Pages

Friday, November 9, 2012

သြစတေးလျမှ မြေအောက်မြို့ တော် (မဟူရာကျောက်မြို့ တော်)


သြစတေးလျနိုင်ငံတောင်ပိုင်း -South Australia ပြည်နယ်ရှိ Coober Pedy အမည်ရ မြို့ ကို ခေါ်ဝေါ်တဲ့ နာမည် နှစ်ခု ရှိပါတယ်။ မြေအောက်မြို့ တော် နဲ့ ကမ္ဘာ့မဟူရာကျောက်မြို့ တော် ဖြစ်ပါတယ်။

မြေအောက်မြို့ တော်လို့ ခေါ်ရတဲ့အကြောင်းကတော့ မြို့ ကို မြေအောက်မှာ တည်ထားလို့ ဖြစ်ပါတယ်။ လူဦးရေ ၂၀၀၀ အောက် နေထိုင်ပြီး အများစု အလုပ်အကိုင်ကတော့ ကျောက်တူးခြင်း ဖြစ်ပါတ

ယ်။ ယင်းမြေမှာ မဟူရာကျောက် (ကြောင်မျက်ရွကျောက်) -Opal ထွက်လို့ ဖြစ်ပါတယ်။ Opal အပေါဆုံးနေရာလည်း ဖြစ်တဲ့အတွက် ကမ္ဘာ့ မဟူရာကျောက်မြို့ တော်လို့ တင်စားထားရခြင်း ဖြစ်ပါတယ်။

မြေအောက်မှာ နေတယ်ဆိုလို့ ဆင်းရဲသားများ မဟုတ်ပါဘူး။ အားလုံးဟာ လူချမ်းသာတွေချည်း ဖြစ်ပါတယ်။ မဟူရာကျောက် အဓိကထွက်တဲ့အတွက် သယံဇာတ ပေါတဲ့ မြေအနေအထား ဖြစ်ပါတယ်။ ဒါကြောင့် ယင်း မြေအောက် မြို့ တော်မှာ စားသောက်ဆိုင်၊ ဟိုတယ်၊ အားကစားရုံ၊ စူပါ မားကတ်၊ လူနေအိမ် အစရှိသဖြင့် မြို့ တစ်မြို့ မှာ ရှိသင့်သော အဆောက် အအုံ၊ နေရာအားလုံး ရှိပါတယ်။ အဆောက်အအုံရယ်လို့ မဟုတ်ပါဘူး။ လိုဏ်ဂူလိုတူးထားပြီး ယင်းလိုဏ်ဂူတွေကို လိုသလို အခန်းဖွဲ့  ယူထားခြင်း ဖြစ်ပါတယ်။

၁၉၁၅ ခုနှစ်က စတင်တည်ထောင်ပြီး ယနေ့တိုင် တည်ရှိနေတဲ့ ယင်းမြို့ ဟာ ကမ္ဘာလှည့်ခရီးသွားများအတွက် စိတ်ဝင်စားစရာ နေရာ တစ်ခုအဖြစ် တည် ရှိနေတယ်လို့ သိရပါတယ်။
---http://www.innewsmyanmar.com/ မှကူးယူဖေါ်ပြသည်.....

0 comments:

Post a Comment