ကန်ကွန်း နိုဝင်ဘာ ၉
မက္ကဆီကို
 နိုင်ငံ ကွင်းတားနားရှူး ပြည်နယ် ကန်ကွန်းမြို့ ကမ်းရိုးတန်း အတွင်းရှိ 
ကန်ကွန်း ရေအောက် ကမ္ဘာ ပြတိုက်တွင် ရေငုပ် ခရီးသွား လုပ်ငန်း ဆွဲဆောင်မှု 
အဖြစ် ဘောက်စ်ဝက်ဂွန် ကား၏ အရွယ်အစား အတိုင်း ဖန်တီးထားသည့် ဖန်တီးမှု 
အနုပညာ လက်ရာ တစ်ခုကို မြင်တွေ့ ရမည်ဖြစ်သည်။ ယင်း အနုပညာ လက်ရာကြောင့် 
ကန်ကွန်း ရေအောက် ကမ္ဘာ ပြတိုက်သည် ရေအောက် ကမ္ဘာ ခရီးသွားများကို အဓိက ဆွဲ 
ဆောင်နိုင်မည့် နေရာတစ်ခု ဖြစ်လာ နိုင်သည်ဟု အင်တာနက် သတင်းတစ်ပုဒ် အရ 
သိရသည်။
ဘောက်စ်ဝက်ဂွန်
 ကားပုံသဏ္ဌာန်ရှိ အဆိုပါ ဖန်တီးမှု အနုပညာ လက်ရာကို ရေအောက် ပေ ၃ဝ ခန့်တွင် 
ချထားပြီး ၎င်းကို ရေညှိများ၊ သန္တာကောင် များဖြင့် ဖုံးလွှမ်း နေသည့်အပြင် 
ကျောက်ပုစွန် ကြီးများကလည်း ၎င်းတို့၏ ကျင်လည် နေထိုင်ရာ နေရာတစ်ခု အဖြစ် 
အသုံးပြု နေခြင်းကြောင့် မြင်တွေ့သူ အနေဖြင့် ရေအောက် အတွင်းရှိ 
ဘောက်စ်ဝက်ဂွန် ကားကို အမှန်တကယ် မြင်တွေ့ ရသကဲ့သို့ အသက်ဝင် လှပေ သည်။
၎င်းဖန်တီးမှု
 လက်ရာကို လက်မှု ပညာရှင် တစ်ဦးဖြစ်သူ ဂျက်ဆန်ဒီကိုင် ရက်စ်တေလာက ဖန်တီး 
ခဲ့ပြီး ရေအောက် ပြတိုက်တွင် သက်ရှိလူသားတို့ နေထိုင်မှု ပုံစံအတိုင်း 
ရုပ်တုများကို ပင်လယ်တွင်း အသုံးပြုသည့် ကွန်ကရစ် များဖြင့် ထုလုပ်ထားပြီး အနုပညာ လက်ရာပေါင်း ၅ဝဝ ခန့် ပြသထား သည်ဟု သိရသည်။ 
 
 

 
0 comments:
Post a Comment