါ့ အဲမှာတွေ့ရတဲ့ဇွန်းနှစ်စွန်းလောက်ပေါ့ ပြီးရင်တော့ ပုစွန်ကိုထောင်းကြော်လုပ်မယ် ထဲက ပုစွန်နဲနဲပစ်ထည့်လိုက်တယ်ပေါ့ အိုကေ နဲနဲလောက်မွှေးသွားအောင်ကြော်ပြီးရင်တော့ ချဉ်ပေါင်ရွက်ထည့်မွှေပါမယ်....

ချဉ်ပေါင်ရွက်ထည့်ပြီးရင် ငါးပြာရည် (ဒီမှာတော့ ယိုးဒယားကလာတဲ့ ငါးပြာရည်ပေါ့) ပြီးရင် သကြားနဲနဲထည့်တယ် တချို့ မျှင်ငါးပိကြိုက်ရင်ထည့်ပါ ပြီးရင် နဲနဲလေးခြောက်သွားအောင် မွှေပါ ပြီးသွားရင်တော့ မျှစ်ထည့်ပါမယ်.....
မျှစ်နဲ့ချဉ်ပေါင်ရွက်ထည့်ပြီး နှံ့သွားအောင်မွှေပါ ခြောက်သွားသည်အထိ ဆက်ပြီးချက်ပါ ချဉ်ပေါင်ရွက်ကအရည်တွေကိုခမ်းသွားအောင်ကြော်ပါ ခြောက်သွားပြီဆိုရင်တော့ ချခါနီးမှ ငရုတ်သီးစိမ်းထည့်မယ် သမအောင်မွှေပြီး ငရုတ်သီးစိမ်းနဲနဲ နွမ်းသွားပြီဆိုရင် ကြက်သွန်ဖြူဥကို ထည့်ပြီး ကြက်သွန်ဖြူနံ့လေးရလာပြီဆိုရင် အပေါ့ငံမြည်းပြီးချလို့၇ပါပြီ ခင်ဗျာ.....
ဒါဆိုရင်တော့ ဆွဲလို့၇ပြီ ပေါ့ ဗျာ ..... ဟဲဟဲ..... အနဲလေးတော့ လေးငါးရက်စာတော့ရပြီပေါ့ .... ကဲပြီးရင်တော့ ငါးမွှေကြော်မယ် .... ငါးကို သေချာ ရေနဲ့ဆေးပါ အဓိကတော့ ဝမ်းဗိုက်ထဲသေချာဆေးပါ သည်းခြေ ပေါက်ပြီးကျန်ခဲ့၇င်ခါးတယ်ဗျ မခုတ်တက်ရင် ဈေးကခုတ်ပေးပါလိမ့်မယ် ကျနော်ကတော့ ခုတ်တက်ပါတယ်....ပြီးသွားရင်တော့ ငါးကို စပလင်ရယ် နနွင်းမှုန့် ရယ် ငါးပြာရည်ရယ်ထည့်ပြီး ပြုတ်ပါမယ် ပြုတ်ပြီးရင် အသားနွှာပါ့မယ်....
ပြီးရင် ချက်ဖို့ ဘာတွေထည့်ရမလဲဆိုတော့ ကြက်သွန်နီရယ်၊ ကြက်သွန်ဖြူထောင်းထားတယ်ရယ် တအားမထောင်းပါနဲ့ အရည်တွေထွက်သွားရင် ဟင်းချက်ရင် မမွှေးတော့ပါ ၊ ပြီးရင် ချင်းကိုတော့ ကြိတ်လိုက်ပါ သူကတော့ကြိတ်လဲမွှေးပါတယ် မကြိတ်ချင်ရင် ပါးပါးလေးလှီးထားလိုက်ပါ.....၊ နောက်တော့ စပါးလင် ကိုထုထောင်းပြီသားရယ် ပြီးရင် ငါးပြာရည် သကြားအနည်းငယ် ရယ် ငရုတ်သီးအစိမ်းမှုန့်ရယ်ပေါ့။
ပြီးသွားရင် ဒယ်အိုးထဲကို ဆီပူအောင်တည်ပါ့မယ် ပြီးရင် နနွင်းမှုန့်လေးအနည်းငယ်ထည့်မယ် ပြီးရင် ကြက်သွန်နီလှီးထားတာအ၇င်ထည့်ကြော်မယ် နဲနဲကြာရင် ကြက်သွန်ဖြူထောင်းထားတာ ထည့်မယ် ချင်း ကြိတ်ထားတာထည့်ကြော်ပါမယ် မွှေးလာပြီး ကြက်သွန်နီ နွမ်းလာပြီဆိုရင်တော့ ငရုတ်သီးအစိမ်းမှုန့်ထည့်မယ် အနည်းငယ်မျှကြာရင် ငါးနွှာထားတာလေးကိုထည့်ပါ့မယ် ငါးပြာရည် သကြားအနည်းငယ်ထည့်ပါမယ် ဆီကိုစစထည့်ထဲက နဲနဲများများလေးထည့်ထားပါ သူကအိုးကတ်တက်လို့ပါ အားလုံးပြီးမှဆီကို ပြန်ထုတ်လို့ရပါတယ် ပြီးရင်တော့  စပါးလင်ထုထောင်းထားတာထည့်ပါ အနည်းငယ်ခြောက်လာပြီး မွှေးသည်အထိမွှေပေးပါ မွှေးပြီးငါးက အစာတွေနဲ့ လုံးပြီး အနည်းငယ်ခြောက်လာပြီဆိုရင် ချလို့၇ပါပြီ စပလင် ကတော့စားတဲ့အခါဖယ်စားပေါ့ဗျာ..


