Pages

Friday, November 9, 2012

လက်စွပ် MP 3 တဲ့ လိုချင်သူများ မကြာခင်လာမည်...


ဘရာဇီး ဒီဇိုင်နာ Dinard da Mata မှဖန်တီးပြီး နောက် ၅ နှစ်၊ ၆ နှစ်အတွင်း ထုတ်လုပ်တော့ မှာ ဖြစ်ပါတယ်။

လက်စွပ်လို စွပ်ထားနိုင်ပြီး နားထဲကို ဘုလုံးလေး နှစ်ခု ထိုးထားရုံပဲ ဖြစ်ပါ တယ်။ ကြိုးမဲ့ ဖြစ်တဲ့အတွက် Bluetooth တို့လို နည်းပညာ ပါဝင်ပါမယ်။ OLED မျက်နှာပြင်ကနေ skip လုပ်တာတွေ၊ သီချင်းရွေးတာတွေ၊ အသံတိုး အသံကျယ် ပြုတာတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Voice command ထည့် သွင်းပြီး အသံနဲ့ပါ စေခိုင်း အသုံးပြုလို့ရအုံးမှာ ဖြစ်ပါတယ်။

MP3 Player Innovative Concept အမည်နဲ့ ၂၀၁၀ အနာဂတ် နည်းပညာ ဒီဇိုင်းပြိုင်ပွဲမှာ ဆုရထားတဲ့ Gadget တစ်ခုလို့ ဆိုပါတယ်။ ယင်း လက်စွပ် MP 3 သာ တကယ်ထွက်လာမယ်ဆိုရင် နာနို ပစ္စည်းလောကမှာ လူကြိုက်များလာအုံးမယ့် Music Player တစ်ခု ဖြစ်တယ်လို့ သိရပါတယ်။
--
Ref: brazinnovative
Aung Kham (TSJ team)

http://techspacejournal.blogspot.sg/2012/11/mp-3-mp3-concept.html မှကူးယူဖေါ်ပြပါသည်....

0 comments:

Post a Comment