Pages

Saturday, November 10, 2012

ကမ္ဘာ့ အသေးငယ်ဆုံး တယော တစ်မျိုး ဂီတ ပညာရှင် တစ်ဦးတီထွင်



လန်ဒန် နိုဝင်ဘာ ၉
ဒေးဗစ်အက်ဒ်ဝပ် အမည်ရှိ ဂီတ ပညာရှင် တစ်ဦးသည် ကမ္ဘာ့ အသေးဆုံး တယော တစ်မျိုးကို တီထွင် ဖန်တီး ခဲ့ကြောင်း သိရသည်။
အဆိုပါ တယောသည် အရှည် တစ်လက်မခွဲ ခန့်သာရှိပြီး ၎င်းအား ပေါင်တစ်ထောင် ကျော်ဖြင့် ရောင်းချ လျက်ရှိသည်။
ဒေးဗစ်အက်ဒ်ဝပ် သည် တစ်ချိန်က စကော့တလန် အမျိုးသား သံစုံ တီးဝိုင်းတွင် တယော တီးသူ တစ်ဦးဖြစ် သည်။ သို့သော် ၎င်းသည် ဈေးကွက်တွင် အရောင်းတွင်မည့် အရုပ်အိမ် အသေးစား မျိုးကို ဖန်တီး ပြုလုပ်ရန် အတွက် ၎င်း၏ ဂီတဖြင့် အသက် မွေးမှုကို စွန့်လွှတ် ခဲ့ခြင်းဖြစ်သည်။
အီဒင်ဘာ့ဂ် မြို့မှ အဆိုပါ ဖန်တီးရှင် ဒေးဗစ်အက်ဒ်ဝပ် သည် ဘဝ တစ်လျှောက်လုံး ၎င်းဝါသနာ ပါသည် များကို ပြုလုပ် ခဲ့သူဖြစ်သည်။ ၎င်းသည် သံချောင်း ထိပ်ဖျား လောက်သာရှိသော အင်္ကျီညှပ်သည့် ချိတ်ငယ် ကလေးများ၊ မုတ်ဆိတ် မရိတ်မီ အသုံးပြုသော ဘရပ်ရှ် အသေးစားနှင့် သင်တုန်းဓား အငယ်စား လေးများ၊ မီးဖိုချောင်သုံး တိုလီမုတ်စ ကလေးများ အစရှိသော အိမ်သုံး ပစ္စည်းများ အပါအဝင် လက်လုပ် ပစ္စည်းပေါင်း များစွာကို ဖန်တီး ပြုလုပ်လျက် ရှိသူဖြစ်သည်။ ယခု ထုတ်လုပ် လိုက်သော တယောလေး များကို ကမ္ဘာ့ အကျော်ကြားဆုံး Stradivarius တယောအမျိုး အစား ပေါ်တွင် အခြေခံ ပြုလုပ်ထားပြီး အဆိုပါ တယော လေးများ၏ အရွယ် အစားသည် ပုံမှန် အရွယ်၏ ၁၂ ပုံ တစ်ပုံမျှသာ ရှိသော်လည်း ကာလ အနည်းငယ် အတွင်း ဈေးကောင်း ရနိုင်ဖွယ်ရှိ လေသည်။

0 comments:

Post a Comment