အိုကေ ပြီးသွားရင်တော့ ပုစွန်ထောင်းမွှေကြော်ပါမယ် သူလဲ ပုစွန်ကိုအခွံခွာ အားလုံးသန့်စက်ပြီး ဆုံထဲတွင်ထည့်ထောင်းပါ ထောင်းပြီးရင် တော့ ကြက်သွန်နီ ပါးပါးရယ်၊ ကြက်သွန်ဖြူ ထောင်းရယ် ၊ ပြီးရင် ငါးပြာရည် သကြားအနည်းငယ် ငရုတ်သီးအစိမ်းမှုန့် ၊ ချခါနီးထည့်ဖို့ နံနံပင်ရယ်ပါ၊

အိုကေ အားလုံးပြီးပြီဆိုရင် ဒယ်အိုးထဲ ဆီပူအောင်တည်မယ် ပြီးရင် နနွင်းမှုန့်အနည်းငယ်ထည့်မယ် (ပုစွန်ကိုထောင်းပြီးရင် နနွင်းနဲနဲလေးထည့်နယ်ထားပါ) အိုကေ ပြီးရင်တော့ ကြက်သွန်ဖြူ ပါးပါးနဲ့ ကြက်သွန်ဖြူထောင်းထားတာထည့်ကြော်မယ် နွမ်းလာပြီဆိုရင် ငရုတ်သီးအစိမ်းမှုန့်ထည့်မယ် တအောင့်မွှေပြီး၇င် ပုစွန်ထောင်းထားတာထည့်မွှေမယ် ငါးပြာရည် သကြားအနည်းငယ်မျှထည့်မယ် မွှေးသွားအောင် အနည်းငယ်ခြောက်သွားအောင် ထည့်မွှေပါ ခြောက်လာပြီဆိုရင် ငရုတ်သီးစိမ်းကြိုက်၇င်အနည်းငယ်ထည့်ပေါ့ဗျာ ပြီးရင်တော့နံနံပင်လေးအုပ်ပြီးချလို့ရပါပြီ....

နောက်ဆုံး ဟင်းကတော့ ကျနော်နေ့လည်စာ စားဖို့ ဒန့်သလွန်ချဉ်ရည် လေးချက်တယ်ပေါ့ ဒန့်သလွန်သီးကို အနေတော်လေးတွေပိုင်းပါ အပေါ်ခွန်လေးတွေကို ဓါးနဲ့ နွာပေးလိုက်ပေါ့ဗျာ ပြီးရင်တော့ ပုစွန်သုံးလေးကောင်လောက် ဆိတ်ထား လိုက်ပါ ပြီးရင် ပုစွန်ရယ် ငရုတ်သီးစိမ်းမှုန့်ရယ် ငါးပြာရယ်ရယ် သကြားအနည်းငယ်ရယ် နနွင်းအနည်းငယ်ရယ် ဆီအနည်းငယ်ရယ် အရင်မီးအေးအေးနဲ့လုံးမယ် တအောင့်နေရင် ဒန့်သလွန်သီးထည့်လုံးမယ်ေ၇လေးနဲနဲထည့်လုံးမယ် အသီး အစိမ်းနံ့ ပျောက်သွားပြီဆိုရင် တော့ မကျည်း၇ည်ထည့်ပြီး ဒန့်သလွန်သီးအနေတော်နဲ့ အပေါ့အငံ အိုကေပြီဆိုရင် နံနံပင်လေး အုပ်ပြီးချလိုက်ပါ ကျနော်ကအချဉ်ကြိုက်တယ် ဒါကြောင့် ချဉ်ချဉ်လေးချက်ထားပါတယ်...
အမှန်က ဒန့်သလွန်သီးကို ငါးရံ့ ခေါင်းနဲ့ချက်ရယ် ပိုကောင်းဗျ မရရင်တော့ ငါးရံ့အသားပေါ့ မရရင်တော့ပုစွန်ပေါ့...ဟဲဟဲ....သွားရည်တော့ကျနေလောက်ပြီ ....
အို ဒီလောက်ဆိုရင်တော့ တစ်ပတ်စာတော့ခိုင်သွားပါပြီ ရုံးတက်ရက်ကြတော့ အသီးရွက်လေးဘာလေး အရံကြော်သွားတာပေါ့ အားလုံးပဲ အဆင်ပြေကြလိမ့်မယ်တော့ထင်ပါတယ်ခင်ဗျာ .... အော် ဟင်းချက်ရင် မီးကို အပျင်းကြီးမသုံးပါနဲ့ အိုးကပ်တက်သလို ကျမ်းမာေ၇းအရ မညီညွတ်တက်ပါ...ဒါကတော့ကျနော်ချက်တဲ့ ကျနော့်လက်ရာလေးတွေပါ အဆင်ပြေသလိုပဲချက်ထားတာပါ.... ကဲ ဒီနေ့တော့ဒီလောက်ပဲဗျာ နောက်များမှ တခြားချက်တာတွေထပ်တင်ပေးပါယမ်... အားလုံးပျော်ရွှင်ပါစေ ...
ကျနော့်အား ချက်တက်ပြုတ်တက်အောင် သင်ကြားပေးခဲ့သော ကျနော့်ရဲ့ ကျေးဇူးရှင် မိဘ နှစ်ပါးအား ဦးခိုက် ကန်တော့လျက် ..... ကျောင်းရွာသား.....

0 comments:

Post a Comment