Pages

Saturday, November 3, 2012

ချပ်သင်းဘေးမဲ့တောတွင် မုဆိုးများလက်ချက်ကြောင့် မြန်မာ့ရွှေသမင်များ ဆုံးရှုံးနေ



ကန့်ဘလူမြို့နယ် ချပ်သင်းရွာ အနောက်ဘက် နှစ်မိုင်ခန့်အကွာတွင် ချပ်သင်းဘေးမဲ့တောကို ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ တည်ထောင်ထိန်းသိမ်း စောင့်ရှောက်လျက်ရှိရာ သစ်တောကြိုးဝိုင်း ဧက ၆၆၂၇၃ ရှိပြီး ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံ တစ်နိုင်ငံတည်းသာ တွေ့နိုင်သော မြန်မာ့ရွှေသမင်မျိုး ကောင်ရေ ၁၀၀၀ ကျော်ခန့် ထိန်းသိမ်
းထားကြောင်း သိရသည်။ ချပ်သင်းဘေးမဲ့တော ထိန်းသိမ်းနယ်မြေမှာ ကန့်ဘလူမြို့နယ်တွင် ၂၁၉၀၈ ဧက၊ ကောလင်းမြို့နယ်တွင် ၄၄၃၆၅ ဧက ပါဝင်ရာ နှစ်မြို့နယ်အတွင်းရှိ ကျေးရွာ ၂၈ ရွာ၊ အိမ်ခြေ ၄၀၀၀ ခန့်မှာ ဘေးမဲ့တောထိန်းသိမ်း နယ်မြေအတွင်းနှင့် ကြိုးဝိုင်းပြင်ပအနီးတွင် ရှိသဖြင့် ရွှေသမင်တချို့မှာ မုဆိုးများ၏ လက်ချက်ဖြင့် အသက်ဆုံးရှုံးရမှု ရှိနေကြောင်း၊ ၁၉၉၅-၉၆ ၀န်းကျင်က ရွှေသမင်ကောင်ရေ ၃၀၀၀ ခန့်ရှိခဲ့ရာမှ ယခုအခါ တောမုဆိုး အန္တရာယ်နှင့် သဘာဝအလျောက် သေဆုံးမှုများကြောင့် လျော့နည်းလာလျက် ရှိလာပြီဖြစ်ကြောင်း၊ ရွှေသမင်များ မျိုးသုဉ်းပျောက်ကွယ်မှု မရှိစေရန် နိုင်ငံတော်က စောင့်ရှောက်သကဲ့သို့ ပြည်သူများကလည်း တာဝန်သိစွာဖြင့် ၀ိုင်းဝန်းကူညီ စောင့်ရှောက်ရန် လိုအပ်ကြောင်း ချပ်သင်းဘေးမဲ့တော တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။ တောမုဆိုးများက အုပ်စုဖွဲ့နေထိုင်သော ရွှေသမင်များကို ညမီးဖြင့် လာရောက် ပစ်ခတ်လေ့ရှိရာ တောမုဆိုးများ၏ သတ်ဖြတ်မှုကြောင့် နှစ်စဉ် ၃၀ ရာခိုင်နှုန်းခန့် သေဆုံးလျက်ရှိကြောင်း သိရသည်။ ချပ်သင်းဘေးမဲ့တောတွင် မြန်မာ့ရွှေသမင်အပြင် ချေ၊ တောဝက်၊ တောကြောင်၊ ကြောင်မြင်း၊ သစ်ကြောင် စသည့် နို့တိုက်သတ္တ၀ါမျိုး ၃၆၀ ခန့် ငှက်မျိုးစိတ်ပေါင်း ၁၂၃၅ မျိုးနှင့် တွားသွားသတ္တ၀ါ အမျိုး ၃၆၀ ခန့် ထိန်းသိမ်းထားရှိကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။

credit to>>international social network myanmar

0 comments:

Post a Comment