skip to main  |
      skip to sidebar
          
        
          
        
သမ္မတအိုဘားမား၏ အာရှခရီးစဉ်အသေးစိတ် အိမ်ဖြူတော်ထုတ်ပြန် 

 
အမေရိကန် သမ္မတ ရုံးစိုက်ရာ အိမ်ဖြူတော်က သမ္မတ 
ဘာရတ်အိုဘားမား၏ မြန်မာနိုင်ငံ အပါအဝင် အာရှခရီးစဉ်ကို အသေးစိတ် 
အချက်အလက်များကို အတည်ပြု ထုတ်ပြန်လိုက်သည်။ နိုဝင်ဘာလ (၁၇)ရက်နေ့မှ 
(၂၀)ရက်နေ့ထိ အရှေ့တောင် အာရှသို့ ခရီးထွက်ခွာမည့် အမေရိကန် သမ္မတသည် 
မြန်မာနိုင်ငံသို့ လာရောက်ကာ သမ္မတကြီး ဦးသိန်းစိန်၊ NLDပါတီ ဥက္ကဋ္ဌ 
ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံမည် ဖြစ်သည်။ နိုင်ငံရေး အကဲခတ်များက 
အမေရိကန် သမ္မတ၏ မြန်မာနိုင်ငံ ခရီးစဉ်သည် နိုင်ငံရေး 
ပြုပြင်ပြောင်းလဲမှုများ လမ်းကြောင်းမှန်စွာ ချဉ်းကပ်နေသော အရှေ့တောင် အာရှ 
နိုင်ငံ၏ ဒီမိုကရေစီစနစ်ကို ထောက်ပံ့အားပေးမှုကို ပြသရန် လက္ခဏာ တစ်ရပ်အဖြစ် 
သုံးသပ်ထားကြသည်။ အိုဘားမားသည် ထိုင်းနှင့် ကမ္ဘောဒီးယား 
နိုင်ငံများသို့လည်း သွားရောက်မည် ဖြစ်သည်။မန်မာနိုင်ငံသို့ အိုဘားမား၏ Air Force 
Oneလေယာဉ် ဆိုက်ရောက်မှုသည် အမေရိကန် သမ္မတ တစ်ဦး၏ ပထမဆုံးသော 
မြန်မာ့ခရီးစဉ်အဖြစ် သမိုင်းတွင်စေမည် ဖြစ်သည်။ အိမ်ဖြူတော် 
ပြောရေးဆိုခွင့်ရ အရာရှိ ဂျေးကာနီက သမ္မတ၏ မြန်မာ့သမ္မတ ဦးသိန်းစိန်၊ 
နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံသည့် 
အခွင့်အရေးသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို 
အထောက်အပံ့ ဖြစ်စေမည်ဟု ယုံကြည်ထားကြောင်း ခရီးစဉ် အသေးစိတ် ကြေညာမှု 
ထုတ်ပြန်စဉ် သတင်းထောက်များအား ပြောကြားသွားခဲ့သည်။ အိုဘားမားသည် 
ယခုသီတင်းပတ် အစောပိုင်း ရွေးကောက်ပွဲ ရလဒ်များအရ အမေရိကန် သမ္မတအဖြစ် 
ဒုတိယသက်တမ်း ရွေးကောက်ခြင်း ခံခဲ့ရသည်။
 http://www.planet.com.mm/news/read.cfm/id/20269 မှကူယူဖေါ်ပြပါသည်....
 
 
 
          
      
 
  
 
 
    
0 comments:
Post a Comment