Pages

Saturday, November 3, 2012

ဆဒန်ဟူစိန်၏ စစ်ချီတေးမှာ Whitney Huston ၏ I will always love you! ဖြစ်


တကယ် ပေါက်ပေါက်ရှာရှာပါပဲ။ တကယ်လည်း ဖြစ်နေပါတယ်။ စစ်တပ် တစ်ခုအနေနဲ့ စစ်ချီတေး ကိုယ်စီ ရှိနေကြပေမယ့် ဆဒန် ဟူစိန်ရဲ့ စစ်ချီတေးကတော့ ထူးခြားလို့ နေပါတယ်။ 

စစ်ချီတေးဆို ရှေ့ တန်းမှာ စစ်တိုက်ရမယ့် စစ်သားများ စိတ်ဓာတ်ကြံ့ ခိုင်အောင်၊ ရဲသတ္တိ တိုးပွားလာအောင် ဆိုရတဲ့ သီချင်း ရှိပါတယ်။ ဒီအတွက် ကမ္ဘာတစ်လွှားက နိုင်ငံတိုင်းမှာ စစ်ချီတေးကိုယ်စီ ရှိကြပါတယ်။ အမှန်တော့ အီရတ် စစ်တပ်မှာလည်း စစ်ချီတေး ရှိပါတယ်။ သို့ပေမယ့် ဗြိတိသျှ၊ အမေရိကန်၊ နေတိုး အပေါင်းပါတပ်တို့ ထိုးစစ်ကို တန်ပြန် တိုက်ခိုက်ချိန် ဆက်ဒန်ဟူစိန်လည်း တိုက်ပွဲဝင်ခဲ့ပါတယ်။ သူတိုက်ပွဲဝင်စဉ် ဆိုတဲ့ စစ်ချီတေးကတော့ အီရတ် စစ်တပ်က စစ်ချီးတေး မဟုတ်ပဲ ဝစ်သနီ ဟော့စတွန်ရဲ့ I will always love ယူ အမည်ရ ပေါ့ သီချင်း တစ်ပုဒ် ဖြစ်ပါတယ်။


Country pop သီချင်းအမျိုးအစား ဖြစ်ပြီး မူရင်းအဆိုရှင်ကတော့ Dolly Parton ဖြစ်ပါတယ်။ ၁၉၇၄ ကစလို့ ယနေ့တိုင်အောင်မြင်တဲ့ သီချင်း ဖြစ်ပါတယ်။ ခေတ်အဆက်ဆက် ပြန် ဆိုကြပြီး ဆီးရီးယား ပေါ့ပ်အဆိုတော် Mayyada Bselees ကလည်း အာရေဗီယျ ဗားရှင်းနဲ့ ပြန်ဆိုပါတယ်။ ဆဒန် ဟူစိန်ကတော့ အာရေဗိယျ ရော၊ အင်္ဂလိပ် ဗားရှင်းပါ ကြိုက်နှစ်သက်သူလို့ ဖြစ်ပါတယ်။

မြန်မာမှာလည်း "ကိုယ်ဟာ.... ချစ်သော ရင်ခွင်ပျောက်သူ" ဆိုတဲ့ စာသားပါဝင်သော ချစ်သောရင်ခွင်ပျောက်သူ အမည်ရ သီချင်းနဲ့ သံစဉ်တူပါတယ်။ ဒါဆို ဘယ်သီချင်းလည်း ဆိုတာ စာဖတ်သူတို့ ခန့်မှန်းလို့ရမယ် ယူဆပါတယ်။ ဝစ်သနီ ဟော့စတွန် ဆိုတဲ့ I will always love you သီချင်းကိုလည်း အောက်ပါလခ့်မှာ ပြန်လည် နားဆင်နိုင်ပါတယ်။

https://www.youtube.com/watch?v=3JWTaaS7LdU

ဒီတော့ အီရတ်စစ်တပ်ရဲ့  စစ်ချီတိုက်ခိုက်မှုမှာ Saddam Hussein will always love you လို့ အဓိပ္ပါယ်ထွက်နေရှာပါတော့တယ်။
---
Ref:mazefacts
international news for mm မှကူးယူသည်....


0 comments:

Post a Comment